12th MAR 2022 - Morning Daily News by Radio NUG

၂၀၂၂ မတ်လ ၁၂ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌NUGနှင့် KNU အကြား Bilateral နိုင်ငံရေးနှင့်စစ်ရေးကိစ္စများ ပူးပေါင်းဆောင် ရွက်နေ
📌ABSDF တပ်ဖွဲ့ထူးခြားစွာပါဝင်လာတဲ့တိုက်ပွဲမှာ ၁၀ ဦးထက်မနည်း စကစဘက်ကသေဆုံး
📌တာဝေးပစ်လက်နက်များ ထုတ်လုပ်အောင်မြင် ပြီးစီး
အာရှလမ်းပိုင်း မြဝတီ-ကော့ကရိတ်ကြားတံတားတစင်း မိုင်းခွဲခံရ
📌ပိဋကတ်ကျ ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်များကို မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးအပါအဝင် သုံးဦးသေဆုံး
📌မန္တလေးမှ ပြင်ဦးလွင်သို့ အတက်ရထား ပြင်ဦးလွင် ဆင်လမ်းအနီးဖောက်ခွဲခံရ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌NUGနှင့် KNU အကြား Bilateral နိုင်ငံရေးနှင့်စစ်ရေးကိစ္စများ ပူးပေါင်းဆောင် ရွက်နေ ဆိုတဲ့သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့အကြား စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ နိုင်ငံရေးနှင့်စစ်ရေးကိစ္စများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုခဲ့တာပါ။

"NUG နဲ့ ကရင်အမျိုးသားအစည်းအရုံးကြားမှာတော့ ထူးထူးထွေထွေ ပြောနေစရာမလိုဘူးလေ၊ အထူးသဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျနော်တို့နဲ့ ပထမဆုံး တွေ့ဆုံ စကားပြောကြတာ ဒီလူတွေပဲ ဖြစ်တာပဲလေ၊ တနှစ်ပတ်လုံး စကားပြောလာပြီးတဲ့အခါမှာ နောက်ဆုံးကျတော့ NUCC ဆိုတာ ပေါ်လာတယ်၊ အဲဒီ NUCC ထဲမှာ ကျနော်တို့ တူတူရှိနေတယ်။ လုပ်စရာရှိတာကို ကျနော်တို့ တူတူလုပ်ကြတယ်။ ဒါပေမယ့် အဖွဲ့တွေက များတဲ့အခါကျတော့ တချို့အဖွဲ့တွေက သူတို့အစုနဲ့ သူတို့ လုပ်နေတာတွေ ရှိတယ်။ ကျနော်တို့နဲ့ NUG နဲ့ ကြားမှာက bilateral ဆိုပြီးတော့ နှစ်ဦးနှစ်ဖက် နိုင်ငံရေးကိစ္စရော စစ်ရေးကိစ္စရော သွားနေတာရှိတယ်။ ဒီအပိုင်းလောက်ပဲ ကျနော်ပြောလို့ရမယ်၊ ကျနော်တို့ နှစ်ဦးနှစ်ဖက် နားလည်မှုရှိရှိ လုပ်နေတယ်လို့ ပြောလို့ရတယ်" ဟု ပဒိုစောတောနီးက ပြောဆိုသည်။

ထို့ပြင် KNU တပ်မဟာ ၆ သည် လေးကေ့ကော်တွင် စစ်ကောင်စီတပ်များ ပြန်လည် ဆုတ်ခွာရန် စာထုတ်ပြန်ထားပြီး ယင်းစာထုတ်ပြန်မှုသည် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် လက်ရှိအချိန်တွင် လေယာဉ်မပါဘဲ မတိုက်ခိုက်နိုင်တော့ကြောင်း၊ လေယာဉ်အသုံးပြုရပြီဆိုလျှင် စစ်ကောင်စီတပ်များ အထိနာနေသည်ကို သိသာစေကြောင်း နဲ့ ပြောချင်တာက ကျနော်တို့ ဒေသမှာမှ မဟုတ်ဘူး၊ အခြားဒေသတွေမှာလည်း အလားတူပါပဲ ပုံစံတခုတည်းပဲ ဖြစ်နေတယ်။ ကရင်နီမှာပဲ ကြည့်ကြည့် ချင်းမှာပဲ ကြည့်ကြည့် စစ်ကိုင်း၊ မကွေး မှာပဲ ကြည့်ကြည့်။ လေယာဉ်မပါတာနဲ့ အလုပ်မလုပ်တတ်တော့ဘူးဆိုတာ ရှင်းနေတယ်။ နောက်တချက်က လေတပ်တွေနဲ့ တောက်လျှောက်ဗုံးကျဲတာက အဓိက အရပ်သား ပစ်မှတ်ကိုလုပ်တယ်" ဟု ပဒိုစောတောနီးက ပြောသည်။

ကျနော်တို့ ဖြတ်သန်းမှုအရ တော်လှန်ရေးက အနှစ် ၇၀ ကျော်လာပြီ၊ အခုထက်ထိ ဒီ စစ်ကောင်စီက သင်ခန်းစာမယူတတ်ဘူး၊ အဲဒါကြောင့် မိုက်တွင်းနက်ဆဲပဲ။ အခုက လူထုတိုင်းက သူတို့ (စစ်ကောင်စီ) ရဲ့ ရန်သူတွေ ဖြစ်သွားပြီဆိုတော့ လူထုတွေ ဒုက္ခရောက်လာတယ်၊ အရေအတွက်က များလာတယ်။ ကျနော်တို့ ရှိတဲ့ ခွန်အားနဲ့ တတ်နိုင်သလောက် နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီးတော့ တတ်နိုင်သလောက် ကူကြတယ်ဆိုတော့ ဒီလူထုတွေဟာ မပြည့်ဆုံဘူးဆိုပေမယ့် ကျနော်တို့ ဘက်မှာပဲ ရှိတယ်လေ။ ဒီလိုအခြေအနေဟာ ကျနော်တို့ ဒေသတင်မဟုတ်ဘူး၊ တနိုင်ငံလုံးမှာ ဖြစ်နေတာဆိုတော့ အခြေအနေက ရပ်တည်ချက် အရမ်းကို ကွဲပြားသွားပြီဆိုတာ ပြောလို့ရတယ်" ဟု ပဒိုစောတောနီးက ပြောဆိုသွားကြောာင်းသိရပါတယ်။

========================

📌📌ABSDF တပ်ဖွဲ့ ထူးခြားစွာပါဝင်လာတဲ့တိုက်ပွဲမှာ ၁၀ ဦးထက်မနည်း စကစဘက်က သေဆုံး

ကသာမြို့မှ စစ်ကြောင်းတက်လာတဲ့ စကစတပ်များကို နွားကူးရွာဟောင်းအနီး ကသာပကဖနှင့် ABSDFတို့ ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ရာ ၁၀ ဦးထက်မနည်း စကစဘက်ကသေဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။

မတ်လ ၁၁ ရက် မနက် ၇ နာရီအချိန် ကသာမြို့မှ တက်လာတဲ့ စကစတပ်များကို နွားကူးရွာဟောင်းအနီး၊ မင်္ဂလာသုခ နောက်ကြောတွင် မိုင်းဆွဲခဲ့ကြောင်း ကသာ ပကဖကဆိုပါတယ်။

"မတ်လ ၁၁ ရက် နံနက် ခုနစ်နာရီ၌ ကသာမြို့မှ တက်လာသော စကစတပ်များအား နွားကူးရွာဟောင်းအနီး၊ မင်္ဂလာသုခ နောက်ကြောတွင် ကသာမြို့နယ်(ပ-က-ဖ)+ ABSDF ပူးပေါင်းတပ်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစတပ်က ၁၀ ဦးထက် မနည်းသေဆုံးခဲ့ပါတယ်"လို့ ကသာ ပကဖကဆိုပါတယ်။

အဆိုပါတိုက်ခိုက် မှုတွင် ကာကွယ်ရေးတပ်ဖွဲ့များဘေးကင်းကြောင်းသိရပါတယ်။

========================

📌📌တာဝေးပစ်လက်နက်များ ထုတ်လုပ်အောင်မြင် ပြီးစီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါ့မယ်။

YGA DF (kani) တပ်ခွဲ မှ တာဝေးပစ်လက်နက်များ ထုတ်လုပ်အောင်မြင် ပြီးစီးကြောင်းသတင်းရရှိပါတယ်။

မတ်လ ၁၁ ရက်နေ့တွင် လက်နက်ကြီးစမ်းသပ်အောင်မြင်ကြောင်း ရုပ်သံနှင့်တကွ YGA DF (kani) တပ်ခွဲကဖော်ပြခဲ့ပါတယ်။

"ကနီ - ဗိုလ်နဂါး ဦးဆောင်သော YGA DF (kani) တပ်ခွဲ မှ တာဝေးပစ်လက်နက်များ ထုတ်လုပ်အောင်မြင် ပြီးစီးပါကြောင်း မိဘပြည်သူများအားသတင်းကောင်းပါးအပ်ပါတယ်"လို့ဆိုထားပါတယ်။

လတ်တလော ၆၀မမ စိန်ပြောင်းများနှင့် လက်လုပ်သေနတ်များကို စစ်ကိုင်းတိုင်းရှိ ကာကွယ်ရေးတပ်များက ထုတ်လုပ်အောင်မြင်လျက်ရှိပါတယ်။

========================

📌📌အာရှလမ်းပိုင်း မြဝတီ-ကော့ကရိတ်ကြား တံတားတစင်း မိုင်းခွဲခံရ

ဒီနေ့ မနက်စောပိုင်းကတည်းက မြဝတီမြို့ နဲ့ ကော့ကရိတ်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပြီး မြဝတီ နဲ့ ကော့ကရိတ်အကြား တောနော်ရေတံခွန်အနီး တံတားတစင်း မိုင်းခွဲခံရတယ်လို့ တော်လှန်ရေး တပ်သားတဦးက ပြောပါတယ်။

“မိုင်းခွဲသံ ၂ ချက်ကြားရတယ် ၊ ကျွန်တော်တို့နဲ့ ဝေးတော့ အခြေအနေကို သေသေချာချာ မသိရဘူး ၊ တံတားက အရည်အသွေးကောင်းတော့ လုံးဝပြတ်ကျသွားတာမျိုး မဖြစ်ဘူး နည်းနည်းပဲ ပဲ့သွားတယ်လို့ ကြားတယ် ၊ ကားကြီးတွေ သွားလို့မရတော့ဘူး ၊ အိမ်စီးကားတွေပဲ သွားတော့တယ်”လို့ သူက DNA ကိုပြောပါတယ်။

ဒေသတွင်းသတင်းပေးတွေရဲ့ ပြောပြချက်အရ အာရှလမ်းနေရာတချို့ နဲ့ ကော့ကရိတ်သမိုင်ကုန်း အနီးမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေ ဖြစ်တဲ့ KNU ရဲ့ တပ်ရင်း ၁၈ ၊ တပ်ရင်း ၂၇ ၊ DKBA တပ်ဖွဲ့ ဗိုလ်ချုပ်စောကျော်သက် ဦးဆောင်တဲ့ တပ်ဖွဲ့တွေ အပြင် ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြတာပါ။

နှစ်ဖက် အကျအဆုံးကို တိတိကျကျ မသိရသေးပေမယ့် ဒီနေ့ညနေပိုင်းမှာ တော်လှန်ရေး အင်အားစုဘက်က တစ်ဦးဒဏ်ရာရခဲ့တာ ရှိတယ်လို့ ကော့ကရိတ် အခြေစိုက် PDF တစ်ဦးက ပြောပါတယ် ။ ဒီနေ့ည ၇ ခန့်မှာလည်း ကော့ကရိတ်အနီးမှာ တိုက်လေယဉ်တွေ ဝဲနေခဲ့တယ်လို့ ဆိုပါတယ်။

အာရှလမ်းပိုင်းနဲ့ ပတ်သက်ပြီး လုံခြုံရေးအခြေအနေကို KNU ဘက် တိတိကျကျ ထုတ်ပြန်တာမျိုး မရှိသေးပေမယ့် မြေပြင်အခြေအနေမှာတော့ ကားကြီးမောင်းသမားတွေဟာ လုံခြုံရေးအရ မသွားရဲကြတော့ဘဲ အိမ်စီးကားအချို့သာ သွားလာနေကြတယ်လို့ သိရပါတယ်။

========================

📌📌ပိဋကတ်ကျ ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်များကို မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးအပါအဝင် သုံးဦးသေဆုံး

ရေဦးမြို့နယ်၊ ပိဋကတ်ကျ ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စကစတပ်များကို ရေဦး PDFနှင့် ပကဖတို့မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးအပါအဝင် သုံးဦးသေဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။

မတ်လ ၁၁ ရက် မနက်ပိုင်း ခင်ဦးမြို့နယ်၊ မူးသာကျေးရွာမှ မူးမြစ်အနောက်ဘက် ရေဦးမြို့နယ်၊ ပိဋကတ်ကျ ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စကစတပ်များကို တိုက်ခိုက်ခဲ့ဟု ရေဦး PDF ကဆိုပါတယ်။

"မတ်လ ၁၁ ရက် မနက်ခင်းပိုင်း ခင်ဦးမြို့နယ်၊ မူးသာကျေးရွာမှ မူးမြစ်အနောက်ဘက် ရေဦးမြို့နယ်၊ ပိဋကတ်ကျ ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စကစတပ်များကို ရေဦး PDF/ပကဖ ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ရာ ၃ ပွင့် ဗိုလ်ကြီး အပါအဝင် စကစတပ်က ၃ ဦးသေဆုံးသွား ပါသွားတယ်"လို့ ဆိုပါတယ်။

တိုက်ပွဲတွင်း သေဆုံးစူများကို ရဟတ်ယာဥ်နှင့်သယ်ဆောင်သွားကြောင်း သတင်းရရှိပါတယ်။ ပြည်သူ့ရဲဘော်များအထိအခိုက် မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။

========================

📌📌ဆက်လက်ပြီး မန္တလေးမှ ပြင်ဦးလွင်သို့ အတက်ရထား ပြင်ဦးလွင် ဆင်လမ်းအနီးဖောက်ခွဲခံရတဲ့ သတင်းကိုတင်ပြပေးပါ့မယ်

မတ်လ ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင်မန္တလေးမှ ပြင်ဦးလွင်သို့ အတက်ရထား ပြင်ဦးလွင် ဆင်လမ်းအနီးမှာ ဖောက်ခွဲခဲ့တယ်လို့ PDF ပြင်ဦးလွင်က ဆိုပါတယ်။

"ရထား ပေါ်မှာပါတဲ့ ရဲခွေးနဲ့ NON CDM မီးရထားဝန်ထမ်းများကို တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ရထားကလူစီးရထားဆိုပေမဲ့လူမပါပါဘူးဗျ။ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခဲ့ပါတယ်"လို့ဆိုပါတယ်။

အဝေးထိန်းမိုင်းဖောက်ခွဲ၍ ရထားထိသွားသော်လည်း ထိခိုက်ပျက်စီးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ပါတယ်။

"လမ်းချော်သွားအောင် လုပ်ပေမဲ့ချော်မကျသွားဘူး။အဓိက ရထားစက်ခေါင်းကိုတိုက်ခိုက်တာပါ။ရထာကတော့ မိုင်းထိပါတယ်"ဟု PDF ပြင်ဦးလွင်က ထပ်မံဆိုပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment