1st JUN 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇွန်လ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌ရန်ကုန်မြို့လယ်တွင် ပြည်သူများ ထိခိုက်စေသည့် ဘားလမ်း ကားမှတ်တိုင် ဗုံးဖောက်ခွဲမှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း NUG အစိုးရ ထုတ်ပြန်

📌ပင်ပန်းမှုများကို အဓိကအလေးမထားဘဲ စစ်အုပ်စုကြောင့် နေ့စဉ်နှင့် အမျှ အသက်စွန့် ပြေးလွှားနေရကြသည့် ပြည်သူ များကို သတိရကြရန် အစိုးရအဖွဲ့ကို ယာယီသမ္မတမှာကြား

📌တော်လှန်ရေးကို ပုံဖျက်ထားတဲ့  Narrative တွေနဲ့ နိုင်ငံတကာကို ဖြန့်နေကြတာတွေရှိ၍ သတိကြီးကြီးထားကြရန် ပြည်ထောင်စုဝန်ကြီးချုပ် သတိပေး

📌အစိုးရအဖွဲ့အစည်းအဝေးမှာ ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံ တင်ပြဆွေးနွေး

📌ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် လှူဒါန်းခြင်းသာဖြစ်ကြောင်း တရားရုံးတွင် မောင်ဝိတ် ထွက်ဆိုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို လက်အုပ်ချီ ထိုင်ကန်တော့ခဲ့

📌တက္ကသိုလ်များကို ပေါင်းစပ်ပြီးကချင်ပြည်နယ် ပညာရပ်စုံ တက္ကသိုလ်အဖြစ် ဖွဲ့စည်းတည်ထောင်

📌ကျောက်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုကော်မတီမှ CDM ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံမှုရလဒ်အနေဖြင့် အခြေခံပညာ ကျောင်းသား၊ကျောင်းသူများအတွက် ကျောင်းအပ် လက်ခံမှုများ စတင်မယ်

📌အရက်မူးပြီး ကင်းစောင့်နေတဲ့ စကစတပ်သားထံမှ သေနတ်လုယူခဲ့တယ်လို့ မြစ်ခြေ-ကျွန်းချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထုတ်ပြန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌ရန်ကုန်မြို့လယ်တွင် ပြည်သူများ ထိခိုက်စေသည့် ဘားလမ်း ကားမှတ်တိုင် ဗုံးဖောက်ခွဲမှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း NUG အစိုးရ ထုတ်ပြန်


ရန်ကုန်မြို့လယ်ရှိ ဘားလမ်းကားမှတ်တိုင် ဗုံးဖောက်ခွဲမှု ပြင်းထန်စွာ ရှုတ်ချကြောင်း NUG က ​​အခုလို ထုတ်ပြန်လိုက်ပါတယ်။


ရန်ကုန်မြို့၊ အနော်ရထာလမ်းပေါ်ရှိ ဘားလမ်းကားမှတ်တိုင် လူစည်ကားရာနေရာတွင် မေလ ၃၁ ရက်နေ့၊ နေ့လည် () နာရီကျော်အချိန်အတွင်း အရပ်သားပြည်သူ () ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ သေဆုံးမှုများရှိခဲ့သည့် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး နောက်ဆက်တွဲ ပေါက်ကွဲမှုများ ထပ်မံ ဖြစ်ပွားခဲ့သည်ဟု သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် စစ်ကောင်စီက ပြည်သူလူထုကို ဥပဒေမဲ့ ညှင်းပမ်းနှိပ်စက်သတ်ဖြတ်နေမှုများကို အကာအကွယ်ပေးနိုင်ရန်အတွက် ပြည်သူ့ခုခံတွန်းလှန်စစ်ကို စစ်သည်တော်ကျင့်ဝတ်စည်းမျဉ်းများနှင့်အညီ ဆင်နွှဲလျက်ရှိရာ အဆိုပါ စစ်သည်တော်ကျင့်ဝတ် စည်းမျဉ်း (Code of Conduct) များထဲရှိ စစ်ရေးဆိုင်ရာပစ်မှတ်သတ်မှတ်ရာတွင် စစ်အာဏာရှင်စနစ်၏ ယန္တရားများကိုသာချေမှုန်းရမည်၊အရပ်သားပြည်သူများအားခြိမ်းခြောက်ခြင်း၊ပစ်မှတ်ထားတိုက်ခိုက်ခြင်း မပြုရဟု ပါရှိပြီး ဖြစ်ပါတယ်။

ထိုကဲ့သို့ စစ်သည်တော်ကျင့်ဝတ်စည်းမျဉ်းများအား စနစ်တကျ ထားရှိပို့ချ ထားရုံသာမက လိုက်နာရန် ပျက်ကွက်မှုများရှိပါကလဲ ထိရောက်စွာအရေးယူ ဆောင်ရွက်လျက် ရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် လူမျိုးပေါင်းစုံပြည်သူလူထုအား ကာကွယ် စောင့်ရှောက်ရေးသည် မျှော်မှန်းချက်တစ်ခုအဖြစ် ထည့်သွင်းထားပြီး ပြည်သူလူထုလုံခြုံရေးကို ရည်မှန်းချက်တစ်ခုအဖြစ် ထည့်သွင်းကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်သည့် အကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်အပ်ပါတယ်လို့ဖော်ပြ ပါရှိပါတယ်။

သမိုင်းကြောင်းတစ်လျောက် မိမိတို့အာဏာတည်မြဲရေးအတွက် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ထင်သလိုပြုမူခဲ့၊ပြုမူလျက်ရှိသည့် အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ပျူစောထီး၊ သွေးသောက်အဖွဲ့ စသည့် အစွန်းရောက်လက်ပါးစေအဖွဲ့များ မွေးမြူကာ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိပြီး တိုင်းရင်းသား လက်နက်ကိုင်များနှင့် တော်လှန်ရေး အင်အားစုများကို အပြစ်ပုံချသည့် လုပ်ရပ်များစွာ သာဓကအနေဖြင့် ရှိခဲ့သည်ဖြစ်ရာ ပြည်သူလူထုအနေဖြင့် အသိ၊ သတိရှေ့ထား၍ နေထိုင် သွားကြရန် နှိုးဆော်အပ်ပါတယ်လို့လည်း ဆိုထားပါတယ်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့် ယခုကဲ့သို့သော လုပ်ရပ်များအား တရားမျှတမှုပြန်လည်ရရှိစေရေးအတွက် စုံစမ်းစစ်ဆေးဖော်ထုတ်အရေးယူသည့် လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရကလည်း ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၊ သတင်းပြန်ကြားရေးနဲ့ စိတ်ဓာစစ်ဆင်ရေးတာဝန်ခံ ဗိုလ်မိုးကြိုးက ဗိုလ်မိုးကြိုးကလည်း အခုလို ပြောပြပါတယ်။


ဗိုလ်မိုးကြိုး

သတင်းပြန်ကြားရေးနဲ့ စိတ်ဓါတ်စစ်ဆင်ရေးတာဝန်ခံ

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့


မေလ ၃၁ ရက်နေ့ ညနေ နာရီ ရန်ကုန်မြို့၊ ဘားလမ်းကားမှတ်တိုင်တွင် ဖြစ်ပွားသော ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် အရပ်သား ခုနစ်ဦးထက်မနည်း ထိမှန်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦး သေဆုံးကြောင်း လတ်တလော သတင်းရရှိပါတယ်။


=======================


📌📌ပင်ပန်းမှုများကို အဓိကအလေးမထားဘဲ စစ်အုပ်စုကြောင့် နေ့စဉ်နှင့် အမျှ အသက်စွန့် ပြေးလွှားနေရကြသည့် ပြည်သူ များကို သတိရကြရန် အစိုးရအဖွဲ့ကို ယာယီသမ္မတမှာကြား


ပင်ပန်းမှုများကို အဓိကအလေးမထားဘဲ စစ်အုပ်စုကြောင့် နေ့စဉ်နှင့် အမျှ အသက်စွန့် ပြေးလွှားနေရကြသည့် ပြည်သူ များကို သတိရကြရန် မေလ ၃၁ ရက်နေ့တွင် ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၅၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အစိုးရအဖွဲ့ကို ပြောကြားခဲ့ပါတယ်။

 မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရသည် တိုင်းပြည်ကို တည်ဆောက်နေသူများဖြစ်ပြီး ဓမ္မသမားများ ဖြစ်ကြပါတယ်။ ဓမ္မသားများပီပီ လူထုအကျိုးအတွက် အစွမ်းကုန် ကြိုး စားတိုက်ပွဲဝင် ရမှာဖြစ်ပါတယ်။ လက်ရှိအချိန်တွင် ဝန်ကြီးများအားလုံး ပင်ပန်း စိတ်ဆင်းရဲမှုများစွာ ရှိကြမှာဖြစ် ပါတယ်။ပူပန်မှုများကို တိုင်းပြည်အကျိုးအတွက် တည်ဆောက်နေသူများဖြစ်သည့်အတွက် ဆက်လက် ကြိုးစားကြဖို့ အထူးခွန်အားပေး တိုက်တွန်းလိုပါတယ်။ မိမိတို့ ပင်ပန်းမှုများကို အဓိကအလေးမထားဘဲ စစ်အုပ်စုကြောင့် နေ့စဉ်နှင့် အမျှ အသက်စွန့် ပြေးလွှားနေရကြသည့် ပြည်သူ များကို သတိရကာ ပြည်သူတရပ်လုံး အာဏာရှင်လက်အောက်မှ လွ တ်မြောက်ဖို့ အားလုံးဆက်လက် ကြိုးစားကြဖို့ အထူးပြောလိုပါတယ်လို့ ယာယီသမ္မတကပြောကြားခဲ့ပါတယ်။

လက်ရှိမှာ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ ခင်ဦးမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ကန့်ဘလူမြို့နယ် စတဲ့မြို့နယ်များမှာ စကစတပ်များ မီးရှို့ဖျက်ဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူ သောင်းနဲ့ချီ ရှိပါတယ်။


========================


📌📌တော်လှန်ရေးကို ပုံဖျက်ထားတဲ့  Narrative တွေနဲ့ နိုင်ငံတကာကို ဖြန့်နေကြတာတွေရှိ၍ သတိကြီးကြီးထားကြရန် ပြည်ထောင်စုဝန်ကြီးချုပ် သတိပေး


တော်လှန်ရေးကို ပုံဖျက်ထားတဲ့  Narrative တွေနဲ့ နိုင်ငံတကာကို ဖြန့်နေကြ တာတွေရှိ၍ သတိကြီးကြီးထားကြရန် မေလ ၃၁ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ ၅၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးပြောကားလိုက်ပါတယ်။

"သတင်းအချက်အလက်အမှန်တွေ နိုင်ငံတကာကို ထိထိရောက်ရောက် ရောက်ရှိနိုင်ဖို့လိုအပ်ပါတယ်။ သတိထားဖို့လိုအပ်တာက ကျွန်တော်တို့ရဲ့ တော်လှန်ရေးကို ပြည်တွင်းမှာ လက်နက်ကိုင်တွေအချင်းချင်း ဖြစ်နေကြတာဆိုပြီး ပုံဖျက်ထားတဲ့ Narrative တွေနဲ့ နိုင်ငံတကာကို ဖြန့်နေကြတာတွေလည်းရှိတာမို့ သတိကြီးကြီးထားပြီး စီမံကြဖို့ လိုပါတယ်။ ကျွန်တော်တို့ပြည်သူတစ်ရပ်လုံးက ပြည်သူ့အာဏာကို မတရား လုယူထားပြီး တစ်နိုင်ငံလုံးကို ဖမ်းဆီး၊ သတ်ဖြတ်၊ ရွာတွေ မီးရှို့လုပ်နေတဲ့ အကြမ်းဖက်စစ်တပ်ကို ရင်ဆိုင်နေရတာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ ခုခံတွန်းလှန်စစ်ကို ဆင်နွှဲနေကြရတာဖြစ်ပါတယ်"လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားသူများကို ပစ်ခတ်ဖြိုခွင်း၊ သတ်ဖြတ်ခဲ့ရာ လက်ရှိအချိန်အထိ လူပေါင်း ၁၈၇၄ ဦးသေဆုံးခဲ့ပြီး လူပေါင်း (၁၀၈၄၁) ဦး ဖမ်းဆီးချုပ်နှောင်ခံထားရပါတယ်။


========================


📌📌အစိုးရအဖွဲ့အစည်းအဝေးမှာ ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံ တင်ပြဆွေးနွေး


မေလ ၃၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၅၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံကို ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက တင်ပြဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

 မေလ၂ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနက ပေးပို့လာသောပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေအား ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အဆိုပါ ရဲတပ်ဖွဲ့ဥပဒေ ပြဌာန်းပြီးစီးပါက CDM ရဲများနဲ့ ပြည်သူ့ရဲတပ်ဖွဲ့အား ဖွဲ့စည်းကာ စိုးမိုးနယ်မြေများတွင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များ စတင်မည်ဖြစ်ကြောင်း၊ လတ်တလောတွင် ပြည်ထဲရေးဝန်ကြီးဌာန တိုင်ကြားစာကဏ္ဍသို့ တိုင်ကြားထားတဲ့ အမှုပေါင်း ၄၀၀ ကျော်ရှိကြောင်း ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ဆိုထားပါတယ်။

ဆက်လက်ပြီး ညနေပိုင်းမှာ ဝန်ကြီးက ရန်ကုန်မြို့လယ်တွင် ပြည်သူအများ ထိခိုက်စေခဲ့သည့် ဘားလမ်း ကားမှတ်တိုင် ဗုံးဖောက်ခွဲမှုနဲ့ပတ်သက်ပြီး အများပြည်သူ သွားလာနေတဲ့ ကားမှတ်တိုင်မှာ ဗုံးခွဲတဲ့လုပ်ရပ်ဟာ အင်မတန် ယုတ်မာပက်စက်တဲ့လုပ်ရပ်ဖြစ်ကြောင်း PVTV ကို အခုလို မှတ်ချက်ပြု ပြောကြားလိုက်ပါတယ်။

ပထမဦးဆုံး ပြောကြားချင်တာက အများပြည်သူသွားလာနေတဲ့ ဒီလို ကားမှတ်တိုင်မှာ ဗုံးခွဲတယ်ဆိုတာ အင်မတန် ယုတ်မာ ပက်စက်တဲ့ ဒါလုပ်ရပ်လို့ ပြောချင်ပါတယ်။နောက်ပြီးတော့ ဒီလိုမျိုး ယုတ်မာ ပက်စက်တဲ့  လုပ်ရပ်တွေကို ကျေးလက်ဒေသတွေမှာလည်းပဲ ရွာတွေကို မီးရှို့ပြီး ပြည်သူကို ဒုက္ခပေးနေတဲ့ လုပ်ရပ်တွေက ကျနော်တို့အားလုံး နားနဲ့မဆံအောင် ကြားထားပြီးလည်း ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရလို့ ရှိရင် ဖရဲသီးတွေဆီက အတွင်းသတင်းရထားပြီး ဖြစ်ပါတယ်။ ဒီလိုမျိုး လုပ်ရပ်တွေကို ဆောင်ရွက်ပြီးတော့ PDF တွေအပေါ် အမြင်ရှုပ်ထွေးလာအောင် နာမည်ပျက်အောင်လုပ်ဖို့ စီမံချက်တွေချနေတယ်ဆိုတာကို လွန်ခဲ့တဲ့နှစ်ပတ်လောက်ကတည်းက ကျနော်တို့သတင်းရရှိထားပြီး ဖြစ်ပါတယ်။ ဒီလိုမျိုးလုပ်ရပ်တွေက စဉ်ဆက်မပြတ် စစ်ကောင်စီပဲ ဆက်ပြီးဆောင်ရွက်ဖို့ ရှိနေတယ်။ ဒါကြောင့်မို့ ပြည်သူလူထုအနေနဲ့ အထူးဂရုစိုက်ပြီးသွားတာ၊ လာတာ ဂရုစိုက်စေချင်ပါတယ်လို့ ဝန်ကြီးက ထပ်မံ သတိပေးထားပါတယ်။


========================


📌📌ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် လှူဒါန်းခြင်းသာဖြစ်ကြောင်း တရားရုံးတွင် မောင်ဝိတ် ထွက်ဆိုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို လက်အုပ်ချီ ထိုင်ကန်တော့ခဲ့


မေလ ၃၁ ရက်နေ့က နေပြည်တော်ရှိ အထူးတရားရုံးမှာ စစ်ဆေးစဥ် လုပ်ငန်းရှင်ဖြစ်သူ မောင်ဝိတ်က အမေရိကန် ဒေါ်လာများမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် လှူဒါန်းခြင်းသာဖြစ်ကြောင်း တရားရုံးတွင် လာရောက် သက်သေထွက်ဆိုခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို လက်အုပ်ချီ ထိုင်ကန်တော့ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

အဆိုပါအမှုဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ လုပ်ငန်းရှင် မောင်ဝိတ်ထံမှ အမေရိကန် ဒေါ်လာများ ရယူတယ်လို့ဆိုကာ အဂတိအမှုနဲ့ မတရား အမှုစွဲဆိုခဲ့တာဖြစ်ပြီး အမှုတွင် လုပ်ငန်းရှင်မောင်ဝိတ်က စကစမှ ယခင် သတင်းစာရှင်းလင်းပွဲများတွင် ဖွင့်ပြသော ဗွီဒီယိုဖိုင်အတိုင်း ထွက်ဆိုခဲ့ပြီး လှူဒါန်းခဲ့ခြင်းသာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။

ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်ဘက်သို့ ထိုင်ကန်တော့ခဲ့တာဖြစ်တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌တက္ကသိုလ်များကို ပေါင်းစပ်ပြီးကချင်ပြည်နယ် ပညာရပ်စုံ တက္ကသိုလ်အဖြစ် ဖွဲ့စည်းတည်ထောင်


တက္ကသိုလ်များကို ပေါင်းစပ်ပြီးကချင်ပြည်နယ် ပညာရပ်စုံ တက္ကသိုလ်’ (Kachin State Comprehensive University) အဖြစ် ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း မေလ ၃၁ ရက်နေ့မှာ ကချင်ပြည်နယ် ပညာရပ်စုံ တက္ကသိုလ်ဖွဲ့စည်းရေး ပေါင်းစပ်ညှိနှိုင်းမှု ကော်မတီက ကြေညာချက်ထုတ်ပြန်ပါတယ်။


ကြေညာချက်အရ

(က) မြစ်ကြီးနားတက္ကသိုလ်

() သူနာပြုသင်တန်းကျောင်း (မြစ်ကြီးနား)

() သားဖွားသင်တန်းကျောင်း (မြစ်ကြီးနား)

() စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား)

() ဗန်းမော်တက္ကသိုလ်

() သူနာပြုသင်တန်းကျောင်း (ဗန်းမော်)

() ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်)တို့ကို


ပေါင်းစပ်ပြီးကချင်ပြည်နယ် ပညာရပ်စုံ တက္ကသိုလ်’ (Kachin State Comprehensive University) အဖြစ် ဖွဲ့စည်းတည်ထောင်လိုက်တာ ဖြစ်ပါတယ်။

အာဏာရှင်စနစ် အမြစ်ဖြတ်ရေး၊ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးသို့ ဦးတည်ရည်မှန်းသည့် စစ်အာဏာရှင်တော်လှန်ရေးတွင် မြန်မာနိုင်ငံ တစ်နံတစ်လျားရှိ တက္ကသိုလ်/ဒီဂရီကောလိပ်/သိပ္ပံ/ သင်တန်းကျောင်းများမှ ပြည်သူ့သစ္စာခံ နိုင်ငံ့ဝန်ထမ်းများပါဝင်သည့် ကြားကာလ တက္ကသိုလ်ကောင်စီ အသီးသီးကို ဖွဲ့စည်းခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် လက်တွဲဆောင်ရွက်လျက်လည်း ရှိတယ်လို့ သိရပါတယ်။


========================


📌📌ကျောက်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုကော်မတီမှ CDM ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံမှုရလဒ်အနေဖြင့် အခြေခံပညာ ကျောင်းသား၊ကျောင်းသူများအတွက် ကျောင်းအပ် လက်ခံမှုများ စတင်မယ်


ကျောက်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုကော်မတီရဲ့ မေလ ၃၁ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းသား၊ကျောင်းသူများအတွက် အွန်လိုင်းအခမဲ့သင်တန်းကျောင်း စတင်ဖွင့်လှစ်နိုင်ဖို့ ကျောက်ဆည်မြို့ နယ်ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုကော်မတီမှ CDM ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးများလုပ်ဆောင်ခဲ့ပြီး ရလဒ်အနေဖြင့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းအပ်လက်ခံမှုများစတင်မယ်လို့ သတင်းရရှိပါတယ်။

တွေ့ဆုံနွေးဆွေးမှုရလဒ်အနေဖြင့် မကြာမီ အခြေခံပညာ ကျောင်းသား၊ကျောင်းသူများအတွက် ကျောင်းအပ် လက်ခံမှုများစတင်တော့မည်ဖြစ်ပါကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုကော်မတီ (ကျောက်ဆည်) က အသိပေးထုတ်ပြန်ပါတယ်။

လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေဝန်ကြီးဌာနက ကြားကာလ ပညာသင်ကြားရေးအစီအစဥ်များကို စတင်နေပြီး မြို့နယ် ပညာရေးဘုတ်အဖွဲ့အစီအစဥ်များနဲ့ အွန်လိုင်းကျောင်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိပါတယ်။


========================


📌📌အရက်မူးပြီး ကင်းစောင့်နေတဲ့ စကစတပ်သားထံမှ သေနတ်လုယူခဲ့တယ်လို့ မြစ်ခြေ-ကျွန်းချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထုတ်ပြန်


အရက်မူးပြီး ကင်းစောင့်နေတဲ့ စကစတပ်သားထံမှ သေနတ်လုယူခဲ့တယ်လို့ မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MC-KCDF) က မေလ ၃၁ ရက်နေ့မှာ လက်နက်ရရှိကြောင်း သတင်းထုတ်ပြန်ပါတယ်။

"မူးပြီးကင်းစောင့်နေသော စကစတပ်သား ဆီမှ MA 1 တစ်လက် လုယူရရှိခဲ့ပါတယ်"လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လုယူရရှိသောနေရာအား လုံခြုံရေးအရ ဖော်ပြထားခြင်းမပြုသော်လည်း ရရှိတဲ့လက်နက်ကိုမူ MC-KCDF က ထုတ်ဖော်ပြသခဲ့ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment