၂၀၂၂ ဇူလိုင်လ ၁၀ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လက်နက်ခဲယမ်းနဲ့စစ်ဆင်ရေးအသုံးစရိတ်ကို ၆၂.၅၇ ရာခိုင်နှုန်းအထိ အသုံးပြုနေ
📌 ၂။ အစ္စလမ်လာမ်ဘာသာဝင်မိတ်ဆွေများငြိမ်းချမ်းသာယာရှိနိုင်ကြပါစေလို့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ဆုတောင်းပေး
📌 ၃။ ငလျင်နဲ့ပတ်သတ်၍ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက လူထုကိုအသိပေးကြေညာ
📌 ၄။ ယင်းမာပင်မှာ ပြည်သူ့ပညာရေး ကျောင်းမှအတန်းတင်စာမေးပွဲကျင်းပ
📌 ၅။ KGZ Army က ၁၃၀မမ စမ်းသပ်ပစ်ခတ်ပြ
📌 ၆။ မြိုင်မြို့နယ် ကိုင်းတောမရဲကင်းမှ ရဲတပ်သားနှစ်ဦးလက်နက်နဲ့အတူ မြိုင် ပကဖသို့အလင်းဝင်လာ၍ ကျပ်သိန်းငါးဆယ်ထောက်ပံ့ကာလွတ်မြောက်နယ်မြေပို့
📌 ၇။ ကရင်ပြည်နယ်မြဝတီ - ဝေါ်လေ ကားလမ်းမ တစ်လျှောက်စကစတပ်များထိုးစစ်ဆင် တိုက်ခိုက်သော်လည်း ကော်ပရာစစ်ကြောင်းကိုမယှဥ်နိုင်ဘဲ အကျအဆုံးများပြားခဲ့
📌 ၈။ စစ်ကောင်စီတပ် အခြေစိုက်စခန်းများဖြစ်သော ကြောင်ပြာစခန်း၊ ကျွန်ပင်စိတ်စခန်း၊အောလောစိန်စခန်၊ကောပြင်းစခန်း၊ကျောင်းစုစခန်းတို့ကိုသိမ်းပိုက်ရရှိ
📌 ၉။ စစ်ကောင်စီတပ်များဒီပဲယင်းမြို့နယ်အတွင်းမှ ကျေးရွာပေါင်း (၁၁) ရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများအား ခိုးယူ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လက်နက်ခဲယမ်းနဲ့စစ်ဆင်ရေးအသုံးစရိတ်ကို ၆၂.၅၇ ရာခိုင်နှုန်းအထိ အသုံးပြုနေ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လက်နက်ခဲယမ်းနဲ့စစ်ဆင်ရေးအသုံးစရိတ်ကို ၆၂.၅၇ ရာခိုင်နှုန်းအထိ အသုံးပြုနေပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ၂၀၂၂ ခုနှစ်၊ မေလ အထိ နေရာဒေသအသီးသီးမှ မိဘပြည်သူများရဲ့ စစ်အာဏာရှင်စနစ် အမြန်ဆုံး အမြစ်ဖြတ်နိုင်ဖို့အတွက် ကာကွယ်ရေးဝန်ကြီးဌာနသို့ တိုက်ရိုက်ထောက်ပံ့ပေးပို့ငွေ နဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရှာဖွေလျက်ရှိတဲ့ ဘဏ္ဏာရန်ပုံငွေများမှ စုစုပေါင်း အမေရိကန်ဒေါ်လာ (၄၄) သန်းကျော် လက်ခံရရှိခဲ့ပြီး၊ သက်ဆိုင်ရာကဏ္ဏများအလိုက် ခွဲဝေထောက်ပံ့ သုံးစွဲခဲ့ပြီး ဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။
ရရှိဘဏ္ဏာရန်ပုံငွေများမှအမေရိကန်ဒေါ်လာ (၄၄) သန်းကျော်ကို လက်နက်ခဲယမ်းနဲ့စစ်ဆင်ရေးအသုံးစရိတ် ၆၂.၅၇ ရာခိုင်နှုန်း၊ လက်နက်ထုတ်လုပ်မှု ၂၂.၄၉ ရာခိုင်နှုန်း၊ မဟာမိတ်မျှဝေမှု ၆.၀၃ ရာခိုင်နှုန်း၊ ကျဆုံး ဒဏ္ရာရ ရဲဘော်များထောက်ပံ့စရိတ် ၀.၅၀ ရာခိုင်နှုန်း၊ အရေးပေါ်အသုံးစရိတ်နဲ့ အုပ်ချုပ် စီမံခန့်ခွဲမှုဆိုင်ရာ အသုံးစရိတ်၂.၄၃ ရာခိုင်နှုန်းသုံးစွဲခဲ့ပါတယ်။
"ဒီ ငွေကြေးပမာဏဟာ ကာကွယ်ဝန်ကြီးဌာမှ တိုက်ရိုက်ခွဲဝေ အသုံးချနေရတဲ့ ဘဏ္ဏာရန်ပုံငွေပမာဏလိုအပ်ချက်နဲ့ နှိုင်းယှဥ်မယ်ဆိုရင် ရန်ပုံငွေမြောက်များစွာ ထပ်မံ လိုအပ်လျက် ရှိနေသေးတဲ့အပြင် အခုအချိန်ဟာ တော်လှန်ရေးအတွက် ရေချိန်မြင့်တဲ့ကာလကို ရောက်နေပြီဖြစ်တဲ့အတွက် အဓိကကျတဲ့ ဘဏ္ဏာရန်ပုံငွေများ အချိန်မီဖြည့်တင်းနိုင်ဖို့ရာ မိဘပြည်သူတွေအနေနဲ့ တော်လှန်ရေးအောင်စိတ်ထက်သန်စွာနဲ့ NUG အစိုးရရဲ့ ဘဏ္ဏာရန်ပုံငွေရှာဖွေရေး လုပ်ငန်းစဥ်တွေမှာ ဆက်လက်ပြီး စွမ်းသမျှ ကူကြ၊ လှူကြ၊ ထောက်ပံ့ပါဝင်ပေးကြဖို့ လေးစားစွာနဲ့ မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်"လို့ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။
========================
📌📌 ၂။ အစ္စလမ်လာမ်ဘာသာဝင်မိတ်ဆွေများငြိမ်းချမ်းသာယာရှိနိုင်ကြပါစေလို့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ဆုတောင်းပေး
အစ္စလမ်လာမ်ဘာသာဝင်မိတ်ဆွေများငြိမ်းချမ်းသာယာရှိနိုင်ကြပါစေလို့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ဆုတောင်းပေးလိုက်ပါတယ်။ ဇူလိုင် ၉ ရက်နေ့ လူမှုကွန်ရက်မှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကရေးသားပြောကြားခဲ့ပါတယ်။
"အစ္စလာမ် ဘာသာဝင်များ၏ အိဒွဒ်အသွာဟာ အခါတော်နေ့နေ့မြတ်၌ ရပ်နီးရပ်ဝေးမှအစ္စလမ်လာမ်ဘာသာဝင်မိတ်ဆွေများများ ငြိမ်းချမ်းသာယာရှိနိုင်ကြပါစေ၊ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ဘေးရန်ကင်းကွာရှိကြပါစေ ကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်"လို့ ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဘာသာပေါင်းစုံကိုအသိအမှတ်ပြုထားပြီး မြန်မာနိုင်ငံတွင်နေထိုင်တဲ့လူသားအားလုံးရဲ့အခွင့်အရေးကို အလေးထားဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၃။ ငလျင်နဲ့ပတ်သတ်၍ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက လူထုကိုအသိပေးကြေညာ
ငလျင်နဲ့ပတ်သတ်၍ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက လူထုကိုအသိပေးကြေညာခဲ့ပါတယ်။ ဇူလိုင် ၉ ရက်နေ့ လူမှုကွန်ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကဖော်ပြပါတယ်။
"ငလျင်ဘေးအန္တရာယ်ဟာ ဖြစ်ပေါ်မည့် နေရာ၊ အချိန်နှင့် ပြင်းအားတို့ကို ကြိုတင် ခန့်မှန်း တွက်ချက်နိုင်ရန်ခက်ခဲပြီး ငလျင်ပြင်းအားပေါ်မူတည်၍ဖျက်ဆီးနိုင်စွမ်းမြင့်မားသည့် ဘေးအန္တရာယ် တစ်ခုဖြစ်ပါတယ်။သို့ဖြစ်ရာ ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်နှင့် သတိပြု ရန်အချက်များအား ပြည်သူများ သိရှိပြီး ကြိုတင်ပြင်ဆင်ခြင်းနှင့် အရေးပေါ်တုံ့ပြန်ခြင်းများ ဆောင်ရွက်နိုင်ရန် အကြံပြုတင်ပြအပ်ပါတယ်။မြန်မာပြည်သူလူထုအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်မှုမျိုးစုံနှင့် မတရား အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် လူမှုဒုက္ခအဝဝကို ခံစားနေရချိန်တွင် သဘာဝဘေး အန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးရမှုများ ထပ်မံ မဖြစ်ပွားစေရေးအတွက် အထူးသတိပြု နေထိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါတယ်"လို့ဝန်ကြီးကဖော်ပြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မြို့ လှိုင်မြို့နယ်ကိုအခြေပြုကာ အသင့်အတင့်အင်အားရှိတဲ့ ငလျင်လှုတ်ခတ်ခဲ့ပါတယ်။
========================
📌📌 ၄။ ယင်းမာပင်မှာ ပြည်သူ့ပညာရေး ကျောင်းမှအတန်းတင်စာမေးပွဲကျင်းပ
ယင်းမာပင်မှာ ပြည်သူ့ပညာရေး ကျောင်းမှအတန်းတင်စာမေးပွဲကျင်းပနေတယ်လို့သတင်းရရှိပါတယ်။ မူလတန်းအထက်အဆင့်ကနေ အထက်တန်းအထိစစ်ဆေးနေတာဖြစ်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့လမ်းညွှန်မှုပါဝင်ကြောင်းသိရပါတယ်။ စာမေးပွဲဖြေဆိုသူ ကျောင်းသူ၊ကျောင်းသားပေါင်း ၆၀၀ ၀န်းကျင်အထိရှိပါတယ်။ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ပြည်သူ့ပညာရေးကျောင်းပေါင်း ၈၀ ကျောင်း ဖွင့်လှစ်ထားပါတယ်။
========================
📌📌 ၅။ KGZ Army က ၁၃၀မမ စမ်းသပ်ပစ်ခတ်ပြ
KGZ Army က ၁၃၀မမ စမ်းသပ်ပစ်ခတ်ပြသခဲ့ပါတယ်။ ဇူလိုင် ၉ ရက်နေ့ ကရင်နီဒေသမှာ လက်နက်ကြီးကို စမ်းသပ်ပစ်ခတ်ပြပါတယ်။
"မိဘပြည်သူများ တွေ့ချင်နေသော ၁၃၀မမ စမ်းပြထားပါတယ်ဗျ၊ စခ တွေငိုဖို့ အဆင်သင့်ဖြစ်ပြီလား။မကြာမီ စခ ငိုဖို့အတွက် ၁၃၀မမ ကို ရှေ့တန်းပို့ပေးပါတော့မယ်"လို့ဆိုပါတယ်။ KGZ Army ဟာ စကစတပ်များကို ခုခံတွန်းလှန်တိုက်ခိုက်နေတဲ့တော်လှန်ရေးအင်အားစုလည်းဖြစ်ပါတယ်။
========================
📌📌 ၆။ မြိုင်မြို့နယ် ကိုင်းတောမရဲကင်းမှ ရဲတပ်သားနှစ်ဦးလက်နက်နဲ့အတူ မြိုင် ပကဖသို့အလင်းဝင်လာ၍ ကျပ်သိန်းငါးဆယ်ထောက်ပံ့ကာလွတ်မြောက်နယ်မြေပို့
မြိုင်မြို့နယ် ကိုင်းတောမရဲကင်းမှ ရဲတပ်သားနှစ်ဦးလက်နက်နဲ့အတူ မြိုင် ပကဖသို့အလင်းဝင်လာ၍ ကျပ်သိန်းငါးဆယ်ထောက်ပံ့ကာလွတ်မြောက်နယ်မြေပို့ဆောင်ခဲ့ပါတယ်။ ဇူလိုင် ၉ ရက်နေ့မှာ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုပါတယ်။
မြိုင်မြို့နယ် ကိုင်းတောမရဲကင်းမှ လ ၂၆၁၇၃၁ ရဲတပ်သား ပါဆန်းနှင့် လ၂၈၄၄၈၈ ရဲတပ်သား လူသော် တို့ ၂ ဦးဟာ ဇူလိုင် ၈ ရက်နေ့ နံနက် ၀၉၄၅ အချိန်တွင် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ BA 94 ၂ လက် ဒေသခေါ် အူစီ ၂ လက်/ကျည်အတောင့် ၉၀ ဖြင့် cdm ပြုလုပ်လာ၍ ၄င်းတို့အား ငွေကျပ် သိန်း ၅၀ ကျပ်စီ ထောက်ပံပေးကာ လွတ် မြောက်နယ်မြေသို့ ပို့ဆောင်ပေးထားရှိပါတယ်လို့ဖော်ပြပါတယ်။ အခြားသောလက်ကျန်တပ်ဖွဲ့ဝင်များအနေဖြင့်လည်း စီဒီအမ် လုပ်ကြရန်မြိုင်ပကဖကဆိုပါတယ်။
========================
📌📌 ၇။ ကရင်ပြည်နယ်မြဝတီ - ဝေါ်လေ ကားလမ်းမ တစ်လျှောက်စကစတပ်များထိုးစစ်ဆင် တိုက်ခိုက်သော်လည်း ကော်ပရာစစ်ကြောင်းကိုမယှဥ်နိုင်ဘဲ အကျအဆုံးများပြားခဲ့
ကရင်ပြည်နယ်မြဝတီ - ဝေါ်လေ ကားလမ်းမ တစ်လျှောက်စကစတပ်များထိုးစစ်ဆင် တိုက်ခိုက်သော်လည်း ကော်ပရာစစ်ကြောင်းကိုမယှဥ်နိုင်ဘဲ အကျအဆုံးများပြားခဲ့ပါတယ်။ ဇူလိုင် ၉ ရက်နေ့ မှာ ကော်ပရာစစ်ကြောင်းကသတင်းထုတ်ပြန်ခဲ့ပါတယ်။
(၂၀၂၂) ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့မှ၊ (၉) ရက်နေ့အတွင်း ဖလူးဒေသရှိ အကြမ်းဖက်စစ်ကောင်စီမှ ဟောင်ဝစ်ဇာ တောင်ပေါ်ပစ်အမြှောက်လက်နက်များ အသုံးပြု၍ မြဝတီ - ဝေါ်လေ ကားလမ်းမ တစ်လျောက်အား ရမ်းသမ်း ပစ်ခတ်လျက်ရှိပါတယ်။ ထိုသို့ ပစ်ခတ်လျက်ရှိသော်လည်း လုံခြုံရေး ရယူထားသော ကော်ဘရာ စစ်သည်တော်များ ပြည်သူလူထု၏ ချစ်မေတ္တာဖြင့် ခလုတ်မထိ၊ ဆူးမငြိခဲ့ပါ"လို့ဖော်ပြပါတယ်။
ကော်ဘရာစစ်ကြောင်းကလက်ရုံးတပ်ဖွဲ့များ ဖြစ်သော လက်နက်ကြီးစစ်သည်များ၊ ဒရုန်းစစ်သည်များမှ ပြန်လည် ခြေမှုန်းခဲ့ရာ ကားလမ်းမ တစ်လျှောက် သစ်တောများအတွင်း ပုန်းခိုနေသော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းများထံ တိကျစွာတိုက်ရိုက်ထိမှန်ခဲ့ပြီး အများအပြား ထိခိုက် သေဆုံး နေသည်ကို တွေ့ရှိရပါတယ်လို့ကော်ပရာစစ်ကြောင်းကဆိုပါတယ်။
========================
📌📌 ၈။ စစ်ကောင်စီတပ် အခြေစိုက်စခန်းများဖြစ်သော ကြောင်ပြာစခန်း၊ ကျွန်ပင်စိတ်စခန်း၊အောလောစိန်စခန်၊ကောပြင်းစခန်း၊ကျောင်းစုစခန်းတို့ကိုသိမ်းပိုက်ရရှိ
စစ်ကောင်စီတပ် အခြေစိုက်စခန်းများဖြစ်သော ကြောင်ပြာစခန်း၊ ကျွန်ပင်စိတ်စခန်း၊အောလောစိန်စခန်၊ကောပြင်းစခန်း၊ကျောင်းစုစခန်းတို့ကိုသိမ်းပိုက်ရရှိတယ်လို့သတင်းရရှိပါတယ်။ ဇူလိုင် ၉ ရက် မှာ KNU ကျောက်ကြီး PDF ပူးပေါင်းအဖွဲ့ကထုတ်ပြန်ပါတယ်။
"ညောင်လေးပင်ခရိုင် ၊ KNU တပ်မဟာ ၃ နယ်မြေအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်စခန်းများဖြစ်သော ကြောင်ပြာစခန်း၊ ကျွန်ပင်စိတ်စခန်း၊အောလောစိန်စခန်၊ကောပြင်းစခန်း၊ကျောင်းစုစခန်းတို့ကို သိမ်းပိုက်နိူင်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ စကစတပ်မျာစဟာ KNU နယ်မြေအတွင်း အထိနာအကျအဆုံးများပြားလျက်ရှိပါတယ်။
========================
📌📌 ၉။ စစ်ကောင်စီတပ်များဒီပဲယင်းမြို့နယ်အတွင်းမှ ကျေးရွာပေါင်း (၁၁) ရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများအား ခိုးယူ
စစ်ကောင်စီတပ်များဒီပဲယင်းမြို့နယ်အတွင်းမှ ကျေးရွာပေါင်း (၁၁) ရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများအား ခိုးယူခဲ့တယ်လို့ ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင် ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့တပ်များဟာ ဇူလိုင်၄ရက်နေ့မှစ၍ ဒီပဲယင်းမြို့နယ်အတွင်းသို့ လေကြောင်းမှ စီးနင်းတိုက်ခိုက်ပြီး နောက် ကျေးရွာများသို့ စစ်ကြောင်းထိုးလျက်ရှိပါတယ်။ ယခုအချိန်အထိ ဒီပဲယင်းမြို့နယ်အတွင်းမှ ကျေးရွာပေါင်း (၁၁) ရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများအား ခိုးယူခြင်း၊ ပြည်သူပိုင်နေအိမ်များအား ဖျက်ဆီး မီးရှို့ခြင်း အစရှိသည်များပြုလုပ်လျက်ရှိပါတယ်"လို့ဖော်ပြပါတယ်။
လက်ရှိအချိန်အထိ ကျွန်းတောလေးကျေးရွာတွင် ၁ အိမ်နှင့် ပျံကျကျေးရွာတွင် ၂၅ အိမ်၊ စုစုပေါင်း ပြည်သူပိုင်နေအိမ် ၂၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အကြမ်းဖက်စစ်တပ်၏ စီးနင်းတိုက်ခိုက်ခြင်းကိုခံရသည့် ကျေးရွာများမှာသိမ်ပါရွာ၊ ကျွန်းတောလေး၊ ကျွန်းတောကြီး၊ အင်ပင်ကြီး၊ ဆပ်ပြာကျင်း၊ ဘုတ်ရွာ၊ အင်ဘုတ်၊ အုံးတင်၊ မန်းကျည်းစောက်၊ ပျံကျ၊နှမ်းပဲလှ တို့ဖြစ်ပါတယ်။
No comments:
Post a Comment