20th MAR 2022 - Evening Daily News by Radio NUG

၂၀၂၂ မတ်လ ၂၀ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ပြည်သူ့ ခုခံတွန်းလှန်ခြင်းတွင် ပါဝင်လျက်ရှိသည့် ချင်းအမျိုးသားတပ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရက ကျေးဇူးတင်ဂုဏ်ယူ
📌မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မှ ကျောင်းသားနှင့် ၎င်း၏မိခင်ဖြစ်သူတို့အား အလုပ်နှင့်ထောင်ဒဏ် (၂)နှစ် စစ်ကောင်စီကချမှတ်
📌ငပယင်းရွာမှ ပြန်လာတဲ့ စစ်ကားတန်းကို ကာကွယ်ရေးတပ်များမိုင်းခွဲရာ စကစတပ်ဖွဲ့ဝင် သုံးဦးသေဆုံး
စစ်ကောင်စီတပ်များနဲ့ PDF Kalay တပ်ရင်း ၁ တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား
📌စစ်ကာင်စီသတင်းပေး (ဒလန်) များက  ပြည်သူများ၏ နေအိမ်များကို ပီဒီအက်ဖ်နဲ့ ဆက်စပ်တယ်ဆိုပီး မတရားချိတ်ပိတ်မှုများ ဆက်လက် ကျုးလွန်နေ
📌ကောလင်း ကန့်ဘလူနယ်စပ် ဘောကျေးရွာက အရပ်သားနှစ်ဦးကို စစ်တပ်က လက်နက်ကြီးရမ်းပစ်၍ ထိမှန်သေဆုံး
📌ကမ္ဘာ့ အပျော်ရွှင်ဆုံး နိုင်ငံများစာရင်း ၁၄၆ နိုင်ငံမှာ မြန်မာအဆင့် ၁၂၆ ရ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ပြည်သူ့ ခုခံတွန်းလှန်ခြင်းတွင် ပါဝင်လျက်ရှိသည့် ချင်းအမျိုးသားတပ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရက ကျေးဇူးတင်ဂုဏ်ယူ

ပြည်သူ နှင့်အတူရပ်တည်၍ အာဏာသိမ်းစစ်ကောင်စီကို ခုခံတွန်းလှန်ခြင်းတွင် ပါဝင်ဦးဆောင်လျက်ရှိသည်ကိုတွေ့ရှိရ၍ ချင်းအမျိုးသားတပ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရက ကျေးဇူးတင်ဂုဏ်ယူတယ်လို့ဖော်ပြပါတယ်။

မတ်လ ၂၀ ရက်နေ့မှာ ၃၄ နှစ်ပြည့် ချင်းအမျိုးသားတပ်ဦးဖွဲ့စည်းတည်ထောင်ခြင်းအထိမ်းအမှတ် ချင်းတော်လှန်ရေးနေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ပေးပို့တဲ့သဝဏ်လွှာမှာဆိုထားပါတယ်။

"၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တပ်မတော်ကနိုင်ငံတော်အာဏာကို ထပ်မံလုယူလိုက်သည်သာမက အာဏာသိမ်းယူမှုကို အကြမ်းမဖက်ဆန့်ကျင်ကြသည့် နိုင်ငံသူ၊ နိုင်ငံသား တိုင်းရင်းသားပြည်သူများအား အကြမ်းဖက်နှိမ်နင်းခြင်း၊ မတရားဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်ကို လုယူဖျက် ဆီးခြင်း၊ လူ့အခွင့်အရေးများချိုးဖောက်ခြင်းစသည်တို့ကိုပြုလုပ်လျက်ရှိရာ ချင်းအမျိုးသားတပ်ဦးသည် ပြည်သူ နှင့်အတူရပ်တည်၍ အာဏာသိမ်းစစ်ကောင်စီကို ခုခံတွန်းလှန်ခြင်းတွင် ပါဝင်ဦးဆောင်လျက်ရှိသည်ကိုတွေ့ရှိရ၍ တိုင်းရင်းသားပြည်သူများကိုယ်စား များစွာကျေးဇူးတင်ဂုဏ်ယူလျက်ရှိကြောင်း ဖော်ပြလိုပါတယ်"လို့ အမျိုးသားညီညွတ်ရေးအစိုးရကဆိုပါတယ်။

ဒါ့အပြင်ဤ (၃၄) နှစ်တာကာလအတွင်း ချင်းအမျိုးသားတပ်ဦးအား ခေါင်းဆောင်မှုပေးခဲ့ကြသည့် အဆက်ဆက် သောခေါင်းဆောင်များနှင့်တကွ (၃၄) နှစ်တာကာလအတွင်း ချင်းအမျိုးသားတပ်ဦး၏ဦးဆောင်မှုအောက်တွင် ကိုယ်ကျိုးစွန့်အသက်ပေးတာဝန်ထမ်းဆောင်ခဲ့ကြသည့် ချင်းအမျိုးသမီး၊ အမျိုးသားများအားလုံးကို ဂုဏ်ယူစွာ ဦးညွတ်အလေးအမြတ်ပြုပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကဆိုပါတယ်။

========================

📌📌မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မှ ကျောင်းသားနှင့် ၎င်း၏မိခင်ဖြစ်သူတို့အား အလုပ်နှင့်ထောင်ဒဏ် (၂)နှစ် စစ်ကောင်စီကချမှတ်

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မှ ဘွဲ့ကြိုပဉ္စမနှစ်ကျောင်းသားနှင့် ၎င်း၏မိခင်ဖြစ်သူတို့အား အလုပ်နှင့်ထောင်ဒဏ် (၂)နှစ် စစ်ကောင်စီကချမှတ်လိုက်တယ်လို့သတင်းရရှိပါတယ်။

မတ်လအတွင်းမှာ ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပြီးတော့ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂကထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ ဘွဲ့ကြိုပဉ္စမနှစ်ကျောင်းသား ကိုထိုက်လင်းဦး နှင့် ကိုထိုက်လင်းဦး၏မိခင် ဒေါ်သူဇာတင်ဦးတို့အား ရာဇသတ်ကြီးပုဒ်မ ၅၀၅ - က ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ထောင်တွင်းတရားရုံးက အလုပ်နှင့်ထောင်ဒဏ် ၂ နှစ် မတရားချမှတ်ခဲ့ကြောင်းသိရပါတယ်။

ကိုထိုက်လင်းဦးနှင့်၎င်းမိခင်ဖြစ်သူ ဒေါ်သူဇာတင်ဦးတို့သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့တွင် ဇလွန်မြို့ရှိ ၎င်းတို့နေ့အိမ်၌ စကစ လက်ကိုင်တုတ်များက ဒေါ်သူဇာတင်ဦးအားလာရောက်ဖမ်းဆီးရာတွင် မတွေ့သဖြင့် သားဖြစ်သူ ကိုထိုက်လင်းဦးအား ဦးစွာဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မိခင်ဖြစ်သူကလာရောက်အဖမ်းခံခဲ့ခြင်းဖြစ်ပါတယ်။

ကိုထိုက်လင်းဦး၏ ဆိုရှယ်မီဒီယာအကောင့်၌ စစ်ကောင်စီအားဆန့်ကျင်ကြောင်းရေးသားထားသည်ဟု စွပ်စွဲကာ ကိုထိုက်လင်းဦးကိုပါ မိခင်နှင့်အတူ ဖမ်းဆီးချုပ်နှောင်ထားခဲ့ခြင်းဖြစ်ပါတယ်။

========================

📌📌ငပယင်းရွာမှ ပြန်လာတဲ့ စစ်ကားတန်းကို ကာကွယ်ရေးတပ်များမိုင်းခွဲရာ စကစတပ်ဖွဲ့ဝင် သုံးဦးသေဆုံး

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ငပယင်းရွာမှ ပြန်လာတဲ့ စစ်ကားတန်းကို ကာကွယ်ရေးတပ်များမိုင်းခွဲရာ စကစတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ပါတယ်။ မတ်လ ၁၉ ရက် မှာ ဘုတလင်နယ် ငပယင်းရွာကနေ PDF ကင်းစခန်းမီးရှို့ပြန်လာတဲ့ စကစတပ်တွေကို တိုက်ခိုက်ခဲ့တာလို့ မဟူရာနတ်ဆိုးအဖွဲ့ကဆိုပါတယ်။

"မတ်လ ၁၉ ရက် မနက် ၃ နာရီအချိန် စစ်ကားများ နမခမှ ငပယင်းသို့သွား၍ မဟာမိတ်ကင်းစခန်းအားဖျက်စီးမီးရှို့ကာ ပစ်ခတ်မှုများကြောင့် ကင်းသမား တစ်ဦး ကျဆုံးခဲ့ရပါတယ်။ငပယင်းမှ ပြန်ထွက်လာသော ကားများအား ကျနော်တို့နတ်ဆိုး-တောကျီးကန်း-ယမ်းဘီလူးပျောက်ကြားညီနောင်များ မိုင်းဆွဲတိုက်ခိုက်ရာတွင် ကားတစ်စီးပျက်စီး၍ ၄ နာရီ ၃၀ အချိန် ဘုန်းကြီးလမ်းခွဲ မိုင်းဆွဲရာမှာ သုံးယောက် စကစဘက်က သေဆုံးခဲ့ပါတယ်"လို့ဆိုပါတယ်။

ထို့နောက် ဘုတလင်မြောက်လမ်းတလျောက် တပ်ဆင်ထားသော မိုင်းများဖြင့် ဆက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ဘုတလင်မှတောင်သို့ရောက်သော် အခြားရဲဘော်များဆက်လက်တိုက်ခိုက်ရာ အသေပျောက် များတယ်လို့သတင်းရရှိပါတယ်။ ဒါ့အပြင် မတ်လ ၁၉ ရက် ည ၈ နာရီ မှာလည်း စကစတပ်များ ကင်ပုန်းဝပ်နေတဲ့ နေရာသို့ လက်နက်ကြီးနဲ့ ၁၀ ချက် ပစ်ခတ်ခဲ့သေးတယ်လို့ မဟူရာနတ်ဆိုးအဖွဲ့ကဆိုပါတယ်။

========================

📌📌စစ်ကောင်စီတပ်များနဲ့ PDF Kalay တပ်ရင်း ၁ တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား

စစ်ကောင်စီတပ်များနဲ့ PDF Kalay တပ်ရင်း ၁ တို့ ယနေ့ မနက်ပိုင်းမှ စတင်ကာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။ မတ်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာ စကစတပ်တွေနဲ့ စတင်ပစ်ခတ်နေကြတယ်လို့ PDF Kalay တပ်ရင်း ၁ က ရဲဘော်များကဆိုပါတယ်။

"PDF (Kalay) တပ်ရင်း ၁ နဲ့အတူ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များဟာ စကစတပ်များနဲ့ ယနေ့မနက်ပိုင်းမှ စတင်ကာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပါပြီ။ မတ်လ၂၀ ရက်နေ့ မှစ၍ ကလေးမြို့နယ်တောင်ပိုင်းသို့ ခရီးသွားလာခြင်းများ မလုပ်ဆောင်ကြပါရန် သတိပေးအပ်ပါသည် ခင်ဗျာ"လို့ ဆိုထားပါတယ်။ ပြီးခဲ့တဲ့ သုံးရက်တာတိုက်ပွဲအတွင်း စကစတပ်တွေနဲ့ PDF Kalay တို့ ဆက်တိုက် ပစ်ခတ်ကြရာ စကစတပ်ဖွဲ့ဝင်၂၀ ကျော် ထိခိုက်သေဆုံးခဲ့ပါတယ်။ စကစတပ်များဟာ ကလေးမြို့နယ်ကို စစ်ကြောင်း နှစ်ကြောင်းခွဲကာ ရောက်ရှိနေပြီး ကာကွယ်ရေးတပ်စခန်းများအနီး အင်အားသုံးပစ်ခတ်တိုက်ခိုက်လျက်ရှိပါတယ်။

========================

📌📌စစ်ကာင်စီသတင်းပေး (ဒလန်) များက  ပြည်သူများ၏ နေအိမ်များကို ပီဒီအက်ဖ်နဲ့ ဆက်စပ်တယ်ဆိုပီး မတရားချိတ်ပိတ်မှုများ ဆက်လက် ကျုးလွန်နေတဲ့ သတင်း

ဖေ့စ်ဘွတ်မှာ သတင်းမှားများ၊ လုပ်ကြံသတင်းများ ထုတ်လွှင့်လို့ မရတဲ့ စစ်ကာင်စီ၏ သတင်းပေးတွေ ထောက်လှမ်းရး‌တွေက နေအိမ်အချို့ကို ပီဒီအက်ဖ်တွေရဲ့ နေအိမ်တွေအဖြစ် သတင်းမှား‌တွေကို တယ်လီဂရမ်ကနေ ထုတ်လွှင့်ပီးနောက် အဆိုပါအိမ်တွေကို မတရားချိတ်ပိတ် သိမ်းဆည်း‌နေကြတယ်လို့ သိရပါတယ်။ အိမ်ကန ခရီးရက်ရှည်ထွက်နေတဲ့ လူငယ်တစ်ဦးကို ဒလန်တွေက လိပ်စာအတိအကျ ဓာတ်ပုံတွေ တယ်လီဂရမ်မှာ တင်ပြီး PDF စစ်သည်တဦးဖြစ်တယ်လို့ လုပ်ကြံစွပ်စွဲခဲ့ကပါတယ်။ အဆိုပါလူငယ်က တရားဥပဒနဲ့ အညီ ရင်ဆိုင် ဖြေရှင်းနိုင်ဖို့ အခွင့်အရေးမရှိခဲ့ပါဘူး။ အဆိုပါ လုပ်ကြံသတင်းတွေတင်ပြီး တစ်ရက်အတွင်း လူငယ်၏ အိမ်ကို ချိတ်ပိတ်လိုက်တယ်လို့ သိရပါတယ်။ အခုလို စစ်‌ကောင်စီဟာ ဥပဒေမဲ့သတ်ဖြတ် ဖမ်းဆီး နှီပ်စက်တာတွေ အပြင် ပြည်သူတွေ၏ နေအိမ်တွေကို မီးရှိ့ဖျက်ဆီးတာ၊ နေအိမ်တွေကို ချိတ်ပိတ်သိမ်းဆည်းမှုတွေကိုပါ တိုးမြှင့် ကျုးလွန်လျက် ရှိ‌နေပါတယ်။

========================

📌📌ကောလင်း ကန့်ဘလူနယ်စပ် ဘောကျေးရွာက အရပ်သားနှစ်ဦးကို စစ်တပ်က လက်နက်ကြီးရမ်းပစ်၍ ထိမှန်သေဆုံး

စစ်ကိုင်းတိုင်း ကောလင်း ကန့်ဘလူနယ်စပ် ဘောကျေးရွာက အရပ်သားနှစ်ဦးကို စစ်တပ်က လက်နက်ကြီးဖြင့်ရမ်းပစ်၍ ထိမှန်သေဆုံးခဲ့ပါတယ်။ မတ်လ ၂၀ ရက်နေ့ မှာ ကောလင်း info က သတင်းထုတ်ပြန်ချက်အရ စစ်တပ်က လက်နက်ကြီး ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

"ယမန့်နေ့ မနက်ပိုင်း ကောလင်း-ကန့်ဘလူနယ်စပ် မဟာဗျူဟာလမ်းဘေးမှာရှိတဲ့ ဘောကျေးရွာက အပြစ်မဲ့ပြည်သူ ၂ ဦး စစ်တပ်က ရမ်းသမ်းပစ်တဲ့ လက်နက်ကြီးထိပြီး သေဆုံးပါတယ်"လို့ဆိုပါတယ်။ စစ်ကောင်စီတပ်များနဲ့ ပျူစောထီးများဟာ စစ်ကိုင်းတိုင်းအတွင်း မတ်လမှာ လူနေအိမ် ရာနဲ့ချီ မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသားများကိုလည်း သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်ခဲ့ပါတယ်။

========================

📌📌ကမ္ဘာ့ အပျော်ရွှင်ဆုံး နိုင်ငံများစာရင်း ၁၄၆ နိုင်ငံမှာ မြန်မာအဆင့် ၁၂၆ ရ

ကမ္ဘာ့ အပျော်ရွှင်ဆုံး နိုင်ငံများစာရင်း ၁၄၆ နိုင်ငံမှာ မြန်မာအဆင့် ၁၂၆ ရရှိတယ်လို့ သတင်းရရှိပါတယ်။ World Happiness Report 2022 အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ အဆင့် ၁၂၆ ချိတ်ဆွဲကြောင်းဖော်ပြထားပါတယ်။

ကမ္ဘာ့ အပျော်ရွှင်ဆုံး နိုင်ငံများ စာရင်းမှာ ဖင်လန် နိုင်ငံ၊ ဒိန်းမတ်၊ အိုက်စခန်၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ လူဇင်ဘတ်၊ ဆွီဒင်၊ နော်‌ဝေ၊ အစ္စရေးနှင့် နယူးဇီလန် နိုင်ငံတို့က အပျော်ရွှင်ဆုံးနိုင်ငံများဖြစ်နေတာ တွေ့ရပါတယ်။

အာဆီယံ မှာတော့ စင်ကာပူ ကအဆင့် ၂၇၊ ဖိလစ်ပိုင်က အဆင့် ၆၀၊ ထိုင်းက ၆၁ ၊ မလေးရှားက ၇၀၊ ဗီယက်နမ်က ၇၇၊ အင်ဒိုနီးရှားက ၈၇ ၊ လာအိုက ၉၅ နဲ့ ကမ္ဘောဒီးယားက အဆင့် ၁၁၄ မှာရှိနေပါတယ်လို့ဖေါ်ပြထားပါတယ်။ လက်ရှိ တရုတ်နိုင်ငံကတော့ အဆင့် ၇၂ နဲ့ အိန္ဒိယကတော့အဆင့် ၁၃၆၊ အာဖန်ကန်နစ္စတန်ကတော့ အဆင့် ၁၄၆ မှာ ရှိနေပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment