သတင်းခေါင်းစဉ်များ -
📌ပင်လုံကတိကဝတ်များကို ချိုးဖောက်ခဲ့သဖြင့် NUCC အနေဖြင့် တိုင်းရင်းသားပြည်သူများကို တောင်းပန်ကြောင်း သဘောထားထုတ်ပြန်
📌အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ ၎င်းတို့ရဲ့ ဆွေးနွေးဘက်မဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးက အတိအလင်းပြောဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ပင်လုံကတိကဝတ်များကို ချိုးဖောက်ခဲ့သဖြင့် NUCC အနေဖြင့် တိုင်းရင်းသားပြည်သူများကို တောင်းပန်ကြောင်း သဘောထားထုတ်ပြန်ခဲ့တဲ့သတင်းကို တင်ပြပေးပါ့မယ်။
၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့သည် ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅ နှစ်မြောက်ဖြစ်ပြီး ထိုနေ့တွင်တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို မထိခိုက်စေဘဲ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ကာ နေထိုင်သွားရန်လက်မှတ်ထိုးကတိကဝတ်ပြုခဲ့ကြပါတယ်။ သို့သော်လူမျိုးကြီးဝါဒ စစ်အာဏာရှင် တပါတီအာဏာရှင်များနှင့် အမျိုးဘာသာ သာသနာကိုရှေ့တန်းတင်ပီး သွေးခွဲအုပ်ချုပ်တဲ့အစိုးရများကြောင့် ယနေ့အချိန်ထိ ပြည်ထောင်စုအစစ်ကို မတည်ဆောက်နိုင်ခဲ့သေးတဲ့အကြောင်း (၇၅) နှစ်ပြည့်မြောက်ပြီဖြစ်သော ပင်လုံစာချုပ် ချုပ်ဆိုသည့်နေ့မှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ အခုလို ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်တဲ့ ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅ နှစ်မြောက်အထိမ်းအမှတ်ပွဲများကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများက ပူးပေါင်းကျင်းပနေတာဖြစ်ပြီး ကြေငြာချက်များလည်း အသီးသီးရေးသားပို့ခဲ့ကြပါတယ်။ မြန်မာပြည်တွင် အစိုးရအဆက်ဆက်သည် ပြည်သူလူထုကိုလိမ်လည်လှည့်ဖြားပြီး ပင်လုံစာချုပ်ကတိများအစား တပြည်ထောင်စနစ်ကိုသာ ကျင့်သုံးခဲ့ကြပါတယ်။ နှစ်စဉ်ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ရောက်တိုင်းလည်း ပြည်ထောင်စုနေ့ဟု ခေါ်ဝေါ်သုံးနှုန်းပြီး ပြည်ထောင်စုအတုအယောင်နေ့ကို ကျင်းပခဲ့ကြကြောင်း NUCC ကထုတ်ဖော်ရေးသားထားပါတယ်။ ပြည်ထောင်စုအနှစ်သာရဖြစ်သော ပင်လုံကတိကဝတ်များကို လိုက်နာကျင့်သုံးရန်မှာအလွန်အရေးကြီးလှပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းမှသာ ပြည်ထောင်စုအစစ်ကိုတည်ဆောက်နိုင်မှာဖြစ်တယ်လို့ နွေဦးတော်လှန်ရေးကို ဦးဆောင်ဦးရွက်ပြုနေတဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ထုတ်ပြန်ပါတယ်။ ထိုသို့ခေတ်အဆက်ဆက်အစိုးရများရဲ့ ပင်လုံကတိများချိုးဖောက်မှု ရက်ရက်စက်စက်ဖိနှိပ်အုပ်ချုပ်မှု ခွဲခြားဆက်ဆံမှုများအတွက် NUCC အနေဖြင့် တိုင်းရင်းသားပြည်သူတရပ်လုံးအား လေးနက်စွာတောင်းပန်ပါကြောင်း ပြည်ထောင်စုအစစ်အမှန်တည်ထောင်နိုင်ရန် NUCC အနေနဲ့မဆုတ်မနစ်ကြိုးပမ်းသွားမှာဖြစ်ကြောင်း တော်လှန်ရေးသစ္စာဖြင့် သန္နိဌာန်ပြုပါတယ်လို့ ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅ နှစ်ပြည့် သဘောထားထုတ်ပြန်ချက်မှာ ရေးသားပါရှိတာကိုတွေ့ရပါတယ်။
========================
📌📌အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ ၎င်းတို့ရဲ့ ဆွေးနွေးဘက်မဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးက အတိအလင်းပြောဆိုလိုက်တဲ့သတင်းကို ဆက်လက်တင်ပြပေးပါ့မယ်။
အမျိုးသားညွညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဒေါက်တာနော်လင်းဟေဇာတွေ့ဆုံခဲ့တဲ့သတင်းကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးနှင့် အထူးကိုယ်စားလှယ်တို့ရဲ့ စကားပြောဆိုမှုအပြီးမှာ စစ်တပ်ဦးဆောင်တာမဟုတ်တဲ့ ဘက်ပေါင်းစုံဆွေးနွေးမှုတွေလုပ်ရမယ်လို့ ကုလကိုယ်စားလှယ်ဘက်မှ သဘောထားတွေထွက်ပေါ်ခဲ့ပြီး မြန်မာ့နိုင်ငံရေးအင်အားစုများကြား ဝေဖန်သံတွေထွက်ပေါ်ခဲ့ပါတယ်။
" စစ်တပ်ရဲ့နိုင်ငံရေးမှာပါဝင်မှု စစ်တပ်ကနိုင်ငံရေးမှာပါနေလို့သာ ဒီပြဿနာတွေဖြစ်နေရတာဖြစ်တယ် ဆိုတော့ ၂၀၀၈ ကိုလည်းပေးထားတယ် ဒီဟာကြီးကအလုပ်လည်းမဖြစ်တော့ဘူး အာဏာသိမ်းလိုက်တယ် ဆိုတော့ စစ်တပ်ကနိုင်ငံရေးမှာပါနေသရွေ့ ကျမတို့က နိုင်ငံရေးအဖြေရှာလို့ရမှာမဟုတ်ဘူး ဆိုတော့ စစ်တပ်က ကိုယ့်နေရာကိုယ်နေဖို့လိုတယ်ဆိုတဲ့ ကျမတို့အခြေခံသဘောထားအနေနဲ့ ဆွေးနွေးခဲ့တဲ့" အကြောင်း ဒေါ်ဇင်မာအောင်က သူ့ဘက်က ဆွေးနွေးခဲ့တဲ့အခြေခံမူတွေကို ရှင်းပြသွားပါတယ်
အထူးကိုယ်စားလှယ်ကတော့ " မြန်မာ့ပြည်တွင်းရေးပြဿနာကိုအဖြေရှာရာမှာ မြန်မာပြည်ထဲမှာရှိတဲ့ စတိတ်ဟိုဒါတွေအကုန်လုံးနဲ့တွေ့ရလိမ့်မယ် စကားပြောမယ် နားထောင်မယ် သူ့ကိုလည်း သိသင့်တယ်ဆိုတာရှိရင် မျှဝေပေးဖို့" ပြောကြောင်း သိရပါတယ်။
ဆက်လက်ပီး ဒေါ်ဇင်မာအောင်က " အဓိကစကားရပ်က ပါဝါရှဲရီးဆိုတဲ့စကားပါပဲ ပါဝါရှဲရီးက စစ်တပ်နှင့်ဘာမှမဆိုင်ဘူးဆိုတဲ့အထိုင်မှာ ကျမတို့အားလုံးရှိနေကြတယ် ' လို့ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြန်လည်ဖြေကြားပါတယ်။ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ် ၊ သွေးကြွေးမှာဆွေးနွေးစရာမရှိ စတဲ့ ကြွေးကြော်သံများနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ဖို့ ချီတက်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေကတော့ အာဏာသိမ်းစစ်တပ်ကိုခုခံတိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေပါတယ်။ " စစ်တပ်တင်မကဘူး လုံခြုံရေးကဏ္ဍကြီးတခုလုံးက ပျက်စီးနေတာဖြစ်တယ် ဒီလုံခြုံရေးကဏ္ဍတခုလုံးကို ပြောင်းလဲပစ်မှရမယ်လို့ ဒေါ်ဇင်မာအောင်ကလည်းပြောပါတယ်။
" စစ်တပ်က စစ်တပ်နေရာမနေဘူး ပရိုဖက်ရှင်နယ်မဖြစ်ဘူး ပရိုဖက်ရှင်နယ်ဖြစ်မှသာ အလုပ်ဖြစ်မယ် တိုင်းပြည်တပြည်မှာ စစ်တပ်ကြီးတခုလုံးကို ကျမတို့ကဖျက်ပီးတော့ တပ်မရှိဘဲနေဖို့လို့ပြောတာမဟုတ်ဘူး ဒီစစ်တပ် Reform ကို ကျမတို့လည် ပီဒီအက်ဖ်တွေနဲ့စနေပြီပေါ့နော် ပါဝါရှဲရီးတွေဘာတွေက စစ်တပ်နှင့်ပြောရမယ့်ကိစ္စမဟုတ်ဘူး ကိုယ့်နေရာကိုယ်နေဖို့ပဲ ကျမတို့စကားပြောရမယ် ။ ဖေဖေါ်ဝါရီလ ၆ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်ဘက်က ထာဝရငြိမ်းချမ်းရေးလို့အမည်တပ်ထားတဲ့ ဆွေးနွေးပွဲတွေလုပ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီဖိတ်ခေါ်ချက်မှာ အကြမ်းဖက်အဖွဲ့များမပါဘူးဆိုတဲ့အကြောင်း အကြမ်းဖက်အာဏာသိမ်းထားတဲ့စစ်တပ်က ထုတ်ပြန်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးကလည်း " ရှေ့ဆက်နိုင်ငံရေးခြေလှမ်းများမှာ စစ်တပ်နှင့်စကေားပြောခြင်းမပြောခြင်းက အထူးကိုယ်စားလှယ်ရဲ့အလုပ်သာဖြစ်ပြီး အာဏာသိမ်းစစ်တပ်ကတော့ ကျမတို့ရဲ့ ဒိုင်ယာလော့ခ်ပါတနာမဟုတ်ဘူးလို့ အတိအလင်းပြောကြားသွားပါတယ်။
ဒါနဲ့ပက်သက်ပီး " ပြည်သူတရပ်လုံးရဲ့ပိုင်းဖြတ်မှုကိုနိုင်ငံတကာက ကောင်းကောင်းနားလည်ဖို့လိုတယ် အရင်ကလိုအာဏာသိမ်းပြီးရင်ပြီးသွားမယ့်အနေအထားမဟုတ်ဘူး။ လက်နက်ရှိလို့အလျှော့ပေးလိုက်မယ့်အနေအထားမဟုတ်ဘူး လက်နက်အင်အားမမျှမှန်းသိတယ် ဒါပေမယ့်ခုလိုစိတ်ပိုင်းဖြတ်မှုဟာ ပြည်သူ့ကိုအားကိုးပြီးပြောတဲ့စကားလို့ပဲနားလည်စေချင်တယ်" စသဖြင့် ပြည်သူရဲ့စိတ်ပိုင်းဖြတ်မှုနှင့် ပြည်သူများရဲ့ ပန်းတိုင်အပေါ်မှာ အားပြုပြီး ဘီဘီစီသတင်းဌာနကိုဖြေကြားသွားခဲ့ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment