8th MAY 2022 - Evening Daily News by Radio NUG

၂၀၂၂ မေလ ၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌တော်လှန်မပြတ် ရပ်တည်နေသော CDM အမေများ၊ နေ့စဥ်နဲ့အမျှ မထင်မရှားရုန်းကန်နေရသော အမေများ အားလုံး ကို လေးစားဂုဏ်ပြုလိုက်တယ်လို့ ဝန်ကြီး ဒေါက်တာတူးခေါင်ဆို
📌အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးထံ တပ်ရင်းတစ်ရင်းစာလက်နက်တပ်ဆင်ပေးဖို့ ဗိုလ်နဂါးတောင်းဆို
📌အမှတ်(၄)ထုံခါအကျဉ်းစခန်းအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဝင်ရောက်စီးနင်းရာ စကစတပ်ကသုံးဦးသေဆုံးနိုင်
📌ယမ်းပိဿာချိန် (၃၀) ခန့်ထည့်သွင်းပြုလုပ်ထားသော မိုင်းဘီလူးနှစ်လုံးဖြင့် YDF(Htilin) မှတိုက်ခိုက်မှုကြောင့် စကစတပ်သား အနည်းဆုံး (၁၀) ဦးခန့်သေဆုံး
📌ကရင်နီတပ်မတော်မှ ဗိုလ်ရှေးရယ် ဦးစီးပြီး ရှားတောမြို့အရှေ့ခြမ်း သံလွင်မြစ်ဘေး တာတမောစခန်းထိုင် စကစတပ်ခမရ ၄၂၈ ကိုဝင်တိုက်ခိုက်ရာ ဒုတပ်ရင်းမှူးအပါအဝင် ၆ ဦးကျ
📌မုံရွာမြို့ မအူဂိတ်အနီး စိုက်ပျိုးရေးကွင်းမှ စကစတပ်များ လက်နက်ကြီးနဲ့ပစ်ခတ်၍ ရွာပုလဲရွာရှိ လူနေအိမ်နဲ့ ဘုန်းကြီးကျောင်းဝန်းထဲထိမှန်
📌မြန်မာ့နွေဦးတော်လှန်ရေးရဲ့ ကမ္ဘာလုံးဆိုင်ရာဆန္ဒပြပွဲ နယူးယောက်က တိုင်းစကွဲမှာ ကျင်းပရာလူဦးရေ ရာနဲ့ချီတက်ရောက်
📌မင်းကင်းမြို့နယ်၊ သံပေါက်နဲ့ ဇင်ကလဲကျေးရွာတွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာသားတွေဟာ တောထဲကိုထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေးခက်ခဲနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌တော်လှန်မပြတ် ရပ်တည်နေသော CDM အမေများ၊ နေ့စဥ်နဲ့အမျှ မထင်မရှားရုန်းကန်နေရသော အမေများ အားလုံး ကို လေးစားဂုဏ်ပြုလိုက်တယ်လို့ ဝန်ကြီး ဒေါက်တာတူးခေါင်ဆို

"မေလ ၈ ရက်Happy Mother's Dayတွင် တော်လှန်ရေးကာလမှာ မိသားစုနဲ့ခွဲခွါပြီး ကိုယ်တိုင်ပါဝင်လှုပ်ရှားနေသောအမေများ၊ တော်လှန်ရေးမှာ ပါဝင်နေတဲ့ မိသားစုများအတွက် သားသမီးဇော၊ လင်ယောက်ျားဇော၊ အိမ်ထောင်အရေးအပြင် နိုင်ငံ့အရေးပါ စိတ်မော လူမော နေရသောအမေများ၊ ဒုက္ခပေါ့င်းများစွာကို ကြံ့ကြံ့ခံလျှက် တော်လှန်မပြတ် ရပ်တည်နေသော CDM အမေများ၊ နေ့စဥ်နဲ့အမျှ မထင်မရှားရုန်းကန်နေရသော အမေများ အားလုံး ကို လေးစားဂုဏ်ပြုလိုက်ပါတယ်"လို့အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာတူးခေါင်ကလူမှုကွန်ရက်မှာ ရေးသားပြောကြားခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့စ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက် စစ်တပ်က လူပေါင်း ၁၈၂၅ ဦးကိုသတ်ဖြတ်ခဲ့ရာတွင်ပြည်သူလူထု မိသားစုဝင်များ ၊ သားသည်အမေများပါဝင်ခဲ့ကြပါတယ်။

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးထံ တပ်ရင်းတစ်ရင်းစာလက်နက်တပ်ဆင်ပေးဖို့ ဗိုလ်နဂါးတောင်းဆို

မေလ ၈ ရက်နေ့မှာအမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ထံ မြန်မာ့တော်ဝင်နဂါးတပ်တော်မှ ဗိုလ်နဂါးက တပ်ရင်းတစ်ရင်းစာလက်နက်တပ်ဆင်ပေးဖို့အိတ်ဖွင့်ပေးစာနဲ့တင်ပြတောင်းခံလိုက်တယ်လို့သတင်းရရှိပါတယ်။

"(NUG) အစိုးရဖွဲ့စည်းပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာန (MOD) တွင်လည်းတပ်ရင်းတပ်ဖွဲ့များစနစ်တကျပေးသွင်း၍ အသိအမှတ်ပြုပူးပေါင်းပါဝင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ ယခုအချိန်တွင် စစ်ကောင်စီဘက်မှ ကျွန်ုပ်တို့ဒေသအား ဦးတည်၍ ချေမှုန်းနိုင်ရေးထိုးစစ်ပြင်ဆင်စတင်နေသည့်အနေအထားတခုအား ရင်ဆိုင်နေရချိန်လည်းဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ( 13.3.2022 ) ရက်နေ့ ဝန်းကြီးဦးရည်မွန်နှင့် ကျွန်ုပ်တို့တွေ့ဆုံဆွေးနွေးစဉ်က ( MRDA ) ၏စားရင်းသွင်းတပ်ရင်းများအားလုံးတပ်ဆင်ဖို့ရန်မဖြစ်နိုင်သော်လည်း တရင်းစာတပ်ဆင်ခြင်းကိုမှူ ထိုနေ့မှစ၍တလအတွင်း တပ်ဆင်ပေးမည်ဟုကတိပေးထားသည့်အတိုင်း အမြန်ဆုံးတာဝန်ယူတပ်ဆင်ပေးပါရန် လေးစားစွာတင်ပြတောင်းဆိုအပ်ပါတယ်"လို့ ဗိုလ်နဂါးကဆိုထားပါတယ်။

========================

📌📌အမှတ် (၄) ထုံခါအကျဉ်းစခန်းအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဝင်ရောက်စီးနင်းရာ စကစတပ်ကသုံးဦးသေဆုံးနိုင်

မေလ ၈ ရက်နေ့ နံနက် (၅) နာရီအချိန်တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊စကစ၏ ဆင်ဖြူရှင် (၄) ထုံခါအကျဉ်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စကစတပ်ကသုံးဦးသေဆုံးနိုင်တယ်လို့Tanintharyi Defense Forceက အတည်ပြုပြောပါတယ်။

ထိ‌တွေ့မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ပူးပေါင်းအဖွဲ့မှ တစ်ဦး ကျဆုံးခဲ့ပါတယ်။ ထုံခါအကျဉ်းစခန်းသည် ရေဖြူစစ်ဗျူဟာနှင့် သုံးမိုင်ခန့်ကွာဝေးသည့် အကျဉ်းစခန်းတစ်ခုဖြစ်ပါတယ်။

========================

📌📌ယမ်းပိဿာချိန် (၃၀) ခန့်ထည့်သွင်းပြုလုပ်ထားသော မိုင်းဘီလူးနှစ်လုံးဖြင့် YDF(Htilin) မှတိုက်ခိုက်မှုကြောင့် စကစတပ်သား အနည်းဆုံး (၁၀) ဦးခန့်သေဆုံး

"မေလ ၇ ရက်နေ့တွင် ထီးလင်းမြို့နယ် ဆေးမင်းတောရဲစခန်းမှ စခန်းစွန့်ခွာရွှေ့ပြောင်းလာသောရဲအင်အား (၄၀) ခန့်နှင့် အင်အား (၈၀) ခန့်ပါစကစတပ်မ (၁၁) ပူးပေါင်းစစ်ကြောင်းအားနေ့လည် (1:45) မိနစ်ခန့် ဇီးတောရွာအနီးတွင် YDF(Htilin) မှ ယမ်းပိဿာချိန်(၃၀)ခန့်ထည့်သွင်းပြုလုပ်ထားသော မိုင်းဘီလူးနှစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစတပ်သား အနည်းဆုံး (၁၀) ဦးခန့်သေဆုံးနိုင်ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိနိုင်ပါတယ်"လို့ဖော်ပြပါတယ်။

ထိုမိုင်းဆွဲတိုက်ခိုက်မှုကို YDF(Htilin) ၏ဝါရင့်မိုင်းဆရာဗိုလ်လင်းဘကြီးမှ အနီးကပ်ကွပ်ကဲခဲ့ခြင်းဖြစ်ပြီး ဒရုန်းနှင့်မှန်ပြောင်းအသုံးပြုကာ ကင်းထောက်ခဲ့တယ်လို့ဆိုပါတယ်။

========================

📌📌ကရင်နီတပ်မတော်မှ ဗိုလ်ရှေးရယ် ဦးစီးပြီး ရှားတောမြို့အရှေ့ခြမ်း သံလွင်မြစ်ဘေး တာတမောစခန်းထိုင် စကစတပ်ခမရ ၄၂၈ ကိုဝင်တိုက်ခိုက်ရာ ဒုတပ်ရင်းမှူးအပါအဝင် ၆ ဦးကျ

"မေလ၈ရက်နေ့မှာ ကရင်နီတပ်မတော်မှ ဗိုလ်ရှေးရယ် ဦးစီးပြီး ရှားတောမြို့အရှေ့ခြမ်း သံလွင်မြစ်ဘေး တာတမောစခန်းထိုင်စခ ခမရ ၄၂၈ နှင့် နာရီဝက် ကြာထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပြီး ၄၂၈ ဒုရင်းမှူးအပါအဝင် ၆ ဦးသေးဆုံးခဲ့ပြီး ဒဏ်ရာရသူလည်း ရှိခဲ့ပါတယ်"လို့Karenni Army Canter ကထုတ်ပြန်ပါတယ်။ တိုက်ပွဲ အပြီး တာတမောစခန်းထိုင် ၄၂၈ စကစတပ်အကြမ်းဖက်အဖွဲ့ကပြည်သူလူထု နှမ်းခင်းသို့ လက်နက်ကြီးအမြောက်အများပစ်ခတ်ခဲ့တယ်လို့လည်းသိရပါတယ်။

========================

📌📌မုံရွာမြို့ မအူဂိတ်အနီး စိုက်ပျိုးရေးကွင်းမှ စကစတပ်များ လက်နက်ကြီးနဲ့ပစ်ခတ်၍ ရွာပုလဲရွာရှိ လူနေအိမ်နဲ့ ဘုန်းကြီးကျောင်းဝန်းထဲထိမှန်

"မေလ ၈ ရက်နေ့ မနက်အစောပိုင်းက မုံရွာမြို့ မအူဂိတ်အနီး စိုက်ပျိုးရေးကွင်းမှ စစ်ခွေးများဟာ မုံရွာမြို့နယ် ရွာပုလဲရွာဘက်သို့ ၆၀မမဖြင့်ပစ်ခတ်ပြီး လက်နက်ကြီး 2လုံးမှာ တစ်လုံးက ရွာပုလဲရွာထဲမှ နေအိမ်တစ်အိမ်ပေါ်သို့ကျရောက်ပြီး နောက်တစ်လုံးမှာ ဘုန်းကြီးကျောင်းထဲသို့ကျသွားခဲ့တယ်"လို့ တော်လှန်ရေးတပ်ဖွဲ့များနဲ့ နီးစပ်သူတို့ကအတည်ပြုပါတယ်။

ထိုသို့ပစ်ခတ်ပြီးနောက် အင်အား၂၀ခန့်ဖြင့် စကစတပ်များဟာ မုံရွာမြို့နယ် ကျောက်ဖူးကျေးရွာရှိ​ပြည်သူများပိုင်ဆိုင်သော ကွမ်းခြံ ၅ ခြံခန့်ကို မီးရှို့ဖျက်ဆီးသွားပြီး ရွာပုလဲရွာမှတစ်ဆင့် လယ်ဇင်ကျေးရွာ ကက္ကုသာန် ဘုရားအနီးရောက်ရှိကာ ပြည်သူ ၂ ဦးအား ဖမ်းဆီးထားကြောင်းလည်း သိရှိရပါတယ်။

========================

📌📌မြန်မာ့နွေဦးတော်လှန်ရေးရဲ့ ကမ္ဘာလုံးဆိုင်ရာဆန္ဒပြပွဲ နယူးယောက်က တိုင်းစကွဲမှာ ကျင်းပရာလူဦးရေ ရာနဲ့ချီတက်ရောက်

မြန်မာ့နွေဦးတော်လှန်ရေးရဲ့ ဒုတိယလှိုင်းအဖြစ် ကမ္ဘာလုံးဆိုင်ရာ ဆန္ဒပြပွဲကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာရှိတဲ့ တိုင်းစကွဲမှာ မေ ၇ ရက် ညနေ ၃ နာရီကနေ ၅ နာရီအထိ ကျင်းပခဲ့ရာလူဦးရေ ရာနဲ့ချီတက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ဆန္ဒပြပွဲကို NYCBC (New York City Burmese Community) အဖွဲ့က ဦးဆောင်ပြီး ‘’ပြည်သူ့ဆန္ဒနဲ့ပြည်သူသာအဓိက” “အာ ဏာရှင်စနစ်ဟာ မြန်မာပြည်နဲ့ကမ္ဘာပေါ်မှာ လုံးဝ၊ လုံးဝ မရှိစေရတော့ဘူး”၊ “တစ်တိုင်းပြည်လုံးတွန်းလှန်နေတာ၊ ဒီတစ်ကြိမ်ဟာငါတို့အောင်ပွဲ” ကြွေးကြော်သံများနဲ့ အတူဆန္ဒပြလှုပ်ရှားခဲ့ပါတယ်။ ဆန္ဒပြပွဲကို အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ မြန်မာပြည်ဖွား တိုင်း ရင်းသားညီအစ်ကိုမောင်နှမများပါဝင်တက်ရောက်ခဲ့ကြပါတယ်။

========================

📌📌မင်းကင်းမြို့နယ်၊ သံပေါက်နဲ့ ဇင်ကလဲကျေးရွာတွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာသားတွေဟာ တောထဲကိုထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေးခက်ခဲနေတဲ့သတင်းကိုတင်ပြပေးပါမယ်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲက သံပေါက်၊ ဇင်ကလဲ၊ ဘင်၊ မုဿာစတဲ့ရွာတွေဟာ ရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးခံထားရတာကြောင့် ဒေသခံရွာသားတွေဟာ စားဝတ်နေရေးနဲ့ဆေးဝါးအရေးတကြီးလိုအပ်နေပါတယ်။ ဧပြီ ၂၆ ရက်နေ့ က မင်းကင်းမြို့နယ်၊ ဇင်ကလဲရွာထိပ်တိုက်ပွဲမှာ ဒေသတွင်း PDF တွေက စစ်သား ၂၁ ယောက်ကိုရှင်းလင်းခဲ့ပြီးနောက်မှာ သံပေါက်နဲ့ဇင်ကလဲရွာတွေကို စစ်ကောင်စီကအကြမ်းဖက်မီးရှို့ခဲ့တာပါ။ဒီ‌အကြောင်းနဲ့ပတ်သက်ပြီးမင်းကင်းဒေသခံတစ်ဦးကအခုလိုပြောဆိုထားပါတယ်

(မင်းကင်းဒေသခံတစ်ဦး)

ဧပြီ ၂၈ ရက်နေ့သတင်းစာရှင်လင်းပွဲမှာ စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကိုင်းတိုင်းကို တင်းတင်းကြပ်ကြပ်ဖိအားပေးသွားမယ်လို့ပြောဆိုပြီးနောက်ပိုင်း ဒေသတွင်း PDF တွေက စစ်သားတွေသွားလာလို့မရအောင် လမ်းပိုင်းတွေကို ပိတ်ဆို့ခဲ့ပါတယ်။ စစ်ကောင်စီတပ်သားတွေနဲ့ PDF တွေရဲ့တိုက်ပွဲတွေဟာ နေ့စဉ်လိုလိုဖြစ်ပေါ်နေပြီး နယ်မြေကျွမ်းကျင်တဲ့ဒေသခံ PDF တွေက အသားစီးရယူထားနိုင်တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကပြောပါတယ်။

(Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ရိုးတစ်လျှောက် ပန်းဆက်-တောင်ဖြူ-မောက္ကတောကျေးရွာ ဆိပ်ကမ်းတွေမှာ စစ်သားတွေက စက်လှေတစ်စီးကို ငွေကျပ်နှစ်သောင်းနှုန်း ဆပ်ကြေးသဘောမျိုးကောက်ခံနေပါတယ်။ ပန်းဆက်-တောင်ဖြူ-မောက္ကတောကျေးရွာ ဆိပ်ကမ်းတွေဟာ အနီးအနားဆိပ်ကမ်းတွေသာဖြစ်ပြီး တစ်နေရာဝင်ရင် ၂ သောင်းနှုန်းပေးနေရတဲ့အတွက် ဒေသတွင်းကုန်သယ်စက်လှေတွေဟာ အခက်အခဲတွေ့နေရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

Related Posts:

No comments:

Post a Comment