16th JUN 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇွန်လ ၁၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရမှ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့ (Interim Board for Heritage Administration) ဖွဲ့စည်း

📌 ၂။ အပြစ်မဲ့ ကျဆုံးခဲ့ရသော ကျန်းမာရေးလုပ်သားများနှင့် ပြည်သူများအတွက် တရားမျှတမှုကို မဖြစ်မနေ ပြန်လည်ရယူပေးမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်

📌 ၃။ စစ်ကောင်စီဘက် ကျောင်းတက်ရာခိုင်နှုန်းမှာ ၃၀ ရာခိုင်နှုန်းသာရှိပြီး NUG အစိုးရ လွှမ်းခြုံနယ်မြေများနဲ့ အွန်လိုင်းကျောင်းများတွင် တက်ရောက်သူ ကျောင်းသူကျောင်းသား ၇၀ ရာခိုင်နှုန်းရှိ

📌 ၄။ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ တိုးချဲ့မယ့် မီဒီယာလုပ်ငန်းနဲ့ အိုင်တီလုပ်ငန်းတွေမှာ အခြားဝန်ကြီးဌာနက CDM ဝန်ထမ်းတွေကိုပါခန့်အပ်မယ်

📌 ၅။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ (၇၇) နှစ် ပြည့်မွေးနေ့အမှတ်တရအဖြစ်  ငွေတိုက်စာချုပ်ဝယ်ယူသူများကို အမေစုပုံ ပန်းချီနဲ့ မွေးနေ့ အမှတ်တရ ကဗျာ ပါတဲ့ postcard ထည့်ပေးမယ်

📌 ၆။ စစ်ရေးမတည်ငြိမ်တာ၊ ပို့ကုန်သွင်းကုန်တွေရပ်ဆိုင်းကုန်တာ၊ မိုးရာသီဝင်ရောက်လာတာတွေကြောင့် အဝေးပြေးကုန်တင်ယာဉ်အများစု အလုပ်ရပ်နားထားရ

📌 ၇။ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကို စက်ချုပ်သင်တန်းတွေပေးပြီး ထိုင်းနိုင်ငံအထည်ချုပ်စက်ရုံတွေမှာ အလုပ်ဝင်လုပ်နိုင်ဖို့အကူအညီတွေပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရမှ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့ (Interim Board for Heritage Administration) ဖွဲ့စည်း


ဇွန်လ ၁၅ ရက် မှာ အမိန့်ကြော်ငြာစာအမှတ် (/၂၀၂၂) နဲ့ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့ကို ဖွဲ့စည်းခဲ့တာပါ။


ပါဝင်သူများအနေနဲ့-


(က) နာယကများ

 () ဒူဝါလရှီးလ နိုင်ငံတော် ယာယီသမ္မတ

 ()  မန်းဝင်းခိုင်သန်း ပြည်ထောင်စုဝန်ကြီးချုပ်


() မူဝါဒအကြံပေးအဖွဲ့

 ဒေါ်ခင်မမမျိုး ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနတို့မှ ဒုဝန်ကြီးများပါဝင်ကြပါတယ် 

 

() အလုပ်အမှုဆောင်အဖွဲ့ဝင‌်ေတွအနေနဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊အသိပညာရှင်နှင့်အတက်ပညာရှင်များအပါအဝင်


() အထောက်အကူပြုအဖွဲ့ အနေနဲ့ (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန) (လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန)တို့မှအတွင်းဝန်များနှင့်လက်ထောက်ညွှန်ကြားရေးမှုးများပါဝင်ကြပါသည်။


အလုပ်အမှုဆောင် အဖွဲ့သည် ကြားကာလအတွင်း နိုင်ငံတကာ ကွန်ဗန်းရှင်းများ၊ တည်ဆဲ ဥပဒေ များနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ရမည့် အမွေအနှစ်နယ်မြေများဆိုင်ရာ ဝိသေသလက္ခဏာများနှင့် အမွေအနှစ် စာရင်းများအား အထောက်အကူပြုအဖွဲ့၏ ပံ့ပိုးမှုဖြင့် ထုတ်ပြန်သွားမှာဖြစ်ပါတယ်။


အပိုဒ် () ပါ ထုတ်ပြန်ချက်များနှင့်စပ်လျဉ်း၍ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများက ပြင်ဆင်ဖြည့်စွက်လိုမှုများ၊ အကြံပြုချက်များနှင့် ကန့်ကွက်မှုများ ရှိလာပါက ညှိနှိုင်း ပြင်ဆင်နိုင်တယ်လို့ဆိုထားပါတယ်။


========================


📌📌 ၂။ အပြစ်မဲ့ ကျဆုံးခဲ့ရသော ကျန်းမာရေးလုပ်သားများနှင့် ပြည်သူများအတွက် တရားမျှတမှုကို မဖြစ်မနေ ပြန်လည်ရယူပေးမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်


ဇွန်လ ၁၅ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်အမှတ် (/၂၀၂၂) ကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။


 (၁၀--၂၀၂၂) ရက်နေ့က မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်သမားများသည် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသော CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်၊ အသက် (၂၇) နှစ် အပါအဝင် CDM ကျောင်းအုပ်ဆရာကြီး ဦးဝင်းကျော်၊ CDM ကျောင်းဆရာမ ဒေါ်ခင်နှင်းဝေ (ကိုယ်ဝန်ဆောင်မိခင်) မသဲအိအိဝင်းနှင့် Northern - Yesagyo (N - YSO) ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်ဝူခုန်း () မောင်ဌေးမင်းဦးတို့ () ဦးကို ဖမ်းဆီးသွားပြီးနောက် ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်၍ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါတယ်လို့ဖော်ပြပါတယ်။ 


CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်သည် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည့်အပြင် အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ်သော သူနာပြုတက္ကသိုလ်များကို သပိတ်မှောက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ယာယီတက္ကသိုလ်ကောင်စီ၊ သူနာပြုတက္ကသိုလ်-မန္တလေးက ဖွင့်လှစ်သော သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး) (On Campus) တွင် တက်ရောက်သင်ကြား၍ လက်ရှိစစ်ဆေးလျက်ရှိသည့် သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး) (On Campus) စာမေးပွဲတွင် အွန်လိုင်းမှတစ်ဆင့် စာမေးပွဲဖြေဆိုနေသူလည်း ဖြစ်တယ်လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ကျဆုံးပြည်သူများ၏ မိသားစုများနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါတယ်လို့ဖော်ပြပါတယ်။


ဝန်ကြီးဌာနအနေဖြင့် အပြစ်မဲ့ ကျဆုံးခဲ့ရသော ကျန်းမာရေးလုပ်သားများနှင့် ပြည်သူများအတွက် တရားမျှတမှုကို မဖြစ်မနေ ပြန်လည်ရယူပေးမည်ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီနှင့်အတူ အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခဲ့သူများအားလုံးကို ပြည်သူ့တရားဥပဒေနှင့်အညီ ပြင်းထန်စွာ တုံ့ပြန်အရေးယူမည်ဖြစ်ကြောင်းနှင့် စစ်အာဏာရှင်စနစ် ကျရှုံးပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်လာသည်အထိ ပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲ၍ အစွမ်းကုန် ကြိုးပမ်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြု၊ ထုတ်ပြန်အပ်ပါတယ်လို့ဆိုထားပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီဘက် ကျောင်းတက်ရာခိုင်နှုန်းမှာ ၃၀ ရာခိုင်နှုန်းသာရှိပြီး NUG အစိုးရ လွှမ်းခြုံနယ်မြေများနဲ့ အွန်လိုင်းကျောင်းများတွင် တက်ရောက်သူ ကျောင်းသူကျောင်းသား ၇၀ ရာခိုင်နှုန်းရှိ


ယခုကျောင်းဖွင့်ကာလမှာ ကျောင်တက်ရာခိုင်နှုန်းနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကအခုလိုဆိုလိုက်ပါတယ်။


"ဟိုဘက်က ကျောင်းဖွင့်တာ ကျောင်းသားဘယ်လောက်တက် . သန်း၊ တကယ်တန်းသူငယ်တန်းကနေ ဆယ်တန်းအထိ မြန်မာပြည်မှာ ကျောင်းသားပေါင်း၁၇သန်းကျော်ရှိတယ်။ဒါသူတို့ပြောတဲ့အချက်အလက်၊သူတို့ကြေညာတာ။အဲဒီတော့ ၃၀ ရာခိုင်နှုန်းပဲသူတို့ဘက်တက်တယ်။ကျန်၇၀ရါခိုင်နှုန်းကဘယ်သွားတက်တယ်ထင်လဲ။ကျနော်တို့ဆီ လာတက်နေတာ။ကျနော်တို့အသိအမှတ်ပြုတဲ့ ကျောင်းတွေမှာတက်နေပြီ"လို့ဝန်ကြီးကဆိုပါတယ်။


စစ်ကိုင်းတိုင်းရှိ ၃၇ မြို့နယ်တွင်၂၉ မြို့နယ်မှာ NUG အစိုးရ၏ ကြားကာလ ပညာသင်ကြားရေးအစီအစဥ်နဲ့မြေပြင်တွင် သင်ကြားနေပြီလို့သိရပါတယ်။


"သူတို့ဆီမှာ ကျောင်းတက်တာ ၇၀ ရာခိုင်နှုန်းဆိုတာ ရန်ကုန်မြို့မှာ ဟုတ်ချင်ဟုတ်မှာပေါ့။ဒါပေမဲ့ချင်းတို့၊ကရင်တို့၊ကရင်နီတို့ စစ်ကိုင်း၊မကွေးတို့ဘက်မှာ ဘယ်သူတွေက တက်နေသလဲ။တစ်နိုင်ငံလုံးရဲ့ ၇၀ ရာခိုင်နှုန်းက ဘာပဲဖြစ်ဖြစ် ကျနော်တို့တော်လှန်ရေးနဲ့အတူတူရှိနေတယ်"လို့ ဝန်ကြီးဒေါက်တာဇော်ဝေစိုးကထပ်မံဆိုပါတယ်။


========================


📌📌 ၄။ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ တိုးချဲ့မယ့် မီဒီယာလုပ်ငန်းနဲ့ အိုင်တီလုပ်ငန်းတွေမှာ အခြားဝန်ကြီးဌာနက CDM ဝန်ထမ်းတွေကိုပါခန့်အပ်မယ်


ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ တိုးချဲ့မယ့် မီဒီယာလုပ်ငန်းနဲ့အိုင်တီလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် ကအခုလိုပြောကြားပါတယ်။


"ကျနော်တို့ ဝန်ကြီဌာနက မီဒီယာလုပ်ငန်းနဲ့ အိုင်တီလုပ်ငန်းတွေမှာ ချဲ့ထွင်လုပ်ဖို့ရှိတယ်။အဲဒီစီမံကိန်းမှာလည်း ကျနော်တို့ရဲ့ ဝန်ကြီးဌာနက CDM လုပ်နေတဲ့ ဝန်ထမ်းတွေသာမက အခြားသောဝန်ကြီးဌာနက CDM လုပ်လာတဲ့ ဝန်ထမ်းတွေပါ ပါဝင်လို့ရမဲ့ လုပ်ငန်း စီမံကိန်းတစ်ခုကို အခု စီမံချက်ချထားတာရှိပါတယ်။နောက်တစ်လခွဲနှစ်လအတွင်းမှာ ဒါအကောင်အထည်ဖော်မှာဖြစ်ပါတယ်။CDMသူတို့အတွက်ကို အလုပ်လည်းပေးထားနိုင်မှာဖြစ်သလို ကျနော်တို့ရရှိလာတဲ့ဝင်ငွေအပေါ်မှာလည်း ဖြန့်ဝေပြီးသုံးစွဲနိုင်အောင် ဆွဲထားတဲ့အစီအစဥ်ရှိပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပါဝင်ဆောင်ရွက်မှုအများဆုံးမှာ ပညာရေးနဲ့ကျန်းမာရေး ဝန်ထမ်းအများစုဖြစ်ပါတယ်။ လက်ရှိအချိန်အထိ CDM ဝန်ထမ်း သိန်းနဲ့ချီရှိနေပြီး အများစုဟာ စားဝတ်နေရေး ခက်ခဲလျက်ရှိပါတယ်။


========================


📌📌 ၅။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ (၇၇) နှစ် ပြည့်မွေးနေ့အမှတ်တရအဖြစ်  ငွေတိုက်စာချုပ်ဝယ်ယူသူများကို အမေစုပုံ ပန်းချီနဲ့ မွေးနေ့ အမှတ်တရ ကဗျာ ပါတဲ့ postcard ထည့်ပေးမယ်


"အနုပညာရှင်ဒေါင်းကိုယ်တိုင် ဖန်တီးပေးထားတဲ့ အမေစုပုံ ပန်းချီနဲ့ မွေးနေ့ အမှတ်တရ ကဗျာ ပါတဲ့ postcard လေးကို ငွေတိုက်စာချုပ်ကိုယ်စားလှယ်များထံမှ ပေးပို့မယ့်ငွေရပြေစာ email “ မှာ လက်ဆောင်အဖြစ် ထည့်ပေးသွားမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ပုံစံ() တင်ပြီးလို့ ငွေတိုက်စာချုပ် ရရှိချိန်မှာတော့ ဦးမင်းကိုနိုင်ရဲ့ ပန်းချီ postcard ထပ်မံရရှိမှာ ဖြစ်တာကြောင့် ကြိမ်ရရှိမှာဖြစ်ပါတယ်။ ငွေတိုက်စာချုပ်ဝယ်ယူ၍ postcard ရရှိမဲ့ သတ်မှတ်ရက်အနေနဲ့  ဇွန်လ ၁၇ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့ အထိ postcard များ ထည့်ပေးသွားမှာဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။


========================


အခု ဆက်လက်ပြီး သတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


📌📌 ၆။ စစ်ရေးမတည်ငြိမ်တာ၊ ပို့ကုန်သွင်းကုန်တွေရပ်ဆိုင်းကုန်တာ၊ မိုးရာသီဝင်ရောက်လာတာတွေကြောင့် အဝေးပြေးကုန်တင်ယာဉ်အများစု အလုပ်ရပ်နားထားရပါတယ်။


မြန်မာပြည်တွင်းစစ်ရေးမတည်ငြိမ်တာ၊ ပြည်ပပို့ကုန်သွင်းကုန်လုပ်ငန်းတွေရပ်ဆိုင်းကုန်တာ၊ မိုးရာသီဝင်ရောက်လာလို့ လမ်းပန်းခရီးမကောင်းတော့တာ၊ စိုက်ပျိုးရေးဒေသထွက်ကုန်တွေပြတ်လပ်ကုန်တာ၊ စက်သုံးဆီဈေးအဆမတန်ကြီးမြင့်လာတာတွေကြောင့် အဝေးပြေးကုန်တင်ယာဉ်အများစု အလုပ်ရပ်နားထားတယ်လို့ ကုန်တင်ယာဉ်မောင်းတစ်ယောက်ကပြောပါတယ်။


အဝေးပြေးကုန်တင်ယာဉ်မောင်းတစ်ဦး

(((((((((((((()))))))))))))


စက်သုံးဆီဈေးအဆမတန်တက်လာတဲ့အတွက် ကုန်ပစ္စည်းရောင်းချလို့ရမယ့်အကျိုးအမြတ်ထက် သယ်ယူပို့ဆောင်စရိတ်ကပိုများနေတဲ့အခြေအနေမျိုးကို ကုန်သည်လုပ်ငန်းရှင်တွေက ရင်ဆိုင်နေရတာပါ။ ကုန်တင်ယာဉ်ထောင်ထားတဲ့သူတွေကလည်း ပုံမှန်အလုပ်ဖြစ်အောင်ကြိုးစားလုပ်ကိုင်တဲ့အခြေအနေမျိုးမှာပဲရှိပြီး အကျိုးအမြတ်က အရင်လိုတွက်ခြေမကိုက်တော့ဘူးလို့ ကုန်တင်ယာဉ်မောင်းတစ်ယောက်ကပြောပါတယ်။


အဝေးပြေးကုန်တင်ယာဉ်မောင်းတစ်ဦး

(((((((((((((()))))))))))))


လတ်တလောအခြေအနေမှာ မြန်မာပြည်အထက်ပိုင်း စစ်ကိုင်း၊ မကွေး၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေဘက်ကို ကုန်တင်ကားတွေအလွယ်တကူသွားဖို့ အခက်အခဲဖြစ်နေပါတယ်။ နယ်မြေလုံခြုံရေးအာမခံချက်မရှိတဲ့အခြေအနေမှာ စားဝတ်နေရေးအတွက်မဖြစ်မနေအလုပ်လုပ်နေကြရပြီး တွက်ခြေလုံးဝမကိုက်တော့ဘူးလို့ ကုန်တင်ယာဉ်မောင်းတွေက ပြောပါတယ်။


ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာဖြစ်ပါတယ်။


========================


📌📌 ၇။ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကို စက်ချုပ်သင်တန်းတွေပေးပြီး ထိုင်းနိုင်ငံအထည်ချုပ်စက်ရုံတွေမှာ အလုပ်ဝင်လုပ်နိုင်ဖို့အကူအညီတွေပေးနေပါတယ်။


New Myanmar Foundation နဲ့ Women Lead Resource Center တို့ ပူးပေါင်းပြီး ထိုင်းနိုင်ငံမဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကို စက်ချုပ်သင်တန်းတွေပေးနေတာပါ။ သင်တန်းပြီးသွားရင် ထိုင်းအထည်ချုပ်စက်ရုံတွေမှာ အလုပ်ဝင်ပြီး နေထိုင်ခွင့်ရတဲ့အထိ ဆက်လက်အကူအညီပေးနေတယ်လို့ WLRC အမျိုးသမီးဦးဆောင်ဖွံ့ဖြိုးမှုစင်တာ တာဝန်ရှိသူကပြောပါတယ်။


မိုင်နှင်းဝတ်ရည်- WLRC အမျိုးသမီးဦးဆောင်ဖွံ့ဖြိုးမှုစင်တာ

((((((((((((((())))))))))))))


ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေကို အကူအညီပေးနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကို အလုပ်အကိုင်ရှာဖွေပေးနိုင်ဖို့ကြိုးစားနေကြပါတယ်။ အမျိုးသမီးတွေအတွက် စက်ချုပ်သင်တန်း၊ လက်မှုလုပ်ငန်းသင်တန်း၊ ကွန်ပျူတာသင်တန်းတွေပေးနေပြီး အမျိုးသားတွေကိုတော့ မွေထိုင်းလက်ဝှေ့ကလပ်တွေနဲ့ချိတ်ဆက်ပေးတာ စက်ရုံတွေမှာ အလုပ်သွင်းပေးတာမျိုးတွေ ကြိုးစားဆောင်ရွက်နေတာဖြစ်ပါတယ်။


ကိုဖိုးသင်္ကြန် (အဝေးရောက်ဧရာဝတီအဖွဲ့)

((((((((((((((()))))))))))))


မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့စစ်ရေးပြဿနာတွေကြောင့် ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးပြီးစားဝတ်နေရေးကျပ်တည်းလာတဲ့အတွက် ပြည်သူတွေဟာ ပြည်ပမှာအလုပ်အကိုင်ရှာဖွေဖို့ကြိုးစားလာကြတာပါ။ ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းကိုရောက်ရှိနေတဲ့ မြန်မာပြည်သူ သိန်းနဲ့ချီရှိလာတယ်လို့ လေ့လာသူတွေက ခန့်မှန်းထားပါတယ်။


ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment