ဒီဇင်ဘာလ ၂၄ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌လေးကေကော်ဒေသကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်
📌PDF ခေါင်းဆောင်က လိုချင်တဲ့ဒီမိုကရေစီကို လူကြုံမှာတာမဟုတ်ဘဲနဲ့ ကြိုးစားရယူမှုသမိုင်းမှာ ကိုယ်တိုင်ပါဝင်သင့်တယ်လို့ပြောဆို
📌ကရင်ပြည်နယ်အတွင်း အရပ်သားပြည်သူများ တိုက်ခိုက်ခံရမှုနှင့်စပ်လျဥ်း၍ ပူးတွဲထုတ်ပြန်ချက်တရပ်ကို ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ထုတ်ပြန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌လေးကေကော်ဒေသကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်ခဲ့ပါတယ်
ဒီဇင်ဘာလ ၂၄ ရက်နံနက်ပိုင်းထိ စစ်ကောင်စီတပ်နှင့် knla ပူးပေါင်းတပ်ဖွဲ့တို့ကြား ပစ်ခတ်မှုများ မဖြစ်ခဲ့ပေမယ့် ညနေ ၃ နာရီ ၅၀ မိနစ်ခန့်မှာတော့ တိုက်လေယာဉ်သုံးစီးဟာလေးကေကော်ဒေသ ရသေ့ဂူဖက်ကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြပါတယ် ။ တဆက်တည်းမှာပဲ တိုက်လေယာဉ်များပေါ်က လက်နက်ကြီးများလည်း တောက်လျှောက်ပစ်ခတ်ခဲ့ကြပါသေးတယ်။ “တိုက်ပွဲအခြေအနေကတော့ ဒီထက်ဆိုးလာနိုင်တယ်လို့ သုံးသပ်ရကြောင်းနှင့် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူလာပစ်ရင်လည်းကျွန်တော်တို့ဘက်ကလည်း အဆင်သင့်ပဲ ရှိနေတယ် ဂရုစိုက်မှာမဟုတ်ဘူးဆိုတဲ့အကြောင်း အပြင် လေကြောင်းရန်ကိုပြန်ဖြိုခွင်းနိုင်ဖို့ လုပ်နေတာရှိတယ်လို့ လေးကေ့ကော်မြို့သစ် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူက ပြောပါတယ် ဒီဇင်ဘာလ ၂၃ ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင်အချိန်ကလည်း အာဏာသိမ်း စစ်ကောင်စီရဲ့ တိုက်လေယာဉ်များက ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့ပြီး ယခုဆိုရင် ဒုတိယအကြိမ် ရက်ဆက် လာရောက်တိုက်ခိုက်နေခြင်းဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်ဒေသခံပြည်သူများဟာ သောင်ရင်းမြစ်ကိုဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ခြမ်းခိုလှုံခဲ့ရတာရှိပေမယ့် KNLA ပူးပေါင်းတပ်ဖွဲ့များဘက်ကတော့ ထိခိုက်ကျဆုံးမှု မရှိဘူးလို့KNU ကဆိုပါတယ်။ “လေကြောင်းက လာတယ်။ လာပြီးတော့ လေး၊ငါးပတ်လောက် ပတ်သွားပြီးတော့ နောက်ဆုံးမှ ကြဲသွားတာပေါ့။ နှစ်လုံးကျသွားတယ်။ ကျွန်တော်တို့ဘက်က အထိအခိုက်မရှိပါဘူး။ အဓိကတော့ တောင်ကုန်းတွေကို ကြဲချသွားတာပေါ့” ဟု လေးကေ့ကော်မြို့သစ် တာဝန်ရှိသူက ပြောပါတယ်။
ဒီဇင်ဘာ ၁၅ ရက်မှစလို့ တိုက်ပွဲပြင်းထန်ခဲ့ပီးနောက်မှာတော့ KNU ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ လေးကေကော်ဒေသစစ်ဘေးရှာင်ပြည်သူများကိုကာကွယ်နိုင်ဖို့လေကြောင်းပျံသန်းမှုကင်းမဲ့ဇုန်သတ်မှတ်ပေးရန် ကမ္ဘာ့ကုလသမဂ္ဂကို တောင်းဆိုခဲ့ပါတယ်။ တောင်းဆိုချက်ကို ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးဗဟိုမှတရားဝင်ထုတ်ပြန်ခဲ့ပီးနောက်မှာပဲ လေကြောင်းတိုက်ခိုက်မှုတွေ စစ်ကောင်စီဘက်က ပြုလုပ်လာတာမို့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာပဲ ဒုတိယအကြိမ်ထပ်မံတောင်းဆိုခဲ့တာကိုလည်းတွေ့ရပါတယ် ထိုကဲ့သို့ လေကြောင်းကင်းမဲ့ဇုန်သတ်မှတ်ပေးရန် ထုတ်ပြန်တောင်းဆိုချက်တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နှင့်တကွ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် လေကြောင်းပျံသန်းမှုကင်းမဲ့ဇုန် သတ်မှတ်ပေးခြင်းနှင့် အာဏာသိမ်းစစ်ကောင်စီ၏လုပ်ရပ်များအား လစ်လျူမရှုပဲ အမြန်ဆုံးအရေးယူပေးဖို့ ရေးသားပါရှိပါတယ်။
ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်မြို့အနီးရှိ မယ်သောင်ကန်ကျေးရွာနှင့် မဲ့ကုတ်ကင်းကျေးရွာများမှာတော့ ယာယီစစ်ဘေးရှောင်စခန်း နှစ်ခုဖွင့်လှစ်ကာ စစ်ဘေးဒုက္ခသည်များ ယာယီခိုလှုံနေကြရကာ အနွေးထည်နှင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိနေဆဲပါပဲ။ အခုလို အာဏာသိမ်းစစ်ကောင်စီက ကရင်ပြည်နယ်အတွင်း အရပ်သားပြည်သူများအား တိုက်ခိုက်မှုအပေါ် မြန်မာနိုင်ငံအခြေစိုက် သံရုံးအကြီးအကဲများက ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ကာ ပြစ်တင်ရှုံ့ချတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
========================
📌📌PDF ခေါင်းဆောင်က လိုချင်တဲ့ဒီမိုကရေစီကို လူကြုံမှာတာမဟုတ်ဘဲနဲ့ ကြိုးစားရယူမှုသမိုင်းမှာ ကိုယ်တိုင်ပါဝင်သင့်တယ်လို့ပြောဆိုလိုက်ပါတယ်
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကိုရရာလက်နက်စွဲကိုင်တော်လှန်ကြသူတွေဟာ နိုင်ငံအဝန်းမှာ PDF LPDF စသည်ဖြင့်ပုံစံမျိုးစုံ လှုပ်ရှားနေကြပါတယ်စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီတပ်တွေမထင်မှတ်ထားလောက်အောင် ပြင်းထန်တဲ့ခုခံတော်လှန်မှုကိုဖော်ဆောင်နို်င်စွမ်းတဲ့ဒေသဖြစ်ခဲ့ပီး ယနေ့ထိတိုင်အောင်အောင်မြင်တဲ့ ခုခံစစ်ကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း အောင်ပွဲတွေရယူနေဆဲပါပဲ။ ထို့အတူပဲ စစ်ကိုင်းတိုင်းမြို့နယ်များဟာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရဟတ်ယာဉ်သုံးပြီး လေကြောင်းပစ်ခတ်မှု ဆိုးဆိုးရွားရွားခံရတဲ့ ဒေသတခုဖြစ်လာနေပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်မှာလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့ ၊ နတ်ချောင်းကျေးရွာကို စစ်ကောင်စီမှ လေကြောင်းဖြင့် ပစ်ခတ်ပြီး ရွာလုံးကျွတ်မီးရှို့မှုကြောင့်တစ်ရွာလုံးပဲ ပတ်ပြေးနေခဲ့၇တယ်လို့ ဒေသခံတွေကပြောပါတယ်။ မကြာခဏလိုလိုမီးရှို့ခံတဲ့ အဆိုပါဒေသမှာ ဒီဇင်ဘာလ ၂၃ ရက် ညနေပိုင်းတွင် စစ်ရဟတ်ယာဉ်များလာရောက်ပစ်ခတ်ပီးနောက်မှာခုလို မီးရှို့တာဖြစ်ပါတယ် စစ်ကိုင်းတိုင်းဒေသများမှာ ပြည်သူဒေသခံများရဲ့ထောက်ခံမှုအားကောင်းတာကြောင့် ခုချိန်ထိအောင် အာဏာသိမ်းစစ်တပ်ဘက်ကနယ်မြေစိုးမိုးအသာစီးရယူနိုင်မှု မရှိခဲ့ပါဘူး ။ ပုလဲ PDF ဗိုလ်နဂါးဦးဆောင်တဲ့ PDF တပ်ဖွဲ့များဟာ အောင်မြင်ထိရောက်တဲ့ ပြောက်ကျားစစ်ဗျူဟာနှင့်အတူ နယ်မြေကျူးကျော်လာတဲ့အာဏာသိမ်းစစ်တပ်ကို ချေမှုန်းသုတ်သင်လေ့ရှိတာကြောင့် လူသိများခဲ့ပါတယ်။ ပုလဲမြို့တောင်ဘက်ရှိ ကံပေါက်ရွာနှင့် ညောင်ကုန်းရွာအနီးတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက်၃နာရီဝန်းကျင်ခန့်မှာဆိုရင် ဗိုလ်နဂါးဦးဆောင်တဲ့ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်အကြမ်းဖက်စစ်ကောင်စီတပ်သားတို့ တိုက်ပွဲပြင်းထန်ခဲ့ပါသေးတယ်။ Radio NUG က ကြည့်ရတဲ့ ရုပ်သံမှတ်တမ်းများအရဆိုရင် စစ်ကိုင်းတိုင်း ပုလဲတွင် PDF များ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကျဆုံးများပီး ဒဏ်ရာပြင်းထန်သူတွေလည်း များစွာရှိပါတယ်။ အဆိုပါဖြစ်စဉ်မှာ ခေတ်သစ်သတင်းဌာနကတော့ စစ်ကောင်စီတပ်ဖွဲ့များ ၂၀ ဦးထက်မနည်းသေဆုံးပီး ၁၀ ဦးပြင်းထန်ဒဏ်ရာရတယ်လို့ သတင်းရေးသားခဲ့ပါတယ်
ဗိုလ်နဂါးဦးဆောင်တဲ့ ပုလဲPDF တပ်ဖွဲ့ဟာ စစ်ကောင်စီတပ်တွေကို လက်လုပ် တူမီး သေနတ်တွေ၊ ဆွဲမိုင်းတွေ အသုံးပြုပြီး တိုက်ခိုက်အောင်ပွဲရနေပေမယ့် အဓိကကတော့ပြည်သူအားလုံးရဲ့ ပူးပေါင်းပါဝင်မှုကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ဗိုလ်နဂါးဦးဆောင်တဲ့ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အပြန်လမ်းတလျှောက်မှာလည်း ပြည်သူတွေဝမ်းသာအားရ ကြိုဆိုနေတဲ့ရုပ်သံမှတ်တမ်းများဟာ လူမှုကွန်ရက်ပေါ်မှာ ထင်ထင်ရှားရှားမြင်ရလေ့ရှိပါတယ် အခုလိုအောင်ပွဲရလေ့ရှိတဲ့အပေါ်မှာ " ဘယ်နေ့ဘယ်ရက်မှာ ဘယ်အင်အားနဲ့ ဘယ်ဘက်ကို စစ်ကြောင်းထိုးမယ်ဆိုတဲ့သတင်းတွေ အမြဲတမ်းကြိုတင်ရတယ် ဒီအချက်က အောင်ပွဲရတဲ့အကြောင်းဖြစ်တယ်နယ်မြေပိုင်နိုင်ကျွမ်းကျင်မှုကျနော်တို့သာတယ် အောင်ပွဲကိုအနှစ်ချုပ်ရင် ပြည်သူအားလုံးပူးပေါင်းပါဝင်မှုပဲဖြစ်တယ် ဒီစစ်ကောင်စီဟာ ကျနော်တို့ရဲ့ ရန်သူချည်းမဟုတ်ဘဲနဲ့ပြည်သူတရပ်လုံးရဲ့ ရန်သူဖြစ်နေတာကလည်း ကျနော်တို့ရဲ့အားသာချက်ဖြစ်နေတယ် သူတို့ထဲမှာ အပြင်ထွက်မလာနိုင်ဘဲ ကျနော်တို့ကို တိတိကျကျ သတင်းပေးနေတဲ့သူတွေရှိနေတာလည်းတချက် အဲ့အချက်တွေကလည်း အောင်ပွဲရစေနိုင်တဲ့အကြောင်းရင်းများထဲက တချက်ပေါ့ လို့ ပုလဲ PDF ခေါင်းဆောင်ဗိုလ်နဂါးကထုတ်ဖော်ပြောကြားပါတယ်။ ဒါ့အပြင် "အာဏာသိမ်းတပ်တွေဟာ ဘယ်လိုတိုက်တိုက်ရှုံးနိမ့်နေတယ် စစ်ရေးအရ သူတို့ကိုယ်တိုင်ပိုင်နိုင်ကျွမ်းကျင်ရမယ့် စစ်ရေးကိစ္စမှာ တောင်မှ တကယ်ကိုရှက်စရာကောင်းလောက်အောင် အရည်အသွေးမဲ့တဲ့ တပ်မတော်တခုဆိုတာ ဖော်ထုတ်နိုင်ခဲ့တယ်လို့ " ဗိုလ်နဂါးက ဆက်ပြောပါတယ်
စစ်ကိုင်းတိုင်းဟာ ရှေ့ကနေပီး တောက်လှန်ခဲ့ကြတယ် အာဏာလုခဲ့တဲ့ဖြစ်စဉ်တနှစ်ပြည့်တော့မယ် အုပ်ချုပ်ရေးယန္တရားကို ဒီနယ်မြေမှာ တိတိပပအကောင်အထည်မဖော်နိုင်ဘူး စစ်အုပ်ချုပ်မှုကို စစ်ကိုင်းတိုင်းကတား ဆီးပေးနိုင်ခဲ့တယ် လို့ စစ်ကိုင်းတိုင်းရဲ့တော်လှန်ရေးကိုလည်း ခြုံငုံသုံးသပ်ပြပါတယ်အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထောက်ပံ့မှုတွေနဲ့ပက်သက်လို့ ဗိုလ်နဂါးပြောတာက အစပိုင်းတော့ သိပ်အဆင်မပြေဘူး နဂိုက နည်းနည်းအားနည်းချက်ရှိပေမယ့် ခုတော့ nug ကော mod ကော အာဏာသိမ်းအုပ်စုကို အပြီးတိုင်ဖယ်ထုတ်ဖို့ မဟာဗျူဟာကျတဲ့ စီမံကိန်းတွေကို PDF နဲ့ကော EAO တွေနဲ့ကော အားလုံးချိတ်ဆက် စနစ်တကျစီမံနေတယ်လို့ ပြည်သူတွေအတွက် အားတက်အောင် သူကပြောပြသွားပါတယ်။ စစ်တပ်ဟာ အုပ်ချုပ်ရေးနိုင်ငံရေးမှာ အနိုင်ကျင့်ဗိုလ်ကျနေမှုကို ပြည်သူတရပ်လုံးမလိုလားဘူးဆိုတာလည်း သိနေလောက်ပီဖြစ်တာမို့ လက်လျှော့သင့်နေပါပီ ဒီလိုမဟုတ်ဘဲ အဆုံးစွန်ယုတ်မာနေဦးမယ်ဆိုရင်ပြည်သူတရပ်လုံးအုံကြွပါဝင်လာတော့မယ့်တိုက်ပွဲတွေကျရင် ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်တာကြုံရနိုင်ကြောင်း ပြည်သူတွေအနေနဲ့ကလည်း ကိုယ်လိုချင်တဲ့ဒီမိုကို ဘယ်ကိုမှအားကိုပီးတောင်းနေလို့မရဘူး ကျနော်တို့ကိုယ်တိုင်ယူမှရတယ်ဆိုတာ အသိစိတ်လေးမွေးစေချင်တယ် ရှေ့ကနေလည်းဒီခရီးကိုဦးဆောင်သွားနေတဲ့သူလည်းရှိနေပီ အာလုံးက ဒီမိုကရေစီကို လူကြုံမှာတာမဟုတ်ဘဲ ဒီသမိုင်းမှာ ကိုယ်တိုင်ပါဝင်ကြိုးစားကြစေချင်တယ် ကိုယ့်အကျိုးထိခိုက်နစ်နာသွားမလား ဆိုတဲ့ ရေသာခိုစိတ်များနေရင် တော်လှန်ရေးခရီးကြာသွားနိုင်သလို ဖွံ့ဖြိုးတိုးတက်မဲ့တိုင်းပြည်ရဲ့ အနာဂါတ်တွေ နှောင့်နှေးမှာဖြစ်ကြောင်း အကြံပေးပြောကြားသွားပါတယ်။
========================
📌📌ကရင်ပြည်နယ်အတွင်း အရပ်သားပြည်သူများ တိုက်ခိုက်ခံရမှုနှင့်စပ်လျဥ်း၍ ပူးတွဲထုတ်ပြန်ချက်တရပ်ကို ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ထုတ်ပြန်လိုက်ပါတယ်
လေးကေကော်ဒေသမှာ စစ်ကောင်စီကဝင်ရောက်ကျူးကျော်တိုက်ခိုက်နေတာ ဆယ်ရက်တာ ကြာမြင့်ခဲ့ပီဖြစ်ပါတယ်။ လေးကေကော်ဒေသအပေါ် စစ်ကောင်စီရဲ့ မြေပြင်သာမက လေကြောင်းတိုက်ခိုက်မှုများကြောင့် ထောင်နှင့်ချီသောပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး ယခုအခါ ၄င်းတို့အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အရေးပေါ် လိုအပ်နေပီဖြစ်တဲ့အကြောင်း မေရိကန်သံရုံးက ထည့်သွင်းရေးသားပီး မိတ်ဖက်နိုင်ငံများနှင့်ပူးတွဲကြေငြာချက်ချက်တရပ်ကိုအောက်ပါအတိုင်းထုတ်ပြန်လိုက်ပါတယ်
အမေရိကန်နှင့်မိတ်ဖက်နိုင်ငံများရဲ့ အောက်ပါပူးတွဲကြေငြာချက်ထွက်လာစဉ်မှာပဲ စစ်ကောင်စီတပ်များဟာ လေကြောင်းတိုက်ခိုက်မှုတရပ်ကို ထပ်မံကျူးလွန်ခဲ့ကြပါသေးတယ်
ဒီဇင်ဘာလ ၂၄ ရက်နေ့ရက်စွဲပါထုတ်ပြန်ချက်မှာ
စစ်အာဏာရှင်၏ နိုင်ငံတစ်ဝန်း ကျူးလွန်ထားသော ပြင်းထန်ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မိမိတို့ ရှုတ်ချကြောင်း ထပ်မံအသိပေးပြောကြားလိုသည်။ မကြာသေးမီက ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း အပါအဝင် အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေခြင်းဖြစ်ပြီး ယင်းလုပ်ရပ်ကို ရပ်တန့်ရမည်ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် ထောင်နှင့်ချီသောပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး ယခုအခါ ၄င်းတို့အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အရေးပေါ် လိုအပ်လျက်ရှိသည်။ စစ်အာဏာရှင်အနေဖြင့် ကရင်ပြည်နယ်နှင့် နိုင်ငံတလွှားက အဆင်အခြင်မဲ့တိုက်ခိုက်ခံရမှုများ ချက်ချင်းရပ်တန့်ရန်နှင့် အရပ်သားပြည်သူအားလုံးကို နိုင်ငံတကာဥပဒေနှင့်အညီ ဘေးကင်းလုံခြုံစွာထားရှိရန် မိမိတို့ တောင်းဆိုသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ နိုဝင်ဘာလ ၁၀ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ အကူအညီလိုအပ်နေသည့် ပြည်သူအားလုံး လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ အပြည့်အစုံကို ဘေးကင်းလုံခြုံပြီး အတားအဆီးအဟန့်အတားမရှိဘဲ လက်လှမ်းမီရရှိစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို အပြည့်အ၀ကာကွယ်စောင့်ရှောက်ပေးပြီး ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် မိမိတို့ကလည်း ထပ်တူတောင်းဆိုလိုက်သည်။
ဤကြေညာချက်ကို သြစတြေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများဖြစ်ကြသော - ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်နိုင်ငံ တို့အပြင် နယူးဇီလန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် သံရုံးအကြီးအကဲများက ပူးပေါင်းလက်မှတ်ရေးထိုးထုတ်ပြန်ပါသည်ဟု ဖော်ပြထားပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment