27th FEB 2022 - (Ethnic language program-CHO_MΓΌn) by Radio NUG

πŸ“Œ(ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၂ α€–ေα€–ေါ်ဝါα€›ီα€œ ၂၇ α€›α€€်α€”ေ့ ရပြα€Š်တွင်းα€žα€α€„်းα€™ျား

πŸ“ŒπŸ“Œα။ α€…α€…်α€€ောင်α€…ီတပ်α€”ှင့် ၇ α€›α€€်တာတိုα€€်ပွဲα€–ြα€…်ပွားပြီး α€…α€…်α€žား ၂၁ ဦးα€žေα€Ÿု PDF - SAW ထုတ်ပြα€”်

ချင်းပြα€Š်α€”α€š်α€žို့ ဦးα€α€Š်ထွα€€်ခွာα€œာα€žော α€…α€…်α€€ား ၁၆ α€…ီး၊ α€…α€…်α€žား ထင်ထား ၂၀၀ခန့်တို့α€”ှင့် ပြα€Š်α€žူ့α€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့တို့ (၇) α€›α€€်တာတိုα€€်ပွဲα€–ြα€…်ပွားα€€ြောင်း α€–ေα€–ော်ဝါα€›ီα€œ ၂၅ α€›α€€် (α€šα€™α€”်α€”ေ့)α€€ People Defence Force-Saw Township α€™ှ ထုတ်ပြα€”်ထားα€žα€Š်။

ထဆိုပါထုတ်ပြα€”်ထဲတွင် ပြင်းထန်တိုα€€်ပွဲα€–ြα€…်ပွားα€žα€Š့် α€”ေα€›ာα€™ှာ (၃)α€”ေα€›ာα€›ှိပြီး α€…α€…်α€€ောင်α€…ီတပ်α€žား (၂၁) α€šောα€€်α€žေα€žα€Š်α€Ÿုပါα€›ှိပါα€žα€Š်။ α€šα€ုတိုα€€်ပွဲα€€ို PDF-SAW, CDF Kanpetlet, CNA ပူပေါင်းα€™α€Ÿာα€™ိတ်တပ်α€–ွဲ့α€™ျားα€”ှင့်ထတူ α€…ုပေါင်းတိုα€€်ခိုα€€်ခဲ့α€€ြောင်း People Defence Force - Saw Township α€™ှထုတ်ပြα€”်ထားα€žα€Š်။

α€…α€…်α€€ောင်α€…ီတပ်α€™ျားα€žα€Š် ချင်းပြα€Š်α€”α€š်α€”ှင့် α€™α€€ွေးတိုင်းα€’ေα€žα€€ြီးထစပ်တွေα€™ှာ α€žာα€œွα€”်ထင်ထားα€–ြင့်ထမြဲ ထိုးα€…α€…်ဆင်တိုα€€်ခိုα€€်α€”ေပြီးα€’ေα€žα€ံပြα€Š်α€žူ့α€€ာα€€ွα€š်α€›ေးတပ် YDF၊ PDF၊ CDFတို့α€”ှင့်ပြင်းထန်တိုα€€်ပွဲα€™ျား α€–ြα€…်ပွားα€œေ့α€›ှိα€žα€Š်။

πŸ“ŒπŸ“Œα‚။ α€™ီဇိုα€›α€™် ပြα€Š်α€”α€š် ထစိုးα€›α€™ှα€™ြα€”်α€™ာα€…α€…်​α€˜ေး​α€›ှောင် ၄၀၀၀ ​α€€ျော်α€€ို α€’ုα€€္α€α€žα€Š်α€žα€€်​α€žေခံကတ်ပြားပေး

α€€ျα€”်α€–ိုင် ခရိုင်ထတွင်းα€›ှိ α€™ြα€”်α€™ာ α€…α€…်​α€˜ေး​α€›ှောင် α€₯ီး​α€›ေ ၄၂၂၅ ​α€€ျော်α€€ို ထိα€”္α€’ိα€šα€”ိုင်ငံ၊ α€™ီဇိုα€›α€™် ပြα€Š်α€”α€š်ထစိုးα€›α€€ α€’ုα€€္α€α€žα€Š် α€žα€€်​α€žေခံ ကတ်ပြားα€™ျား ထုတ်​ပေးα€œိုα€€်ပြီα€–ြα€…်​α€€ြောင်း α€žိα€›α€žα€Š်။

ခရိုင် တာဝန်α€›ှိα€žူα€™ျား၏ ထဆိုထရ α€šα€„်းခရိုင်တွင် α€™ြα€”်α€™ာα€…α€…်​α€˜ေး​α€›ှောင်​α€₯ီး​α€›ေပေါင်း တစ်​α€žောင်းခန့် α€›ှိ​α€”ေပြီး α€šα€ု ​α€–ေ​α€–ော်ဝါα€›ီα€œα€‘α€ွင်း α€žα€€်​α€žေခံကတ်ပြား ထုတ်​ပေးခြင်းα€œုပ်ငန်းα€€ို ထပြီးα€œုပ်​ဆောင်α€žွားα€™α€Š်α€–ြα€…်​α€€ြောင်းα€žိα€›α€žα€Š်။

πŸ“ŒπŸ“Œαƒ။ α€–α€œα€™်းα€™ြို့α€žို့ α€›ိα€€္ခာပို့α€™α€Š့် α€…α€…်α€€ောင်α€…ီα€šာα€₯်တန်းα€€ြားα€–ြတ်တိုα€€်ခိုα€€်α€›ာ α€…α€…်α€€ောင်α€…ီတပ်α€žား (၁၀) α€šောα€€်ခန့်α€žေ

ချင်းပြα€Š်α€”α€š်၊ α€–α€œα€™်းα€™ြို့α€”α€š်α€žို့ α€›ိα€€္ခာပို့α€›α€”် တက်α€œာα€žောထကြα€™်းα€–α€€်α€…α€…်α€€ောင်α€…ီတပ်α€€ား ထစီး (၃ဝ)ခန့် α€šာα€₯်တန်းα€€ို α€–ေα€–ော်ဝါα€›ီ (၂၄) α€›α€€် α€šα€™α€”်α€”ေ့တွင် CNDF α€™ှα€€ြားα€–ြတ်တိုα€€်ခိုα€€်ခဲ့α€€ြောင်းα€žိα€›α€žα€Š်။

ထဆိုပါ α€šာα€₯်တန်းα€”ှင့် ထကြα€™်းα€–α€€်α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့ဝင်α€™ျားထား α€–α€œα€™်းα€™ြို့၊ထင်းα€›ှူးစခန်းα€€ျေးα€›ွာထနီးတွင် CNDF α€™ှ ပစ်ခတ်တိုα€€်ခိုα€€်ခဲ့တာα€–ြα€…်ပြီး α€…α€…်α€€ောင်α€…ီတပ်α€žား (၁၀) α€šောα€€်ခန့်α€žေα€€ြောင်း၊ ပစ်ခတ်တိုα€€်ခိုα€€်α€™ှုထပြီး CNDF တပ်α€–ွဲ့ဝင်α€™ျား ထထိခိုα€€်α€™α€›ှိဆုတ်ခွာα€”ိုင်ခဲ့α€€ြောင်း Chin National Organization (CNO)α€™ှ α€–ေα€–ော်ဝါα€›ီ (၂၅) α€›α€€်α€”ေ့ α€›α€€်α€…ွဲα€–ြင့် ထုတ်ပြα€”်ထားα€žα€Š်။

α€…α€…်α€€ောင်α€…ီα€žα€Š် ချင်းပြα€Š်α€”α€š် α€–α€œα€™်းα€™ြို့ထခြေα€…ိုα€€် α€α€œα€›(α‚α†αˆ)တပ်တွင်းα€žို့ α€›ိα€€္ခာ၊ α€œα€€်α€”α€€်α€™ျား တောα€€်α€œျှောα€€်ပို့ဆောင်α€œျα€€်α€›ှိပြီး α€–α€œα€™်း-α€€α€œေး α€œα€™်းပိုင်းထတွင်း ပြα€Š်α€žူ့α€€ာα€€ွα€š်α€›ေးတပ်α€™ျားα€”ှင့် α€…α€…်α€€ောင်α€…ီတပ်ထကြား ပစ်ခတ်တိုα€€်ခိုα€€်α€™ှု α€™α€€ြာα€™α€€ြာα€–ြα€…်α€œေ့α€›ှိα€žα€Š်။

πŸ“ŒπŸ“Œα„။ မတူပီα€›ဲစခန်းα€™ှ α€”α€š်ထိα€”်းတစ်ဦး CDF Matupi ထံ α€œα€€်α€”α€€်တချို့​α€–ြင့် α€‘α€œα€„်းဝင်

ချင်းပြα€Š်α€”α€š်၊ မတူပီα€›ဲစခန်းတွင် တာဝန်ထမ်းဆောင်α€”ေα€žα€Š့် တပ်α€žား ထဆင့်α€›ှိα€žူ α€”α€š်ထိα€”်း ထက်ဝေဇော်α€žα€Š် α€œα€€်α€”α€€်တချို့α€”ှင့်ထတူ CDF Matupi ထံα€žို့ α€‘α€œα€„်းဝင်ခဲ့α€€ြောင်းα€žိα€›α€žα€Š်။ ၂၀၂၂ ခုα€”ှα€…် α€–ေα€–ော်ဝါα€›ီα€œ ၂၃ α€›α€€်တွင် α€”α€š်ထိα€”်း ထက်ဝေဇော် (α€€ိုα€š်ပိုင်α€”ံပါတ် α€œ -၂၇၆၃၀၉ ) α€žα€Š် G3 α€žေနတ် တစ်α€œα€€်၊ α€€ျα€Š်ဆန်တချို့α€”ှင့်ထတူ ပြα€Š်α€žူ့α€€ာα€€ွα€š်​α€›ေးတပ်ထံ α€‘α€œα€„်းဝင်α€›ောα€€်ခိုα€œှုံα€œာခြင်းα€–ြα€…်α€žα€Š်။ α€šα€ုα€œα€€်α€›ှိ α€–ေα€–ော်ဝါα€›ီα€œα€‘α€‘ိ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မတူပီ) ထံα€žို့ ခိုα€œှုံα€œာα€žα€Š့် α€…α€…်α€žားα€”ှင့်α€›ဲ α€…ုα€…ုပေါင်း (၁ဝ) ဦးα€€ျော် α€›ှိပြီα€–ြα€…်α€€ြောင်း CDF - Matupi ၏ထုတ်​ပြα€”်ချα€€်ထရ α€žိα€›α€žα€Š်။

πŸ“ŒπŸ“Œα…။ α€šူα€€α€›ိα€”်း ထစိုးα€›α€€ ပြα€Š်α€žူတွေα€€ို α€œα€€်α€”α€€် ထုတ်ပေးα€”ေ

α€–ေα€–ော်ဝါα€›ီ ၂၅ α€›α€€် α€žောα€€ြာα€”ေ့ ထစောပိုင်းα€€ α€šူα€€α€›ိα€”်း α€”ိုင်ငံ Fastiv α€’ေα€ž ၊ α€œα€€်α€”α€€် α€žိုα€œှောင်α€›ုံ တစ်ခုα€™ှာ α€œα€€်α€”α€€်ထုတ်α€šူα€–ို့ ပြα€Š်α€žူထများတန်းα€…ီα€”ေα€€ြပါα€α€š်။

α€›ုα€›ှားα€›ဲ့ α€€ျူးα€€ျော်တိုα€€်ခိုα€€်α€™ှုα€€ို ခုခံ တိုα€€်ခိုα€€်α€–ို့ α€šုα€€α€›ိα€”်း ထစိုးα€›α€€ ပြα€Š်α€žူတွေα€€ို α€œα€€်α€”α€€် တပ်ဆင်ပေးα€™ှာ α€–ြα€…်α€€ြောင်း α€€ြောα€Šာထပြီးα€™ှာ ထခုα€œို α€™ြင်တွေ့ရတာပဲ α€–ြα€…်ပါα€α€š်။

α€›ုα€›ှားα€”ိုင်ငံα€žα€™္မတ α€—α€œာα€’ီα€™ာပူတင်α€€ ထိα€™်α€”ီးချင်း α€šူα€€α€›ိα€”်းα€™ှာ ထထူးα€…α€…်ဆင်α€›ေးတစ်ရပ်စတင်ပြီα€–ြα€…်α€€ြောင်း α€–ေα€–ော်ဝါα€›ီα€œ ၂၄ α€›α€€်α€”ေ့ α€™ှာ α€€ြေα€Šာα€œိုα€€်ပြီး ​α€”ောα€€် α€šူα€€α€›ိα€”်းα€”ိုင်ငံ α€™ြို့တော်​တွေ α€–ြα€…်တဲ့ α€€ီα€šα€€်၊ ခါα€€α€…်α€”ှင့် ဩဒေα€…္α€…α€™ြို့​တွေ α€™ှာ ပေါα€€်α€€ွဲα€žံα€€ြီးα€™ျား ပေါ်ထွα€€်α€œာခဲ့ပါα€α€š်။

ထိα€™်α€”ီးချင်း α€šူα€€α€›ိα€”်းα€”ိုင်ငံα€Ÿာ α€›ုα€›ှားα€›ဲ့ ထစဉ်α€‘α€œာပိုင်α€”α€€်α€”α€š်α€™ြေတစ်ခုα€–ြα€…်α€€ြောင်း ပူတင်α€€ α€€ြေα€Šာထားပြီး၊ α€šူα€€α€›ိα€”်းα€”ိုင်ငံ α€€ (α€™ြောα€€်ထတ္α€α€œα€”်တိတ်α€…ာချုပ်ထဖွဲ့) ထနောα€€်ထုပ်α€…ုα€’ီα€™ိုα€€α€›ေα€…ီα€”ိုင်ငံα€™ျားα€…ုပေါင်းα€–ွဲ့ထားတဲ့ NATO ထဖွဲ့α€™ှာ မပါဝင်α€›ေး α€”ဲ့ ထရှေ့α€₯α€›ောပမှာ α€”ေတိုးတပ်α€™ျားချထားα€™ှုα€€ို α€–α€š်α€›ှားα€›ေးα€…α€žα€Š့်တောင်းဆိုချα€€်α€™ျားα€€ို ထဆိုပါ ထုပ်α€…ုα€€ α€™α€œိုα€€်α€œျော α€Ÿုဆိုα€€ာ α€šူα€€α€›ိα€”်းα€”ိုင်ငံα€€ို ​α€–ေ​α€–ော်ဝါα€›ီ ၂၄ α€›α€€်​α€”ေ့α€™ှာ α€›ုα€›ှားα€€ α€…α€…်α€›ေးထရ စတင်တိုα€€်ခိုα€€်ခြင်းα€–ြα€…်ပါα€α€š်။




#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment