8th APR 2022 - Morning Daily News by Radio NUG

၂၀၂၂ ဧပြီလ ၈ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ဥပဒေမူကြမ်း Burma Act of 2021 အထက်လွှတ်တော်အတည်ပြုဖို့ ကျန်ရှိသေး
📌PDF ထောက်ပံ့မှုနဲ့ မိခင်ဖြစ်သူကို ဖမ်းဆီးပြီး ၄ နှစ်အရွယ်မူကြိုကျောင်းသားကိုလည်း စစ်ကောင်စီက မူကြိုကျောင်းထဲထိလာရောက်ဖမ်းဆီး
📌ပျံလွှားအောင်စစ်ဆင်ရေး ပြီးဆုံးသွားပြီဖြစ်ပြီး စစ်ဆင်ရေးပုံသဏ္ဍာန်အသစ်တစ်ခုကို စတင်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ကသတင်းထုတ်ပြန်
📌လက်နက်ထုတ်လုပ်ရန် ကုန်ကြမ်းများတင်ထားတဲ့ ကားသုံးစီးနှင့် ဗိုလ်ကြီးအဆင့်အပါအဝင် ၇ ဦးကို PDF များဖမ်းဆီးမိခဲ့ကြပါတယ်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ဥပဒေမူကြမ်း Burma Act of 2021 အထက်လွှတ်တော်အတည်ပြုဖို့ ကျန်ရှိသေး

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ဥပဒေမူကြမ်း Burma Act of 2021 အထက်လွှတ်တော်အတည်ပြုဖို့ ကျန်ရှိသေးတယ်လို့သတင်းရရှိပါတယ်။ ဧပြီ ၇ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက သုံးသပ်ပြောကြားပါတယ်။ "မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ဥပဒေမူကြမ်း Burma Act of 2021 ကို အမေရိကန် အောက်လွှတ်တော်ကနေ မ​နေ့က အတည်ပြုလိုက်ပါတယ်။ အခုက​တော့ ပထမအဆင့်ဖြစ်ပြီး အထက်လွှတ်​တော်က အတည်ပြုဖို့လိုပါသေးတယ်။ ဆက်လက်ကြိုးပမ်းတိုက်တွန်းရဦးမှာပါ။ လွှတ်​တော်နှစ်ရပ်လုံးက အတည်ပြုပြီး သမ္မတက လက်မှတ်ထိုးပြီးရင်တော့ မြန်နမာနိုင်ငံအတွက် ပိုမိုအား​ကောင်းတဲ့ အ​ရေးယူ​ဆောင်ရွက်မှု​တေ့ ထပ်ပေါ်လာမှာပါ။ နိုင်ငံံခြားရေး၀န်ကြီးဌာနမှာ မြန်မာ့အ​ရေး ညှိနှိုင်းပူးပေါင်းဆောင်ရွက်သူရှိလာပါမယ်"လို့ ဝန်ကြီးကဆိုပါတယ်။ ဥပဒေမူကြမ်း ၂၀၂၁ မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အဓိက၀င်ငွေလမ်းကြောင်းဖြစ်တဲ့ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်း အပါအ၀င် ပိုမိုထိရောက်တဲ့ပိတ်ဆို့ အရေးယူမှုတွေလုပ်ဖိုပါ၀င်သလို၊ မြန်မာ့ဒီမိုကရေစီရေးနဲ့ လူသားခြင်းစာနာမှုအကူအညီ ၅ နှစ်စာအတွက် အမေရိကန်ဒေါ်လာ သန်း ၄၅၀ ထောက်ပံပေးဖို့လည်း ပါ၀င်တယ်လို့သိရပါတယ်။ "နေရာ အသစ်ကိုရှိရမယ်တဲ့၊ အကြမ်းဖက်စစ်တပ်က ချိုးဖောက်နေတဲ့ရာဇဝတ်​မှုတွေအတွက် ပိုမိုပြင်းထန်တဲ့အ​ရေးယူ​ဆောင်ရွက်မှုတွေ​ရှိလာမယ်။ လူသားခြင်းစာနာမှုဆိုင်ရာနဲ့ ဒီမိုက​ရေစီလှုပ်ရှားမှုအတွက် ငွေကြေးကူညီမှု​တွေ ထပ်ရရှိလာပါလိမ့်မယ်"လို့ ဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။

========================

📌📌PDF ထောက်ပံ့မှုနဲ့ မိခင်ဖြစ်သူကို ဖမ်းဆီးပြီး ၄ နှစ်အရွယ်မူကြိုကျောင်းသားကိုလည်း စစ်ကောင်စီက မူကြိုကျောင်းထဲထိလာရောက်ဖမ်းဆီးခဲ့ကြပါတယ်

ဧပြီ ၅ ရက်နေ့က အလုံမြို့နယ်အတွင်းမှာ မူကြိုကျောင်းတစ်ခုကို စစ်ကောင်စီတပ်တွေအရပ်ဝတ်နဲ့ဝင်ရောက်ပြီး အသက် ၄ နှစ်အရွယ် မောင်သန့်ဘုန်းဝေယံကိုဖမ်းဆီးခေါ်သွားတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။ မောင်သန့်ဘုန်းဝေယံရဲ့မိခင်ကို PDF ထောက်ပံ့တယ်ဆိုပြီးစွပ်စွဲကာ အလုံမြို့နယ် နေအိမ်မှာ ဖမ်းဆီးသွားပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့ ကလေးငယ်ကို ဘယ်မှာထားတယ်ဆိုတာမသိရသေးတဲ နေအိမ်ကိုပြန်ပို့တာလည်းမရှိသေးဘူးလို့ မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။ အသက်လေးနှစ်အရွယ်ကလေးကို ဖမ်းဆီးဓားစာခံလုပ်တာနဲ့ပက်သက်လို့ (NUG) ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က မောင်သန့်ဘုန်းဝေယံ လွတ်မြောက်လာဖို့ ဦးစားပေးလုပ်ဆောင်နေပြီး ကုလသမဂ္ဂ အဖွဲ့အစည်းထံကိုပါ အစီရင်ခံ ထားတယ်လို့ ပြောပါတယ်။ မောင်သန့်ဘုန်းဝေယံကိုလာရောက်ဖမ်းဆီးမှုနဲ့ပက်သက်ပီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ RFA ရဲ့မေးမြန်းမှုအပေါ် ကလေးအားဖမ်းဆီးခဲ့ခြင်းမရှိဘူးလို့ ပြန်လည်ငြင်းဆိုပါတယ်။ (AAPP) ရဲ့ ဧပြီ ၆ ရက်နေ့ စာရင်းတွေအရ စစ်အာဏာ သိမ်းပြီးနောက် အသက်ကိုးလအရွယ်ကနေ အသက် ၁၈ နှစ် အကြား ကလေးငယ် ၂၅၅ ဦး ဖမ်းဆီးခံထားရပီး ၆၂ ဦး ပြန်လွတ်လာပေမဲ့ ၁၉၁ ဦးကတော့ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံထားရသလို နှစ်ဦးဟာ သေဒဏ်ချမှတ်ခံထားရတယ်လို့ AAPP စာရင်းများက ဖော်ပြထားပါတယ်။

========================

📌📌ပျံလွှားအောင်စစ်ဆင်ရေး ပြီးဆုံးသွားပြီဖြစ်ပြီး စစ်ဆင်ရေးပုံသဏ္ဍာန်အသစ်တစ်ခုကို စတင်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ကသတင်းထုတ်ပြန်

ဧပြီလ ၇ ရက်နေ့ ရက်စွဲနဲ့ ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ကြေညာချက် အမှတ် (၂၂/၂၀၂၂) ထုတ်ပြန်လိုက်တာဖြစ်ပြီး တိုက်ခိုက်နိုင်ခဲ့တဲ့ ပစ်မှတ်များကို စာရင်းပြုစုဖော်ပြခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဧပြီလ ၇ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီရဲ့ ပစ်မှတ်ပေါင်း ၁၁၂၈ ခုအား တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ဟာ “ပျံလွှားအောင်” စစ်ဆင်ရေးကို စနစ်တကျ ကြီးကြပ်ပြီး ထိရောက်တဲ့ ခုခံတော်လှန်စစ်ကို အကောင်အထည်ဖော်ခဲ့ကြကြောင်း ထုန်ပြန်ချက်မှာရေးသားပါရှိပါတယ်။ အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွါးရေးပစ်မှတ်ပေါင်း ၄၁၉ ခုအား တော်လှန်တိုက်ခိုက်နိုင်ခဲ့ပြီး တော်လှန်တိုက်ခိုက်မှုများကြောင့် ရန်သူ ၂၅၃ ဦး သေဆုံးကာ ၃၀၀ နီးပါး ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ အဆိုပါ “ပျံလွှားအောင်” စစ်ဆင်ရေးအား ၇ လတာ ဆောင်ရွက်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီခန့် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ သန်းသန်းဆွေအား ဧပြီ ၇ ရက်နေ့ မနက်ပိုင်းတွင် နောက်ဆုံးစစ်ဆင်ရေးအဖြစ် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ကာ ‘ပျံလွှားအောင်” စစ်ဆင်ရေးအား အောင်မြင်စွာ အဆုံးသတ်ခဲ့ပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ် “ပျံလွှားအောင်” စစ်ဆင်ရေးပြီးဆုံးသွားပေမယ့် မပြီးဆုံးသေးတဲ့ စစ်အာဏာရှင်တော်လှန်ရေးကို အမြစ်ပြတ်တော်လှန်နိုင်ရန် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့အနေနဲ့ စစ်ဆင်ရေးပုံသဏ္ဍာန်အသစ်တစ်ခုကို ထပ်မံစတင်ပြီဖြစ်ကြောင်း အသိပေးကြေညာခဲ့ကြပါတယ်။

========================

📌📌လက်နက်ထုတ်လုပ်ရန် ကုန်ကြမ်းများတင်ထားတဲ့ ကားသုံးစီးနှင့် ဗိုလ်ကြီးအဆင့်အပါအဝင် ၇ ဦးကို PDF များဖမ်းဆီးမိခဲ့ကြပါတယ်

ဧပြီ ၆ ရက် မွန်းလွဲ ၃ နာရီခန့်က မကွေးတိုင်း ပေါက်မြို့နယ် ပေါက် - ဆိပ်ဖြူလမ်း တစ်နေရာတွင် ဗိုလ်ကြီးအဆင့်အပါအဝင် ၇ ဦးကို လက်နက်ခဲယမ်းတင် တွဲကားယာဉ် ၃ စီးနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ဖမ်းဆီးရမိခဲ့ကြောင်း တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ "ပေါက်မြို့နယ် ကပစ-၂၄ တပ်ကိုလာတဲ့လမ်းမှာ ဖြစ်တာ။ အသေ ဖမ်းမိခဲ့တယ်။ လောလောဆယ် ဒီလောက်ပဲ ကျွန်တော်တို့ ပြောနိုင်သေး တယ်ဗျ။ အခု တိုက်ပွဲ က အရမ်းပြင်းနေတယ်" လို့ PDF တပ်ဖွဲ့မှ ဗိုလ်ဗိုက်ကလေးက ရှင်းပြတာပါ “မနေ့က အလူမီနီယံတင်လာတဲ့တွဲကားသုံးစီးနဲ့ သုံးပွင့်ဗိုလ်ကြီးတစ်ယောက်ပါတယ် ပြီးရင် အခြားအဆင့်နဲ့ တပ်သား ၆ ယောက်ပါတဲ့ တွဲကား ၃ စီးကို ကျွန်တော်တို့ဘက်ကဖမ်းလိုက်တာပါ”ဟု ပေါက် PDF တပ်ရင်း (၄) မှ တာဝန်ရှိသူကလည်း ပြောပါတယ်။ ဖမ်းဆီးရမိလိုက်တဲ့ စစ်ကောင်စီတပ်သားများနှင့်အတူ MA-3 လက်နက် ၇ လက် ရရှိခဲ့ကြောင်း သိရပါတယ်။




#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment