28th MAY 2022 - Morning Daily News by Radio NUG

၂၀၂၂ မေလ ၂၈ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌မြန်မာပြည်သူများအတွက် လူသားချင်းစာနာတဲ့အကူအညီများပေးဖို့ အမေရိကန်ဒေါ်လာ . ဘီလျံ လိုအပ်ချက်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို

📌NUG အစိုးရ အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူခြင်းနှင့် ပြည်ပအလုပ်အကိုင်အသိအမှတ်ပြုကတ် (OERC) ထုတ်ပေးခြင်း ဆောင်ရွက်မယ်

📌ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုသိမ်ထီးကံစမ်းမဲလက်မှတ် ငါးသောင်းငါးထောင်ကျော် ရောင်းချရပြီးဖြစ်ကာ အများဆုံး ဝယ်ယူတဲ့နိုင်ငံမှာ မြန်မာနဲ့ စင်ကာပူနိုင်ငံတို့ဖြစ်

📌နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့အတူ စစ်အုပ်စုကိုအရေးယူမှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ ယူကေနိုင်ငံ အာရှရေးရာဝန်ကြီး မြန်မာကိုသတင်းစကားပါး

📌စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းများတွင် ကျောင်းအပ်နှံသူများ စာရင်းကိုမြို့နယ် အလိုက်ပြုစု ရရှိထားပြီး အမည်ပျက်စာရင်းကြေညာမယ်လို့ CSST ဆို

📌ဆိပ်ဖြူမြို့နယ် အတွင်းရှိ Non-CDM ဝန်ထမ်းများကို ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP) ကသတိပေး

📌အင်းတော်မြို့နယ် ကျောင်းကုန်းရွာတွင် ဆိုင်ကယ်စီးလာသော အမျိုးသားတစ်ဦးကို မသင်္ကါလို့ဆိုကာ စကစတပ်များ ဖမ်းဆီးသတ်ဖြတ်

📌ယင်းမာပင်မြို့နယ် သို့ စကစတပ်များ စစ်ကြောင်းထိုးရာတွင် ဒေသခံ ကာကွယ်ရေးစခန်းတစ်ခုကိုပါ မီးရှို့ဖျက်ဆီး

📌ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) (CWC) တို့တွေ့ဆုံ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌မြန်မာပြည်သူများအတွက် လူသားချင်းစာနာတဲ့အကူအညီများပေးဖို့ အမေရိကန်ဒေါ်လာ . ဘီလျံ လိုအပ်ချက်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို


မြန်မာပြည်သူများအတွက် လူသားချင်းစာနာတဲ့အကူအညီများပေးဖို့ အမေရိကန်ဒေါ်လာ . ဘီလျံ လိုအပ်ချက်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကဆိုလိုက်ပါတယ်။


မေလ ၂၇ ရက်ကျင်းပတဲ့ NST နှင့် Real Voice Now -Kyoto, Japan မှပူးပေါင်းစီစဉ်သောနိုင်ငံတကာ နှင့် မြန်မာ့လူ့အခွင့်အရေးအစီအစဥ်မှာ ဂျပန်လွှတ်တော်အမတ်များနဲ့တွေ့ဆုံစဥ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကဆိုပါတယ်။


"ကျနော်တို့ NUG အစိုးရအနေနဲ့ကတော့ ပြည်သူ့အစိုးရဖြစ်တဲ့ အတွက်ကြောင့် ပြည်သူတွေလိုအပ်ချက်ကို အမြဲတမ်းစဥ်းစားနေပါတယ်။လူသားချင်းစာနာတဲ့အကူအညီပေးဖို့ဆိုလို့ရှိရင် လတ်တလောမှာ တွက်ချက်ထားတာအရ . ဘီ လျံဒေါ်လာဒါလိုအပ်ချက်ရှိနေပါတယ်။ ဒါလိုအပ်ချက်အနေနဲ့ပြောတာဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူတွေရဲ့လိုအပ်ချက်က အဲဒီလောက်လိုအပ်နေတာဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်အခွင့်အလမ်းနဲ့စီးပွားရေးများပျက်စီးဆုံးရှုံးကာ လူသားချင်စာနာမှု အကူအညီလိုအပ်သူ ၁၄. သန်းအထိတိုးတက်ရှိခဲ့ပါတယ်။ WFP ရဲ့အချက်အလက်အရ လူဦးရေ ၁၃. သန်းမှာ မဖြစ်မနေ အစားအသောက်နဲ့ ပတ်သက်လို့ လိုအပ်ချက်ရှိတယ်လို့သိရပါတယ်။


=======================


📌📌NUG အစိုးရ အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူခြင်းနှင့် ပြည်ပအလုပ်အကိုင်အသိအမှတ်ပြုကတ် (OERC) ထုတ်ပေးခြင်း ဆောင်ရွက်မယ်


NUG အစိုးရ အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူခြင်းနှင့် ပြည်ပအလုပ်အကိုင်အသိအမှတ်ပြုကတ် (OERC) ထုတ်ပေးခြင်း ဆောင်ရွက်မယ်လို့သိရပါတယ်။ မေလ ၂၇ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနကကြေညာခဲ့ပါတယ်။


" အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနသည် ပြည်ပနိုင်ငံအသီးသီးတွင် ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ (တရားဝင် နေထိုင်လုပ်ကိုင်နေသည့် အလုပ်သမားများ၊ သက်တမ်းကျော်လွန် နေထိုင်လုပ်ကိုင်နေသူများ၊ အလုပ်လုပ်ကိုင်နေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ၊ ခိုလှုံခွင့်ဗီဇာ တစ်မျိုးမျိုးဖြင့် နေထိုင်လုပ်ကိုင်နေသူ များ) အလုပ်အကိုင်ဆိုင်ရာ သတင်းအချက်အလက်များကို စစ်တမ်းကောက်ယူခြင်းနှင့် ပြည်ပ အလုပ်အကိုင်အသိအမှတ်ပြုကတ် (Overseas Employment Registration Card-OERC) ထုတ်ပေးခြင်းကိုဆောင်ရွက်သွားမှာဖြစ်တယ်"လို့ဆိုပါတယ်။


OERC ကတ်အတွက် လျှောက်လွှာတင်သွင်းခြင်းနှင့် စစ်တမ်းကောက်ယူခြင်းကို online Application Form အသုံးပြုသွားမည်ဖြစ်ပြီး Application Form တွင် ဖြည့်သွင်းထားသည့် အချက်အလက်များကို စိစစ်အတည်၍ OERC (Smart Card) ပြန်လည်ထုတ်ပေးသွားမှာဖြစ်ပါတယ်။


Application Form ဖြည့်သွင်းရာတွင် အခက်အခဲရှိပါက လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးရန်၊ OERC (Smart Card) ဖြန့်ဝေပေးရန်နှင့် မလိုလားအပ်သည့် လိမ်လည်မှု၊ မသမာမှုများမှ ကာကွယ်နိုင်ရန် သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီများ (MMWCs) ကိုယ်စားလှယ်အဖွဲ့များနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်သွား မယ်လို့သိရပါတယ်။


========================


📌📌ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုသိမ်ထီးကံစမ်းမဲလက်မှတ် ငါးသောင်းငါးထောင်ကျော် ရောင်းချရပြီးဖြစ်ကာ အများဆုံး ဝယ်ယူတဲ့နိုင်ငံမှာ မြန်မာနဲ့ စင်ကာပူနိုင်ငံတို့ဖြစ်


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုသိမ်ထီးကံစမ်းမဲလက်မှတ် ငါးသောင်းငါးထောင်ကျော် ရောင်းချရပြီးဖြစ်ကာ အများဆုံး ဝယ်ယူတဲ့နိုင်ငံမှာ မြန်မာနဲ့ စင်ကာပူနိုင်ငံတို့ဖြစ်တယ်လို့သတင်းရရှိပါတယ်။ မေလ ၂၇ ရက်မှာ မေ့ထီး ကံစမ်းမဲလက်မှတ်အား နိုင်ငံအလိုက်ရောင်းချထားရမှုများရဲ့ updated စာရင်းကို "အမေ့ထီး - 1 Million Challenge Campaign" အဖွဲ့က ဖော်ပြလိုက်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုသိမ်ထီးကံစမ်းမဲလက်မှတ် စုစုပေါင်း ၅၅၃၅၅ စောင်ရောင်းချထားရပြီး ကံစမ်းမဲလက်မှတ်အများဆုံးဝယ်ယူတဲ့နိုင်ငံများမှာ စင်ကာပူ ၁၉၈၅၆ စောင်၊ မြန်မာ ၁၀၄၆၅ စောင်၊ အမေရိကန် ၈၆၇၆ စောင်၊ UK ၄၆၃၁ နဲ့ အခြားနိုင်ငံများလည်းပါဝင်ခဲ့ပါတယ်။ ၄င်းဒေါ်အောင်ဆန်းစုကြည် ဆောင်းခဲ့ဖူးသော ပုသိမ်ထီး ကံစမ်းမဲလက်မှတ်များရောင်းရငွေကို ၇၀ရါခိုင်နှုန်းအား ထိန်းချုပ်နယ်မြေများဖော်ဆောင်ရာတွင်အသုံးပြုသွားမှာ ဖြစ်ပါတယ်။


========================


📌📌နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့အတူ စစ်အုပ်စုကိုအရေးယူမှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ ယူကေနိုင်ငံ အာရှရေးရာဝန်ကြီး မြန်မာကိုသတင်းစကားပါး


နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့အတူ စစ်အုပ်စုကိုအရေးယူမှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ ယူကေနိုင်ငံ အာရှရေးရာဝန်ကြီး Amanda Milling ကမြန်မာကိုသတင်းစကားပါးလိုက်ပါတယ်။ မေလ ၂၅ ရက်ယူကေနိုင်ငံ အာရှရေးရာဝန်ကြီး Amanda Milling ဟာ လန်ဒန်မြို့ရှိ နိုင်ငံခြားရေးရုံးအဆောက်အအုံတွင် National Unity Government of Myanmar  မှ ဝန်ကြီးဒေါက်တာဇော်ဝေစိုးနှင့် တွေ့ဆုံခဲ့ဥ်မှာပြောကြားခဲ့ပါတယ်။


ဒေါက်တာဇော်ဝေစိုးနဲ့ ပထမဆုံးအကြိမ် တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်မပြောချင်တဲ့ သတင်းစကားကတော့ ရှင်းလင်းပါတယ်၊ ကျွန်မတို့ မြန်မာပြည်သူတွေနဲ့ အတူရပ်တည်နေတယ် ဆိုတာပဲ ဖြစ်ပါတယ်။ကျမတို့ အရေးယူမှုတွေကို တွေ့နိုင်မယ်လို့ ထင်ပါတယ်။ပထမဆုံးအနေနဲ့ စစ်အာဏာ သိမ်းမှုကို ပြင်းထန်စွာရှုတ်ချခြင်းတို့အပြင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့အတူ အရေးယူမှုတွေ ဆက်လက်ပြုလုပ်နေပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ ဒီမိုကရေစီပြန်လည်အသက်ဝင်ရေး တောင်းဆိုနေသူအားလုံးကို ယူကေအစိုးရက ထောက်ခံတယ်လို့  ဝန်ကြီး Milling ကထပ်လောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါတွေ့ဆုံမှုတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကလည်း "ယခုလိုထောက်ပံမှုတွေနဲ့ စစ်တပ်အပေါ်ဖိအားပေးမှုတွေအတွက် ကျေးဇူးအထူးတင်တယ်"လို့ ဆိုခဲ့ပါတယ်။


========================


📌📌စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းများတွင် ကျောင်းအပ်နှံသူများ စာရင်းကိုမြို့နယ် အလိုက်ပြုစု ရရှိထားပြီး အမည်ပျက်စာရင်းကြေညာမယ်လို့ CSST ဆို


စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းများတွင် ကျောင်းအပ်နှံသူများ စာရင်းကိုမြို့နယ် အလိုက်ပြုစု ရရှိထားပြီး အမည်ပျက်စာရင်းကြေညာမယ်လို့ CSST ဆိုလိုက်ပါတယ်။ မေလ ၂၇ ရက်မှာ CDM Students Supporting Team _ CSST ကကြေညာခဲ့တာဖြစ်ပါတယ်။


"စစ်ကောင်စီလက်အောက်ခံ ကျွန်ပညာရေးဝန်ကြီးဌာန မှဖွင့်လှစ်မည့် စာသင်ကျောင်းများတွင် မေလ ( ၂၆ ) ရက်နေ့မှ စတင်ကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်းကို သိရှိပြီးဖြစ်မယ်လို့ယူဆမိပါတယ်။ အဆိုပါ စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းများတွင် ကျောင်းအပ်နှံသူများ စာရင်းကိုမြို့နယ် အလိုက်ပြုစု ရရှိထားလျက်ရှိပြီး လုံးဝအချက်လက်တိကျပါက အမည်ပျက်စာရင်း တရားဝင်ထုတ်ပြန်ကြေညာသွားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


သက်ဆိုင်ရာမြို့နယ် ပညာရေး အဖွဲ့စည်းများ ၊ကျောင်းသား/သူ မိဘ ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီမှ ဖွင့်လှစ်မည့် စာသင်ကျောင်းများတွင်  ကျောင်းအပ်နှံသူစာရင်းများ တိကျမှန်ကန်စွာ သိရှိပါက CDM Students Supporting Team _ CSST သို့အကြောင်းကြားပါရန်မေတ္တာရပ်ခံထားပါတယ်။


========================


📌📌ဆိပ်ဖြူမြို့နယ် အတွင်းရှိ Non-CDM ဝန်ထမ်းများကို ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP) ကသတိပေး


ဆိပ်ဖြူမြို့နယ် အတွင်းရှိ Non-CDM ဝန်ထမ်းများကို ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP) ကသတိပေးလိုက်ပါတယ်။ မေလ ၂၇ ရက်နေ့မှာ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ချက်အမှတ် (/၂၀၂၂) နဲ့ထုတ်ပြန်ခဲ့တာပါ။


"ယခုအချိန်တွင် အကြမ်းဖက်စစ်တပ်မှ စာသင်ကျောင်းများ၊ တက္ကသိုလ်ကျောင်းများဖွင့်လှစ်ရန် ကြိုးပမ်းနေမှုသည် စစ်အာဏာရှင်၏ စစ်ကျွန်ပညာရေးကို အသက်သွင်းပြီး CDM အင်အားစု များကို အင်အားလျော့နည်းစေရန် ဖြိုခွဲလိုခြင်းအပြင် ၎င်းတို့အား ပြည်သူလူထုမှ အသိမှတ်ပြု သယောင် ဖန်တီး၍ ပြည်တွင်း၊ ပြည်ပနှင့် နိုင်ငံတကာတို့ကို လှည့်စားပြီး နိုင်ငံရေးအရ အမြတ်ထုတ်လိုခြင်းပင်ဖြစ်သည်။ ထို့ကြောင့် အကြမ်းဖက်စစ်တပ်မှ ဖွင့်လှစ်သော တက္ကသိုလ်ကျောင်းများ မတတ်ကြရန် ကျောင်းသူ/ ကျောင်းသားများကို အလေးအနက်ထား တိုက်တွန်းနှိုးဆော်အပ်ပါတယ်"လို့ဖော်ပြပါတယ်။


Non-CDM ဝန်ထမ်းများအနေဖြင့် အကြမ်းမဖက်တော်လှန်ရေး CDM တွင် ပါဝင်နေသော ပြည်သူ့ဘက်တော်သား ဝန်ထမ်းများကို နည်းလမ်းအမျိုးမျိုးဖြင့် စည်းရုံးခြင်း၊ ဖိအားပေးခြင်း နှင့် ခြိမ်းခြောက်ခြင်းတို့ကို မပြုလုပ်ရန် ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NSP) မှ သတိပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။


========================


📌📌အင်းတော်မြို့နယ် ကျောင်းကုန်းရွာတွင် ဆိုင်ကယ်စီးလာသော အမျိုးသားတစ်ဦးကို မသင်္ကာလို့ဆိုကာ စကစတပ်များ ဖမ်းဆီးသတ်ဖြတ်


စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ကျောင်းကုန်းရွာတွင် ဆိုင်ကယ်စီးလာသော အမျိုးသားတစ်ဦးကို မသင်္ကာလို့ဆိုကာ စကစတပ်များ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။ မေလ၂၆ ရက် မွန်းလွဲပိုင်းက ဆိုင်ကယ်စီးလာသော အမျိုးသားတစ်ဦးကို ကျောင်းကုန်းရွာရှိ စကစတပ်များက ဖမ်းဆီးနှိပ်စက်ခဲ့တယ်လို့ အင်းတော် တော်လှန်ရေးအင်အားစုများကဆိုပါတယ်။


"အင်းတော်မြို့နယ် ကျောင်းကုန်းရွာတွင် မနေ့ နေ့လည်ခန့်က ဆိုင်ကယ်စီးလာသော လူတစ်ဦးကို ကျောင်းကုန်းရွာတွင်ရှိနေသော စကစတပ်များမှ မသင်္ကါလို့ဆိုပြီး ဖမ်းဆီးနှိပ်စက် ကာသတ်ဖြတ်လိုက်ပါတယ်"လို့ဖော်ပြပါတယ်။ အသတ်ခံသော အရပ်သားမှာ  မော်လူးတွင်နေထိုင်သော အသက်လေးဆယ်ကျော်အရွယ် ကိုမောင်ဝင်း (နာမည်လွှဲ) ဖြစ်ပြီး အလောင်းကို အင်းတော်ရင်ခွဲရုံတွင် ပို့ထားတယ်လို့သိရပါတယ်။


========================


📌📌ယင်းမာပင်မြို့နယ် သို့ စကစတပ်များ စစ်ကြောင်းထိုးရာတွင် ဒေသခံ ကာကွယ်ရေးစခန်းတစ်ခုကိုပါ မီးရှို့ဖျက်ဆီး


စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ် သို့ စကစတပ်များ စစ်ကြောင်းထိုးရာတွင် ဒေသခံ ကာကွယ်ရေးစခန်းတစ်ခုကိုပါ မီးရှို့ဖျက်ဆီးသွားတယ်လို့သတင်းရရှိပါတယ်။ မေလ ၂၇ ရက်မှာ စခန်းမီးရှို့ဖျက်ဆီးခံရကြောင်း စစ်ကျွန်မခံ မြွေဆိုးတသိုက် PDF ကအတည်ပြုဆိုပါတယ်။


"မေလ ၂၄ ရက် မှစတင်ကာ စကစရဲ့ ယင်းမာပင်မြို့နယ်တကြော စစ်ကြောင်းထိုး၀င်ရောက်ခဲ့မှုမှာကျွန်တော်ရဲ့ စခန်းကို စကစတပ်များမှ မီးရှို့ ဖျက်စီးသွားခဲ့ပါတယ်။ လက်နက်ခဲယမ်းအနည်းအကျဥ်းနဲ့ စခန်းသုံးပစ္စည်းအသုံးအဆောင်များဖျက်ဆီးခြင်းခံလိုက်ရပါတယ်"လို့ဆိုပါတယ်။ အဆိုပါစကစတပ်များ သတင်းအား ကြိုတင်ရ၍ လက်နက်ခဲယမ်းများကို အများစုကြိုတင်ရွှေ့ပြောင်းသယ်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။


========================


📌📌ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) (CWC) တို့တွေ့ဆုံ


ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) (CWC) တို့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ မေလ (၂၇) ရက်နေ့ ညနေတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) (CWC) တို့ အွန်လိုင်းတွေ့ဆုံမှု တစ်ရပ်ကျင်းပခဲ့ပါတယ်။


အဆိုပါတွေ့ဆုံမှု၌ မြန်မာ့နိုင်ငံရေးလတ်တလောအခြေအနေများနှင့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးအထိ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ တွေ့ဆုံမှုကို ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဒုတိယဥက္ကဌ ပဒိုစောကွယ်ထူးဝင်း အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး နှင့် အမြဲတမ်းဗဟိုကော်မတီဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီ(CWC) မှ ဦးအောင်ကြည်ညွန့်နှင့် ဗဟိုအလုပ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment