21th Dec 2021 - Morning Daily News by Radio NUG

ဒီဇင်ဘာလ ၂၀ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ကော်သူးလေဗဟိုဌာနချုပ် ကေအန်ယူ ဗဟိုအမျိုးသားအစည်းအရုံး မှ အရေးပေါ်ကြေငြာချက်
📌ဂန့်ဂေါနယ် နှမ်းခါးရွာနှင့် မြင်သားရွာရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ် ထပ်မံ မီးရှို့
📌မုံးကိုးမှာ အမျိုးသမီး၁ ဦး လက်နက်ထိမှန်ပြီးဒဏ်ရာရ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ကော်သူးလေဗဟိုဌာနချုပ် ကေအန်ယူ ဗဟိုအမျိုးသားအစည်းအရုံး မှ အရေးပေါ်ကြေငြာချက်

တိုက်ပွဲပြင်းထန်နေသည့် မြဝတီမြို့နယ် လေးကေကော်ဒေသ စစ်ရေးနဲ့ပက်သက်ပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့ရက်စွဲဖြင့် ကော်သူးလေဗဟိုဌာနချုပ် ကေအန်ယူ ဗဟိုအမျိုးသားအစည်းအရုံး မှ အရေးပေါ်ကြေငြာချက် တစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ အကြမ်းမဖက် စစ်အာဏာရှင်ဆန့်ကျင်သူများအား လူသားချင်းစာနာထောက်ထားစိတ်ဖြင့်ခိုလှုံခွင့်ပေးခဲ့ကြောင်း ကေအန်ယူကဖော်ပြထားပါတယ် ကေအန်ယူသည် စစ်ကောင်စီရဲ့အဓမ္မကျူးကျော်မှုအား ခုခံကာကွယ်ရာမှ တိုက်ပွဲဲဖြစ်ခဲ့ရကြောင်း အပါအဝင် စစ်ဘေးရှောင်ပြည်သူများအား နယ်စပ်ဖြတ်ကျော်ခိုလှုံခွင့်ပေးခဲ့သည့် ထိုင်းနိုင်ငံအာဏာပိုင်များကိုလည်းကျေးဇူးတင်ကြောင်း ထည့်သွင်းရေးသားခဲ့ပါတယ် ဒါ့အပြင် စစ်ကောင်စီဘက်မှ သာလွန်အင်အားသုံး၍ လေကြောင်းတိုက်ခိုက်မှုများ မကျူးလွန်စေရန် ကုလသမဂ္ဂမှဦးစီး၍ စစ်ဖြစ်ပွားရောဒေသကို လေကြောင်းပျံသန်းမှုကင်းမဲ့ဇုန်သတ်မှတ်ပေးဖို့ တောင်းဆိုဖော်ပြခဲ့ပါတယ်
ထုတ်ပြန်ချက်အပြည့်အစုံမှာ
- ဒူးပလာယာခရိုင်တွင်းရှိ လေးကေကော်မ​ြို့သစ်တွင် စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံရေးယုံကြည်ချက်များကြောင့် ဖမ်းဆီးနှီပ်စက်သတ်ဖြတ်မှု ခံရခြင်းကင်းလွတ်ရေးအတွက် တိမ်းရှောင်လာသူများဖြစ်သော နိုင်ငံရေးသမားများ အကြမ်းမဖက်ဆန့်ကျင်သူများ တက်ကြွလှုပ်ရှားသူများ ခေတ္တခိုလှုံနေကြသည်ကို မိမိတို့ ကေအန်ယူ မှ လူသားချင်းစာနာထောက်ထားမှု အခြေခံမှ ကာကွယ်စောင့်ရှောက်ပေးခဲ့ပါသည်။
- ဒီဇင်ဘာ ၁၅ ရက်တွင် ဖြစ်ပေါ်သောတိုက်ပွဲများသည် အဆိုပါ ခေတ္တခဏတိမ်းရှောင်နေသူများအား အတင်းအဓမ္မ ဖမ်းဆီးခြင်း နေအိမ်များအား ရိုက်ချိုးဖျက်ဆီးပစ်ခြင်း မိမိတို့တပ်ဖွဲ့ဝင်များအား စစ်ရေးအရ အင်အားသုံးဖိအားပေးခြင်း အကြမ်းဖက်တိုက်ခိုက်လာခြင်းကြောင့် ကေအန်ယူအနေဖြင့် မိမိကိုယ်မိမိခုခံကာကွယ်ရသည့် အခြေခံမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
- တိုက်ပွဲများမှ ဘေးလွတ်ကင်းရာဖြစ်သော ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသူ ပြည်သူသုံးထောင်ကျော်အား လူသားချင်းစာနာသောအားဖြင့် ခေတ္တ လက်ခံ နေရာချထားပေးသည့် ထိုင်းနိုင်ငံ အစိုးရနှင့်ပြည်သူအား ကျေးဇူးအထူးတင်ရှိပါသည်။ ဒီဇင်ဘာ ၁၉ တွင်လည်း တိုက်ပွဲကြောင့် ထပ်မံထွက်ပြေးသူ ၂၀၀၀ ကျော်အားလည်း နယ်စပ်ဖြတ်ခွင့်ပေးသည့်အတွက် ထိုင်းနိုင်ငံအာ းကျေးဇူးတင်သည့်နည်းတူ သင့်တော်သည့် နေရာထိုင်ခင်းချထားပေးမှု ရရှိရေးအတွက်လည်း မျှော်လင့်ပါသည်။
- ပြည်တွင်းပြည်ပရှိကရင်အမျိုးသားများ တိုင်းရင်းသားပြည်သူလူထုများ ပြည်တွင်းနျင့်နိုင်ငံတကာအဖွဲ့အစည်းများမှ လက်ရှိဖြစ်ပေါ်လာနေသော တိုက်ပွဲများအခြေအနေကြောင့် ဘေးလွတ်ရာထွက်ပြေးနေရသော ပြည်သူများတွက် လိုအပ်သည့် အစားအသ​ောက်ဆေးဝါးနှင့် ယာယီခိုလှုံရေးလိုအပ်မှုများကို ပံ့ပိုးကူညီမှုများအတွက် အထူးကျေးဇူးတင်ရှိပြီး ဤကဲ့သို့သော ကူညီမှုများကို ဆက်လက်ပါဝင်ပြီး ပူးပေါင်းမှုများ တိုးမြှင့်သွားကြရန် တိုက်တွန်းလိုပါသည်။
- ထို့အပြင် ယခုလတ်တလော ဖြစ်ပွားနေသော တိုက်ပွဲများအတွက် ကေအန်ယူအနေဖြင့် သက်ဆိုင်သူများအား အောက်ပါအတိုင်း တောင်းဆိုအပ်ပါသည်
(က) အိမ်နီးချင်းထိုင်းနိုင်ငံအနေဖြင့် တိုက်ပွဲမှထွက်ပြေးနေသူများအား နိုင်ငံတကာအဖွဲ့အစည်းများ၏ ဝင်ရောက်တွေ့ဆုံခွင့်နှင့်လိုအပ်သည့်အကူအညီများ ပေးအပ်နိုင်ရေးအတွက် ကူညီပံ့ပိုးမှုများ စီစဉ်ပေးရန်
(ခ) စစ်ကောင်စီသည် ဆိုးဝါးသော လူသတ်မှုနှင့်လူ့အခွင့်အရေ းချိုးဖောက်မှုများဖြစ်ပေါ်စေမည့် လေကြောင်းတိုက်ခိုက်မှုများအား လေးကေကော်ဒေသတွင် အချိန်မရွေး ပြုလုပ်လာနိုင်သည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂမှဦးစီးလျက်အရေးပေါ် အစည်းအဝေးများ ကျင်းပပီး လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုန်အဖြစ်သတ်မှတ်ပေးရန်
(ဂ) စစ်ကောင်စီအနေဖြင့် ကျဆင်းနေသည့်ဂုဏ်သိက္ခာကိုပြန်လည်ထိန်းသိမ်းသည့်အနေဖြင့် ၎င်းတို့တပ်ဖွဲ့ဝင်များအား တိုက်ပွဲဖြစ်ပွားရာ အဆိုပါဒေသများမှ ပြန်လည်ရုပ်သိမ်းသွားရန်
(ဃ) စစ်ကောင်စီအတွင်းရှိ တပ်ဗိုလ်တပ်မှူးများကလည်း ကျဆုံးသည့်နိုင်ငံအဖြစ်သို့ ရောက်ရှိနေသော မိမိတို့နိုင်ငံအား ပြန်လည်ကယ်ဆယ်သည့်အနေဖြင့်ပြည်သူဘက်တွင် ပူးပေါင်းပါဝင်သွားရန်
စစ်ကောင်စီ၏ စစ်တပ်က အနာဂါတ်နိုင်ငံရေးတွင် ပါဝင်စွက်ဖွက်မှုများမှ ဆုတ်ခွါကြောင်းသတိပေးလုပ်ဆောင်ခြင်း၊ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ခြင်းသည်သာလျှင် နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်ခဲ့ပီး ပိုမိုပြင်းထန်လာနေသည့် ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၏ အဖြေသာဖြစ်ကြောင်း ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးမှ ထုတ်ပြန် တောင်းဆိုပါသည်ဟု ဒီဇင်ဘာလ ၂၀ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါတယ်။

========================

📌📌ဂန့်ဂေါနယ် နှမ်းခါးရွာနှင့် မြင်သားရွာရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ် ထပ်မံ မီးရှို့

ဒီဇင်ဘာလ ၂၀ ရက်နေ့ ၇ နာရီခန့်က စစ်ကောင်စီတပ်သည် ဂန့်ဂေါမြို့နယ် နှမ်းခါးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေ့လည်ပိုင်းတွင် မြင်သားရွာရှိ နေအိမ်အချို့ကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံကပြောပါတယ်။
" အိမ်ဘယ်နှစ်လုံးရှို့ခံရလဲတော့ မသိသေးဘူး။ မနက်က နှမ်းခါးမှာတော့ မီးခိုးတန်းကြီးနှစ်တန်းတက်လာတယ်။ ပြီးတော့ မြင်သားမှာတော့ ကျနော်တို့အခုကြည့်နေတာ။ မီးတောက်ကြီးတက်လာတယ်" လို့ ဒေသခံတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၁၈ ရက်နေ့ကလည်း နှမ်းခါးရွာကို တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးအပါအဝင် ရဟတ်ယာဉ် ၃ စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်အင်အား ၆၀ ခန့်ဖြင့် ရွာကိုဝင်စီးခဲ့ပါတယ်။
ဒီဇင်ဘာလ ၂၀ ရက်နေ့ တွင် အဆိုပါစစ်တပ်အင်အားက မီးရှို့ဖျက်ဆီးမှုများကို ဆက်လက်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံကဆိုပါတယ်။
လက်ရှိတွင် ရွာသားများအားလုံးဘေးလွတ်ရာ ထွက်ပြေးနေကြောင်းဆိုသည်။ စစ်ကောင်စီတပ်၏ ဂန့်ဂေါနယ် မြစ်သာမြစ်ဝန်းကျင်ရှိ နှမ်းခါး၊ မြင်သားအပါအဝင် ကျေးရွာများကို အကြိမ်ကြိမ်စီးနင်း မီးရှို့ဖျက်ဆီးထားရာ နေအိမ်ရာကျော် ဆုံးရှုံးထားကြောင်း သိရပါတယ်။

========================

📌📌မုံးကိုးမှာ အမျိုးသမီး၁ ဦး လက်နက်ထိမှန်ပြီးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲရှိ ဖော်မော်ရွာသစ်က အမျိုးသမီး ၁ ဦး ယမန်နေ့ မွန်းလွဲ ၁ နာရီ ဝန်းကျင်က လက်နက်ကျည်ထိ ဒဏ်ရရှိသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ မုံးကိုး ရွာသစ်က ဒေါ်နန်တွဲဆိုတဲ့ ကလေး ၁ ယောက်အမေ အမျိုးသမီး ၁ ဦးကို ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က လက်နက်ကျည် ထိမှန် ဒဏ်ရာရခဲ့ကြောင်း "သူတို့ အဲဒီ ဖော်မော် ရွာသစ်ကနေ ရှောင်ခိုင်းလို့ ပစ္စည်း မေ့ကျန်ခဲ့ ပြီးတော့ ပြန်လှည့်လာချိန် ပစ်တာ ထိသွားတာ။" လို့ အဲဒီ အမျိုးသမီးရဲ့ မိသားစု အသိုင်းအဝိုင်းက ပြောပါတယ်။
တနေကုန်တော့ တိုက်ပွဲ ဖြစ်တာ မရှိပေမယ့် ထိခိုက်ဒဏ်ရာရရှိသွားခဲ့ ကြောင်း "ဟုတ်တယ်။ ၁ ယောက်ထိတယ်။ မုံးကိုး အနီးဝန်းကျင်၊ မန်ဂျေ၊ ဖော်မော်ဘက်က ပြောင်းရွှေ့လာတဲ့ ရွာသစ်မှာနေတဲ့ အမျိုးသမီး ၁ ယောက်ကို လက်နက်ကျည်ထိသွားတာ။ ဗိုက်မှာထိတာ။" လို့ နောက်ထပ် ဒေသခံ ၁ ဦး က ပြောပါတယ်။ မုံးကိုးဒေသမှာတော့ ယမန်နေ့ည မှောင်ရီပျိုးချိန်ကစ တိုက်ပွဲဖြစ်ပွားနေခဲ့ပြီး ဒီမနက်လည်း သေနတ်ပစ်သံတွေကြားနေရတယ်လို့ မုံးကိုး ဒေသ ခံ ၁ ဦးက ပြောပါတယ်။ "တဒုန်းဒုန်း တဒိုင်းဒိုင်းပဲ။ လက်နက် အကြီးအသေး တရုတ်တရက် ပြင်းပြင်းထန်ထန် ပစ်လိုက်သံကြားတယ်။ ည ၈ နာရီ ခွဲ ဝန်းကျင်က ပြန်ပြင်းထန်လာတာ ည ၁၀ နာရီခွဲ ဝန်းကျင်ထိလည်း တချက် တချက် ကြားနေရတယ်။ ဒီ မနက်စောပိုင်း ၇ နာရီ လောက်ကစ ပစ်နေပြီ" လို့ သူက ပြောပါတယ်။ မုံးကိုးမြို့နယ်မှာ ပြီးခဲ့တဲ့လပိုင်းအတွင်း စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲကြောင့် လက်နက်ကြီးကျည်ထိမှန် သေဆုံးသူ ၄ ဦး၊ မိုင်းနင်းမိ သေဆုံးသူ ၁ ဦး၊ ပြောင်ဖူးခြံမှာ ပစ်သတ်ခံရသူ အမျိုးသား ၁ ဦး၊ လက်နက်ကျည်စ ထိမှန် ဒဏ်ရာရသူ ၂ နှစ် ဝန်းကျင် ကလေးငယ် အပါအဝင် ၇ ဦးနဲ့ အထက်ရှိပြီ ဖြစ်ပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment