9th JAN 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇန်နဝါရီလ ၈ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီမှ ဇန်နဝါရီလ ၈ ရက်နေ့ရက်စွဲဖြင့် အရေးပေါ်သတင်းတရပ်ကို ထုတ်ပြန်
📌CDM ဝန်ထမ်းများရဲ့ကိုယ်ရေးအချက်အလက်တွေကို စုစည်းပေးပို့ရမယ်လို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ အကြောင်းကြားစာ ထွက်ပေါ်
📌ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် KNDF မှ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်တရပ်ကို ဇန်နဝါရီလ (၈) ရက်နေ့ ည ၉ နာရီခန့်တွင်ထုတ်ပြန်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီမှ ဇန်နဝါရီလ ၈ ရက်နေ့ရက်စွဲဖြင့် အရေးပေါ်သတင်းတရပ်ကို ထုတ်ပြန်လိုက်ပါတယ်
ထိုအရေးပေါ် သတင်းထုတ်ပြန်ချက်မှာ
(၁)ကရင်နီပြည်နယ်လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်အတွင်း စစ်ကောင်စီမှ ဇန်နဝါရီလ ၇ ရက်နေ့အတွင်း နံနက်ပိုင်းမှစ၍ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် မိုင်းလုံးနေအိမ်များပေါ်ကျရောက်ပီး အပြစ်မဲ့ပြည်သူများ ၆ ဦးထိသေဆုံးခဲ့ရပါသည်။ ပြည်သူအများအပြားလည်း ထိုမိုင်းလုံးရပ်ကွက်တိုက်ပွဲများတွင်း ပိတ်မိနေခဲ့သည်။ စစ်ကောင်စီသည်မြင်မြင်သမျှ မည်သူကိုမဆို ပစ်ခတ်သတ်ဖြတ်နေခြင်းဖြစ်၍ ပြည်သူလူထုလွတ်မြောက်ရေးတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။
(၂) ထို့ပြင် ဇန်နဝါလ ၇ ရက်နေ့ ညနေမှစ၍ ဇန်နဝါရီလ ၈ ရက်နေ့ထိ တိုက်လေယာဉ်များ စစ်ရဟတ်ယာဉ်များ ဆက်တိုက်သုံး၍ ဗုံးကြဲတိုက်ခိုက်နေသောကြောင့်အပြစ်မဲ့ပြည်သူများ လွတ်မြောက်ရာသို့ထွက်ပြေးတိမ်းရှောင်နေရသော်လည်း ပြည်သူအချို့မှာ ပိတ်မိနေဆဲပင်ဖြစ်သည်။
(၃) ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ ထိုင်း - ကရင်နီနယ်စပ်တွင်လည်း စစ်ကောင်စီများ၏ တိုက်လေယာဉ်များဗုံးကြဲမှုကြောင့် ကရင်နီထိန်းချုပ်နယ်မြေအတွင်းခိုလှုံနေသောစစ်ရှောင်စခန်းမှ ပြည်တွင်းဒုက္ခသည် ၁၂၀၀ ကျော်မှာ နယ်စပ်ကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပီး ဒုက္ခသည်ဦးရေ ၂၀၀ ခန့်မှာ နယ်စပ်ကိုဖြတ်ကျော်ခိုလှုံနိုင်ခြင်း မရှိသေးပေ။
(၄) ထို့အတွက်ကြောင့် အပြစ်မဲ့ပြည်သူလူထုများအား တိုက်လေယာဉ် စစ်ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေမှုအား နိုင်ငံတကာအဖွဲ့အစည်းများမှ အမြန်ဆုံးအရေးယူဆောင်ရွက်နိုင်ရန်နှင့် ပြည်သူလူထုများ၏ အသက်အိုးအိမ်လုံခြုံရေးအတွက် အမြန်ဆုံးကူညီဆောင်ရွက်ပေးရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီအနေဖြင့် လေးလေးနက်နက်တောင်းဆိုလိုက်ရပါသည်ဟု အရေးပေါ်သတင်းထုတ်ပြန်ခဲ့ပါတယ်။

========================

📌📌CDM ဝန်ထမ်းများရဲ့ကိုယ်ရေးအချက်အလက်တွေကို စုစည်းပေးပို့ရမယ်လို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ အကြောင်းကြားစာ ထွက်ပေါ်နေတဲ့သတင်းကိုတင်ပြပေးပါ့မယ်

စစ်တပ်ရဲ့ အဓမ္မအာဏာသိမ်းမှုကို ရဲဝံ့စွာအာခံပီးတော့ ဆန့်ကျင်တော်လှန်နေကြတဲ့ CDM ပြည်သူ့ဝန်ထမ်းများဟာ သူတို့ရဲ့ စားဝတ်နေရေးအခက်အခဲမျိုးစုံကြားမှာပဲ
နွေဦးတော်လှန်ရေးရဲ့တာဝန်တွေကို ကြံ့ကြံ့ခံ တာဝန်ကျေနေကြဆဲပါပဲ။ အခုလိုဝန်ကြီးဌာနအသီးသီးမှ CDM ပြုလုပ်ထားတဲ့ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုပေးပို့ဖို့အကြောင်းကြားတဲ့စာ တစောင် လူမှုကွန်ရက်ပေါ်တွင် ပေါက်ကြားလာခဲ့ပါတယ် အွန်လိုင်းမှာပေါက်ကြားလာတဲ့စာက အကြမ်းဖက်စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စာဖြစ်ပြီးတော့ အခြား ပညာရေး၊ မီးရထား အစရှိတဲ့ ဌာနတွေကလည်း ထုတ်ပြန်ထားတာရှိတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ "CDM တွေရှောင်နေကြပါ၊ ကျန်းမာရေး၊ ပညာရေး၊ မီးရထားဝန်ထမ်းများ အဓိ ကပါ၊ အခြားဝန်ကြီးဌာနတွေလည်းစာထုတ်ထားပါတယ်၊ ကိုယ်ရေးအချက် အလက်နဲ့လိုက်မှာပါ၊ ကိုယ်ရေးအချက်အလက်မှာပါတဲ့ အိမ်လိပ်စာနဲ့လိုက် ဖမ်းမှာပါ၊ ပြည်ထဲရေး ရဲခွေး တွေကိုတာဝန်ပေးထားပါတယ်" ဟု ကျန်းမာရေးဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောပါတယ်။ စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက CDM ပြုလုပ်ခဲ့၍ ထုတ်ပယ်ခဲ့သူ များ၏ ကိုယ်ရေး အကျဉ်းများ၊ CDM ပြုလုပ်ဆဲ ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက် များကို ဇန်နဝါရီလ ၉ ရက်နေ့ နောက်ဆုံးတင်ပြရန် ညွှန်ကြားထားတာကို အဆိုပါပေါက်ကြားနေတဲ့ အကြောင်းကြားစာမှာ တွေ့ရှိရပါတယ်။
“CDM တွေဒီအချိန်မှာ ခဏရှောင်နေတာကောင်းပါတယ်။ ခွေးလောက်တောင် အသိဉာဏ်မရှိတဲ့ ဒီကောင်တွေက ဖမ်းဖို့ သတ်ဖို့ လက်မရွံကောင်တွေပါ။ ဒီလိုစာထုတ်တာ ကျမတို့ကို ကြောက်စေချင်လို့။ ဒါပေမယ့် လုံးဝကို မကြောက်တာ။ မကြောက်လဲ မကြောက်တတ်တာ။ ကိုယ်တွေ အသက်ရှင်အောင်နေနိုင်ရင် ဒင်းတို့ကို နိုင်တာတမျိုးပဲဆိုတာကြောင့် ခဏရှောင် မယ်။ ” လို့ ပေါက်ကြားလာတဲ့ညွှန်ကြားလွှာအပေါ် CDM ပြုလုပ်ထားတဲ့ အမျိုးသမီးတစ်ဦးက မှတ်ချက်ပြုပါတယ်။အာဏာသိမ်းစစ်အုပ်စုရဲ့ ကျန်းမာရေးဝန်ကြီးဌာနအတွက် CDM ကိုယ်ရေးအချက်အလက်များ တင်ပြကြရန် ညွှန်ကြားလွှာမှာ ဒေါက်တာမြင့်မြင့်သန်း (ညွှန်ကြားရေးမှူးချုပ်) ဟူ၍ လက်မှတ်ထိုးထားတာတွေ့ရပါတယ် ။ ညွန်ကြားချက်မှာ ပါရှိတာကတော့ CDM ပြုလုပ်၍ ထုတ်ပယ်ထားသူများနှင့် ပြုလုပ်ဆဲဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များအား သတ်မှတ်ပုံစံတိုင်းဖြည့်စွက်၍ ကျန်းမာရေးဦးစီးဌာန စီမံခန့်ခွဲရေးဌာနသို့ ဇန်နဝါရီလ ၈ ရက်နေ့အရောက်ပေးပို့ရမယ်လို့ ရေးသားထားပါတယ်။ စစ်ကောင်စီကိုခုခံတွန်းလှန်နေကြသူ CDM ပြုလုပ်နေဆဲ ပြည်သူ့ဝန်ထမ်းအများအပြားဟာ အချို့က လွတ်မြောက်နယ်မြေများမှာရောက်ရှိနေကြပီး အချို့ကတော်လှန်ရေးနယ်မြေများမှာ လက်နက်ကိုင်တော်လှန်နေကြတာတွေလည်း အများအပြားရှိပါတယ်။ အကြမ်းဖက်အုပ်စုရဲ့ အခုလို အကြောင်းကြားစာနဲ့ပက်သက်ပီး CDM ဝန်ထမ်းတဦးက Radio NUG ကိုခုလိုပြောပြပါတယ်။

“ အခု မီဒီယာမှာ သတင်းတက်လာတာတွေ့တယ် CDM ပြုလုပ်ဆဲဝန်ထမ်းတွေကိုတဲ့ စစ်တမ်းကောက်ယူမယ် ပြီးရင် ဖမ်းဆီးဖို့အတွက်သူတို့စစ်တမ်းကောက်ယူမယ်ဆိုပြီးသတင်းတက်လာတာတွေ့တယ်... ဒါကသူတို့အတွက် လူတွေကိုကြောက်အောင် psywar ထပ်ထည့်တာလည်းဖြစ်နိုင်တယ်. နောက်ပြီးတော့ အခု Non CDM တွေ CDM တွေထပ်ဖြစ်ပြီးတော့ ရုံးတွေဟောင်းလောင်းဖြစ်သွားမှာစိုးလို့ ဒီသတင်းထုတ်တာလည်းဖြစ်နိုင်တယ်။ ထုတ်ချင်တာသာထုတ် ကျနော်တို့ကတော့ ဘယ်လိုထုတ်ထုတ် ဘာသတင်းထုတ်ထုတ် သူတို့ထုတ်တဲ့ သတင်းကို လုံးဝကိုစိတ်မဝင်စားဘူး ကျနော်တို့အတွက် ဦးတည်ချက်ကတစ်ခုပဲရှိတယ် ဘာလဲဆိုတော့ ဒီအကြမ်းဖက်မှုတွေ လူသေနေတဲ့ကိစ္စတွေ လူတွေစိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ဖြစ်နေတဲ့ကိစ္စတွေ အမြန်ဆုံးချုပ်ငြိမ်းသွားဖို့ပဲ. အဲ့လိုချုပ်ငြိမ်းသွားဖို့ကိုလည်း ကိုယ််လုပ်နိုင်တဲ့ဘက်က လုပ်နိုင်သရွေ့ကတော့ အကုန်လုပ်သွားမှာပဲ.”

ဒါ့ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF များရဲ့ စွန့်လွှတ်စွန့်စားတိုက်ပွဲများကြောင့် CDM ဝန်ထမ်းတွေအနေနဲ့ အားတက်ရကြောင်း သူမရဲ့အမြင်ကိုလည်း ခုလိုသိရပါတယ်

“ PDF ကလေးတွေကို အရမ်းလည်းလေးစားတယ် ကျေးဇူးလဲတင်တယ် သနားလည်း သနားတယ် သူတို့ ပင်ပင်ပန်းပန်းနဲ့ အခုလိုတိုက်ပွဲဝင်နေရတာကိုပေါ့နော် သူတို့တွေ အခုလိုမျိုးလုပ်နေလို့ တိုက်နေလို့သာ အမတို့ CDM တွေ နဲနဲ အနေချောင်တာ အဆင်ပြေတာပေါ့နော် သို့မဟုတ်ဆိုရင် ဒီကောင်တွေ ဒီစစ်ခွေးတွေ မွေတာနဲ့ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ဘူး. ခဏ ခဏ ခြိမ်းခြောက်သံတွေကြားလို့ရှိရင်လည်း ဒေါသတွေအရမ်းထွက်တယ်. ဖြစ်နိုင်ရင် တတ်နိုင်တဲ့ဘက်ကနေ ပြေးပြီးတော့တိုက်ချင်တယ် ဒါပေမယ့် တခါတလေကျလို့ရှိရင် လုပ်လို့မရတဲ့ ကိုယ်အခြေအနေပေါ်မူတည်ပြီးတော့လည်း မွမ်းကျပ်လာတယ် ဘာလို့ဆို ကိုယ့်ရဲ့မိသားစု အနောက်မှာ ချီတိုင်တွေလည်းရှိနေတာလည်းပါတယ်”

အကြမ်းဖက်စစ်ကောင်စီဟာ တနှစ်နီးပါးကြာမြင့်လာပီဖြစ်တဲ့ ၎င်းတို့အပေါ် ပြည်သူများရဲ့ ဆန့်ကျင်တော်လှန်ရေးမှာ CDM ပြုလုပ်ထားတဲ့သူတွေကို ဖမ်းဆီးပြီးသတ်ဖြတ်တာတွေလုပ်ခဲ့သလို CDM လုပ်ထားရာကနေ Non- CDM ပြန်လုပ်တဲ့ သူတွေကိုလည်း ဖမ်းဆီးထောင်ချမှုတွေလုပ်ဆောင်ခဲ့တာကိုလည်းမှတ်တမ်းများအရ ထင်ထင်ရှားရှားတွေ့မြင်နေရပါတယ်။ စစ်ကောင်စီဟာ ပညာရေးအစရှိတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းများရဲ့ လစ်လပ်နေရာမှာ အစားထိုးခန့်အပ်ခြင်း လျှောက်လွှာခေါ်ယူခြင်းများလည်းရှိခဲ့ပါတယ်။ ယခုအချိန်ထိတော့ မြန်မာပြည်က ပြည်သူ့ဝန်ထမ်းအများစုရဲ့ အာဏာရှင်ဝန်ကိုမထမ်းခြင်း မတရားမှုကိုရဲဝံ့စွာဆန့်ကျင်ခြင်း သတ္တိများကြောင့် အာဏာရှင်အုပ်ချုပ်မှုယန္တရားအသီးသီးဟာ ကောင်းစွာလည်ပတ်ရပ်တည်နိုင်ခြင်းမရှိသေးပါဘူး။

========================

📌📌ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် KNDF မှ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်တရပ်ကို ဇန်နဝါရီလ (၈) ရက်နေ့ ည ၉ နာရီခန့်တွင် အောက်ပါအတိုင်းထုတ်ပြန်ခဲ့ပါတယ်
ဒီးမော့ဆိုမြို့နယ်၊(၅) မိုင်၊(၆) မိုင်၊ ဒေါပိုးစီမှ၊ လွိုင်ကော်မြို့နယ်၊ မိုင်းလုံးနှင့် ပန်ကန်းရပ်ကွက်အထိ၊ တိုက်ပွဲများပြင်းထန်လျက်ရှိပါသည်။ ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်များမှ ဘက်မှ ဗိုလ်အဆင့်ရှိသူတစ်ဦးအပါအဝင် အနည်းဆုံး (၃၀) ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့ပါသည်။ ထိုတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ တင့်ကားတစ်စီး မီးလောင်ပျက်စီးခဲ့ပါသည်။ KNDF မှ တိုက်ပွဲအတွင်း လက်နက် (၁၁) လက် နှင့်လက်နက်ကြီးကျည်နှင့် လင်နက်ငယ် ကျည်အချို့ကို သိမ်းဆည်းရမိခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီများဖက်မှ အထိနာသဖြင့် ရဟတ်ယာဥ် နှင့် တိုက်လေယာဥ် နှစ်စင်းတို့ဖြင့် ဗုံးကျဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ နေ့လည်ခင်း(၁၄း၀၀)နာရီမှစ၍ ညနေ (၁၉း၀၀) နာရီအထိ တိုက်လေယာဥ်မျာနှင့်ရဟတ်ယာဥ်များဖြင့် (၁၀) ကြိမ် လာရောက်ပစ်ခတ်ခဲ့ပါသည်။ ည (၂၀း၀၀)နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဥ်တစ်စင်းလာရောက်ပစ်ခတ်စဥ် ပစ်ချခံရပြီး လွိုင်ကော်မြို့၊ဒေါမူကလား ကျေးရွာအနီးတွင် ပျက်ကျမီးလောင်ပျက်စီးခဲ့ပါသည်။အကြမ်းဖက်စစ် ကောင်စီတပ်များသည် အင်အားအလုံးအရင်းနှင့် တင့်ကားများအသုံးပြုကာ တိုက်ခိုက်ခဲ့သော်လေည်း အကျအဆုံးများသဖြင့် (၅) မိုင် (၆) မိုင်နှင့် ဒေါပိုးစီတို့မှ မြို့တွင်းသို့နောက်ဆုတ်ခဲ့ရပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ထိုရပ်ကွက်များအတွင်းရှိ နေအိမ်များမှ ပစ္စည်းများကို ဖောက်ထွင်းခိုးယူကာ (Canter) ကားနှစ်စီးဖြင့်သယ်ဆောင်သွားပါသည်။ ထို့အပြင် ထိုရပ်ကွက်အတွင်းရှိနေအိမ် (၁၀) လုံးကျော်ကိုလည်း မီးရှို့ဖျက်စီးခဲ့ပါသည်။ ထို့အပြင် ဒီးမောဆို့မြို့နယ်၊ ငွေတောင်ဆည်အနီးတဝိုက်နှင့် ဒီးမော့ဆိုမြို့မရဲစခန်းတွင်လည်း တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုမျာပြားခဲ့ပါသည်။ ယနေ့ လွိုင်ကော်မြို့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များကိုခြေမှုန်းတိုက်ခိုက်ရင်း PDF (လွိုင်ကော်) မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရပါသည်။ KNDF မှ ကျဆုံးသွားသော ရဲဘော်ကို အာဇာနည်သူရဲ‌ကောင်းအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုပါသည်။ဒီးမော့ဆိုနှင့် လွိုင်ကော်မြို့နယ်တို့တွင် စစ်ရေးအရှိန်မြင့်လျက်ရှိရာ လေကြောင်းတိုက်ခိုက်မှုများ ပိုးမိုပြင်းထန်နိုင်သဖြင့် ပြည်သူများအနေဖြင့် လေကြောင်းရန်မှ အကာအကွယ်ဖြစ်နိုင်သော နေရာများတွင်နေကြရန်နှင့် တိုက်ပွဲဖြစ်ပွားသောနေရာများ၊ တိုက်ပွဲဖြစ်ပွားနိုင်ခြေရှိသော နေရာများတွင် နေထိုင်သွားလာခြင်းမပြုကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်ဟူ၍ သတင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြပါရှိပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment