16th JAN 2022 - (Ethnic language program-CHO_MΓΌn) by Radio NUG

πŸ“Œα€ျင်း (တိုင်းရင်းα€žား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၂ ဇန်နဝါα€›ီα€œ ၁၆ α€›α€€်α€”ေ့ ရပြα€Š်တွင်းα€žα€α€„်းα€™ျား


πŸ“ŒπŸ“Œα။ CDF-မင်းတပ်α€€ မင်းတပ်-မတူပီ α€œα€™်းတွင် α€…α€…်α€€ောင်α€…ီα€šာα€₯်တန်းα€€ို ထပ်α€™ံ α€€ြားα€–ြတ်တိုα€€်ခိုα€€်၊ α€…α€€်α€œα€€်α€žα€™ား ထပါထဝင် α€…α€…်α€€ောင်းα€…ီတပ်α€žား ၄ α€šောα€€်α€žေ
CDF-မင်းတပ်α€€ မင်းတပ်-မတူပီ α€œα€™်းတွင် α€…α€…်α€€ောင်α€…ီα€šာα€₯်တန်းα€€ို ထပ်α€™ံα€€ြားα€–ြတ်တိုα€€်ခိုα€€်၊ α€…α€…်α€€ောင်α€…ီတပ်α€žား ၄ α€₯ီးα€žေ မင်းတပ်α€™ှ မတူပီα€žို့ ထွα€€်ခွာα€œာα€žော α€…α€…်α€€ောင်α€…ီα€šာα€₯်တန်းα€€ို CDF-MINDAT α€™ှ မင်းတပ်-မတူပီα€œα€™်း α€™ိုင်တိုင်ထမှတ် ၄၂ ဝန်းα€€ျင်တွင် ဇန်နဝါα€›ီα€œ ၁၁ α€›α€€် α€Šα€”ေ ၅ α€”ာα€›ီခန့်α€€ α€€ြားα€–ြတ် တိုα€€်ခိုα€€်ခဲ့α€›ာ α€…α€…်α€€ောင်α€…ီတပ်α€žား၊ α€…α€€်α€œα€€်α€žေနတ်α€žα€™ား ထပါထဝင် တပ်α€žား ၄ ဦးα€žေးα€€ြောင်းα€žိα€›α€žα€Š်။ α€Šα€”ေပိုင်းတွင်α€œα€Š်း မင်းတပ်မတူပီα€œα€™်း ၄၅ α€™ိုင်တွင် CDF မင်းတပ်α€™ှ α€™ိုင်းခွ တိုα€€်ခိုα€€်ခဲ့ပြီး α€…α€…်α€€ောင်α€…ီα€˜α€€်α€™ှ ထိခိုα€€် α€€ျဆုံးα€™ှုα€™ျားα€›ှိα€™α€Š်α€Ÿု မင်းတပ်ပြα€Š်α€žူ့ ထုပ်ချုပ်ထရေးထဖွဲ့α€™ှ ထုတ်ပြα€”်ထားα€žα€Š်။ ထဆိုပါ α€…α€…်α€€ောင်α€…ီα€šာα€₯်တန်းα€žα€Š် မင်းတပ်α€™ြို့α€”α€š် α€™ိုင်တိုင် ၅၀ ဝန်းα€€ျင် ခိုα€”ူးα€…ုα€™် ထမျိုးα€žားα€₯α€šျာα€₯်ထာဆီα€šံထမွေထနှα€…် ထမျိုးα€žားα€₯α€šျာα€₯်α€α€œျှောα€€် α€™ီးα€›ှို့ပြီး α€…α€…်α€›ေးα€€ာα€€ွα€š်α€šူα€€ာ မတူပီα€–α€€်α€žို့ ဆက်α€œα€€်α€žွားα€”ေα€€ြα€€ြောင်းα€žိရပါα€žα€Š်။
α€šα€”ေ့ ဇန်နဝါα€›ီ ၁၃ α€›α€€်α€”ေ့တွင်α€œα€Š်း မင်းတပ် မတူပီα€œα€™်းတွင် α€™ြေα€™ြုပ်α€™ိုင်းα€™ျားထောင်ခဲ့α€€ြောင်းα€žိရပြီး၊ CDF မင်းတပ်α€™ှ α€–ောα€€်ခွဲα€›ှင်းα€œα€„်းα€”ိုင်ခဲ့α€€ြောင်း α€žိα€›α€žα€Š်။ မထင်α€™ှတ်α€žα€Š့် α€”ေα€›ာα€™ျားတွင် α€™ြေα€™ြုပ်α€™ိုင်းα€™ျားα€›ှိα€”ေα€”ိုင်α€žေးα€€ြောင်းα€žိα€›α€žα€Š်။

πŸ“ŒπŸ“Œα‚။ α€™ြα€”်α€™ာα€”ိုင်ငံထတွင်း တိုα€€်ပွဲα€€ြောင့် ထိုးထိα€™်α€…ွα€”့်ခွာ α€…α€…်α€˜ေးα€›ှောင်ပြα€Š်α€žူ ၃ α€žိα€”်း ၅ α€žောင်းα€”ီးပါးα€›ှိα€€ြောင်း UNOCHA Myanmar α€™ှထုတ်ပြα€”်
α€…α€…်α€€ောင်α€…ီα€™ှ ထာဏာα€žိα€™်းပြီး ၁၁ α€œα€‘α€ွင်း တိုα€€်ပွဲတွေα€€ြောင့် ထိုးထိα€™်α€…ွα€”့်ခွာ α€…α€…်α€˜ေးα€›ှောင်ပြα€Š်α€žူထားα€œုံး ၃ α€žိα€”်း ၅ α€žောင်း α€”ီးပါးα€›ှိα€€ြောင်း UNOCHA α€™ှ ဇန်နဝါα€›ီ ၃ α€›α€€်α€”ေ့ α€€ိα€”်းဂဏန်းတွေထရထုတ်ပြα€”်ထားပါα€žα€Š်။ ထဆိုပါ α€…α€…်α€˜ေα€›ှောင်α€”ေα€›α€žα€Š့် ပြα€Š်α€žူထများα€…ုα€™ှာ α€™ြα€”်α€™ာα€”ိုင်ငံ ထနောα€€်α€™ြောα€€်α€–α€€် (α€…α€…်α€€ိုင်းတိုင်း၊ α€™α€€ွေးတိုင်း၊ ချင်းပြα€Š်α€”α€š်) α€”ှင့် ထရှေ့တောင်α€–α€€်α€™ှ (α€€α€šားပြα€Š်α€”α€š်၊ ကရင်ပြα€Š်α€”α€š်၊ α€™ွα€”်ပြα€Š်α€”α€š်၊ တနင်္α€žာα€›ီတိုင်း) စတဲ့ α€’ေα€žα€ွေα€™ှ ထရပ်α€žားပြα€Š်α€žူတွေα€–ြα€…်α€€ြောင်း ထုတ်ပြα€”်ထားα€žα€Š်။ α€œα€€်α€›ှိထချိα€”်တွင် ပြα€Š်α€žူ့α€€ာα€€ွα€š်α€›ေးတပ်α€”ှင့်α€…α€…်α€€ောင်α€…ီα€€ြား တိုα€€်ပွဲတွေ α€”ေ့α€Šα€™α€•ြတ် α€–ြα€…်ပွားα€”ေတာα€€ြောင့် ပြα€Š်α€žူတွေα€€ို α€œူα€žားချင်းα€…ာα€”ာထောα€€်ထားα€™ှုα€–ြင့် α€€ူα€Šီပေးα€”ိုင်α€›α€”် ထတတ်α€”ိုင်ဆုံးα€€ြိုးα€…ားα€œျα€€်α€›ှိα€€ြောင်းα€”ှင့် α€”ေ့α€…α€₯်တိုးပွားα€œာတဲ့ α€”ိုင်ငံတဝှα€™်းα€™ှ α€…α€…်α€˜ေးα€›ှောင်ပြα€Š်α€žူတွေα€€ို α€€ူα€Šီα€”ိုင်α€›α€”် ထစားထစာ၊ ဆေးဝါး၊ ထဝတ်α€‘α€‘α€Š်α€™ျားα€œိုထပ်α€œျα€€်α€›ှိα€€ြောင်းထဆိုပါထုတ်ပြα€”်ချα€€်တွင် α€–ော်ပြထားα€žα€Š်။

πŸ“ŒπŸ“Œαƒ။ မင်းတပ်α€™ြို့α€”α€š် ပြα€Š်α€žူ့ ထုပ်ချုပ်​α€›ေးထဖွဲ့ ၊ α€•α€Šာ​α€›ေးကဏ္ဍ α€™ှ ​α€€ျောင်းα€žူ/α€žား ၆၂၀၀ ​α€€ျော် α€•α€Šာα€žα€„်α€€ြား​ပေးα€œျα€€်α€›ှိ
မင်းတပ်α€™ြို့α€”α€š်ပြα€Š်α€žူ့ထုပ်ချုပ်α€›ေးထဖွဲ့ - α€•α€Šာα€›ေးကဏ္ဍမှ ဦးဆောင်၍ α€…α€…်​α€€ောင်α€…ီα€™ှ ထာဏာα€žိα€™်းα€€ာα€œα€‘α€ွင်း α€€ျေးα€›ွာပေါင်း ၁၃၆ α€›ွာα€™ှ α€€ျောင်းα€žားဦးα€›ေ (၆၂၀၀) α€šောα€€်​α€€ျော် ထား α€…α€”α€…်α€žα€…်α€žα€„်α€›ိုးα€–ြင့် α€•α€Šာα€žα€„်α€€ြား ပေးα€œျα€€်α€›ှိ​α€€ြောင်း α€žိα€›α€žα€Š်။
α€žα€„်α€€ြားα€›ေးစတင်α€œα€Š်ပတ်α€”ိုင်α€›α€”်ထတွα€€် α€•α€Šာα€›ေးα€˜ုတ်ထဖွဲ့၏ volunteer ဆရာထတတ်α€žα€„် α€žα€„်တန်းα€™ှ ဆရာ/ဆရာမပေါင်း (αˆα…αˆ) ဦးα€€ို α€™ွေးထုတ်α€žα€„်တန်းပေးα€”ိုင်ခဲ့​α€€ြောင်း α€žိα€›α€žα€Š်။
မင်းတပ်α€™ြို့α€”α€š်တွင် α€…ာα€žα€„်​α€€ျောင်း α€žα€„်α€€ြားα€›ေးစတင်α€œာခဲ့α€žα€Š်α€™ှာ (၃) α€œα€α€”့်α€›ှိပြီး α€œα€€်α€›ှိတွင် α€…α€…်​α€€ောင်α€…ီ α€…α€…်α€€ြောင်းα€™ျားα€€ြောင့် ထချို့α€›ွာα€™ျားတွင် α€žα€„်α€€ြား​α€”ေα€™ှုα€™ျား ခေတ္တရပ်α€”ားထားα€› ​α€€ြောင်းα€žိα€›α€žα€Š်။
α€…α€…်​α€€ောင်α€…ီ α€žα€Š် α€žα€„်α€€ြားα€›ေးဆရာ/ဆရာα€™ ထချို့α€€ို မင်းတပ်α€™ြို့ပေါ်တွင် α€–α€™်းဆီး ချုပ်​α€”ှောင် α€…α€…်ဆေး၍ α€Šှင်းပန်း α€”ှိပ်α€…α€€်α€™ှုα€™ျား ပြုα€œုပ်α€œေ့α€›ှိ​α€€ြောင်းα€žိα€›α€žα€Š်။

πŸ“ŒπŸ“Œα„ ။ ပြα€Š်တွင်း α€…α€€်α€žုံးဆီ α€”ှင့် α€€ုα€”်α€ˆေးα€”ှုα€”်းα€™ျား α€™ြင့်တက်α€”ေ
ပြα€Š်တွင်း α€…α€€်α€žုံးဆီα€ˆေးα€”ှုα€”်းα€™ျား α€”ေ့α€…α€₯်α€™ြင့်တက်α€œျα€€်α€›ှိ ပြီး ဇန်နဝါα€›ီ (၁၅) α€›α€€်α€”ေ့ထိ α€…α€€်α€žုံးဆီ​α€ˆေးα€”ှုα€”်း​တွေα€€​တော့ (DENKO ဆီဆိုင် ပခုα€€္α€€ူ α€ˆေးα€”ှုα€”်း) ထရ ဓာတ်ဆီ Octane 92 တစ်α€œီတာα€€ို ပေါα€€်α€ˆေး (၁၅၇၀) α€€ျပ်α€”ဲ့ α€’ီα€‡α€š် α€ˆေးα€”ှုα€”်းα€™ှာα€œα€Š်း Premium တစ်α€œီတာα€€ို ထမြင့်ဆုံး (၁၅၉၅) α€€ျပ်ထထိα€›ှိα€€ြောင်း DENKO ပခုα€€္α€€ူ -​α€Šောင်α€₯ီး ဆီဆိုင် α€™ှ α€žိα€›α€žα€Š်။ α€™α€€ွေးတိုင်း ထီးα€œα€„်း α€”ှင့် α€€ျောα€€်ထု α€™ြို့တွေ α€™ှာတော့ ဓာတ်ဆီ တစ်α€œီတာα€€ို (၂၀၀၀) α€€ျပ်α€–ြα€…်ပြီး ဂါα€œံα€œိုα€€်α€α€š်α€™α€š်ဆိုရင်တော့ α€ˆေးα€”ှုα€”်းα€œျှော့ပေးတာα€™ျိုး α€›ှိα€€ြောင်း α€€ျောα€€်ထုα€’ေα€žα€ံတွေထံα€™ှ α€žိα€›α€žα€Š်။ α€…α€…်α€€ောင်α€…ီα€–α€€်α€™ှ α€œα€™်းပန်းဆက်α€žွα€š်α€›ေး α€”ှင့် α€€ုα€”်ပစ္α€…α€Š်းတင်ပို့α€™ှု α€–ြတ်တောα€€်α€”ေတာ တွေα€€ြောင့် ချင်းပြα€Š်α€”α€š် မင်းတပ်၊ α€€α€”်ပက်α€œα€€်၊ မတူပီ စတဲ့α€”ေα€›ာတွေα€™ှာတော့ ထစားα€žောα€€်α€›ိα€€္ခာ၊ ဆေးဝါး၊ ဓာတ်ဆီ၊ α€’ီα€‡α€š် ထစရှိတဲ့ α€œူα€žုံးα€€ုα€”်ပစ္α€…α€Š်းတွေ ဓာတ်ဆီ တစ်α€œီတာα€€ို (၂၅၀၀-၂၆၀၀) α€€ျပ်ထထိα€›ှိα€”ေပြီး α€œူα€žုံးα€€ုα€”် ပစ္α€…α€Š်းα€ˆေးα€”ှုα€”်းတွေပါ ထဆမတန် α€ˆေးα€”ှုα€”်းα€™ြင့် တက်α€”ေα€€ြောင်း α€žိα€›α€žα€Š်။

πŸ“ŒπŸ“Œα… ။ ချင်းပြα€Š်α€”α€š် α€–α€œα€™်းα€™ြို့ ထခြေα€…ိုα€€် α€”α€š်α€™ြေခံတပ်ရင်း α€α€œα€› (α‚α†αˆ) α€™ှ တပ်α€žားတစ်ဦး α€œα€€်α€”α€€်ထပြα€Š့်α€…ုံα€–ြင့် CNDF ထံခိုα€œှုံ၍ ပြα€Š်α€žူα€”ှင့်ပူးပေါင်း
ချင်းပြα€Š်α€”α€š်၊α€–α€œα€™်းα€™ြို့ ၊ α€”α€š်α€™ြေခံတပ်ရင်း α€α€œα€›(α‚α†αˆ) တပ်α€žား ဇင်α€œα€„်းထောင်၊ α€€ိုα€š်ပိုင်ထမှတ် တ-၅၄၂၁၂၁ α€žα€Š် ထကြα€™်းα€–α€€် α€…α€…်α€€ောင်α€…ီထပေါ် α€”ာα€€ျα€Š်းချα€€်α€™ျားα€…ွာ α€›ှိα€žောα€€ြောင့် α€Ÿုဆိုα€€ာ ပြα€Š်α€žူα€”ှင့်ထတူပူးပေါင်းα€›α€”် CNO/CNDF ထံα€žို့ α€œα€€်α€”α€€်ထပြα€Š့်α€…ုံα€–ြင့် α€‘α€œα€„်းဝင်α€›ောα€€်ခဲ့ α€€ြောင်း α€žိα€›α€žα€Š်။
ထဆိုပါ α€œα€€်α€”α€€်ထမျိုးထစားα€žα€Š် MA2 α€…α€€်α€€α€œေး ထမျိုးထစားα€–ြα€…်ပြီး α€€ျα€Š်ကတ် ၃ ခု ၊ equipment ထချို့ α€”ှင့် α€€ျα€Š်ဆံထချို့ပါဝင်α€€ြောင်းα€žိα€›α€žα€Š်။
CNO/CNDF α€™ှ α€šα€„်းတပ်α€žားα€€ို ဆုα€€ြေးငွေချီးα€™ြှင့်ခဲ့ပြီး α€œွတ်α€™ြောα€€်α€”α€š်α€™ြေα€žို့ ပို့ဆောင်ပေးခဲ့α€€ြောင်း CNO/CNDF α€™ှ ဇန်နဝါα€›ီα€œ ၁၄ α€›α€€်၊၂၀၂၂ α€”ေ့ α€”ံα€”α€€်ပိုင်းတွင် α€žα€α€„်းထုတ်ပြα€”်α€žα€Š်။

πŸ“ŒπŸ“Œα† ။ CDF Mara α€”α€š်​α€™ြေထတွင်း α€–ြတ်α€žα€”်းα€žွားα€œာ α€žူα€™ျား CDF Mara ထံα€žို့ α€€ြိုတင်​ထ​α€€ြောင်းα€€ြား၍ ပူး​​ပေါင်း​ဆောင်α€›ွα€€်​ပေးα€€ြα€›α€”် ထုတ်ပြα€”်

CDF Mara α€”ှင့် Mara α€œူα€™ျိုးα€™ျား ထ​α€”ေα€–ြင့် ၎င်းတို့ α€”α€š်​α€™ြေထတွင်း α€–ြတ်α€žα€”်းα€žွားα€œာα€žα€Š့် α€…α€…်​α€˜ေး​α€›ှောင် ပြα€Š်α€žူα€™ျားα€€ို α€œိုထပ်α€žα€Š့် ထကူα€Šီα€™ျား ​ပေးα€œျα€€်α€›ှိ​α€€ြောင်း α€žိα€›α€žα€Š်။
α€šα€ုချိα€”်α€žα€Š် ချင်းα€œူα€„α€š်α€™ျား ထ​α€”ေα€–ြင့် α€…α€…်ထာဏာα€›ှင်α€€ို ထမြα€…်α€–ြတ် တိုα€€်ထုတ်​α€”ေရချိα€”် α€–ြα€…်ပြီး α€œူα€„α€š်α€™ျား ​တော်α€œှα€”်​α€›ေးတွင် ပိုα€™ို ပါဝင်α€œာα€”ိုင်α€›α€”်ထတွα€€် α€›α€Š်α€›ွα€š်ပြီး CDF Mara ​α€”α€š်​α€™ြေတွင် α€œူα€„α€š် α€œူα€›ွα€š် α€”ှင့် α€žα€€်α€œα€်ပိုင်း α€™ျားα€€ို α€–ြတ်α€žα€”်းခွင့် ပြု​တော့α€™α€Š် α€™α€Ÿုတ်​α€€ြောင်း CDF Mara α€€ ထုတ်ပြα€”်α€žα€Š်။
ထို့​α€”ောα€€် α€–ြတ်α€žα€”်းα€žွားα€œာα€™α€Š်ဆိုပါα€€ CDF Mara ထံα€žို့ α€€ြိုတင်​ထ​α€€ြောင်းα€€ြားထားα€žα€Š့် ထ​​α€›ေး​ပေါ် α€€ိα€…္စရပ်α€™ျား α€™ှထပ α€”ံα€”α€€် (၀၀း၀၇) α€™ှ α€Š​α€”ေ (၀၀း၀၇) ထတွင်းα€žာ α€žွားα€œာခွင့်ပြုα€™α€Š် α€–ြα€…်ပြီး α€œိုα€€်α€”ာ​ဆောα€€်α€›ွα€€်ခြင်း α€™α€›ှိပါα€€ α€œိုထပ်α€žα€œို ထ​α€›ေးα€šူ​ဆောင်α€›ွα€€်α€žွားα€™α€Š်α€–ြα€…်​α€€ြောင်း CDF Mara α€€ ဇန်နဝါα€›ီ ၁၅ α€›α€€် ​α€”ေ့α€…ွဲα€–ြင့် α€žα€α€„်းထုတ်ပြα€”်α€žα€Š်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment