သတင်းခေါင်းစဉ်များ -
📌ဒီကနေ့ တိုင်းပြည်ရဲ့ လိုအပ်ချက်နဲ့ ပြည်သူ့ရဲ့တောင်းဆိုချက်က ပြည်ထောင်စုသစ်တစ်ရပ်နဲ့ တပ်မတော်သစ်တစ်ခုတည်ထောင်ဖို့ ဖြစ််တယ်လို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ပြောကြား
📌NUG ဆိုတာ လေလှိုင်းအစိုးရမဟုတ်ဘဲ တစ်နှစ်တာအတွင်းမှာ လူသားချင်းစာနာကူညီမှု လုပ်ငန်းတွေအတွက် ၂.၇၃ဘီလီယံကျပ် သုံးစွဲနိုင်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို
📌စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး"ကို ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပမယ်
📌ပျံလွှားအောင်စစ်ဆင်ရေးနှင့် နန်းထိုက်အောင်စစ်ဆင်ရေးလုပ်ငန်းများအတွက် MFDMC-Korea ထောက်ပို့အဖွဲ့ဝင်များမှ ကျပ်သိန်း ၄၀၀ တိတိအား ထောက်ပို့ပေးနိုင်
📌နှစ်ဆန်းတစ်ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး "Easter Eggs Strike" လှုပ်ရှားမှုပြုလုပ်
📌အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားရေးရာ နစ်နာမှုအချက်အလက်ကောက်ယူရေး၊ တိုင်ကြားမှုယန္တရားနှင့်စပ်လျဉ်းသည့် ကြေညာချက်အမှတ် ၅/၂၀၂၂ ကိုကြေညာ
📌Mi 35P လေယာဥ်ပိုင်းလော့ ဗိုလ်မှူး အောင်ကိုဇော်အား ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ တပ်ခွဲ (၃) က ဝါးလည်ရွာ နားတွင်သေနတ်နဲ့ ပစ်ခတ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ဒီကနေ့ တိုင်းပြည်ရဲ့ လိုအပ်ချက်နဲ့ ပြည်သူ့ရဲ့တောင်းဆိုချက်က ပြည်ထောင်စုသစ်တစ်ရပ်နဲ့ တပ်မတော်သစ်တစ်ခုတည်ထောင်ဖို့ ဖြစ််တယ်လို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ပြောကြား
ဒီကနေ့ တိုင်းပြည်ရဲ့ လိုအပ်ချက်နဲ့ ပြည်သူ့ရဲ့တောင်းဆိုချက်က ပြည်ထောင်စုသစ်တစ်ရပ်နဲ့ တပ်မတော်သစ်တစ်ခုတည်ထောင်ဖို့ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကပြောကြားလိုက်ပါတယ်။
ဧပြီ ၁၇ ရက် BPLA ၏ တစ်နှစ်ပြည့်တပ်တော်နေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကပေးပို့သော သဝဏ်လွှာမှာ ဝန်ကြီးဦးရည်မွန်ကထည့်သွင်းပြောကြားခဲ့ပါတယ်။
"ဒီနေ့ တိုင်းပြည်ရဲ့လိုအပ်ချက်၊ ပြည်သူရဲ့တောင်းဆိုချက်က ပြည်ထောင်စုသစ်တစ်ရပ်နဲ့ တပ်မတော်သစ်တစ်ခု တည်ထောင်ဖို့ဖြစ်တယ်။ ပြည်ထောင်စုသစ်ဟာ စစ်မှန်တဲ့ဖက်ဒရယ် ဒီမိုကရေစီစနစ်အပေါ်မှာ အခြေပြုတယ်။ တပ်မတော်သစ်ကတော့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လက်ခံယုံကြည်ပြီး ပြည်ထောင်စုတိုင်းရင်းသားအားလုံးပါဝင်တဲ့ တိုင်းရင်းသား ပြည်သူလူထုကိုအမှန်တကယ် စောင့်ရှောက်နိုင်စွမ်းရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ပဲဖြစ်တယ်"လို့ဆိုပါတယ်။
အာဏာသိမ်း အကြမ်းဖက်စစ်အုပ်ကို တွန်းလှန်တိုက်ခိုက်ဖို့ ၂၀၂၁ ခု နှစ်စက်တင်ဘာ ၇ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရက နိုင်ငံကိုအရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။ လက်ရှိမှာ တစ်နိုင်ငံလုံးရဲ့ ဧရိယာ ၅၀ ရာခိုင်နှုန်းကို PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံးက လွှမ်းခြုံနိုင်ပြီဖြစ်ပါတယ်။
=======================
📌📌NUG ဆိုတာ လေလှိုင်းအစိုးရမဟုတ်ဘဲ တစ်နှစ်တာအတွင်းမှာ လူသားချင်းစာနာကူညီမှု လုပ်ငန်းတွေအတွက် ၂.၇၃ ဘီလီယံကျပ် သုံးစွဲနိုင်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို
NUG ဆိုတာ လေလှိုင်းအစိုးရမဟုတ်ဘဲ တစ်နှစ်တာအတွင်းမှာ လူသားချင်းစာနာကူညီမှု လုပ်ငန်းတွေအတွက် ၂.၇၃ ဘီလီယံကျပ် သုံးစွဲနိုင်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဝန်ကြီးဌာနလုပ်ဆောင်ချက်များအကြောင်း ပြည်သူသို့ အစီရင်ခံရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
"NUG ဆိုတာ လေလှိုင်းအစိုးရမဟုတ်ပါဘူး။ လူသားချင်းစာနာကူညီမှု လုပ်ငန်းတွေကိုချမှတ်ထားတဲ့ မူဝါဒတွေ လုပ်ငန်းစီမံချက်တွေနဲ့ အညီအကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပြီးတော့တစ်နှစ်တာ အတွင်းမှာ ရန်ပုံငွေ ကျပ်၂.၇၃ ဘီလီယံ ကျပ်သုံးစွဲနိုင်ခဲ့ပါတယ်။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုလက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်ပါတယ်"လို့ဆိုပါတယ်။
လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေနဲ့ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်သူများနဲ့ စစ်ဘေးရှောင်ပြည်သူတွေ၊ စစ်ကောင်စီရဲ့အကြမ်းဖက်မှုမှုကြောင့် ကျဆုံးခဲ့ရတဲ့ သူရဲကောင်းတွေနဲ့သူတို့ရဲ့မိသားစုဝင်တွေ၊ ရှေ့တန်းမှာထိခိုက်ခဲ့တဲ့ရဲဘော်တွေကို ထောက်ပံ့ကူညီခဲ့ပါတယ်။
ဒါ့အပြင် ဝန်ကြီးဌာအနေနဲ့ ပြည်ပအဖွဲ့အစည်းများနဲ့တွေ့ဆုံမှု ၆၂ ကြိမ်၊ ပြည်တွင်းအဖွဲ့အစည်းများနဲ့တွေ့ဆုံမှု ၇၄ ကြိမ်ရှိခဲ့ပြီးတော့ ကော်မတီနဲ့ကော်မရှင် ၁၀ ခု မှာလူသားအကျိုးပြုလုပ်ငန်းများပါဝင်ဆောင်ရွက်ခဲ့ပါတယ်။
========================
📌📌စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး"ကို ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပမယ်
စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး"ကို ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပမယ်လို့သတင်းရရှိပါတယ်။
လွှတ်တော်ကျင်းပနေပုံကို တိုက်ရိုက် Live ထုတ်လွှင့်မှာဖြစ်တဲ့အတွက် ပြည်သူများ စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး"ကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် စတုတ္ထအကြိမ်အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီးတော့အစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ နှစ်ပတ်လည်အစီရင်ခံစာကို ဝန်ကြီးဌာနအလိုက် လွှတ်တော်သို့ဖတ်ကြားတင်သွင်းသွားမည်ဖြစ်ပါတယ်။
အဆိုပါအစည်းအဝေးကို ပြည်သူများတိုက်ရိုက်ကြည့်ရှုနိုင်စေရန်အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ Facebook page တွင်လည်းတိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ပါကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကထုတ်ပြန်ပါတယ်။
========================
📌📌ပျံလွှားအောင်စစ်ဆင်ရေးနှင့် နန်းထိုက်အောင်စစ်ဆင်ရေးလုပ်ငန်းများအတွက် MFDMC-Korea ထောက်ပို့အဖွဲ့ဝင်များမှ ကျပ်သိန်း ၄၀၀ တိတိအား ထောက်ပို့ပေးနိုင်
ပျံလွှားအောင်စစ်ဆင်ရေးနှင့် နန်းထိုက်အောင်စစ်ဆင်ရေးလုပ်ငန်းများအတွက် MFDMC-Korea ထောက်ပို့အဖွဲ့ဝင်များမှ ကျပ်သိန်း ၄၀၀ တိတိအား ထောက်ပို့ပေးနိူင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဧပြီ ၁၇ ရက်နေ့မှာ မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ကသတင်းထုတ်ပြန်ခဲ့ပါတယ်။
"မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထောက်ပံ့အဖွဲ့ဝင်များ၏ လစဉ်ထောက်ပို့ငွေများထဲမှ ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေး(တောင်ပိုင်းတိုင်း) ကွပ်ကဲသော ပျံလွှားအောင်စစ်ဆင်ရေးနှင့် နန်းထိုက်အောင်စစ်ဆင်ရေးလုပ်ငန်းများအတွက် MFDMC-Korea ထောက်ပို့အဖွဲ့ဝင်များမှ ကျပ်သိန်း ၄၀၀ တိတိအား ထောက်ပို့ထားခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
ပျံလွှားအောင်နဲ့ နန်းထိုက်အောင် စစ်ဆင်ရေးဟာ ရန်ကုန်မြို့ပြမှာ နာမည်ရတဲ့ စစ်ဆင်ရေးများဖြစ်ပြီးတော့ မြို့ပြ ပြောက်ကျားတပ်များ ပူးပေါင်းဆင်နွှဲတဲ့စစ်ဆင်ရေးလည်းဖြစ်ပါတယ်။
MFDMC ၏မူဝါဒအတိုင်း ကာကွယ်ရေးဝန်ကြီးဌာနလမ်းညွှန်ချက်အတိုင်း မြေပြင်သို့တိုက်ရိုက် မြန်ဆန်တိကျစွာ ပေးပို့ဆောင်ရွက်ခဲ့ပြီး ထိရောက်သော ထောက်ပံ့မှုများကိုဆက်လက်ဆောင်ရွက် ပို့ဆောင်နေပါတယ်လို့ မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ကထုတ်ပြန်ပါတယ်။
========================
📌📌နှစ်ဆန်းတစ်ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး "Easter Eggs Strike" လှုပ်ရှားမှုပြုလုပ်
မြန်မာလူမျိုးတွေအတွက် နေ့ထူးနေ့မြတ်နှစ်ဆန်းတရက်နေ့ဖြစ်ပြီး ခရစ်ယာန် ဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် Easter Sunday နှင့် လာဆုံတဲ့ ဧပြီလ ၁၇ ရက်နေ့တွင် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ များမှပြည်သူများနှင့်အတူ စစ်ရှောင်နေရ၍ Easter Egg Day ကျင်းပခွင့်မရသော တိုင်းရင်းသားညီအစ်ကို မောင်နှမ လူမျိုးစုတို့ ကိုယ်စား ရန်ကုန်လူထုသပိတ်မှ ပူးပေါင်းပါဝင်ကာ 'ဖက်ထရယ် ဒီမိုကရေစီ ရရှိရေး' 'စစ်အာဏာရှင် ကျဆုံးရေး' 'စစ်ဘေးရှောင်ပြည်သူတွေ အတွက် ဆုတောင်းပွဲ' နှင့် တော်လှန်ရေးတွင် ပြည်သူများပါဝင်လာစေရန် လှုံ့ဆော်သောစာသားများ ရေးသားပြီး Easter Eggs Strike Campaign လှုပ်ရှားမှုကိုပြုလုပ်ခဲ့ကြပါတယ်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားရေးရာ နစ်နာမှုအချက်အလက်ကောက်ယူရေး၊ တိုင်ကြားမှုယန္တရားနှင့်စပ်လျဉ်းသည့် ကြေညာချက်အမှတ် ၅/၂၀၂၂ ကိုကြေညာ
အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားရေးရာ နစ်နာမှုအချက်အလက်ကောက်ယူရေး၊ တိုင်ကြားမှုယန္တရားစတင်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီ လ ၁၇ ရက်နေ့မှ စတင်၍တိုင်ကြားနိုင်ပါကြောင်းနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့်စပ်လျဉ်းသည့် ကြေညာချက်အမှတ် ၅/၂၀၂၂ ကိုကြေညာလိုက်ပါတယ်။
အလုပ်သမားရေးရာ နစ်နာမှုအချက်အလက်များကို အလုပ်သမားဝန်ကြီးဌာန Complaint Website မှတဆင့်လည်းကောင်း၊ အလုပ်သမားဝန်ကြီးဌာန Facebook Messenger Bot မှတဆင့်လည်းကောင်း၊ complaint@molmyanmar.org သို့ Email ပို့ခြင်းဖြင့်လည်းကောင်း တိုင်းကြားနိုင်တယ်လို့ ပါရှိပါတယ်။ အသေးစိတ်ကို အလုပ်သမားဝန်ကြီးဌာန Facebook စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
========================
📌📌Mi 35P လေယာဥ်ပိုင်းလော့ ဗိုလ်မှူး အောင်ကိုဇော်အား ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ တပ်ခွဲ (၃) က ဝါးလည်ရွာ နားတွင်သေနတ်နဲ့ ပစ်ခတ်
Mi 35P လေယာဥ်ပိုင်းလော့ ဗိုလ်မှူး အောင်ကိုဇော်အား ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ တပ်ခွဲ (၃)က ဝါးလည်ရွာ နားတွင်သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဧပြီ ၁၇ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ Mi 35P လေယာဥ်ပိုင်းလော့ ဗိုလ်မှူး အောင်ကိုဇော်အားရွှေတောင်မြို့ ဝါးလည်ရွာ နားတွင် သေနတ်နဲ့တစ်ချက် ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ ကျည်ထိမှန်ခဲ့သော ဗိုလ်မှူးအောင်ကိုဇော်အားစစ်ကောင်စီကားများလုံခြုံရေးယူကာ နေ့လည် ၁၂ နာရီခန့်က ရန်ကုန်သို့ ခေါ်ဆောင်သွားပြီ သေဆုံးခြင်းရှိမရှိမသိရသေးဘူးဖြစ်ပါတယ်။ စစ်ဆင်ရေးကို ပြည်ခရိုင်PDF တပ်ရင်း ၃၆၀၂ တပ်ခွဲ (၃) က ကလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment