သတင်းခေါင်းစဉ်များ -
📌လွိုင်ကော် မှ လွိုင်လင်လမ်းမတစ်လျှောက် ကုန်တင်ကား၊ အလုံပိတ်ကားကြီးများနှင့် တွဲကားများ ဖြတ်သန်းသွား လာခြင်းမပြုရန် KNDF သတိပေးတားမြစ်
📌မူးယစ်ဆေးဝါးရောင်းဝယ်ကုန်ကူးနေတဲ့ စစ်ကောင်စီဗိုလ်မှူးနှင့် ဗိုလ်ကြီးနှစ်ဦးတို့ကို သက်သေခံများနှင့်အတူဖမ်းမိ
📌မြန်မာ NGO တွေကို ကန်ဒေါ်လာ ၁၀ သန်းကျော် ဒိန်းမတ် လှူဒါန်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌လွိုင်ကော် မှ လွိုင်လင်လမ်းမတစ်လျှောက် ကုန်တင်ကား၊ အလုံပိတ်ကားကြီးများနှင့် တွဲကားများ ဖြတ်သန်းသွား လာခြင်းမပြုရန် KNDF သတိပေးတားမြစ်ထားတဲ့သတင်းတပုဒ်ကို တင်ပြပါ့မယ်
ကရင်နီပြည်နယ်မှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ခုရက်ပိုင်းပြင်းထန်လာနေပြီး စစ်ဘေးရှောင်ဒုက္ခသည်တိုးပွားလာနေမှုနှင့်အတူ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကလည်း တိုက်ခိုက်ရေး ကာကွယ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာရပါတယ်။ ဖေဖော်ဝါရီလ (၂၃) ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ဒေါကမီး နှင့် ဆီးလီဒုန်း ကျေရွာနေ ပြည်သူ (၂)ဦး ဗုံးထိမှန်သေဆုံးကာ (၄)ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။ ထို့အပြင် တစ်နေကုန်းနီးပါ အကြမ်းဖက်စစ်ကောင်စီ၏ အမြောက်လက်နက်ကြီးပစ်ခတ်မှုကြောင့် နန်းမယ်ခုံ ကျေးရွာတွင်းနေအိမ်များမီးလောင်ပျက်စီးခဲ့ရပါတယ်။
လွိုင်ကော်မြို့မှ လွိုင်လင်မြို့ (ရှမ်း-ကယား နယ်စပ်) လမ်းမကြီးတစ်လျှောက် ၁၂ ဘီးကားများ၊ အလုံပိတ်ကား၊ မှန်လုံကား၊ တွဲကားများ၊ ကုန်တင်ကားအကြီးများ နှင့် စစ်ကောင်စီအတွက်အသုံးပြုသည့်ယာဥ်များအားလုံး (ဖေဖော်ဝါရီ ၂၇ရက်)ကစလို့ လုံး၀ဖြတ်သန်းသွားလာခြင်းမပြုဖို့ကိုလည်း KNDF-B-14 က သတင်းထုတ်ပြန်လိုက်ပါတယ်။ လက်ရှိ ကယား(ကရင်နီ)ပြည်နယ်အတွင်း စစ်ရေးအခြေအနေကြောင့် ယခုကဲ့သို့ ထုတ်ပြန်သတိပေးမှုပြုလုပ်ခြင်းဖြစ်တယ်လို့ ကရင်နီ အမျိုးသားများကာ ကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက ပြောပါတယ်။ "အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်မယ်ဆိုတာ သတင်းတွေ ထပ်ရထားတယ်။ ဒါကြောင့် လမ်းပိုင်းဆိုင်ရာအရ ကျွန်တော်တို့ ကြိုပြီး ကာကွယ်ရမှာဖြစ်တယ်"ဟု ၎င်းက ပြောပါတယ်။ ပြည်သူများအနေနဲ့ အရေးတကြီးသွားလာရန်လိုအပ်လျှင် အိမ်စီးကားများ ဒန်ဘန်ကားများဖြင့် သွားလာနိုင်မှာဖြစ်ပြီး မှန်အလုံပိတ်ပြီးသွားလာခြင်းမျိုးမလုပ်ကြဖို့ကိုတော့ သတိပေးတားမြစ်ကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ထုတ်ပြန်ချက်များကိုလိုက်နာမြင်းမရှိလျှင် နောက်ဆက်တွဲပြဿနာများကို တာဝန်ယူမှာမဟုတ်ဘူးလို့လည်း ရေးသားထားပါတယ်။ အသိပေးထုတ်ပြန်ချက်ချက်ကို KA , KNDF , PDF ပူးပေါင်းတပ်ဖွဲ့မှ ပူးပေါင်းထုတ်ပြန်တာဖြစ်တယ်လို့သိရပါတယ် ရှမ်း-ကယား နယ်စပ်မှတစ်ဆင့် အကြမ်းဖက်စစ်ကောင် စီက စစ်အင်အားတိုးမြင့်မည်ဆိုပါက ဆီဆိုင်-လွိုင်လင် လမ်းကြောကို မဖြစ်မနေ အသုံးပြုရမည်ဖြစ်ပြီး တောလမ်းကြောင်းမှတစ်ဆင့်လည်း ဝင်ရောက်လာနိုင်ကြောင်းလည်း KNDF က တွက်ဆထားပါတယ်။ ဖေဖော်ဝါရီ ၁၅ရက်ကစလို့ ရှမ်း-ကယား နယ်စပ် မိုးဗြဲမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က စတင်ထိုးစစ်ဆင်ခဲ့ပြီး ထို့နောက် ဖယ်ခုံ ၊ ဒီးမော့ဆို မြို့နယ်ကို စစ်ကြောင်း ရွှေ့လာခဲ့ပါတယ်။ ကရင်နီပြည်နယ်အတွင်း ညတိုက်ပွဲများမှာ နေ့စဥ် ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိနေကာ အကြမ်းဖက်စစ်တပ်၏ မြေပြင်စစ်ကြောင်းမှာ ပို၍ အထိနာနေတာဖြစ်လို့ နေ့စဥ် လေယာဥ်နှင့် လက်နက်ကြီးများကို အကြမ်းဖက်စစ်တပ်က အသုံးပြုနေရတယ်လို့လည်း KNDF က ဆိုပါတယ်။ စစ်ကောင်စီရဲ့ အင်အားအလွန်အကျွံသုံးမှု လေကြောင်းရန် ကာကွယ်ရေးအတွက် လက်နက် ဝယ်ယူရေးကိုလည်း ကရင်နီတပ်ပေါင်းစုက ကြိုးစားနေပြီး ပြည်တွင်း၊ ပြည်ပ အလှူရှင်များကို ဖိတ်ခေါ်နေတာလည်း တွေ့ရှိရပါတယ်။
========================
📌📌မူးယစ်ဆေးဝါးရောင်းဝယ်ကုန်ကူးနေတဲ့ စစ်ကောင်စီဗိုလ်မှူးနှင့် ဗိုလ်ကြီးနှစ်ဦးတို့ကို သက်သေခံများနှင့်အတူဖမ်းမိခဲ့တဲ့သတင်းကို ဆက်လက်တင်ပြပေးပါ့မယ်
ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် နေပြည်တော် လေကြောင်းရန်ကာကွယ်ရေးတပ်မှ တရားခံ စံမင်းထွန်း ကြည်း ၄၀၄၉၃ ဗိုလ်မှူး နှင့် တရားခံ ကျော်ပြည့်ဖြိုး ကြည်း ၅၆၁၅၇ ဗိုလ်ကြီး တို့ကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ည ၉နာရီ ၁၅ မိနစ်အချိန် လိန်းလီ ကြိုးတံ တား ထိပ် တွင် ငွေကျပ် ၄၉၀၀ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ လက်ရဖမ်းမိခဲ့တယ်လို့ Myanmar Police CDM Channel က လျှို့ဝှက်ရဲကြေးနန်းနှင့်အတူ သတင်းထုတ်ပြန်ဖော်ပြခဲ့ကြပါတယ်။
သက်သေခံမူးယစ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးခံရသူ ဗိုလ်မှူး စံမင်းထွန်း နှင့် ဗိုလ်ကြီး ကျော်ပြည့်ဖြိုးတို့သည် ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်၊ ထိန်ပင် ကျေးရွာ အုပ်စု၊ ပင်လောင်း-နေပြည်တော်သွားကားလမ်း လိန်းလီကြိုးတံတားထိပ်တွင် YGN 1K/8755 HONDA FIT အနက်ရောင်ယာဉ်ဖြင့် မူးယစ်ဆေးဝါးများ တင်ဆောင် လာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ရဲကြေးနန်းတွင်အတိအကျဖော်ပြထားတာကို တွေ့ရပါတယ်။ ဗိုလ်မှူး စံမင်းထွန်းသည် လေကြောင်းရန်ကာကွယ်ရေးတပ်၊ လကတ ၂၀၃၂ ၊ တပ်ကုန်းမြို့မှ ဗိုလ်မှူးအဆင့်ရှိသူဖြစ်ပြီး လက်နက်စနစ် တာဝန်ခံဖြစ်ကြောင်း၊ ဗိုလ်ကြီး ကျော်ပြည့်ဖြိုးသည် TWS-ရေဒါ တာဝန်ခံ ဗိုလ်ကြီးဖြစ်ကြောင်း သိရှိရပါတယ်။ နမ့်စန်မှ မအိဆိုသူနှင့် ဆက်သွယ်ပြီး မူးယစ်ဆေးဝါးများကို နေပြည်တော်သို့ ငွေကျပ် ၅၀ သိန်းဖြင့် အခကြေးငွေယူကာ ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မအိမှတစ်ဆင့် အမျိုးသား၂ ဦးထံမှ နမ့်စန်မြို့ပြင် စစ်ဆေးရေးဂိတ်အကျော်တွင် မူးယစ်ဆေးဝါးများ လက်ခံ ရယူပြီး နေပြည်တော်သို့မောင်းနှင်ထွက်လာစဉ် ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်ကြောင်း ပေါက်ကြားလာတဲ့ ရဲကြေးနန်းမှာ ရေးသားထားပါတယ်။
တရားခံဖြစ်သော အကြမ်းဖက်စစ်တပ်အရာရှိ ၂ ဦးကို စစ်ကောင်စီလက်အောက်ခံရဲအုပ်ထွန်းမြတ်ဦး က တရားလိုပြုလုပ်ကာအမှုဖွင့်လှစ်ထား သော်လည်း စစ်သားများ ဖြစ်သည့် အတွက် စစ်ဘက်ဆိုင်ရာ ဥပဒေဖြင့် အရေးယူမည်ဆိုကာ စစ်တပ်ကပြန်လည်ခေါ်ဆောင်သွားကြပါတယ်။ ၎င်းတို့ ၂ ဦးဟာ မူးယစ်ဆေးဝါးများ ရောင်းချ သယ် ဆောင် ခြင်းကို တာဝန်ချိန်ခွင့်ပြုချက်အရ ခရီးသွားလာမှုဖြင့် သယ်ဆောင် ခြင်း ဖြစ်သည်ကို စိစစ်တွေ့ရှိရကြောင်း၊ တာဝန်ချိန်အတွင်းဖြစ်နေသဖြင့် ပြည်သူ့ ဝန်ထမ်း၏ ရာထူးအရှိန်အဝါ(သို့) လုပ်ပိုင်ခွင့်များကို အသုံးချခဲ့သည်ကို ထင် ရှားစွာပေါ်လွင်နေကြောင်း သတင်းထုတ်ပြန်ခဲ့တဲ့ Myanmar Police CDM Channel က အတိအလင်းရေးသားပါတယ်။ ဗိုလ်မှူး စံမင်းထွန်း နှင့် ဗိုလ်ကြီး ကျော်ပြည့်ဖြိုးတို့ကို မန်း-ကမ္ဘောဇ (၄) အထူး စစ်ဆင်ရေးစီမံချက်အရ မူးယစ်တပ်ဖွဲ့စု ၂၆ ၊ ပင်လောင်းမှ ဒုရဲမှူး အောင်ဇော်ဟိန်း ဦးစီးအဖွဲ့၊ စခတ ၄ မှ ဗိုလ်ကြီး ထွန်းထွန်းအောင် ဦးစီးအဖွဲ့၊ ဖိုကုန်းနယ်မြေရဲစခန်းအဖွဲ့၊ သတင်းရဲတပ်ဖွဲ့(လိန်းလီ)နှင့် စရတ(ပင်လောင်း) တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သော်လည်း ဥပဒေနှင့်တပြေးညီအရေးယူနိုင်ခဲ့ခြင်းမရှိပါဘူး။ တပ်တွင်းသတင်းပေးများပေးပို့လာသော ကြေးနန်းစာအရ တရားခံ (၂)ဦးသည် တခြားသူများထံမှ စိတ်ကြွမူးယစ်ဆေးဝါးများအား အခကြေးငွေရယူသယ်ဆောင်ခဲ့သည်ဟု လက်သိပ်ထိုးထွက်ဆိုထားသော်လည်း တရားခံစစ်တပ်အရာရှိနှစ်ဦးသည် မူးယစ်ဆေးဝါးများရောင်းချရန် သယ်ဆောင်ခြင်းကို အထက်အဆင့်ဆင့်၏သိရှိခွင့်ပြုချက်ဖြင့် ခရီးသွားလာခြင်းမျိုးဖြစ်နေသည်ကို စိစစ်တွေ့ရှိရတယ်လို့ ပါရှိပါတယ်။ မြန်မာနိုင်ငံတွင် အာဏာရှင်ခေတ်အဆက်ဆက် ဥပဒေအထက်မှနေသူများဟာ စစ်တပ်အရာရှိများဖြစ်ကြပြီး နောက်ကွယ်မှကြိုးကိုင်ခြင်းဖြင့်၎င်း အဂတိလိုက်စားမှုအမျိုးမျိုးဖြင့်၎င်း ကိုယ်ကျိုးရှာအမြတ်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပေါ်ချိန်မှစလို့ မြန်မာပြည်သူလူထုတရပ်လုံး အငတ်ဘေး အသက်ဘေးကြုံနေရသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ တိုင်းပြည်မငြိမ်သက်ခြင်းအခွင့်ကောင်းကိုအသုံးချကာ ဥပဒေမဲ့တိုင်းပြည်သဖွယ် ပြုမူနေကြတာဖြစ်ပါတယ်။
========================
📌📌မြန်မာ NGO တွေကို ကန်ဒေါ်လာ ၁၀ သန်းကျော် ဒိန်းမတ် လှူဒါန်းခဲ့
မြန်မာနိုင်ငံသားတွေရဲ့ စီးပွားရေး အကျပ်အတည်းနဲ့ နိုင်ငံရေး မတည်ငြိမ်မှုဒဏ် လျော့ပါးသက်သာစေဖို့ ဆောင်ရွက်ပေးနေတဲ့ NGOတွေကို ဒိန်းမတ်နိုင်ငံက အမေရိကန် ဒေါ်လာ ၁၀ သန်းကျော် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ်က စတင်ပြီး အမေရိကန်ဒေါ်လာ ၁၁ သန်းလောက်နဲ့ညီမျှတဲ့ ဒိန်းမတ် ခရိုနာ သန်း ၇၀ လောက် လှူဒါန်းခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးက ဒီကနေ့ ကမ္ဘာ့အင်န်ဂျီအိုနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံသားအခွင့်အရေး၊ လူမှုအခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်မြှင့်တင်ရေးနဲ့ လိုအပ်နေသူတွေကို လူသားချင်း စာနာမှု အကူအညီပေးရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေတဲ့ ပြည်တွင်း ပြည်ပ NGO တွေကို ဒိန်းမတ်သံရုံးက ကျေးဇူးတင် ဂုဏ်ပြုကြောင်းလည်း ဆိုပါတယ်။
ဒီနေ့ဟာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အကျိုးအမြတ်အတွက် မဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ အဲဒီအဖွဲ့တွေရဲ့ နောက်ကွယ်က ပုဂ္ဂိုလ်တွေကို အသိအမှတ်ပြု ဂုဏ်ပြုတဲ့ကမ္ဘာ့ NGO နေ့လည်းဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment