၂၀၂၂ မေလ ၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာနှင့် မြန်မာနိုင်ငံနေရာအသီးသီးမှ သပိတ်ခေါင်းဆောင်များ၊ ကျောင်းသားသမဂ္ဂခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေး
📌အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရရင် ငြိမ်မနေဘဲ အမျိုးသားညီညွတ်ရေးအစိုးရထံ မှတ်တမ်းပေးပို့ တိုင်ကြားရန် လူ့အခွင့်ရေးရာ ဝန်ကြီးတိုက်တွန်း
📌SME နဲ့ပတ်သတ်ပြီး နိုင်ငံတကာရန်ပုံငွေအဖွဲ့ အပါအဝင် အစိုးရများနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ ညှိနှိုင်းနေတယ်လို့ စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး အသိပေး
📌အလုပ်ရှင်အချို့နဲ့ Non CDM တချို့က စစ်ကောင်စီကို ယနေ့အချိန်အထိ အလုပ်အကျွေးပြုနေကြတယ်လို့ အလုပ်သမားဒုဝန်ကြီးဆို
📌ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ ကျောင်းသူများအတွက် လုပ်ငန်းခွင်သုံး အင်္ဂလိပ်ဘာသာစကား သင်တန်းဖွင့်လှစ်
📌ပင်လယ်ဘူးမြို့နယ်မှာ ပြည်သူ ၄၀ ကျော်ကို စစ်ကောင်စီက ဓါးစာခံအဖြစ် ဖမ်းဆီးပြီး ကျေးရွာတွေမှာ အကြမ်းဖက်နေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာနှင့် မြန်မာနိုင်ငံနေရာအသီးသီးမှ သပိတ်ခေါင်းဆောင်များ၊ ကျောင်းသားသမဂ္ဂခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာနှင့် အဖွဲ့သည် ဒေါက်တာ တေဇာဆန်း၊ မြန်မာနိုင်ငံနေရာအသီးသီးမှ သပိတ်ခေါင်းဆောင်များ၊ ကျောင်းသားသမဂ္ဂခေါင်းဆောင်များသည် မြန်မာပြည်သူများအပေါ် စစ်ကောင်စီက ကျူးလွန်သည့် ရာဇဝတ်မှုများအကြောင်းအပြင် တော်လှန်ရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း နှီးနှောဖလှယ် ဆွေးနွေးခဲ့ကြဟုသိရသည်။
ပြည်ထောင်စုဝန်ကြီးအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန (MOIC) တို့၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် မြန်မာပြည်သူများ၏ အောင်မြင်မှုများအကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ ဒီမိုကေရစီ အနာဂဏ်အတွက် အချင်းချင်း ပိုမိုချိတ်ဆက်ဆောင်ရွက်မှုများပြုလုပ်ပြီး ပူးပေါင်းဆောင်ရွက်ရန် သဘောတူဆုံးဖြတ်ခဲ့ကြသည်။
========================
📌📌အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရရင် ငြိမ်မနေဘဲ အမျိုးသားညီညွတ်ရေးအစိုးရထံ မှတ်တမ်းပေးပို့ တိုင်ကြားရန် လူ့အခွင့်ရေးရာ ဝန်ကြီးတိုက်တွန်း
အမျိုးသားညီညွတ်ရေးအစိုးရ ၊ အလုပ်သမားဝန်ကြီးဌာနက ဦးဆောင်ပြီး ကျင်းပတဲ့ကမ္ဘာအလုပ်သမားနေ့(မေဒေး) အထိမ်းအမှတ် အခမ်းအနားတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရရင် ငြိမ်မနေဘဲ အမျိုးသားညီညွတ်ရေးအစိုးရထံ မှတ်တမ်းပေးပို့ တိုင်ကြားရန် လူ့အခွင့်ရေးရာ ဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။
"ဒါနဲ့ပတ်သတ်ပြီးတော့ အလုပ်သမားအခွင့်အရေး ချိုးဖောက်တဲ့အလုပ်ရှင်ရော၊ စကစရော သူတို့ကို အရေးယူနိုင်ဖို့အတွက် နိုင်ငံခြားရေးရာဝန်ကြီးဌာနနဲ့ လူ့အခွင့်ရေးရာ ဝန်ကြီးဌာနတို့က နိုင်ငံတကာကို လှုံဆော်နေပါတယ်။ အဲဒီတော့ ဒီလိုကိစ္စတစ်ခုချင်းဆီကို စုစည်းပြီးတော့ ဒါတွေကို အရေးယူနိုင်ဖို့ တရားမျှတမှုတွေအတွက်နဲ့ တရားစွဲနိုင်ဖို့အတွက် မှတ်တမ်းတွေ ပေးပို့ကြပါ"လို့ ဝန်ကြီးကဆိုပါတယ်။ နွေဦးတော်လှန်ရေးကာလမှာ စကစဟာ အလုပ်သမား ၃၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၁၀၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါတယ်။
========================
📌📌SME နဲ့ပတ်သက်ပြီး နိုင်ငံတကာရန်ပုံငွေအဖွဲ့ အပါအဝင် အစိုးရများနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ ညှိနှိုင်းနေတယ်လို့ စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး အသိပေး
SME နဲ့ပတ်သက်ပြီး ရန်ပုံငွေ တည်ထောင်ကာထောက်ပံ့ကူညီနိုင်ဖို့ နိုင်ငံတကာရန်ပုံငွေအဖွဲ့အပါအဝင် အစိုးရများနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ ညှိနှိုင်းနေတယ်လို့ စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက မေလ၂ ရက်နေ့ NST နဲ့တွေ့ဆုံမေးမြန်းခြင်းအစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။
"ပြည်ထောင်စု အဆင့်မှာ ချမှတ်ရေးဆွဲထားတဲ့ အပေါ် မူတည်ပြီးတော့ အခုဆိုရင် ဖွံဖြိုးရေးစင်တာ တည်ဆောက်တာတွေ၊ SME နဲ့ပတ်သက်ပြီး လုပ်နည်း လုပ်ဟန် နည်းပညာအရသော်လည်းကောင်း၊ ငွေးကြေးအရသော်လည်းကောင်း ပံပိုးပေးဖို့ ပိုမိုလုပ်ဆောင်နေပါတယ်။ ဒီ့အတွက်လည်း SME ရန်ပုံငွေ တည်ဆောက်ပြီး ထောက်ပံ့လုပ်ကိုင်နိုင်ဖို့ နိုင်ငံတကာရန်ပုံငွေအဖွဲ့တွေ၊ အစိုးရတွေနဲ့ ဒါ ညှိနှိုင်းဆောင်ရွက် ပြင်ဆင်နေပါတယ်"လို့ဆိုပါတယ်။
လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရမှ ပြည်ထောင်စုအဆင့် အလုပ်အကိုင်အခွင့် အလမ်းတိုးပွားရေးနဲ့ ဝင်ငွေတိုးပွားရေးကော်မတီကို ဖွဲ့စည်းထားကာ ဝန်ကြီးဌာနအသီးသီး ပူးပေါင်းကာ စီမံချက်ချဆောင်ရွက်နေတယ်လို့သိရပါတယ်။
========================
📌📌အလုပ်ရှင်အချို့နဲ့ Non CDM တချို့က စစ်ကောင်စီကို ယနေ့အချိန်အထိ အလုပ်အကျွေးပြုနေကြတယ်လို့ အလုပ်သမားဒုဝန်ကြီးဆို
အလုပ်ရှင်အချို့နဲ့ Non CDM တချို့က စစ်ကောင်စီကို ယနေ့အချိန်အထိ အလုပ်အကျွေးပြုနေကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနက ဦးဆောင်ပြီး ကျင်းပတဲ့ ကမ္ဘာအလုပ်သမားနေ့ (မေဒေး) အထိမ်းအမှတ် အခမ်းအနားမှာ အလုပ်သမားဒုဝန်ကြီး ဦးကျော်နီကပြောကြားခဲ့ပါတယ်။
"အခု တိုင်းပြည်ပျက်နေပြီ။ တိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေပြီ။ ပြည်သူလူထုတစ်ရပ်လုံးက မြန်မာပြည်ရဲ့အနာဂါတ်ကို ဖက်ဒရယ် ပြည်ထောင်စုကြီးပေါ်ပေါက်လာရေးအတွက် စွန့်လွှတ် စွန့်စား အနစ်နာခံနေတဲ့အချိန်မှာ အလုပ်ရှင်အချို့နဲ့ Non CDM အချို့က စစ်ကောင်စီကို အလုပ်အကျွေးပြုနေတယ်။ ဒီနေ့ တိုင်းပြည်မှာ ဖြစ်နေတဲ့ ပြဿနာအရပ်ရပ်ရဲ့ တရားခံက စစ်အုပ်စုပါပဲ"လို့ ဒုဝန်ကြီးကဆိုပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် အလုပ်သမား ၁.၆ သန်းဟာ အလုပ်အကိုင်ဆုံးရှုံးခဲ့ရပါတယ်။
========================
📌📌ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ ကျောင်းသူများအတွက် လုပ်ငန်းခွင်သုံး အင်္ဂလိပ်ဘာသာစကား သင်တန်းဖွင့်လှစ်
ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ် သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်အရ လုပ်ငန်းခွင်သုံး အင်္ဂလိပ်ဘာသာစကား သင်တန်းဖွင့်လှစ် သင်ကြားသွားမယ်လို့သိရပါတယ်။
ကာလတိုသင်ကြားရေး (Short Course) အစီအစဉ် ဖြစ်သော လုပ်ငန်းခွင်သုံး အင်္ဂလိပ်ဘာသာစကားကို သင်တန်းကာလ(၃) လမှ (၅) လခန့် ကြာမြင့်မည်ဖြစ်ကာ မေလ ၁၁ ရက်နေ့ စတင်မယ်လို့ သတင်းရရှိပါတယ်။
သင်ကြားမည့်ပုံစံ မှာ Facebook Closed Group and Zoom ဖြစ်ပြီး သင်တန်းသား ငါးဆယ်ကို ကနဦး သင်ကြားပေးမည်ဖြစ်ကာ-မေလ ၉ ရက်နေ့၊ ညနေ ၆ နာရီထိ သင်တန်းတက်ရောက်ရန် လျှောက်ထားနိုင်တယ်လို့သိရပါတယ်။
သင်တန်းကို အပတ်စဉ် ကြာသပတေးနေ့ နှင့် သောကြာနေ့ နေ့လယ် ၂:၀၀ နာရီမှ ၄:၀၀ နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ပါတယ်။ သင်တန်းအား နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများ ကွန်ယက်မှ ဦးဆောင်၍ ဖွင့်လှစ်ခြင်းဖြစ်တယ်လို့သိရပါတယ်။
========================
📌📌ပင်လယ်ဘူးမြို့နယ်မှာ ပြည်သူ ၄၀ ကျော်ကို စစ်ကောင်စီက ဓါးစာခံအဖြစ် ဖမ်းဆီးပြီး ကျေးရွာတွေမှာ အကြမ်းဖက်နေတဲ့သတင်းကို တင်ပြပေးပါ့မယ်။
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ကောလင်းနယ်၊ ပင်လယ်ဘူးမြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို မေလ ၁ ရက်နေ့မှာ စစ်ကောင်စီက ဝင်ရောက်အကြမ်းဖက်နေပြီး ပြည်သူ ၄၀ ကျော် ၅၀ နီးပါးကို ဓါးစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပင်လယ်ဘူးမြို့ပေါ်မှာ စစ်သားနဲ့ ပျူစောထီးအင်အား ၃၀၀ ကျော်ကို စစ်ကြောင်းနှစ်ခုခွဲပြီး အင်အား ၁၇၀ ကျော်ပါဝင်တဲ့ စစ်ကြောင်းက ကျေးရွာတွေမှာ အကြမ်းဖက်မွှေနှောက်နေတာပါ။
(ပင်လယ်ဘူးဒေသခံတစ်ဦး)
စစ်ကိုင်းတိုင်းထဲမှာ စစ်တပ်ကတပ်သားအင်အား မလုံလောက်တော့တဲ့အတွက် ဒေသတွင်းပျူစောထီးတွေနဲ့ PDF တွေကို ရန်တိုက်ပေးတဲ့နည်းလမ်းနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဆက်လက်ကျူးလွန်နေတာပါ။ ဘာသာရေး၊ လူမျိုးရေးမှိုင်းတိုက်တဲ့နည်းလမ်းတွေကိုလည်း စစ်ကောင်စီကအသုံးပြုနေပြီး PDF တွေအချင်းချင်းသွေးကွဲစေမယ့် နည်းလမ်းတွေကိုလည်း ရှာဖွေနေတယ်လို့ ပုလဲဒေသခံတစ်ယောက်ကပြောပါတယ်။
(ပုလဲမြို့ခံတစ်ဦး)
ဧပြီ ၂၂ ရက်နေ့မှာ ပင်လယ်ဘူးမြို့ပေါ်က နေအိမ် ၆ လုံးကို စစ်သားတွေက မီးရှို့ခဲ့ပြီး PDF တွေကိုထောက်ပံ့တယ်လို့ စစ်ကောင်စီကယူဆတဲ့ အရပ်သားနေအိမ်တွေကို ဘတ်ဖိုးတွေနဲ့ ဖြိုချဖျက်ဆီးခဲ့တာကြောင့် မြို့မရပ်ကွက် တစ်ဝက်နီးပါး ပျက်စီးခဲ့ပြီး မြို့ပျက်ကြီးဖြစ်နေပြီလို့ ဒေသခံတွေကပြောပါတယ်။ ဧပြီလ ဒုတိယအပတ်ကစပြီး စစ်ကောင်စီက လေယာဉ်တွေကိုပါအသုံးပြုပြီး ပင်လယ်ဘူးမြို့မှာ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်ခဲ့တာဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment