21st MAR 2022 - Morning Daily News by Radio NUG

၂၀၂၂ မတ်လ ၂၁ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌၃၄ နှစ်ပြည့် ချင်းအမျိုးသားတော်လှန်ရေးနေ့အခမ်းအနားကို NUG နှင့် CNCC ကိုယ်စားလှယ်များ တက်ရောက်ခဲ့
📌စစ်အာဏာရှင်တော်လှန်ရေးကို မဟာဗျူဟာ ငါးခုနဲ့ အမျိုးသားညီညွတ်ရေးအစိုးရက သွားနေပြီးတော့ ခုခံစစ်ကနေ တိုက်စစ်ပြင်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးအသိပေးပြောကြား
📌စစ်အာဏာရှင်ကို ထောက်ခံစေဖို့အတွက် ကျောင်းသားတွေကို စာမေးပွဲမေးခွန်းတွေမှာ ရိုက်သွင်းနေတာတွေ့ရတယ်လို့ NUG ပညာရေးဒုဝန်ကြီးဆို
📌ပခုက္ကူ သို့ပြန်လာတဲ့ စကစတပ်ဖွဲ့ဝင်များ လိုက်ပါစီးနင်းလာတဲ့ကားကို မဟာမိတ်တပ်များ မိုင်းခွဲရာ ငါးဦးသေဆုံး
📌နွေဦးဆေးခန်းကို ယ​နေ့ မတ်လ၂၁ ရက် မှစတင်၍ အရိူးအကြော၊ အဆစ်နှင့် ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါများ တိုင်ပင် ဆွေးနွေးကုသနိုင်
📌ကလေးမြို့နယ်(တောင်ပိုင်း)၊ အောင်ချမ်းသာကျေးရွာတွင် စကစတပ်တွေနဲ့ CNDF ၊ PDF-Kalay ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်က ခုနစ်ဦးသေ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌၃၄ နှစ်ပြည့် ချင်းအမျိုးသားတော်လှန်ရေးနေ့အခမ်းအနားကို NUG နှင့် CNCC ကိုယ်စားလှယ်များ တက်ရောက်ခဲ့

၃၄ နှစ်ပြည့် ချင်းအမျိုးသားတော်လှန်ရေးနေ့အခမ်းအနားကို NUG နှင့် CNCC ကိုယ်စားလှယ်များ တက်ရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ မတ်လ၂၀ ရက်နေ့မှာ ၃၄ နှစ်ပြည့် ချင်းအမျိုးသားတော်လှန်ရေးနေ့အခမ်းအနားကို ချင်းအမျိုးသားတပ်ဦး၏စခန်းတစ်နေရာမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
၃၄ နှစ်ပြည့် Chin Revolution Day ချင်းအမျိုးသားတော်လှန်ရေးနေ့အခမ်းအနားကိုချင်းအမျိုးသားတပ်ဦး၏ စခန်းတစ်နေရာတွင် ကျင်းပခဲ့ပြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် NUG မှ ကိုယ်စားလှယ်များ၊ ICNCC မှကိုယ်စားလှယ်များတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ၃၄ နှစ်ပြည့် ချင်းအမျိုးသားတပ်ဦးဖွဲ့စည်းတည်ထောင်ခြင်းအထိမ်းအမှတ် ချင်းတော်လှန်ရေးနေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ပေးပို့တဲ့သဝဏ်လွှာမှာလည်း စစ်အာဏာရှင်စနစ်ကို ခုခံတွန်းလှန်ရာမှာ အင်တိုက်အားတိုက်ပါဝင်ခဲ့လို့ ကျေးဇူးတင်ဂုဏ္ယူတယ်လို့ဖော်ပြထားပါတယ်။

========================

📌📌စစ်အာဏာရှင်တော်လှန်ရေးကို မဟာဗျူဟာ ငါးခုနဲ့ အမျိုးသားညီညွတ်ရေးအစိုးရက သွားနေပြီးတော့ ခုခံစစ်ကနေ တိုက်စစ်ပြင်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးအသိပေးပြောကြား

စစ်အာဏာရှင်တော်လှန်ရေးကို မဟာဗျူဟာ ငါးခုနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကသွားနေပြီးတော့ ခုခံစစ်ကနေ တိုက်စစ်ပြင်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးအသိပေးပြောကြားလိုက်ပါတယ်။ မတ်လ၂၀ ရက်နေ့ ကျင်းပတဲ့ ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ မလေးရောက် မြန်မာတို့ရဲ့အသံ ရန်ပုံငွေ ကံစမ်းမဲ ဖွင့်ပွဲ အစီအစဥ်မှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောကြားခဲ့ပါတယ်။ "ကျွန်တော်တို့တတွေမှာရှိတာက ပြည်သူလူထုရဲ့အင်အား ပြည်သူလူထုရဲ့ပါဝင်မှုနဲ့ စိတ်ဓာတ်ပဲ​ဖြစ်ပါတယ်။ ဒီကနေ့ ပွဲရဲ့အနိုင်အရှုံးကို ဆုံးဖြတ်ပေးမှာပါက ပြည်သူလူထုရဲ့ပါဝင်မှုအားပဲ​ဖြစ်ပါတယ်။ တကယ်တမ်းပြောရရင် ကြာလာတော့အခက်အခဲတွေဖြစ်လာတယ်။ တစ်ဖက်က တည်ဆောက်မှုတွေ ပြည်သူရဲ့တည်ဆောက်မှုတွေနဲ့ NUG၊ NUCC ဖြစ်လာတယ်။ အဲဒီတည်ဆောက်မှုအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်ပြောပြောနေတဲ့ မဟာဗျူဟာ ငါးခု တစ်ခုပြီး တစ်ခုလုပ်နေတာပဲ။ အားကောင်းနေတယ်။ တိုးတက်နေတယ်။ နောက်တစ်ခုက အခုဆို ခုခံတော်လှန်စစ်ကနေ တိုက်စစ်သွားဖို့ပြင်နေတယ်။ ပြည်သူ့ရင်ခွင်ဆိုလည်းထပ်ပြီးထွက်လာတာ အများကြီးပဲ"လို့ ဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက် မှာ စစ်အာဏာရှင်ကို ခုခံတွန်းလှန်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ နိုင်ငံကိုအရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်များဟာ စစ်ကိုင်းတိုင်း၊ ကရင်နီဒေသနဲ့ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်တို့မှာ အထိနာ အကျအရှုံးများပြားလျက်ရှိနေပါတယ်။ "စိတ်ဓာတ် စစ်ဆင်ရေးတွေ၊ သွေးခွဲတာတွေ ကျွန်တော်တို့လုပ်သလို သူတို့လည်းလုပ်တာပဲ။ ဒါကို ခံနိုင်ရည်ရှိအောင်လုပ်ရမယ်။ တကယ် ကျော်လွှားနိုင်တဲ့ဟာက အောင်မြင်မှာပဲ။ ဒီတလ၊ နှစ်လ သိပ်အရေးကြီးတယ်။ ဖိအားတွေများလာတယ်။ အဲဒါကို ခံနိုင်ရည်ရှိဖို့လိုတယ်"လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကထပ်မံဆိုပါတယ်။

========================

📌📌စစ်အာဏာရှင်ကို ထောက်ခံစေဖို့အတွက် ကျောင်းသားတွေကို စာမေးပွဲမေးခွန်းတွေမှာ ရိုက်သွင်းနေတာတွေ့ရတယ်လို့ NUG ပညာရေးဒုဝန်ကြီးဆို

စစ်အာဏာရှင်ကို ထောက်ခံစေဖို့အတွက် ကျောင်းသားတွေကို စာမေးပွဲမေးခွန်းတွေမှာ ရိုက်သွင်းနေတာတွေ့ရတယ်လို့ NUG ပညာရေးဒုဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းကဆိုလိုက်ပါတယ်။ မတ်လ၂၀ ရက်နေ့ကျင်းပတဲ့ ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ မလေးရောက် မြန်မာတို့ရဲ့အသံ ရန်ပုံငွေ ကံစမ်းမဲ ဖွင့်ပွဲ အစီအစဥ်မှာ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းကပြောကြားခဲ့ပါတယ်။ "ပညာရေး၊ ကျန်းမာရေး ကဏ္ဍာမှာဆိုရင် အကြမ်းဖက် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး လည်ပတ်မှုကို ချိန်းခြောက်နိုင်ပြီးတော့မှ မလည်ပတ်နိုင်အောင်အထိ လုပ်ခဲ့ကြတယ်။ စစ်ကောင်စီက ကျောင်းတွေဖွင့်ဖို့ကြိုးဟားတယ်။ မအောင်မြင်ပါဘူး။ စစ်မှန်မှု မရှိတဲ့ပညာရေး စစ်ကျွန်ပညာရေး အဲဒီပုံစံမျိုး ကိုအသက်သွင်းဖို့ကြိုးစားနေတယ်လို့ပဲမြင်ပါတယ်။ မတ်လ ၁ ရက်နေ့က စာမေးပွဲ မေးခွန်းတွေတွေ့ပါတယ်။ အဲဒီမေးခွန်းတွေ ဖတ်ကြည့်လိုက်ရင်ကိုပဲ စစ်အာဏာရှင်ကို တစ်နည်းမဟုတ် တစ်နည်းထောက်ခံစေဖို့အတွက် ကျောင်းသား ကျောင်းသူတွေကိုတွေးခေါ် ဖို့ရိုက်သွင်းနေတာ တွေ့ရတယ်"လို့ ဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး CDM မှာ အများဆုံးပါဝင်လှုပ်ရှားခဲ့ကြတာဟာ ပညာရေးဝန်ထမ်းအများစုပဲ​ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ CDM လှုပ်ရှားတဲ့ ဆရာ၊ဆရာမအများစုဟာ စစ်ကောင်စီရဲ့ စာသင်ခန်းတွေဆီကို ဝင်ရောက်ခြင်းမပြုသေးဘူးဖြစ်ပါတယ်။

========================

📌📌ပခုက္ကူ သို့ပြန်လာတဲ့ စကစတပ်ဖွဲ့ဝင်များ လိုက်ပါစီးနင်းလာတဲ့ကားကို မဟာမိတ်တပ်များ မိုင်းခွဲရာ ငါးဦးသေဆုံး

ပခုက္ကူ သို့ပြန်လာတဲ့ စကစတပ်ဖွဲ့ဝင်များ လိုက်ပါစီးနင်းလာတဲ့ကားကို မဟာမိတ်တပ်များ မိုင်းခွဲရာ ငါးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။ မတ်လ၂၀ ရက် မွန်းလွဲ ၁၂ နာရီ ၄၀ အချိန်တွင် ပခုက္ကူ လေယာဉ် ကွင်းအနီး မိုင်းရှစ်လုံးဖြင့်တိုက်ခိုက်ခဲ့ဟု Southern YSO PDFကဆိုပါတယ်။
"ပခုက္ကူရေစကြို လမ်းပိုင်းပခုက္ကူ သို့ပြန်လာသော စစ်ကားတစ်စီးအားပခုက္ကူ လေယာဉ် ကွင်းအနီးတွင် ကျွန် တော်တို့ Southern YSO PDF နှင့် ပူးပေါင်း မဟာမိတ် PAKOKKU NORTH PDF အဖွဲ့ တို့ပဒေသာ မိုင်း ၈ လုံး ဖြင့် တိုက်ခိုက်ခဲ့ရာဖရဲသီး အတွင်းသတင်းအရ စကစတပ်ဖွဲ့ဝင် ငါးဦး ပွဲချင်းပြီး သေပြီး နှစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိပါတယ်"လို့ဆိုပါတယ်။ လတ်တလောတွင် စကစတပ်များမြို့တွင်း မြို့ပြင် အစစ်အဆေးတင်းကြပ်နေပြီး ပြည်သူလူထုက သတိထားကြရန် SouthernYSOPDF ကထုတ်ပြန်ထားပါတယ်။

========================

📌📌နွေဦးဆေးခန်းကို ယ​နေ့ မတ်လ၂၁ ရက် မှစတင်၍ အရိူးအကြော၊ အဆစ်နှင့် ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါများ တိုင်ပင် ဆွေးနွေးကုသနိုင်

နွေဦးဆေးခန်းကို ယ​နေ့ မတ်လ၂၁ ရက် မှစတင်၍ အရိူးအကြော၊ အဆစ်နှင့် ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါများ တိုင်ပင် ဆွေးနွေးကုသနိုင်ပြီ ဖြစ်ကြောင်းသတင်းရရှိပါတယ်။ နွေဦးဆေးခန်း (Nway Oo Clinic) ရဲ့ Website (https://nwayooclinic.com/) မှာ ကြိုတင် ရက်ချိန်းရယူနိုင်ပြီ ဖြစ်ကာ မတ်လ၂၁ ရက်နေ့က စတင်ပြီး တိုင်ပင်ဆွေးနွေး ကုသနိုင်ပြီဖြစ်ပါတယ်။ အရိုး၊ အရွတ်၊ အကြောအဆစ်နှင့် ကြွက်သားဆိုင်ရာ ရောဂါများ၊ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ဆိုင်ရာ ရောဂါများကို တိုင်ပင်ကုသနိုင်မှာဖြစ်ပါတယ်။ ဆေးခန်းထိုင်မည့် ဆရာဝန်ကြီးများနှင့် ဆေးခန်းချိန်များကတော့ အရိုးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစို နေ့ရက် - အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာတိုင်းအချိန် - ည (၈) နာရီမှ ည (၁၁) နာရီအထိဖြစ်ပါတယ်။ ဦးနှောက်နှင့် အာရုံကြောခွဲစိတ် အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာခင်မောင်လွင်နေ့ရက် - အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာ​နေ့တိုင်းအချိန် - နံနက် (၈) နာရီမှ နံနက် (၁၁) နာရီအထိဖြစ်ပါတယ်။ မိမိတို့ရဲ့ ရောဂါဝေဒနာများကို အွန်လိုင်းကတစ်ဆင့် တိုင်ပင်ဆွေးနွေးကုသရင်း နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေကိုပါ တစ်ပါတည်း ထည့်ဝင်လှူဒါန်းနိုင်မှာဖြစ်ပြီးတော့ အသေးစိတ်သိရှိလိုသည်များကို နွေဦးဆေးခန်း (Nway Oo Clinic) ရဲ့ Website (https://nwayooclinic.com/) မှာ လေ့လာစုံစမ်းနိုင်ပါတယ်။

========================

📌📌ကလေးမြို့နယ်(တောင်ပိုင်း)၊ အောင်ချမ်းသာကျေးရွာတွင် စကစတပ်တွေနဲ့ CNDF ၊ PDF-Kalay ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်က ခုနစ်ဦးသေ

ကလေးမြို့နယ်(တောင်ပိုင်း)၊ အောင်ချမ်းသာကျေးရွာတွင် စကစတပ်တွေနဲ့ CNDF ၊ PDF-Kalay ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်က ခုနစ်ဦးသေတယ်လို့ သတင်းရရှိပါတယ်။ မတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ အချိန် ကလေးမြို့နယ်(တောင်ပိုင်း)၊ အောင်ချမ်းသာကျေးရွာမှာ ၁ နာရီနီးပါး စကစတပ်တွေနဲ့ ကာကွယ်ရေးတပ်တွေ အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်ကဆိုပါတယ်။

"ကလေးမြို့နယ်(တောင်ပိုင်း)၊ အောင်ချမ်းသာကျေးရွာမှာ မတ်လ ၂၀ ရက် နေ့လည် (၁၂:၃၀) နာရီအချိန်ခန့်မှ စပြီး အကြမ်းဖက်စစ်ကောင်စစ်တပ်များနှင့် CNDF ၊ PDF-Kalay ကာကွယ်ရေးပူးပေါင်းတပ်တို့ တစ်နာရီ နီးပါးအကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ အနည်းဆုံး (၇) ဦးသေဆုံးခဲ့ပါတယ်"လို့ ဖော်ပြပါတယ်။ တိုက်ပွဲတွင် ကာကွယ်ရေးပူးပေါင်းတပ်မှ အထိခိုက် မရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment