22nd MAR 2022 - Evening Daily News by Radio NUG

၂၀၂၂ မတ်လ ၂၂ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌လူ့အခွင့်အ​ရေးဆိုင်ရာ မဟာမင်းကြီးက​နေ လူ့အခွင့်အ​ရေး​ကော်မရှင်ကို တင်သွင်းခဲ့တဲ့ အစီရင်ခံစာကို ကြိုဆိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်
📌Tiger Ye U LPDF မှ ၄၀မမ လက်လုပ်သေနတ် တီထွင်အောင်မြင်
📌ထီးချိုင့်နယ်အနီး စစ်ဆရာဝန်နှင့် ရဲတစ်ဦးပါလာသည့် ကားတစ်စီးမိုင်းဆွဲခံရ၍ နှစ်ဦးစလုံး ရှေ့ဆင့်နောက်ဆင့်သေဆုံး
📌အင်းတကော် ပကဖမှ စစ်ကားတန်းကိုဖောက်ခွဲရာ စစ်ကားတစ်စီး ထိမှန်၍ မြောင်းထဲထိုးကျ
📌မြောင်မြို့နယ် ထွေအုပ်ရုံးတိုက်ခိုက်ခံရ
📌မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ အမေရိကန်ကြေညာ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌လူ့အခွင့်အ​ရေးဆိုင်ရာ မဟာမင်းကြီးက​နေ လူ့အခွင့်အ​ရေး​ကော်မရှင်ကို တင်သွင်းခဲ့တဲ့ အစီရင်ခံစာကို ကြိုဆိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်

လူ့အခွင့်အ​ရေးဆိုင်ရာ မဟာမင်းကြီးက​နေ လူ့အခွင့်အ​ရေး​ကော်မရှင်ကို တင်သွင်းခဲ့တဲ့ အစီရင်ခံစာကို ကြိုဆိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်လိုက်ပါတယ်။ မတ်လ ၂၁ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်ရေးရာဝန်ကြီးဌာနကထုတ်ပြန်လိုက်တာပါ။

"လူ့အခွင့်အ​ရေးဆိုင်ရာ မဟာမင်းကြီးက​နေ လူ့အခွင့်အ​ရေး​ကော်မရှင်ကို တင်သွင်းခဲ့တဲ့ အစီရင်ခံစာကိုကြိုဆိုပါတယ်။ အစီရင်ခံစာမှာ​ ထောက်ပြထားသလို အကြမ်းဖက်စစ်​ကောင်စီက ကျူးလွန်​နေတဲ့ ကြီးမားဆိုးဝါးလှတဲ့ ရာဇဝတ်မှူ​တွေထဲမှာ လူသားမျိုးနွယ်တခုလုံးအ​ပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု​တွေအထိ​မြောက်နိုင်တယ်ဆိုတဲ့အချက်ကို ​ထောက်ခံပါတယ်။ နိုင်ငံတကာ ဥပ​ဒေ​တွေအညီ တရားမျှတမှုနဲ့ တာဝန်ခံ​စေမှု​တွေ ရရှိဖို့ အစိုးရအ​နေနဲ့ လုပ်ဆောင်သွားပါမယ်"လို့ဖော်ပြထားပါတယ်။

နိုင်ငံတကာက အကြမ်းဖက်စစ်​ကောင်စီကို လက်နက်နဲ့ ​ငွေ​ကြေး​​ထောက်ခံမှု​တွေရှိ​နေရင် မြန်မာပြည်သူ​တွေရဲ့ လူ့အခွင့်အ​ရေးအ​ခြေအ​နေ​​နဲ့ လူသားချင်းစာနာမှုအ​ခြေအ​နေ​တွေက ကပ်ဆိုးဆိုက်တဲ့အ​​ခြေအ​နေမျိုးအထိ​ရောက်နိုင်ပါတယ်လို့လည်းဆိုထားပါတယ်။

"လူ့အခွင့်အ​ရေးဆိုင်ရာ မဟာမင်းကြီး​တောင်းဆိုထားသလို ဖမ်းဆီးခံထားရသူတွေအားလုံးကို ပြန်လွှတ်ဖို့၊ အပြည်ပြည်ဆိုင်ရာ တရားစီရင်မှုလုပ်ငန်းစဥ်မှာ ပူး​ပေါင်းပါဝင်ကြဖို့၊ ရိုဟင်ဂျာများအပါအဝင် နယ်စပ်ဖြတ်​ကျော်​ရောက်ရှိ​နေတဲ့ပြည်သူ​တွေ၊ ပြည်တွင်းမှာ ​ပြောင်း​ရွေ့နေထိုင်​နေရတဲ့ ပြည်သူ​တွေအားလုံးကို အမြန်ဆုံး လူသားချင်းစာနာမှုအကူအညီ​တွေ​ပေးဖို့၊ ထပ်မံ​တောင်းဆိုပါတယ်"လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထုတ်ပြန်ကြေညာချက်မှာဖော်ပြထားပါတယ်။

========================

📌📌Tiger Ye U LPDF မှ ၄၀မမ လက်လုပ်သေနတ် တီထွင်အောင်မြင်

Tiger Ye U LPDF မှ ၄၀မမ လက်လုပ်သေနတ် တီထွင်အောင်မြင်ကြောင်းသတင်းရရှိပါတယ်။ မတ်လ ၂၂ ရက်မှာ Tiger Ye U LPDF မှ ၄၀မမ လက်လုပ်သေနတ်ကို စမ်းသပ်ပစ်ခတ်ပြတဲ့ရုပ်သံကိုဖော်ပြခဲ့ပါတယ်။

လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်း ကာကွယ်ရေးတပ်ဖွဲ့များဟာ လက်လုပ်ကာဘိုင်သေနတ်များ၊ လက်နက်ကြီးများ တီထွင်အောင်မြင်လျက်ရှိပါတယ်။ စစ်ကိုင်းတိုင်းကို စကစတပ်များက အင်အားရာနဲ့ချီ နေ့စဥ်စစ်ကြောင်းထိုးလျက်လည်းရှိပါတယ်။

========================

📌📌ထီးချိုင့်နယ်အနီး စစ်ဆရာဝန်နှင့် ရဲတစ်ဦးပါလာသည့် ကားတစ်စီးမိုင်းဆွဲခံရ၍ နှစ်ဦးစလုံး ရှေ့ဆင့်နောက်ဆင့်သေဆုံး

ယမန်နေ့ညက ထီးချိုင့်နယ် အနီး စစ်ဆရာဝန်နှင့် ရဲတစ်ဦးပါလာသည့်ကားတစ်စီး မိုင်းဆွဲခံရ၍ နှစ်ဦးစလုံး ရှေ့ဆင့်နောက်ဆင့်သေဆုံးခဲ့ပါတယ်။ မတ်လ ၂၁ ရက် ည ၈ နာရီတွင် ထီးချိုင့်နယ် နီကယ်စက်ရုံအနီး စစ်ဆရာဝန်နှင့် ရဲလိုက်ပါလာသည့်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Special.9-HPDF ကပြောပါတယ်။

"ကျနော်တို့ လုပ်တာလို့ဘဲ ထင်နေပြန်ပြီ မလား။ ဟုတ်ပါတယ်။ ကျနော်တို့ဘဲ လုပ်တာပါ။ စည်းကမ်းလိုက်နာ ဘေးကင်းကွာတဲ့ ခုတော့ စည်းကမ်းမလိုက်နာတဲ့ စကစတပ်က ဆရာဝန်ရှောပြီလေ။ သူ့နောက်လိုက်သွားတဲ့ ဒလံ စကစတပ်တွေလဲ ရှိသေးတယ်။ မတ်လ ၂၁ ရက် ည ၈ နာရီ ဝန်းကျင်တွင် နီကယ် စက်ရုံအနီးတွင် စကစတပ်ဆရာဝန်နှင့် ရဲတစ်ဦး ပါလာသော ကားအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစတပ် ဆရာဝန် ​သေဆုံးပြီး ရဲကတော့ 22 ရက်နေ့ မနက်ပိုင်းမှာ ​သေတယ်လို့ သတင်းရပါတယ်"လို့ဆိုပါတယ်။ သေဆုံးသွားသည့် ရဲနာမည်မှာ သာစိန်လို့သိရပါတယ်။

" မိုင်းကွဲရာနေရာသို့ ဆိုင်ကယ်ဖြင့် ရောက်လာသော မောင်းကုန်းနှင့နီကယ်မှ စခနှင့် အပေါင်းအပါ ဒလံများအား ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အထိအခိုက်အကျအဆုံး ရှိပြီး အနည်းဆုံး နှစ်ဦးခန့် ထပ်မံထိခိုက်ကျဆုံးနိုင်တယ်"လို့ဆိုပါတယ်။ တကောင်းဆေးရုံတွင်လည်း စကစတပ်များ ဒဏ်ရာများဖြင့် ရောက်ရှိနေကြောင်း သတင်းရရှိပါတယ်။

========================

📌📌အင်းတကော် ပကဖမှ စစ်ကားတန်းကိုဖောက်ခွဲရာ စစ်ကားတစ်စီး ထိမှန်၍ မြောင်းထဲထိုးကျ

အင်းတကော်ပကဖမှ စစ်ကားတန်းကိုဖောက်ခွဲရာ စစ်ကားတစ်စီး ထိမှန်၍ မြောင်းထဲထိုးကျခဲ့ပါတယ်။ မတ်လ (၂၁) ရက် အမြန်လမ်း မိုင်တိုင် (၂၉)၊ (၅) ဖာလုံ အနီးတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ဟု ပဲခူးတိုင်းစစ်ဒေသခွဲ၊ ပဲခူးခရိုင်တပ်ရင်း(၁)၊ တပ်ခွဲ(၂) (အင်းတကော်ပကဖ-IPDF) မှသိရပါတယ်။

"၎င်းတိုက်ခိုက် မှုတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းမှ ယာဉ်တစ်စီးမှာ အမြန်လမ်းဘေးမြောင်းထဲသို့ ကျသွားပြီး ယာဉ်နှင့် စကစ တပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိခဲ့"ဟု ပဲခူး BDF ကဖော်ပြပါတယ်။
ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ ယန္တရားများကို ယခုထက်ပိုမို ပြင်းထန်စွာ ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်းသိရပါတယ်။

========================

📌📌မြောင်မြို့နယ် ထွေအုပ်ရုံးတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း မြောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို မတ်လ၂၁ ရက် ညပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ မြောင်မြို့နယ် တော်လှန်ရေးတပ်ကဆိုပါတယ်။ မတ်လ ၂၁ ရက် ည ၇ နာရီ ၁၅ အချိန်မှာ မြောင်မြို့နယ်တော်လှန်ရေးတပ်၊ စစ်ကိုင်းခရိုင် တပ်ရင်း ၁ အရန်တပ်ခွဲ ၁ နဲ့ ဇာမဏီတော်လှန်ရေးအင်အားဟု ပြောက်ကျားတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

မြောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို မဟာမိတ်တပ်များ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင်များထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ သတင်းရရှိပါတယ်။
အဆိုပါတိုက်ခိုက် မှုဟာ Non CDM ဝန်ထမ်းများအား နောက်ဆုံးအကြိမ် သတိပေးတိုက်ခိုက်တာဖြစ်တယ်လို့ မြောင်မြို့နယ်တော်လှန်ရေးတပ်ကဆိုပါတယ်။

========================

📌📌မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ အမေရိကန်ကြေညာ

မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ အမေရိကန်အစိုးရကကြေညာလိုက်ပါတယ်။ မတ် ၂၁ ရက်နေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ကြေညာပြောကြားလိုက်တာဖြစ်ပါတယ်။

“မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်တယ်လို့ ကျနော် ဆုံးဖြတ်ထားပါတယ်” လို့ အန်တိုနီ ဘလင်ကန်ကပြောကြားခဲ့ပါတယ်။ အကြမ်းဖက်စစ်တပ်အနေနဲ့ ရိုဟင်ဂျာတွေကို လူမျိုးတုန်းအောင် ဒါမှမဟုတ် တော်တော်များများကို သတ်ဖြတ်ဖို့ကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်ခဲ့ တာလို့ ဆိုထားပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment