သတင်းခေါင်းစဉ်များ -
📌ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး HE Ms.Linsa Thomas-Greenfield နဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဝန်ကြီးများတွေ့ဆုံ
📌အိမ်နီးချင်းနိုင်ငံများ စစ်ကောင်စီလက်အောက် ရင်းနှီးမြုပ်နှံမှုများမလုပ်စေရေး အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက နည်းမျိုးစုံသုံး၍ တားဆီးခဲ့
📌လေးကေ့ကော်တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်များ အထိအခိုက်အကျအဆုံး များပြားစွာဖြင့် ပြန်လည် ဆုတ်ခွာ
📌သင်္ကြန်အကြတ်နေ့ မနက်ပိုင်း မန္တလေးမြို့မှာ စကစကို အခွန်များစွာပေးနေတဲ့ Zeus Bar ကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ Rangers of Mandalay ထုတ်ပြန်
📌ပြည်တော်၀င် စစ်ဆင်ရေး "ပခုက္ကူမြို့ မြို့ရှောင်လမ်းရှိ အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးကင်းတစ်ခုအား PPDF ရဲဘော်များမှ ပစ်ခတ်တိုက်ခိုက်၍ စစ်သားနှစ်ဦးထိခိုက်သေဆုံးနိုင်
📌ထီးချိုင့်မြို့နယ် မောင်းကုန်းက စကစတပ်များ ကြံကားနှစ်စီးနဲ့ တုံလုံဘက်မောင်းလာစဥ် မိုင်းနှစ်လုံးနဲ့ တိုက်ခိုက်ခံရ
📌နွေဦးထီ လက် မှတ် ရောင်းရငွေရဲ့ ၇၀% အား CDM ဝန်ထမ်းများအား ချီးမြှင့်ပေးလျက်ရှိရာ စုစုပေါင်း CDM ဝန်ထမ်းဦးရေ ၈၇၀၀ ကျော်အား ချီးမြှင့်နိုင်ခဲ့ပြီးဖြစ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး HE Ms.Linsa Thomas-Greenfield နဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဝန်ကြီးများတွေ့ဆုံ
ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး HE Ms.Linsa Thomas-Greenfield နဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဝန်ကြီးများတွေ့ဆုံခဲ့တယ်လို့ ဧပြီ ၁၅ ရက်တွင် လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက သူ၏လူမှုကွန်ရက်တွင် ရေးသားအသိပေးခဲ့ပါတယ်။
"ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး HE Ms.Linsa Thomas-Greenfield နဲ့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သူမရဲ့ထုတိဖော်ပြောဆိုမှုတွေအတွက် ကျေးဇူးတင်ကြောင်း မြန်မာပြည်သူတွေရဲ့ကိုယ်စားပြောကြားခဲ့ပါတယ်။ မြန်မာအရေးနဲ့ပတ်သက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာစေဖို့ ဆက်လက်လုပ်ဆောင်သွားမည့်အကြောင်း ကတိပေးပြောကြားသွားပါတယ်"လို့ဆိုပါတယ်။ လက်ရှိ မြန်မာအရေးကို ကုလသမဂ္ဂ က ပြတ်သားတဲ့ ဆုံးဖြတ်ချက်များ ချမှတ်နိုင်မှုမရှိသေးဘူးလို့သိရပါတယ်။
========================
📌📌အိမ်နီးချင်းနိုင်ငံများ စစ်ကောင်စီလက်အောက် ရင်းနှီးမြုပ်နှံမှုများမလုပ်စေရေး အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက နည်းမျိုးစုံသုံး၍ တားဆီးခဲ့
အိမ်နီးချင်းနိုင်ငံများ စစ်ကောင်စီလက်အောက် ရင်းနှီးမြုပ်နှံမှုများမလုပ်စေရေး အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက နည်းမျိုးစုံသုံး၍ တားဆီးခဲ့တယ်လို့ ဝန်ကြီး ဒေါက်တာတူးခေါင်က ဝန်ကြီးဌာနရဲ့ တစ်နှစ်တာအတွင်းလုပ်ငန်းဆောင်ရွက်ချက် ပြည်သူသို့အစီရင်ခံရာမှာ ဆိုခဲ့ပါတယ်
"ကျနော်တို့ဝန်ကြီးဌာနအနေနဲ့ စကစကို စီးဝင်လာမဲ့ ဝင်ငွေလမ်းကြောင်းတွေ ဖြတ်တောက်ရတဲ့အလုပ်ကို ကြုိးစားလုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် NUG ကိုအစိုးရအဖြစ် ပြည်ပနိုင်ငံများက အသိအမှတ်မပြုရင်တောင် စကစကို အ စိုးရအဖြစ် နေရာမပေးဖို့ကို ကြိုးစားခဲ့ကြပါတယ်။အိမ်နီးချင်းနိုင်ငံများ စကစလက်အောက်ရင်းနှီးမြုပ်နှံ့မှုများမပြုလုပ်စေရေး နည်းမျိုးစုံသုံးချဥ်းကပ်ပြီး သက်ဆိုင်ရာ အစိုးရလူကြီးများထံ သတင်းစကားပါးနိုင်ခဲ့ပါတယ်။ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များက စကစကိုဝင်ငွေရှာမပေးဖို့ကိုလည်း နှိုးဆော် တိုက်တွန်းနိုင်ခဲ့ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ က မကွေးတိုင်း၊စစ်ကိုင်းတိုင်းတို့မှာ သယံဇာတ အုပ်ချုပ်ရေးကော်မတီများဖွဲ့ထားပေးကာ ပြည်ထောင်စုအဆင့်ကော်မတီမှာလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ဦးဆောင်၍ နေ့စဥ်လုပ်ငန်းဆောင်ရွက် မှုများရှိနေပြီဖြစ်ပါတယ်။
========================
📌📌လေးကေ့ကော်တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်များ အထိအခိုက်အကျအဆုံး များပြားစွာဖြင့် ပြန်လည် ဆုတ်ခွာ
ဧပြီ ၁၄ ရက် ည (၁၀) နာရီ (၅၅) မိနစ်မှ စတင်ကာလေးကေ့ကော်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ကော်ပရာစစ်ကြောင်းက ဆိုပါတယ်။ တိုက်ပွဲ အကြမ်းဖက် စစ်ကောင်စီတပ်များ အထိအခိုက်အကျအဆုံး များပြားစွာဖြင့် ပြန်လည် ဆုတ်ခွာသွားကြောင်းသတင်းရရှိပါတယ်။
"မြန်မာသင်္ကြန် အကျနေ့၊ ယမန်နေ့ည (၁၀)နာရီ (၅၅) မိနစ်မှ စတင်ကာ လေ့ကေ့ကော် မြို့သစ်အနီး ကော်ဘရာစစ်ကြောင်းမှ လုံခြုံရေးရယူထားသော တောင်ကုန်းများအပေါ်သို့ အကြမ်းဖက်စစ်ကောင်စီမှ ကျူးကျော်ရန် ကြိုးစားလာခဲ့ပါတယ်။ ထို့ကြောင့် နှစ်ဖက် ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဖက်မှ အမြှောက်လက်နက်ကြီးများ တရစပ် ပစ်ခတ် ပစ်ကူပေးခဲ့ပါတယ်။သို့ပါသော်လည်း ကော်ဘရာစစ်သည်များ၏ ရွတ်ရွတ်ချွံချွံ ခုခံ တိုက်ခိုက်နိုင်ခဲ့မှုကြောင့် မြန်မာသင်္ကြန် အကြတ်နေ့ ယနေ့ မနက် (၃)နာရီ ခွဲခန့်အချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များ အထိအခိုက်အကျအဆုံး များပြားစွာဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရပါတယ်"တယ်လို့ဆိုပါတယ်။
လတ်တလောအကြမ်းဖက် စစ်ကောင်စီ၏ ထိခိုက် သေဆုံးမှု ပမာဏကို အတည်မပြုနိုင်သော်လည်း ကော်ဘရာ စစ်သည်များ ထိခိုက်၊ ကျဆုံး မရှိခဲ့ဘူးလို့သိရပါတယ်။ အကြမ်းဖက် စစ်ကောင်စီ၏ စစ်အသုံးအဆောင်များနှင့် ကျည်ဆန်များအား သိမ်းဆည်းရမိခဲ့ကြောင်း ကော်ပရာစစ်ကြောင်းကဖော်ပြပါတယ်။
========================
📌📌သင်္ကြန်အကြတ်နေ့ မနက်ပိုင်း မန္တလေးမြို့မှာ စကစကို အခွန်များစွာပေးနေတဲ့ Zeus Bar ကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ Rangers of Mandalay ထုတ်ပြန်
ဧပြီ ၁၅ ရက် မနက်ပိုင်း သင်္ကြန်အကြတ်နေ့ မနက်ပိုင်းတွင် မန္တလေးမြို့မှာ စကစကို အခွန်များစွာပေးနေတဲ့ Zeus Bar ကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ Rangers of Mandalay PDF ကထုတ်ပြန်ပါတယ်။
"စကစကို အခွန်များစွာပေးနေပြီးတစ်နိုင်ငံလုံး စစ်ဘေးဒုက္ခရောက်နေတဲ့အချိန်မှာDJ party လုပ်နေတဲ့ Zeus Bar ကိုမုန့်လုံးရေပေါ် လက်ဆောင်ပေးခဲ့ပါတယ် "လို့ဆိုပါတယ်။ စကစက ကျင်းပတဲ့ မန္တလေး သင်္ကြန်မှာမပါဝင်ဖို့ ကာကွယ်ရေးတပ်ဖွဲ့များက ပြည်သူလူထုကိုနှိုးဆော်တိုက်တွန်းထားပါတယ်။
"အခြေခံလူတန်းစားတွေ သူတို့တတ်နိုင်တာလေးနဲ့ပျော်နေတာကို အပြစ်မမြင်ပါ။ ဒီလိုမျိုး ရေပေါ်ဆီတွေ ပိုက်ဆံ သိန်း ၁၀ ဂဏန်းသုံးစကစကို ကျည်ဆံဖိုးပေးတဲ့ နေရာတွေကို အသီးကျွေးသွားမှာဖြစ်ပါတယ်"လို့ Rangers of Mandalay PDF ကဆိုပါတယ်။
========================
📌📌ပြည်တော်၀င် စစ်ဆင်ရေး "ပခုက္ကူမြို့ မြို့ရှောင်လမ်းရှိ အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးကင်းတစ်ခုအား PPDF ရဲဘော်များမှ ပစ်ခတ်တိုက်ခိုက်၍ စစ်သားနှစ်ဦးထိခိုက်သေဆုံးနိုင်
ဧပြီ ၁၄ ရက် မဟာသင်္ကြန်အကျနေ့ ညနေပိုင်းတွင်"ပြည်တော်၀င် စစ်ဆင်ရေး"ပခုက္ကူမြို့ မြို့ရှောင်လမ်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ လုံခြုံရေးကင်းတစ်ခုအား PPDF ရဲဘော်များမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား(၂)ဦးခန့် ထိခိုက်သေဆုံးနိုင်ကြောင်း သိရပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အပြီး အကြမ်းဖက် ရဲကား(၂)စီးမှ ပခုက္ကူမြိုင်လမ်း (ချောက်ကန်အနီး) တွင် ရဲနှင့် စကစများပူးပေါင်းအဖွဲ့(၁၆)ဦးက PPDF အားစောင့်ဆိုင်း၍ ပစ်ခတ်သဖြင့်ထိတွေ့မှုတချို့ဖြစ်ပွားခဲ့ပါတယ်။ ထိတွေ့မှုတွင်စခန်းမှူးတစ်ဦးထိပြီး နမခ သို့ပို့ရမည့် အကောင်ကြီးကြီး တစ်ကောင်ပါကြောင်းကနဦးသိရပါတယ်လို့ PPDF ကဆိုပါတယ်။
========================
📌📌ထီးချိုင့်မြို့နယ် မောင်းကုန်းက စကစတပ်များ ကြံကားနှစ်စီးနဲ့ တုံလုံဘက်မောင်းလာစဥ် မိုင်းနှစ်လုံးနဲ့ တိုက်ခိုက်ခံရ
ဧပြီ ၁၅ ရက်နေ့မှာ စစ်ကိုင်းတိုင်း ထီးးချိုင့်မြို့နယ် မောင်းကုန်းက စကစတပ်များ ကြံကားနှစ်စီးနဲ့တုံလုံဘက်မောင်းလာစဥ် မိုင်းနှစ်လုံးနဲ့ တိုက်ခိုက်ခံရတယ်လို့ ထီးချိုင့်တော်လှန်ရေးအင်အားစုက ဆိုပါတယ်။ အထိအခိုက် မသိရသေးပါ လို့ဖော်ပြပါတယ်။ ထီးချိုင့်မြို့နယ်အတွင်း စကစတပ်များအင်အားတိုးချဲ့ကာ တောနင်းရှာဖွေမှုများ မကြာခဏလုပ်ဆောင်လျက်ရှိပါတယ်။
========================
📌📌နွေဦးထီ လက် မှတ် ရောင်းရငွေရဲ့ ၇၀% အား CDM ဝန်ထမ်းများအား ချီးမြှင့်ပေးလျက်ရှိရာ စုစုပေါင်း CDM ဝန်ထမ်းဦးရေ ၈၇၀၀ ကျော်အား ချီးမြှင့်နိုင်ခဲ့ပြီးဖြစ်
နွေဦးထီ လက် မှတ် ရောင်းရငွေရဲ့ ၇၀% အား CDM ဝန်ထမ်းများအား ချီးမြှင့်ပေးလျက်ရှိရာ စုစုပေါင်း CDM ဝန်ထမ်းဦးရေ ၈၇၂၁ ဦးအား ချီးမြှင့်နိုင်ခဲ့ပြီးဖြစ်တယ်လို့ ဧပြီ ၁၅ ရက်နေ့မှာ နွေဦးထီမိသားစုက ထုတ်ပြန်ခဲ့ပါတယ်။
"အောင်လံလွှင့်ချီ နွေဦးထီဟာ ပြည်သူဖက်မှ ရပ်တည်သော CDM ဝန်ထမ်းများအား ချီးမြှင့်နိုင်ရန် နှင့် ပြည်သူလူထုအား ဝန်ဆောင်မှုပေးနိုင်ရန် အစဉ်ကြိုးပမ်းလျက်ရှိပါတယ်။မတ်လအထိ ထီဖွင့်ရက်ပေါင်း ၁၄၂ ရက်အတွင်း ထီလက်မှတ် ရောင်းရငွေ၏ ၇၀% အား CDM ဝန်ထမ်းများအား ချီးမြှင့်ပေးနိုင်ခဲ့ပါတယ်။ နွေဦးထီမှ ၂၀၂၂ ဖေဖော်ဝါရီလ နဲ့ မတ်လ အတွင်း ဝန်ကြီးဌာနဲ့အဖွဲ့အစည်း ၂၈ ခုမှ CDM ဝန်ထမ်းပေါင်း ၁၃၅၅ ဦးအား ချီးမြှင့်နိုင်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ၃၂၂၉ ယောက်၊ ဒီဇင်ဘာလတွင် ၁၅၈၂ ယောက်၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ၁၀၆၆ ယောက်ကို ချီမြှင့်နိုင်ခဲ့ပါတယ်။
"ပြည်သူလူထု အနေဖြင့် နွေဦးထီမှသော်လည်းကောင်း၊ အခြား CDM ထောက်ပံ့အဖွဲ့အစည်းများမှသော်လည်းကောင်း အကြမ်းဖက်စစ်ကောင်စီ၏ ယန္တရားထောက်တိုင်အား လှဲဖြိုခဲ့သော CDM ဝန်ထမ်းများအား ချီးမြှင့်ကူညီပေးကြဖို့ တိုက်တွန်း နှိုးဆော်အပ်ပါတယ်"လို့ နွေဦးထီမိသားစုကဆိုပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment