30th MAY 2022 - Evening Daily News by Radio NUG

၂၀၂၂ မေလ ၃၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌စစ်လက်နက်ပစ္စည်းများ တိုးပြီးရှာလာနိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီးအသိပေး

📌အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာအနေနဲ့  ဆေးရုံ ရုံတည်ဆောက်နေ

📌CDM နဲ့ Non CDM‌ တွေအတွက်ဥပဒေရေးဆွဲနေ

📌စစ်ဗိုလ်ချုပ်တွေဟာချင်းတိုင်းရင်းသားတွေရဲ့မွေးရာပါအခွင့်အရေးများအားလုံးကို လက်နက်နဲ့လုယူ ဖျက်ဆီးခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာဆို

📌စကစတပ်များရဲ့ ရိုင်ဖယ်ပစ်ဗုံး အီနာဂါနဲ့ ဗုံးများကို Special.9-HPDF ကသိမ်းဆည်းရမိ

📌ဥပဒေပါ အခြေခံလုပ်ခလစာကိုမပေးချင်တာကြောင့် စက်ရုံလုပ်ငန်းရှင်တွေဟာ နေ့စားလုပ်သားတွေခန့်တဲ့နည်းလမ်းကိုအသုံးပြုပြီး အမြတ်ထုတ်နေတယ်လို့ ရန်ကုန်မြို့ခံစက်ရုံလုပ်သားတွေကပြော


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌စစ်လက်နက်ပစ္စည်းများ တိုးပြီးရှာလာနိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီးအသိပေး


မေလ ၂၉ ရက်ကျင်းပတဲ့ နွေဦးအောင်နိုင်ရေးခရီးစဉ် မိတ်ဆက်ပွဲအခမ်းအနားမှာ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က စစ်လက်နက်ပစ္စည်းများ တိုးပြီးရှာလာနိုင်တယ်လို့ပြောကြားခဲ့ပါတယ်။


"ဘယ်နိုင်ငံရဲ့ ကူညီမှုကိုမှ မရဘဲနဲ့ ပြည်သူလူထု ထောက်ပံမှုကိုအခြေပြုပြီးတော့မှ လက်နက်တပ်ဆင်ရတဲ့နေရာမှာ PDF အားလုံးကို လက်နက်တပ်ဆင်ဖို့ မဖြစ်နိုင်သေးဘူးဆိုတာ ကျနော် ဝန်ခံအသိပေးပြောဆိုထားပြီးဖြစ်ပါတယ်။သို့သော် ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုကလည်း တိုးတက်လာတာနဲ့အမျှ NUG အနေနဲ့ MOD အနေနဲ့လည်း စစ်လက်နက်ပစ္စည်းကို တိုးပြီးတော့ ရှာဖွောလာနိုင်တာရှိပါတယ်။ဒီစစ်လက်နက်ပစ္စည်းတွေကို စနစ်တကျတပ်ဆင်နိုင်ရေးအတွက်လည်းကြိုးစားဆောင်ရွက်နေကြတာရှိပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


စစ်လက်နက်များတပ်ဆင်ပေးရာတွင် ကာကွယ်ရေးဝန်ကြီးဌာအနေနဲ့ လေ့ကျင့်မှု၊စုဖွဲ့မှု၊ အမိန့်ပေးကွပ်ကဲမှုတို့ကိုပါ တပြိုင်တည်းလုပ်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ လက်ရှိတွင် စစ်ဒေသ သုံးခုရှိကာ စစ်ဒေသအလိုက်မဟာမိတ်များနဲ့ အမိန့်ပေးကွပ်ကဲမှုစနစ်ကိုထူထောင်ထားပြီး လက်နက်တပ်ဆင်လိုတဲ့ ကာကွယ်ရေးအဖွဲ့များအနေနဲ့ စစ်ဒေသအောက်ရှိ အမိန့်ပေးကွပ်ကဲမှုစနစ်တွင်ပါဝင်ရန်လည်း အရေးကြီးတယ်လို့သိရပါတယ်။


========================


📌📌အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာအနေနဲ့  ဆေးရုံ ရုံတည်ဆောက်နေ


အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာအနေနဲ့ တိုင်းရင်းသားနယ်မြေသုံးခုတွင် ဆေးရုံလေးရုံတည်ဆောက်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။


"အခုတိုင်းရင်းသားညီအကိုတွေနဲ့ထပ်ပြီးတော့ ဆွေးနွေးပြီးတော့ ဆေးရုံတွေ ထပ်ဆောက်နေတယ်။ချင်းဘက်မှာ ကျနော်တို့ ဆေးရုံ၁ရုံဆောက်နေတယ်။ကရင်နီမှာဆေးရုံ ရုံဆောက်နေတယ်။ကရင်ထဲမှာ ဆေးရုံ၂ရုံဆောက်နေတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနမှ လက်ရှိတွင် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုကို အဓိကထားလုပ်ဆောင်နေပြီး ဖက်ဒရယ် ကျန်းမာရေး မူဝါဒ ပေါ်ပေါက်ရေးအတွက်လည်း လုပ်ဆောင်နေတယ်လို့သိရပါတယ်။


လက်ရှိမှာ တိုင်းရင်းသားနယ်မြေများတွင် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သော နေရာများတိုးချဲ့နေပြီး ခွဲစိပ်ကုသမှုပေးနိုင်သော ဆေးရုံဆေးခန်း ၅၂ နေရာရှိတယ်လို့သိရပါတယ်။


========================


📌📌CDM နဲ့ Non CDM‌ တွေအတွက်ဥပဒေရေးဆွဲနေ


CDM နဲ့ Non CDM ပတ်သက်၍ ဥပဒေရေးဆွဲနေကြောင်းပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောကြားလိုက်ပါတယ်။


"CDM‌ တွေကို ဘယ်လို၊ Non CDM နဲ့ပတ်သက်ရင် ဘယ်လိုလုပ်မယ်ဆိုတာ ကျနော်တို့ ဥပဒေရေးနေတယ်။ဥပဒေနဲ့ ပတ်သက်လို့ နောင်တစ်ချိန်မှာ ဖက်ဒရယ် ဒီမိုကရေစီကိုသွားတဲ့အခါ ဒီ CDM တွေကို ဘယ်လိုမျိုး ချီးမြှင့်ပြီးတော့ Non CDM တွေကို ဘယ်လိုမျိုးသဘောထားမလဲဆိုတာကို ဥပဒေကဲ့သို့ပေါ့။ အားလုံးပါဝင်တဲ့ အားလုံးအတွက် ဥပဒေရေးနေပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ယင်းနောက် အကြမ်းမဖက် စစ်အာဏာရှင်စနစ် ကန့်ကွက်လှုပ်ရှားတဲ့ CDM လှုပ်ရှားမှုများပေါ်ပေါက်ခဲ့ရာ ကျန်းမာရေးဝန်ထမ်းနဲ့ ပညာရေးဝန်ထမ်းအများစုပါဝင်ခဲ့ကြပါတယ်။


========================


📌📌စစ်ဗိုလ်ချုပ်တွေဟာချင်းတိုင်းရင်းသားတွေရဲ့မွေးရာပါအခွင့်အရေးများအားလုံးကို လက်နက်နဲ့လုယူ ဖျက်ဆီးခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာဆို


ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီနဲ့ NUG တို့ ပူးပေါင်းပြီး ငွေတိုက်စာချုပ်ရောင်းချရန် မိတ်ဆက်တဲ့အခမ်းအနားမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာဆာဆာက အခုလိုပြောကြားခဲ့တာပါ။


"အာဏာရှင်အဆက်ဆက် လူမဆန်တဲ့ စစ်ဗိုလ်ချုပ်တွေကနေ ကျနော်တို့ ချင်းပြည်နယ်ကို  ဘုရားကပေးတဲ့အခွင့်အရေးတွေကို လက်နက်နဲ့သူတို့က လုယူခဲ့ပါတယ်။ လက်နက်တွေကို အသုံးပြုပြီးတော့ ကျနော်တို့ရဲ့ မွေးရာပါ အခွင့်အရေးဖြစ်တဲ့ ဖက်ဒရယ်အခွင့်အရေးနဲ့ ဒီမိုကရေစီအခွင့်အရေးအားလုံးကို ဖျက်ဆီးလာခဲ့တယ်။ကျနော်တို့ ချင်းသမိုင်းကိုပြန်ကြည့်မယ်ဆိုရင် ဒါကိုလက်မခံဘဲ တောက်လျှောက်ပဲ အသက်စွန့်ပြီးတော့ ချင်းသူရဲကောင်းတွေဟာ ချင်းပြည်နယ်တစ်ခုအတွက်သာမဟုတ်ဘဲ မြန်မာတစ်နိုင်ငံလုံးလွတ်လပ်ရေးအတွက် လှုပ်ရှားလာခဲ့တာ သမိုင်းဖြစ်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


စစ်ကောင်စီတပ်များဟာ ချင်းပြည်နယ် ထန်တလန်မြို့ကို အကြိမ်ကြိမ်မီးရှို့ဖျက်ဆီးခဲ့ရုံသာမက လက်နက်ကြီးများနဲ့လည်း ပစ်ခတ်ခဲ့မှုကြောင့် အရပ်သားနေအိမ်နဲ့ လူများထိခိုက်ခဲ့ကြရပါတယ်။


========================


📌📌စကစတပ်များရဲ့ ရိုင်ဖယ်ပစ်ဗုံး အီနာဂါနဲ့ ဗုံးများကို Special.9-HPDF ကသိမ်းဆည်းရမိ


မိုင်းမိ၍ ထွက်ပြေးတဲ့ စကစတပ်များရဲ့ ရိုင်ဖယ်ပစ်ဗုံး အီနာဂါနဲ့ ဗုံးများကို Special.9-HPDF ကသိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်။ မေလ ၃၀ ရက်နေ့မှာ သိမ်းဆည်းရမိတဲ့ အီနာဂါနဲ့ ဗုံးများကို Special.9-HPDF ကထုတ်ဖော်ပြသခဲ့ပါတယ်။


"ပြေးတာ၊ ပြေးတာကိုယ့်ပစ္စည်းတောင်ကိုယ်မယူ‌နိုင်အောင်ပြေးတဲ့ စကစတပ်တွေငါတို့ ကောင်းကောင်း သုံးပေးပါ့မယ်"လို့ဆိုထားပါတယ်။


Special.9-HPDF က မေလ ၁၈ ရက်နေ့ မိုင်းဆွဲတိုက်ခိုက်မှုတွင် စကစတပ်ဖွဲ့ဝင် နှစ်ပွင့်ဗိုလ်နှစ်ဦး၊ တစ်ပွင့်ဗိုလ်တစ်ဦးနဲ့ ဆယ်ဦးသေဆုံးကာ ဆယ့်ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သတင်းထုတ်ပြန်ပါတယ်။ အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းမှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


အခု ဆက်လက်ပြီးသတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


📌📌ဥပဒေပါ အခြေခံလုပ်ခလစာကိုမပေးချင်တာကြောင့် စက်ရုံလုပ်ငန်းရှင်တွေဟာ နေ့စားလုပ်သားတွေခန့်တဲ့နည်းလမ်းကိုအသုံးပြုပြီး အမြတ်ထုတ်နေတယ်လို့ ရန်ကုန်မြို့ခံစက်ရုံလုပ်သားတွေကပြောပါတယ်။


NLD အစိုးရလက်ထက်တုန်းက အနည်းဆုံးအခြေခံလုပ်ခလစာအဖြစ် အချိန်ပိုလုပ်အားခမပါ တစ်ရက်ကို ငွေကျပ် ၄၈၀၀ နှုန်းသတ်မှတ်ခဲ့တာပါ။ စစ်အာဏာသိမ်းပြီးချိန်မှာတော့ စက်ရုံအများစုက လုပ်ငန်းတွေပိတ်သိမ်းရပ်ဆိုင်းခဲ့ပြီး စစ်တပ်နဲ့အဆင်ပြေတဲ့လုပ်ငန်းရှင်တချို့ကတော့ သူတို့ စက်ရုံတွေကို ဆက်လက်လည်ပတ်ခဲ့ပါတယ်။ ဒါပေမယ့် လုပ်သားတွေကို အနိမ့်ဆုံးအခြေခံလုပ်ခလစာမပေးချင်တဲ့အတွက် တစ်ရက်ကို ငွေကျပ် ၃၆၀၀ နှုန်းနဲ့ နေ့စားတွေပြောင်းလဲခန့်ထားတဲ့နည်းလမ်းကို လုပ်ငန်းရှင်တွေက အသုံးပြုပြီး အမြတ်ထုတ်လာတယ်လို့ စက်ရုံလုပ်သားတစ်ယောက်ကပြောပါတယ်။


စက်ရုံလုပ်သားတစ်ဦး


ရန်ကုန်စက်မှုဇုန်တွေက စက်ရုံအများစုဟာ လုပ်ငန်းမလည်ပတ်နိုင်လို့ပိတ်သိမ်းခဲ့ရတဲ့အတွက် သိန်းနဲ့ချီတဲ့လုပ်သားတွေဟာ အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေးကျပ်တည်းနေပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ဆုံးရှံးသူ . သန်းကျော်အထိရှိခဲ့တယ်လို့  အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့  ILO က ၂၀၂၂ ဇန်နဝါရီလကုန်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီး အလုပ်သမတစ်ဦးက အခုလိုပြောပါတယ်။


စက်ရုံအလုပ်သမတစ်ဦး


မတ်လ ၁၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့  ILO ရဲ့ ၃၄၄ ကြိမ်မြောက် အုပ်ချုပ်မှုအစည်းအဝေးမှာ မြန်မာ့နိုင်ငံအတွင်း အလုပ်သမားအရေးနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတဲ့အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းဖို့ ILO က ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ILO ရဲ့ဆုံးဖြတ်ချက်မှာ စစ်ကောင်စီဟာ မြန်မာပြည်တွင်းအလုပ်သမားအရေးနဲ့ပတ်သက်တဲ့ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်နဲ့ အလုပ်သမားတွေကို အတင်းအဓမ္မစေခိုင်းမှုတို့ကို ကျူးလွန်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီသတင်းကိုတော့ နွေဦးKကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment