၂၀၂၂ ဇွန်လ ၁၆ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ NUCC ရဲ့ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ JCC Strategy ကနေတော်လှန်ရေး အတွက် မဟာဗျူဟာများရေးဆွဲပြီးစီး
📌 ၂။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အနုပညာရှင်များ၊ ပန်းချီစာပေ ပညာရှင်များ၊ ဘာသာ ပေါင်းစုံမှ လူကြီးမင်းများနှင့် နိုင်ငံရေးခေါင်းဆောင်များမှ ဆုတောင်းပွဲ ကျင်းပမယ်
📌 ၃။ ပြည်သူ့ရင်ခွင်မှ အလင်းဝင်ရန် လက်ကမ်းကြော်ငြာကို ရရှိတဲ့ တပ်သားနှင့်ရဲသားတိုင်း လက်နက်နဲ့အတူအလင်းဝင်လာပါက ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုဆုငွေချီးမြှင့်မယ်လို့ဆို
📌 ၄။ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ဆုအားလုံးကို မတ္တရာဖက်ဒရယ်ကျောင်းမှ ကလေးငယ်သုံးဦးဆွတ်ခူးရရှိ
📌 ၅။ Free Online Educational Institution Myanmar ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အထက်တန်းဆင့်ဖြစ်သော Grade 10 (သင်ရိုးသစ်) နှင့် Grade 11 (တက္ကသိုလ်ဝင်တန်း) အဆင့် ကျောင်းသား၊ ကျောင်းသူသစ်များလက်ခံ
📌 ၆။ CDM ကျောင်းအုပ်ဆရာကြီးနဲ့တကွ ကျဆုံးခဲ့ရသူ ငါးဦးကို N YSO ရေစကြိုပြောက်ကျားတပ်က မီးသင်္ဂြိုလ်ပေး
📌 ၇။ ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်း နယ်မြေရဲစခန်းမှ တပ်ကြပ်ကြီးအား ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂ မှ ပစ်ခတ်တိုက်ခိုက်
📌 ၈။ ရွှေဘိုမြို့နယ်တအုံကျေးရွာမှ ရွာသားခုနစ်ဦးကို စကစတပ်များ ဘို့နိုးဆည်အနီး ပစ်သတ်၍ ဆည်အတွင်းပစ်ချခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ NUCC ရဲ့ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ JCC Strategy ကနေတော်လှန်ရေး အတွက် မဟာဗျူဟာများရေးဆွဲပြီးစီး
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ရဲ့ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ JCC Strategy ကနေတော်လှန်ရေးအတွက် မဟာဗျူဟာများရေးဆွဲပြီးစီးပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။ အမျိုးသာစညီညွတ်ရေးအစိုးရရဲ့ အစိိုးရကက်ဘိနက်အစည်းအဝေးမှာ ပြည်ထောင်ဟုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကအသိပေးပြောကြားခဲ့ပါတယ်။
"NUCC ရဲ့ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီတစ်ခုဖြစ်တဲ့ JCC Strategy ကနေပြီး တော်လှန်ရေး အတွက် မဟာဗျူဟာတွေရေးဆွဲနေတာ ပြီးနေပြီဆိုတာ၊ ဒီ Strategy ကို အခြေခံပြီး မြေပြင်မှာ အကောင်အထည်ဖော်ဆောင်ရွက်ရမယ့် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဝန်ကြီး ဌာနတွေအနေနဲ့ တော် လှန်ရေး အောင်မြင်စွာ၊ လျင်မြန်စွာ၊ အဆုံးသတ်နိုင်ရေးအတွက် စနစ်ကျတဲ့ လုပ်ငန်းစဉ်တွေ ဆက်လက် လုပ်ဆောင်ရမှာဖြစ်ပါတယ်"လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဟာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ရဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်းအကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်ပါတယ်။
========================
📌📌 ၂။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အနုပညာရှင်များ၊ ပန်းချီစာပေ ပညာရှင်များ၊ ဘာသာ ပေါင်းစုံမှ လူကြီးမင်းများနှင့် နိုင်ငံရေးခေါင်းဆောင်များမှ ဆုတောင်းပွဲ ကျင်းပမယ်
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အနုပညာရှင်များ၊ ပန်းချီစာပေ ပညာရှင်များ၊ ဘာသာ ပေါင်းစုံမှ လူကြီးမင်းများနှင့် နိုင်ငံရေးခေါင်းဆောင်များမှ ဆုတောင်းပွဲ ကျင်းပမယ်လို့သတင်းရရှိပါတယ်။ ဇွန်လ ၁၉ ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၃) နာရီမှာ online ကနေ ကျင်းပကြမှာဖြစ်တယ်လို့ Dawn Of Revo အဖွဲ့ကဖော်ပြပါတယ်။ ဆုတောင်းခြင်း အခမ်းအနားတွင်ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေး အကျဉ်းသားများ၊ မတရား ဖမ်းဆီးခံထားရသူများအတွက် ဆုတောင်းပေးသွားကြမှာဖြစ်ပါတယ်။
ဆုတောင်းပေးရာတွင် ပါဝင်မည့်သူများမှာ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်၊ဆရာတော်အရှင်ထာဝရ၊ ကိုမင်းကိုနိုင်၊ သရုပ်ဆောင် မင်းမော်ကွန်း၊ဝေမှူးသွင်၊ မဖြူဖြူသင်း၊ကိုမောင်မောင်အေး၊ပန်းချီဆရာမ နုယဥ်၊ သရုပ်ဆောင်မြနှင်းရည်လွင်စတဲ့ ထင်ရှားကျော်ကြားသူများပါဝင်ပါတယ်။ အခမ်းအနားကို online platform များမှ တဆင့် တိုက်ရိုက် ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
========================
📌📌 ၃။ ပြည်သူ့ရင်ခွင်မှ အလင်းဝင်ရန် လက်ကမ်းကြော်ငြာကို ရရှိတဲ့ တပ်သားနှင့်ရဲသားတိုင်း လက်နက်နဲ့အတူအလင်းဝင်လာပါက ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုဆုငွေချီးမြှင့်မယ်လို့ဆို
ပြည်သူ့ရင်ခွင်မှ အလင်းဝင်ရန် လက်ကမ်းကြော်ငြာကို ရရှိတဲ့ တပ်သားနှင့်ရဲသားတိုင်း လက်နက်နဲ့အတူအလင်းဝင်လာပါက ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုဆုငွေချီးမြှင့်မယ်လို့ဆိုပါတယ်။ ဇွန်လ ၁၅ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ကြေညာခဲ့ပါတယ်။
"ပြည်သူကို ကာကွယ်စောင့်ရှောက်လိုသူ တပ်သားနှင့်ရဲသားတိုင်း ပြည်သူ့ရင်ခွင်ဝင်ကြသတဲ့။ ဒီစာရွက်လေးတွေကို လမ်းသွားရင်းကောက်ရလို့ပဲ ဖြစ်ဖြစ်၊ လူမှုကွန်ရက်ပေါ်ကနေ တွေ့လို့ပဲဖြစ်ဖြစ် ဘယ်ကနေပဲ ရရ၊ လက်နက်ယူလာပြီး နီးစပ်ရာ PDF တွေနဲ့ဆက်သွယ်ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင်ဝင်ရောက်လာမယ်ဆိုရင် ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုဆုငွေချီးမြှင့်သွားမှာ ဖြစ်ပါတယ်"လို့ MOD ကဖော်ပြပါတယ်။
အလင်းဝင်လိုသော စကစတပ်နဲ့ရဲများအနေဖြင့်တယ်လီဂရမ်ကနေ ဆက်သွယ်မယ်ဆိုရင် http://t.me/MyanmarPeople သို့လည်းဆက်သွယ်နိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာတပ်နဲ့ ရဲ CDM ဝင်လာတဲ့အင်အားတစ်သောင်းကျော်ရှိပြီဖြစ်ပါတယ်။
========================
📌📌 ၄။ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ဆုအားလုံးကို မတ္တရာဖက်ဒရယ်ကျောင်းမှ ကလေးငယ်သုံးဦးဆွတ်ခူးရရှိ
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ဆုအားလုံးကို မတ္တရာဖက်ဒရယ်ကျောင်းမှ ကလေးငယ်သုံးဦးဆွတ်ခူးရရှိခဲ့ပါတယ်။ ဇွန်လ ၁၅ ရက်နေ့မှာ မတ္တရာဖက်ဒရယ်ကျောင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
"ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲ၌ ဆုရရှိသူများအား သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဝန်ကြီးဒေါက်တာတူးခေါင်မှ ဂုဏ်ပြုမှတ်တမ်းလွှာများပေးပို့ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
အဆိုပါ ပထမ၊ ဒုတိယ၊ တတိယ ဆုရတဲ့ ကလေးငယ်အားလုံးဟာ မတ္တရာဖက်ဒရယ်ကျောင်းမှ စတုတ္တတန်း ကျောင်းသားများပဲဖြစ်ပါတယ်။
========================
📌📌 ၅။ Free Online Educational Institution Myanmar ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အထက်တန်းဆင့်ဖြစ်သော Grade 10 (သင်ရိုးသစ်) နှင့် Grade 11 (တက္ကသိုလ်ဝင်တန်း) အဆင့် ကျောင်းသား၊ ကျောင်းသူသစ်များလက်ခံ
Free Online Educational Institution Myanmar ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အထက်တန်းဆင့်ဖြစ်သော Grade 10 (သင်ရိုးသစ်) နှင့် Grade 11 (တက္ကသိုလ်ဝင်တန်း) အဆင့် ကျောင်းသား၊ ကျောင်းသူသစ်များလက်ခံနေပြီဖြစ်ကြောင်းသိရပါတယ်။ Free Online Educational Institution Myanmar- FOEIM သည် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၏ တရားဝင် အသိအမှတ်ပြုရရှိထားသော ပညာရေးအဖွဲ့အစည်းဖြစ်ပါတယ်။
FOEIM သည် တော်လှန်ရေးလွန်ကာလတွင်ပေါ်ပေါက်လာမည့် အသက်အရွယ်နှင့်လိုက်သော အရည်အချင်းဆိုင်ရာ မူဝါဒအတိုင်း ကျောင်းသား၊ ကျောင်းသူများ၏ အသက်အရွယ်အလိုက် အရည်အသွေးရှိစေရေးအတွက် သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။
FOEIM သည် အထက်တန်းဆင့်များကို အစိုးရသင်ရိုး နှင့် GED သင်ရိုး ၂ ခါကို hybrid သင်ကြားပေးသွားမည်ဖြစ်ကာကျောင်းသား၊ ကျောင်းသူများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ပြုလုပ်မည့် အထက်တန်းပြီးဆုံးကြောင်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်မှာဖြစ်ပါတယ်။
========================
📌📌 ၆။ CDM ကျောင်းအုပ်ဆရာကြီးနဲ့တကွ ကျဆုံးခဲ့ရသူ ငါးဦးကို N YSO ရေစကြိုပြောက်ကျားတပ်က မီးသင်္ဂြိုလ်ပေး
CDM ကျောင်းအုပ်ဆရာကြီးနဲ့တကွ ကျဆုံးခဲ့ရသူ ငါးဦးကို N YSO ရေစကြိုပြောက်ကျားတပ်က မီးသင်္ဂြိုလ်ပေးပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဇွန်လ ၁၄ ရက်နေ့တွင် တွေ့ရှိခဲ့သောရဲဘော်များအား အမိန့်ပြန်ခြင်း၊ မီးသင်္ဂြိုလ်ပေးခြင်း တို့လုပ်ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။ ဇွန်လ ၁၀ ရက်နေ့ နံနက်အစောပိုင်းမှာ N YSO ရေစကြိုပြောက်ကျားတပ်စခန်းကို စကစတပ်များက စစ်ကြောင်းသုံးကြောင်းခွဲကာ စစ်ကြောင်းထိုးခဲ့ပါတယ်။
ယင်းနောက် CDM ကျောင်းအုပ်ဆရာကြီးဦးဝင်းကျော်၊ အထက်တန်းသူနာပြုဆရာမလေး ဒေါ်ဇာလီနိုင်၊ ထောက်ပို့ရဲဘော်မလေး မသဲအိအိဝင်း၊ CDMကျောင်းဆရာမ ဒေါ်ခင်နှင်းဝေ၊ ရဲဘော်ဝူခုန်း တို့ကို စကစတပ်များကဖမ်းဆီးကာ မီးရှို့သတ်ဖြတ်ခဲ့ကြပါတယ်။
========================
📌📌 ၇။ ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်း နယ်မြေရဲစခန်းမှ တပ်ကြပ်ကြီးအား ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂ မှ ပစ်ခတ်တိုက်ခိုက်
ပဲခူးခရိုင်ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်း နယ်မြေရဲစခန်းမှ တပ်ကြပ်ကြီးအား ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂ မှ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဇွန်လ ၁၅ ရက် မွန်းလွဲပိုင်းအချိန်ကျောက်တံခါးမြို့အဝင် ဆိုင်းဘုတ်ရှေ့တွင် ပစ်ခတ်ခဲ့တယ်လို့ ပဲခူးခရိုင် PDF တပ်ရင်းကထုတ်ပြန်ပါတယ်။
"ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်း နယ်မြေရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော တပ်ကြပ်ကြီးထွန်းထွန်းနိုင်အား ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂ တပ်ခွဲ(၁)မှ ယနေ့ နေ့လည် ၁:၃၅ မိနစ်တွင် ကျောက်တံခါးမြို့အဝင် ဆိုင်းဘုတ်ရှေ့တွင် ပစ်ခတ် ရှင်းလင်းခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ ထိုစစ်ဆင်ရေးတွင် စကစ ထောက်တိုင် တပ်ကြပ်ကြီးထွန်းထွန်းနိုင်သေဆုံးခဲ့ပြီး တပ်ရင်း ၃၇၀၂ တပ်ခွဲ ၁ မှရဲဘော်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
📌📌 ၈။ ရွှေဘိုမြို့နယ်တအုံကျေးရွာမှ ရွာသားခုနစ်ဦးကို စကစတပ်များ ဘို့နိုးဆည်အနီး ပစ်သတ်၍ ဆည်အတွင်းပစ်ချခဲ့
ရွှေဘိုမြို့နယ်တအုံကျေးရွာမှ ရွာသားခုနစ်ဦးကို စကစတပ်များ ဘို့နိုးဆည်အနီး ပစ်သတ်၍ ဆည်အတွင်းပစ်ချခဲ့ပါတယ်။ ဇွန်လ ၁၅ ရက်နေ့မှာ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ထုတ်ပြန်ပါတယ်။ ဇွန်လ ၁၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ တအုံကျေးရွာအတွင်းကို အကြမ်းဖက်စစ်အုပ်စု၏ ရွှေဘိုလေ့ကျင်ရေး (၈) နှင့် ပျူစောထီးများဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံရွာသား ကိုနှင်းမောင်ကို ပစ်သတ်ခဲ့ပါတယ်။
ထို့နောက် ရွာသား ခုနှစ်ဦးဖြစ်သည့် ကိုကျော်လင်း၊ ကိုစိန်မန်း၊ ကိုမောင်ထူး၊ ကိုဝင်းဆွေ၊ ကိုသိန်းတန်၊ ကိုဖိုးထူးနှင့် ကိုရဲဝေလင်းတို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကြိုးကြာကျေးရွာအရှေ့ဘက် ဘို့နိုးဆည်အနီးတွင် ကြိုးတုပ်၍ သေနတ်ဖြင့် ပစ်ကာ ဆည်အတွင်းကို ပစ်ချသွားခဲ့ကြောင်း AAPPကဖော်ပြပါတယ်။ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၉၅၄) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
No comments:
Post a Comment