ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက်ခင်းနှင့်နေ့လည်ခင်းတွေမှာတင်ဆက်ခဲ့တဲ့သတင်းခေါင်းစဉ်များနဲ့ နောက်ဆုံး ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ကောလင်း၊ ကြို့ပင်အုပ် ရွာတစ်လျောက် စစ်ကောင်စီ ဗုံးကျဲ
📌ရခိုင်ပြည်မှာ လူမျိုးရေးပဋိပက္ခဖြစ်စေရန်ကြိုးပမ်းနေမှုအပေါ် ပူးတွဲထုတ်ပြန်ချက်တရပ်ပေါ်ထွက်လာ
📌ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက်ခင်းနှင့်နေ့လည်ခင်းတွေမှာတင်ဆက်ခဲ့တဲ့သတင်းခေါင်းစဉ်များ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ကောလင်း၊ ကြို့ပင်အုပ် ရွာတစ်လျောက် စစ်ကောင်စီ ဗုံးကျဲ
ကောလင်းမြို့နယ်အနောက်ဘက်ခြမ်း ကြို့ပင်အုပ်စုကျေးရွာကို ဒီဇင်ဘာ၂၂ ရက်နေ့ နေ့လည်၂နာရီလောက်မှာ စစ်ကောင်စီတပ်မှ လေယာဥ်သုံးစီးဖြင့် မူးမြစ်တစ်လျှောက်ရှိ ရွာကုန်းကြီး၊ အုန္နဲကျင်း၊ သပြေသာ၊ ကြို့ပင်၊ ဗိုလ်အင်း၊ အုတ္တိုက်ကုန်း၊ ညောင်ပင်ရိုး၊ ထိန်အင်း၊ ကန်ဇွန်းအင်းကျေးရွာအနီးရှိ PDF တွေခိုနိုင်လောက်တဲ့ နေရာတွေကို ဗုံးကျဲခဲ့တယ်လို့ သိရပါတယ်။
”သူတို့ကရွှေဘိုကျွန်းလှဘက်ကနေတက်လာတာ၊လေယာဥ်သုံးစင်း၊တစ်စင်းက ထောက်ပို့လေယာဥ်၊နောက်တစ်စင်းက စစ်သားတွေအပြည့်နောက်တစ်စင်းက ဗုံးကျဲတဲ့လေယာဥ်ပေါ့။သူတို့က မူးမြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ကျေးရွာတွေထဲကို တိုက်ရိုက်မပစ်ပေမဲ့ တောစပ်တွေကိုတရစပ် ပစ်တာ မိနစ်လေးဆယ်လောက်ကိုမနားတမ်းပစ်တာပါ။ လူအထိအခိုက်ရှိပေမဲ့ အတိအကျတော့ စာရင်းမသိရသေးဘူးဗျ။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နှစ်ပတ်ကျော်ထိ ကြို့ပင်အုပ်စုရွာတွင် တပ်စွဲထားပြီး အင်အား ၁၀၀ကျော်လောက်ရှိတယ်လို့လည်း သိရပါတယ်။ကောလင်းမြို့နယ် အုန္နဲကျင်းရွာမှာလည်း တပ်စွဲနေထိုင်ပြီး ဒေသခံတွေရဲ့အိမ်တွေကိုဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေကိုယူဆောင်သလို ကြက်၊ဝက်တွေကိုပါ သတ်ဖြတ်စားသောက်တာတွေပြုလုပ်ပြီး နေအိမ်တွေကို ဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။
”သူတို့က တပ်စွဲထားပြီး မတရားဖမ်းဆီးတာတွေလည်း လုပ်နေတော့ ရွာမှာက ဘယ်သူမှမနေရဲတော့ဘူး၊အကုန်ထွက်ပြေး နေရတယ်၊လူတွေမရှိတော့ အိမ်တွေကိုလည်း ဖောက်ပြီး လိုချင်တဲ့ပစ္စည်းတွေအကုန်ယူပြီး နေအိမ်တွေကို ဖျက်ဆီးတာတွေလုပ်တယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အုန္နဲကျင်းရွာကနေအထွက်မှာ တခြားရွာဖြစ်တဲ့ သရက်ချဥ်ရွာကို လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာကြောင့် ရွာကဝက်ခြံမှာ အစာကျွေးနေတဲ့အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမံပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။လက်ရှိအချိန်တွင် စစ်ကောင်စီတပ်မှ ဝင်ရောက်တပ်စွဲကာ လက်နက်ကြီး လက်နက်ငယ်နဲ့ပစ်ခတ်တာတွေ ရှိတာကြောင့် ရွာသားတွေ မနေရဲပဲ တရွာလုံးနီးပါးထွက်းပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
========================
📌📌ရခိုင်ပြည်မှာ လူမျိုးရေးပဋိပက္ခဖြစ်စေရန်ကြိုးပမ်းနေမှုအပေါ် ပူးတွဲထုတ်ပြန်ချက်တရပ်ပေါ်ထွက်လာပါတယ်
ဒီဇင်ဘာလ ၂၃ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ချက်ကို ရခိုင်ပြည်ကျောင်းသားသမဂ္ဂဦးဆောင်ကော်မတီ ၊ မူဆလင်ကျောင်းသားကျောင်းသူများ ၊ ရခိုင်ကျောင်းသားများ သမဂ္ဂအမှုဆောင်အဖွဲ့ တို့က ပူးတွဲထုတ်ပြန်ခဲ့တာပါ။ ထုတ်ပြန်ချက်မှာ
- ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့တွင် ဒီဇင်ဘာလအတွင်း လူမျိုးရေးဘာသာရေးပြသနာများဖြစ်စေနိုင်သည့် သံသယဖြစ်ဖွယ်ရာ ရာဇဝတ်မှုများကိုဆက်တိုက် တွေ့နေရပါသည် တဖက်တွင်လည်း အဆိုပါရာဇဝတ်မှုများနှင့်အတူ အာဏာသိမ်းစစ်ကောင်စီသည် ICJ တွင် တရားရင်ဆိုင်ရမည့်အချိန်နဲ့ တိုက်ဆိုင်နေခြင်းကို တွေ့ရှိရသည်။
- ရခိုင်ပြည်နယ်တွင် ၂၀၁၂ နှင့် ၂၀၁၇ ခုနှစ်များတွင် မလိုလားအပ်သည့်လှုံ့ဆော်မှုများကြောင့် လူမျိုးရေး ဘာသာရေးဆိုင်ရာ ပဋိပက္ခဖြစ်ပေါ်ခဲ့ပီးလူသန်းနှင့်ချီ၍ ဆိုးကျိုးများကို ခံစားခဲ့ရပီဖြစ်သည်။
- လက်ရှိချိန်တွင် ရခိုင်ပြည်သူ့လွတ်မြောက်ရေး ကြိုးပမ်းနေခြင်းနှင့်အတူ ပြည်သူံအိုးအိမ်လုံခြုံစေခြင်း ၊ သဟဇာတဖြစ်သော လူ့အသိုင်းအဝိုင်းများတည်ဆောက်ခြင်းဖြင့် စံတန်ဖိုးများနှင့်အညီ ဂုဏ်သိက္ခာရှိသော နိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်းလျက်ရှိပါသည်။ ထို့ကြောင့် ရခိုင်ပြည်တွင်းဖြစ်ပေါ်နေသော သံသယဖြစ်ဖွယ်ရာ ရာဇဝတ်မှုများသည် ရခိုင်ပြည်တည်ဆောက်ရေးကို အဟန့်အတားဖြစ်စေမည့် အဖျက်အမှောင့်လုပ်ရပ်များသာဖြစ်သည်။
- ရခိုင်ပြည်တွင်းနေထိုင်ကြသော အာရက္ခပြည်ဖွား ညီနောင်များအနေဖြင့် အဖျက်သမားများရဲ့ လုပ်ရပ်များကို အစဉ်သတိပြု စောင့်ကြည့်နေထိုင်ကြပါရန် သတိပေးနှိုးဆော်အပ်ပါသည်ဟု ရေးသား ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါတယ်။
========================
📌📌ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက်ခင်းနှင့်နေ့လည်ခင်းတွေမှာတင်ဆက်ခဲ့တဲ့သတင်းခေါင်းစဉ်များ ကို ပြန်လည်ဖတ်ကြားပေးပ့ါမယ်
သတင်းခေါင်းစဉ်တွေကတော့ -
- လေးကေကော်ဒေသ စစ်ဘေးရှောင်ပြည်သူတွေကို ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ ငွေကျပ် သိန်း ၅၀၀ ဖိုး လှူဒါန်းပြီးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်တဲ့သတင်း
- အမှတ် ၁ စစ်ဒေသ စစ်မေတွေက "စစ်မေတို့ ခုခံစစ်တွင် ပါဝင်မှုဖြင့် တော်လှန်ရေး မုချအောင်ရမည်" လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တဲ့သတင်း
- အိန္ဒိယအစိုးရက စစ်ကောင်စီကို ကူညီထောက်ပံ့နေတာတွေ ချက်ချင်းရပ်ဖို့ အရပ်ဖက်အဖွဲ့အစည်း ၂ ခုက တောင်းဆိုလိုက်တဲ့သတင်း
- မြန်မာနိုင်ငံတစ်ဝှမ်းက လူမျိုး/ဘာသာပေါင်းစုံပါဝင်တဲ့ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး လူထုဆန္ဒပြပွဲစုစည်းမှုသတင်းများ
- လှည်းကူးတွင် CDM သူနာပြုသင်တန်းသူတစ်ဦး၏နေအိမ် ချိတ်ပိတ်ခံရတဲ့သတင်း
- မန္တလေးမှ ထိန်းသိမ်းခံ သားဖွားဆရာမတစ်ဦးကိုပြန်လွှတ်ပြီး ဦးလေးဖြစ်သူကိုဖမ်းဆီးလိုက်တဲ့သတင်း
- လားရှိုး ဟိုနားကျေးရွာ တရွာလုံး အစားအသောက် ခက်ခဲနေတဲ့သတင်း
- ကလေးမြို့ စီးစံရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီနှင့် PDF တို့ နှစ်ဖက်အကျအဆုံးရှိနေပီး စစ်ကောင်စီက ရွာရှိနေအိမ်အချို့ကို မီးရှို့နေတဲ့သတင်း
- ကလေးမြို့နယ် နတ်ချောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က စစ်ရဟတ်ယာဉ်များနဲ့ပစ်ခတ်ပီး ရွာကိုမီးရှို့နေတဲ့သတင်း
- မွန်ပြည်နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးရဲ့နေအိမ်ကို စစ်ကောင်စီကချိတ်ပိတ်ခဲ့ကြတဲ့သတင်း
- KNU - KNLA သိမ်းပိုက်ခဲ့ကြတဲ့ ကြသောင်းဆိပ်တပ်စခန်းမှာ အာဏာသိမ်းတပ်များပြန်လည်တပ်စွဲရာမှ စစ်ရေးပြန်လည်တင်းမာနေပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment