31st MAY 2022 - Evening Daily News by Radio NUG

၂၀၂၂ မေလ ၃၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ ရှေ့တန်းစစ်မျက်နှာပြင် စစ်ဆေးမှုအား ပြည်သူလူထုအများစုထောက်ခံအားပေး

📌ယူကရိန်းနိုင်ငံကိုစစ်ရေးအရ ထောက်ပံ့မှုထဲမှ တစ်ပုံသာ မြန်မာကိုပေးပါက နှစ်ရက်အတွင်း စစ်ပွဲအောင်နိုင်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို

📌မကြာတော့တဲ့အချိန်တွေမှာ စစ်ကောင်စီဝင်တွေကို နိုင်ငံတကာခုံရုံးများတွင် တရားစွဲနိုင်မယ်လို့ KNDF  ဥက္ကဋ္ဌ ခွန်းဘီထူး ပြော

📌ကလေးမြို့နယ်တောင်ပိုင်းက PDF စခန်းတချို့ကို စကစတပ်များ သိမ်းပိုက်ထားပြီး PDF Kalay တပ်ရင်းများ အရေးပေါ်အကူအညီလိုအပ်နေ

📌ဒီပဲယင်းမြို့နယ် ညောင်ပုထိုးရွာနဲ့ တည်တောရွာကို အကြမ်းဖက် စစ်တပ်က ယနေ့မနက် ရှေ့ဆင့်နောက်ဆင့် မီးရှို့ဖျက်ဆီး

📌ကုလနဲ့ အာဆီယံတို့ရဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး စစ်ဘေးသင့်တွေကို အကူအညီပေးမယ့်အစီအစဉ်ကိုရပ်ဆိုင်းပြီး ပြည်သူတွေဆီအကူအညီတကယ်ရောက်မယ့်နည်းလမ်းကို ပြောင်းလဲကျင့်သုံးပေးဖို့ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက မေတ္တာရပ်ခံ

📌ဒီနေ့ကတော့ လကုန်ရက်ရောက်ပြီဖြစ်လို့ ဒီကာလတွေမှာ ပြည်သူတွေရဲ့ကံစမ်းထီထိုးထားမှုအခြေအနေက ဘယ်လိုရှိမလဲဆိုတာကိုတင်ပြသွားမှာပါ



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ ရှေ့တန်းစစ်မျက်နှာပြင် စစ်ဆေးမှုအား ပြည်သူလူထုအများစုထောက်ခံအားပေး


မေလ ၃၀ ရက်မှာ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ ရှေ့တန်းစစ်မျက်နှာပြင်ကို သွားရောက်ကာ တပ်ဖွဲ့များ စစ်ဆေးမှုကို သတင်ဓာတ်ပုံများထုတ်ပြန်ခဲ့ပါတယ်။


"ဒါကျနော်တို့ရဲ့ သမ္မတပဲလေ။ သူကိုယ်တိုင်ရှေ့တန်းဆင်းတယ်ဆိုကတည်းက ဒါ စစ်ရေးကို အဆုံးသတ်ဆင်နွှဲတော့မယ်လို့ ကျနော်တို့ တော့ယုံကြည်တယ်"လို့ ရန်ကုန်မြို့ သမိုင်းနေ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးကဆိုပါတယ်။


ထို့အပြင် လူမှုကွန်ရက်စာမျက်နှာများတွင် မိမိတို့ profile များကို နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ ရှေ့တန်းစစ်မျက်နှာပြင်တွင် စစ်ဆေးနေတဲ့ မှတ်တမ်းဓာတ်ပုံများပါ ပြောင်းလဲခဲ့တယ်လို့သိရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဟာ စကစတပ်များကို ပြည်သူ့ခုခံတွန်းလှန်စစ်ဆင်နွှဲရန် ၂၀၂၁ ခုနှစ် စက်တင်ဘာ ရက်နေ့မှာကြေညာခဲ့ပါတယ်။


========================


📌📌ယူကရိန်းနိုင်ငံကိုစစ်ရေးအရ ထောက်ပံ့မှုထဲမှ တစ်ပုံသာ မြန်မာကိုပေးပါက နှစ်ရက်အတွင်း စစ်ပွဲအောင်နိုင်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို


အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီး များနဲ့ ယူကေရောက် မြန်မာတော်လှန်ရေးမိသားစုများ နှင့် ရင်းနှီးနွေးထွေးစွာတွေ့ဆုံ ပွဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလိုဆိုလိုက်ပါတယ်။


"ကျနော်တို့ကိုသာ ယူကရိန်းကို တစ်ရက်စာပေးတဲ့ဟာနဲ့ အပုံတစ်ရာပုံ တစ်ပုံပဲပေး ကျနော်တို့ နောက်နှစ်ရက်၊ သုံးရက်ဆို ပွဲပြီးအောင်တိုက်မယ်။ အဲဒါကို ကမ္ဘာ ပတ်ပြီးပြောနေတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်ပွဲဆင်နွှဲနေတဲ့ ရုရှားကို ခုခံတိုက်ခိုက်နိုင်ရန် နေတိုးအဖွဲ့ဝင်နိုင်ငံများက စစ်လက်နက်များနဲ့ငွေကြေးများ ယူကရိန်းကို ထောက်ပံ့ကူညီလျက်ရှိပါတယ်။


========================


📌📌မကြာတော့တဲ့အချိန်တွေမှာ စစ်ကောင်စီဝင်တွေကို နိုင်ငံတကာခုံရုံးများတွင် တရားစွဲနိုင်မယ်လို့ KNDF  ဥက္ကဋ္ဌ ခွန်းဘီထူး ပြော


ယနေ့ မေလ ၃၁ ရက်တွင် ကျရောက်သော KNDF တပ်မွေးနေ့သို့ ဥက္ကဋ္ဌခွန်းဘီထူးက နှုတ်ခွန်းဆက်စကား ပေးပို့ရာတွင် အခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။


"ရဲဘော်များ ကျဆုံးခြင်း၊ ပြည်သူများ၏ အသက်နှင့် အိုးအိမ် ဆုံးရှုံးမှုများအားလုံး၏ အဓိကတရားခံသည် အကြမ်းဖက် စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် ဖြစ်ပါတယ်။

မကြာတော့တဲ့အချိန်တွေမှာ  အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူလူထုနှင့် နိုင်ငံတကာခုံရုံးများရှေ့တွင် တရားစွဲပြီး တရားမျှတမှုတွေ ဖော်ထုတ်နိုင်မယ်လို့ကျနော့်အနေနဲ့ယုံကြည်ပါတယ်"လို့ KNDF ဥက္ကဋ္ဌက ဆိုပါတယ်။


ဒါ့အပြင် KNDF သည် မှန်ကန်သော နိုင်ငံရေးလမ်းကြောင်းနှင့် ခိုင်မာသော စုပေါင်းခေါင်းဆောင်မှုများဖြင့် ရပ်တည်လျှက်ရှိကြောင်း၊ ယနေ့ ပြည်ထောင်စုအဆင့်တွင် နိုင်ငံရေးအင်အားစုအားလုံး လက်ခံသဘောတူထားသည့် နိုင်ငံရေး ပဋိညာဉ်သည် KNDF နိုင်ငံရေးဦးတည်သည့် လမ်းကြောင်းဖြစ်တယ်လို့ KNDF ဥက္ကဋ္ဌ ခွန်းဘီထူး ကထပ်မံဆိုပါတယ်။


========================


📌📌ကလေးမြို့နယ်တောင်ပိုင်းက PDF စခန်းတချို့ကို စကစတပ်များ သိမ်းပိုက်ထားပြီး PDF Kalay တပ်ရင်းများ အရေးပေါ်အကူအညီလိုအပ်နေ


မေလ ၃၁ ရက်နေ့မှာ PDF Kalay တပ်ရင်း က ကလေးမြို့နယ် တောင်ပိုင်းအခြေအနေကိုအသိပေးပြောကြားပါတယ်။


"စစ်ကိုင်းတိုင်းက ကလေးမြို့နယ်တောင်ပိုင်းမှာ စကစတပ်များနဲ့ ပွဲကရတာ ရက်၊ တွေ ကြာမြင့်ခဲ့ပါပြီ ။အချို့ pdf kalay စခန်း တွေအသိမ်းခံခဲ့ရပါပြီ ။စကစတွေဟာ စစ်ကိုင်းက pdf kalay ကို အပြုတ်တိုက်ဖို့လုံးဝပြင်နေကြပါတယ်။ စစ်ကိုင်းမြေက PDF kalay တပ်ရင်းများဟာ လုံးဝ အကူညီလိုအပ်နေပါတယ်ဗျာ"လို့ တပ်ရင်း၁က ရဲဘော်တစ်ဦးကအတည်ပြုဆိုပါတယ်။


ကလေးမြို့နယ်တောင်ပိုင်းတွင် မေလဆန်းမှ စတင်၍ စကစတပ်များဟာ မြေပြင်စစ်ကြောင်းများ ပေါင်းစည်းကာ စစ်ကြောင်းထိုးလျက် ကာကွယ်ရေးတပ်စခန်းများကို စီးနင်းလျက်ရှိနေပါတယ်။


========================


📌📌ဒီပဲယင်းမြို့နယ် ညောင်ပုထိုးရွာနဲ့ တည်တောရွာကို အကြမ်းဖက် စစ်တပ်က ယနေ့မနက် ရှေ့ဆင့်နောက်ဆင့် မီးရှို့ဖျက်ဆီး


မေလ ၃၁ ရက် နံနက် နာရီအချိန်တွင်စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ညောင်ပုထိုးရွာကို မီးရှို့ဖျက်ဆီးကာ နာရီ ၃၀ အချိန်တွင် တည်တောရွာကို မီးရှို့ခဲ့တယ်လို့သိရပါတယ်။


"ဒီပဲယင်းမြို့နယ် တည်တောကျေးရွာ အရှေ့အပိုင်းကို စကစတပ်များကမီးရှို့ဖျက်ဆီးပါပြီ။ မီးအားပြင်း မီးခိုးများထွက်ပေါ်နေခဲ့ပါတယ်"လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ကအတည်ပြုဆိုပါတယ်။


မေလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရက်သတ္တပါတ်အတွင်း စစ်ကောင်စီမှ စစ်ကိုင်းတိုင်းတွင်းမီးရှို့ဖျက်ဆီးမှု - (၃၅) မှုရှိခဲ့ပြီး သတ်ဖြတ်မှု၄မှုရှိခဲ့ပါတယ်။အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။


========================


အခု ဆက်လက်ပြီးသတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


📌📌ကုလနဲ့ အာဆီယံတို့ရဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး စစ်ဘေးသင့်တွေကို အကူအညီပေးမယ့်အစီအစဉ်ကိုရပ်ဆိုင်းပြီး ပြည်သူတွေဆီအကူအညီတကယ်ရောက်မယ့်နည်းလမ်းကို ပြောင်းလဲကျင့်သုံးပေးဖို့ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက မေတ္တာရပ်ခံလိုက်ပါတယ်။


ကုလနဲ့အာဆီယံရဲ့ မြန်မာနိုင်ငံကိုပံ့ပိုးမယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဆိုပြုချက်ကို ပြန်သုံးသပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG KNPP KNU နဲ့ CNF တို့က မေလ ၃၀ရက်နေ့မှာ ပူးတွဲသဘောထားထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ တာဝန်ရှိသူ ခူးပလုရယ် ကအခုလိုပြောပါတယ်။


ခူးပလုရယ် (KNPP)

(((((((()))))))))


အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားတွေက စစ်ကောင်စီအဖွဲ့နဲ့အကူအညီပေးတာဟာ မဖြစ်နိုင်ကြောင်းပထမအကြိမ်အကြံပြုခဲ့ပေမယ့် ကုလနဲ့အာဆီယံက မသုံးသပ်ဘဲရှေ့ဆက်နေတဲ့အတွက် ဒုတိယအကြိမ်သဘောထားထုတ်ပြန်ခဲ့တာလို့ ကြေညာချက်မှာဖော်ပြထားပါတယ်။ လောလောဆယ်မှာ သူတို့နဲ့ပူးပေါင်းဆောင်ရွက်မှုမပြုဘူးဆိုရင် စစ်ဘေးရှောင်တွေဟာ ပိုဆိုးတဲ့အခြေအနေနဲ့ရင်ဆိုင်ရနိုင်တယ်ဆိုတာ သိနှင့်နေတဲ့အတွက် အာဆီယံနဲ့ကုလက ဒီနည်းလမ်းကိုပဲဆက်အသုံးပြုဖို့ရွေးချယ်ခဲ့တာဖြစ်နိုင်တယ်လို့ (နိုင်ငံရေးလေ့လာသူ) ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။


ဦးသန်းစိုးနိုင် (နိုင်ငံရေးလေ့လာသူ)

((((((((((()))))))))) 


NUG နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့သဘောထားထုတ်ပြန်ချက်မှာ အဓိက မေတ္တာရပ်ခံထားတဲ့အချက် ၇ချက်ပါဝင်ပြီး မြေပြင်မှာ အကူအညီပေးနေတဲ့ အရပ်ဖက်အဖွဲ့တွေကို အကူအညီပေးရေးလုပ်ငန်းတွေမှာ တတိယအစုအဖွဲ့အနေနဲ့ပါဝင်ခွင့်ပေးဖို့၊ အာဆီယံအပြင် (ASEAN Plus) နည်းလမ်းကို အသုံးပြုဖို့၊ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေတွေနဲ့ စံတန်ဖိုးတွေအတိုင်း အထောက်အကူပေးဖို့၊ နယ်စပ်ဖြတ်ကျော်ပေးပို့တဲ့နည်းလမ်းတွေအသုံးပြုခွင့်ရအောင်ကြိုးစားပေးဖို့၊ အိန္ဒိယနဲ့ထိုင်းနယ်စပ်တွေမှာ အကူအညီပေးရေးစင်္ကြန်တည်ဆောက်ဖို့ဆွေးနွေးရာမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးညှိနှိုင်းမှုရုံး (UNOCHA) နဲ့ နိုင်ငံတကာကြက်ခြေနီကော်မတီ ICRC တို့က ဝင်ရောက်အကူအညီပေးဖို့၊ စစ်ကောင်စီကဝင်ရောက်စွက်ဖက်မှုမရှိအောင် အလေးထားလုပ်ဆောင်ပေးဖို့ စတဲ့အချက်တွေ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ နွေဦးKကပေးပို့ထားတာဖြစ်ပါတယ်။


========================


📌📌ဒီနေ့ကတော့ လကုန်ရက်ရောက်ပြီဖြစ်လို့ ဒီကာလတွေမှာ ပြည်သူတွေရဲ့ကံစမ်းထီထိုးထားမှုအခြေအနေက ဘယ်လိုရှိမလဲဆိုတာကိုတင်ပြသွားမှာပါ


စစ်ကောင်စီရဲ့ အောင်ဘာလေထီကို ထိုးမယ့်သူမရှိတဲ့အတွက် အရောင်းအဝယ်ရပ်ထားရတယ်လို့  ထီလက္ကားကုန်သည်တွေက ပြောပါတယ်။


အခုမေလအတွင်း အောင်ဘာလေထီ အုပ်ရေ သိန်းကျော် စုစုပေါင်းထီလက်မှတ်ရဲ့ ၂၀ ရာခိုင်နှုန်းနီးပါးကို ရောင်းချနိုင်ခဲ့တယ်လို့ စစ်ကောင်စီ၊ အောင်ဘာလေသိန်းဆုဌာနခွဲက မေလ ၂၉ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ငွေကျပ်တန်ဖိုး သန်း ထောင်ကျော်ဖိုးရောင်းချထားရပြီး အဲ့ဒီအထဲက ၇၀ ရာခိုင်နှုန်းကို ဆုကြေးငွေပြန်ထုတ်ပေးမယ်လို့ဆိုပါတယ်။ မြေပြင်အခြေအနေမှာတော့ ထီလက္ကားကုန်သည်အများစုဟာ ထီထိုးမယ့်ပြည်သူမရှိတဲ့အတွက် အောင်ဘာလေရုံးကိုမရောက်တာတောင်ကြာနေပြီလို့တောင် ထီလက္ကားကုန်သည်တစ်ဦးဆိုပါတယ်။


ထီလက္ကားကုန်သည်တစ်ဦး

(((((())))))


စစ်အာဏာသိမ်းပြီးနောက်မှာ အောင်ဘာလေထီဟာ အုပ်ရေတစ်သိန်းခွဲဝန်းကျင်ပဲရှိတော့တဲ့အထိအရောင်းအဝယ်ကျခဲ့ပါတယ်။ ဒါပေမယ့်လုပ်ငန်းလုံးဝရပ်ဆိုင်းမသွားတာက ထီလုပ်ငန်းနဲ့စားဝတ်နေရေးဖြေရှင်းရတဲ့ အခြေခံဝယ်လက်ငယ်တချို့နဲ့ လောင်းကစားလုပ်တဲ့သူတွေရှိနေတာကြောင့်ဖြစ်ပါတယ်။ အာဏာမသိမ်းခင်က အောင်ဘာလေက အမြင့်ဆုံးဆု ငွေကျပ်သိန်းတစ်သောင်းခွဲအထိပေးနိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ငွေကျပ်သိန်း ၅ထောင်ဆုပဲ အမြင့်ဆုံးပေးနိုင်ပါတော့တယ်လို့ထီကုန်သည်တစ်ဦးကပြောပါတယ်။


ထီကုန်သည်တစ်ဦး

(((((((((((()))))))))))))


အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အောင်လံလွှင့်ချီနွေဦးထီကို ပြည်သူတွေက အားပေးခဲ့တာကလည်း အခြေအနေမကောင်းတော့တဲ့ အောင်ဘာလေထီကို ကြီးမားတဲ့ထိုးနှက်မှုဖြစ်စေခဲ့ပါတယ်။ စစ်အာဏာမသိမ်းခင်က ထီလုပ်ငန်းကနေ အစိုးရဟာ တစ်နှစ်ကို ငွေကျပ် ၁၆၃ ဘီလီယံနီးပါး အခွန်ဝင်ငွေ ရခဲ့ပါတယ်။ တစ်နှစ်ပတ်လုံးထီမရောင်းရဘူးဆိုရင် ထီကရမယ့် အခွန်ဝင်ငွေထဲက ၁၅၁ ဘီလီယံလောက် စစ်ကောင်စီက နစ်နာမှာဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ ထီမထိုးတဲ့သပိတ်ဟာ အောင်မြင်ခဲ့ပါတယ်။ ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment