8th JUL 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇူလိုင်လ ၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်အာဏာရှင်များဟာ အာဆီယံအား ပြက်ရယ်ပြုရန်အတွက်သာ ရည်ရွယ်ချက်ရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြား ရေးဝန်ကြီးဌာနကထုတ်ပြန်

📌 ၂။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပေါင်းအပါများ အကြမ်းဖက်လို့မြန်မာနိုင်ငံမှာ နေ့စဉ်နေ့တိုင်း သွေးမြေခနေတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာပြောကြား

📌 ၃။ မြန်မာနိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှု ယန္တရားကို တိုင်းရင်သားအဖွဲ့တွေနဲ့လက်တွဲအကောင်အထည်ဖော်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်စိုးအသိပေး

📌 ၄။ စစ်ပွဲကာလမှာ အရပ်သားပြည်သူတွေနဲ့ လက်နက်မဲ့တဲ့သူတွေအပေါ်မှာ အကြမ်းဖက်မှုတွေကို လူတိုင်း အဖွဲ့တိုင်း ရှောင်ကြဥ်ရမှာလို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြားလိုက်

📌 ၅။ NUG Payအသုံးပြုပြီး ကရင်နီဒေသသို့ ထောက်ပို့နိုင်ပြီဖြစ်ကြောင်း ဒုဝန်ကြီးမင်းဇေယျာဦးဆို

📌 ၆။ BGF အင်အား (၁၀၀) ခန့်၊  ပါဝင်သော စစ်ကောင်စီ စစ်ကြောင်းများမြဝတီ - ဝေါ်လေကားလမ်းတစ်လျောက် ဒေသများအား ကျူးကျော်ရန်ကြိုးစားလာ၍ ကော်ပရာစစ်ကြောင်းနဲ့တိုက်ပွဲဖြစ် ပွားကာ အကျအဆုံးများပြား

📌 ၇။ ပခုက္ကူမြို့နယ် ရှားဒူးကျေးရွာကို စကစတပ်များမီးရှို့ဖျက်ဆီး

📌 ၈။ ၁၃၀မမကို မကြာမီစတင်အသုံးပြု တော့မည်ဖြစ်ကြောင်း KGZ Army အသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်အာဏာရှင်များဟာ အာဆီယံအား ပြက်ရယ်ပြုရန်အတွက်သာ ရည်ရွယ်ချက်ရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြား ရေးဝန်ကြီးဌာနကထုတ်ပြန်


အကြမ်းဖက်စစ်အာဏာရှင်များဟာ အာဆီယံအား ပြက်ရယ်ပြုရန်အတွက်သာ ရည်ရွယ်ချက်ရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။ ဇူလိုင် ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်၏ ခရီးစဉ်နှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာခဲ့ပါတယ်။


ထုတ်ပြန်ချက်အရအာဆီယံ၏ အထူးကိုယ်စားလှယ် Prak Sokhonn မြန်မာနိုင်ငံသို့ လာရောက်သော ဒုတိယအကြိမ် ခရီးစဉ်အပြီးတွင် အကြမ်းဖက်စစ်အာဏာရှင်များသည် အာဆီယံအား ပြက်ရယ်ပြုရန်အတွက်သာ ရည်ရွယ်ချက်ရှိကြောင်းကို ရှင်းလင်းသိသာစွာ ကောက်ချက်ချနိုင်ပါတယ်လို့ဖော်ပြပါတယ်။ အာဆီယံ၏ အထူးကိုယ်စားလှယ် Prak Sokhonn အနေဖြင့် ၎င်း၏ ခရီးစဉ်အတွင်း စိတ်အားထက်သန်စွာ ကြိုးပမ်းခဲ့သော်လည်း၊ အထူးကိုယ်စားလှယ်၏ သက်တမ်းမှာ ယခုအချိန်တွင် ငါးလခန့်သာကျန်ရှိတော့သည့်အတွက် အထူးကိုယ်စားလှယ်အနေဖြင့် လက်ဆုပ်လက်ကိုင်ပြစရာ မရှိဘဲ လက်ချည်းဗလာဖြစ်ခဲ့ရတယ်လို့ထုတ်ပြန်ပါတယ်။ အဆိုပါအချက်ဟာ အာဆီယံ၏ တောင်းဆိုချက်တစ်ခုစီတိုင်းကို ပယ်ချကာ အာဆီယံ၏ ဘုံသဘောတူညီချက် ရပ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုအားလုံးကို စိတ်ပျက်စေရန် ရည်ရွယ်တဲ့ အကြမ်းဖက်စစ်အုပ်စု၏  ပုံဖော်ထားတဲ့ ပုံစံအတိုင်းပင်ဖြစ်တယ်လို့ဆိုပါတယ်။


လမ်းကြောင်းမှန်ပြင်ဆင်ချမှတ်နိုင်ခြင်း မပြုသေးခင်တွင် ရက်စက်ကြမ်းကြုတ်လှသည့် အကြမ်းဖက် စစ်အုပ်စု၏ အာဆီယံခေါင်းဆောင်များအပေါ် ဂုဏ်သိက္ခာချခြင်းလုပ်ရပ်များအား မည်မျှအထိ သည်းခံကြမည်နည်း။လို့မြန်မာ့နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အာဆီယံ အထူးကို ယ်စားလှယ်၏ ကြိုးပမ်းဆောင်ရွက်မှုများကို ကြိုဆိုရင်း မေးခွန်းထုတ်ခဲ့ပါတယ်။


မလေးရှားနိုင်ငံခြားရေးဝန်ကြီး Dato’ Sri Saifuddin Abdullah က မြန်မာနိုင်ငံအပေါ်တွင်ဝင်ရောက်မစွက်ဖက်ရေးမူဝါဒမှဥပေက္ခာမပြုရေးမူဝါဒတစ်ခုသို့ ပြောင်းလဲကျင့်သုံးရန် အာဆီယံထံ မှန်ကန်စွာ တောင်းဆိုခဲ့ပါတယ်။ ထိုတောင်းဆိုမှုဟာ အာဆီယံ၏ဂုဏ်သိက္ခာနှင့် အညီဖြစ်တယ်လို့ မြန်မာ့နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပေါင်းအပါများ အကြမ်းဖက်လို့မြန်မာနိုင်ငံမှာ နေ့စဉ်နေ့တိုင်း သွေးမြေခနေတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာပြောကြား


ဇူလိုင်၇ရက်နေ့ မှာကျရောက်တဲ့နှစ် (၆၀) ဆဲဗင်းဂျူလိုင်ပြည့်နှစ်အတွက် မိန့်ခွန်းမှာပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။


"ယခုဆိုလျှင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ၏အပေါင်း အပါများ၏ ရက်စက်ကြမ်းကြုတ်ခြင်း၊ အကြမ်းဖက်ခြင်းကြောင့် မြန်မာနိုင်ငံတွင် နေ့စဉ်နေ့တိုင်း သွေးမြေခလျက်ရှိပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ အကြမ်းဖက်စစ်ခေါင်းဆောင် ဦးဆောင်သောအကြမ်းဖက် စစ်သား များရဲ့ ရက်စက်ယုတ်မာမှုများကြောင့် မြန်မာနိုင်လူဦးရေ ထက်ဝက် (၂၇)သန်း ခန့်ဟာ ငတ်မွတ် ခေါင်းပါးခြင်းကို ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ ၎င်းအနက် မြန်မာပြည်သူ (၁၅) သန်း ကျော်ဟာ အကူအညီမရှိလျှင် မဖြစ်တော့တဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။ . သန်းခန့် ရှိသော မြန်မာပြည်သူလူထု ကတော့ အိုးမဲ့အိမ်မဲ့ဖြစ်နေကြပြီး တောတောင်ထဲရှိ ဒုက္ခသည် စခန်းများတွင် နေနေကြရပါတယ်။


========================


📌📌 ၃။ မြန်မာနိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှု ယန္တရားကို တိုင်းရင်သားအဖွဲ့တွေနဲ့လက်တွဲအကောင်အထည်ဖော်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်စိုးအသိပေး


မြန်မာနိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှု ယန္တရားကို တိုင်းရင်သားအဖွဲ့တွေနဲ့လက်တွဲအကောင် အထည်ဖော်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်စိုးအသိပေးပြောကြားလိုက်ပါတယ်။ ဇူလိုင်လအတွင်း ဧရာဝတီသတင်းဌာနနဲ့တွေ့ဆုံမေးမြန်းရာမှာ ဝန်ကြီးကပြောကြားခဲ့တာပါ။


"ကျနော်တို့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုက အတော့်ကိုပြိုလဲ သွားတာပေါ့။အဲဒီဟာမှာ CDM လုပ်တယ်။ CDM က ဒီနေ့လုပ်ပြီး အဲဒီနေ့မှာပဲ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလုပ်ခဲ့တယ်။ အခုချိန်မှာတော့ ပြန်လည်ပြီတည်ဆောက်နေတဲ့အချိန်ဖြစ်သွားပြီ။ ကျန်းမာရေး စောင့်ရှောက်မှု ယန္တရားကိုတိုင်းရင်းသား အဖွဲ့တွေနဲ့ပြန်လက်တွဲပြီး အကောင်အထည်ဖော်နေတဲ့အချိန်ဖြစ်သွားပြီ"လို့ဝန်ကြီးကဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနအောက်တွင် ကျန်းမာရေးဝန်ထမ်းပေါင်း ၄၀၀၀ ကျော်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေပါတယ်။ ဆေးရုံ၊ဆေးခန်းပေါင်း ၁၆၇ ခု၊အထူးကုဆရာဝန် ၁၅၆ ယောက်၊ဆရာဝန် ၄၀၀ ကျော်သူနာပြု ၅၆၀ တို့ပါဝင်ကာ မြေပြင် ကျန်းမာရေးစောင့်ရှောက်မှု၊အွန်လိုင်း ကျန်းမာရေးစောင့်ရှောက်မှုတို့ရှိနေပါတယ်။


========================


📌📌 ၄။ စစ်ပွဲကာလမှာ အရပ်သားပြည်သူတွေနဲ့ လက်နက်မဲ့တဲ့သူတွေအပေါ်မှာ အကြမ်းဖက်မှုတွေကို လူတိုင်း အဖွဲ့တိုင်း ရှောင်ကြဥ်ရမှာလို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြားလိုက်


စစ်ပွဲကာလမှာ အရပ်သားပြည်သူတွေနဲ့ လက်နက်မဲ့တဲ့သူတွေအပေါ်မှာ အကြမ်းဖက်မှုတွေကို လူတိုင်း အဖွဲ့တိုင်း ရှောင်ကြဥ်ရမှာလို့ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းကပြောပါတယ်။ ဇူလိုင် ရက် လူမှုကွန်ရက်မှာ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကရေးသားပြောကြားခဲ့တာပါ။


"စစ်ပွဲကာလမှာလည်း ဥပဒေနဲ့ ကျင့်ဝတ်ဆိုတာရှိပါတယ်။တိုက်ပွဲကာလမှာ သူနိုင်ကိုယ်နိုင်တိုက်ခိုက်ရစမြဲပါ။ဒါပေမဲ့ အရပ်သားပြည်သူတွေနဲ့ လက်နက်မဲ့တဲ့သူတွေအပေါ်မှာ အကြမ်းဖက်မှုတွေကို လူတိုင်း အဖွဲ့တိုင်း ရှောင်ကြဥ်ရပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်များဟာ   လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဘုရားကျောင်းများ အပါအဝင် အိမ်ခြေ သောင်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။


========================


📌📌 ၅။ NUG Payအသုံးပြုပြီး ကရင်နီဒေသသို့ ထောက်ပို့နိုင်ပြီဖြစ်ကြောင်း ဒုဝန်ကြီးမင်းဇေယျာဦးဆို


NUG Pay အသုံးပြုပြီး ကရင်နီဒေသသို့ ထောက်ပို့နိုင်ပြီဖြစ်ကြောင်း ဒုဝန်ကြီးမင်းဇေယျာဦးကပြောပါတယ်။ ဇူလိုင် ရက်နေ့ လူမှုကွန်ရက်မှာ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ဒုဝန်ကြီး မင်းဇေယျာဦးကရေးသားပြောကြားခဲ့ပါတယ်။


"PDF Loikaw ကို NUGpay အသုံးပြုပြီးထောက်ပို့ပေးနိုင်ပါပြီ"လို့ဝန်ကြီးကဆိုပါတယ်။ NUGPay မိသားစု ရဲ့ ဥကရစ်ထ အောင်ပွဲရယူနိုင်ဖို့ ၄၈ နာရီအတွင်း နတ်ပေး စမ်းသပ်ရင်း ထောက်ပို့ငွေ စုစုပေါင်း DMMK (၄၆) သိန်းကျော် ရရှိပေးပို့နိုင်ခဲ့ပါတယ်။


========================


📌📌 ၆။ BGF အင်အား (၁၀၀) ခန့်၊  ပါဝင်သော စစ်ကောင်စီ စစ်ကြောင်းများမြဝတီ - ဝေါ်လေကားလမ်းတစ်လျောက် ဒေသများအား ကျူးကျော်ရန်ကြိုးစားလာ၍ ကော်ပရာစစ်ကြောင်းနဲ့တိုက်ပွဲဖြစ် ပွားကာ အကျအဆုံးများပြား


BGF အင်အား (၁၀၀) ခန့်၊  ပါဝင်သော စစ်ကောင်စီ စစ်ကြောင်းများမြဝတီ - ဝေါ်လေကားလမ်းတစ်လျောက် ဒေသများအား ကျူးကျော်ရန်ကြိုးစားလာ၍ ကော်ပရာစစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ပွားကာ အကျအဆုံးများပြားခဲ့ပါတယ်။ ဇူလိုင်လ () ရက်နေ့စစ်ကောင်စီ စစ်ကြောင်းဟာဖလူးလေး၊ ဖလူးကြီးဒေသတွင် စုဖွဲ့၍ မြဝတီ - ဝေါ်လေကားလမ်းတစ်လျောက် ဒေသများအား ကျူးကျော်ရန် ကြိုးစားလာတယ်လို့ကော်ပရာစစ်ကြောင်းကထုတ်ပြန်ပါတယ်


"အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ (၄၄) လက်အောက်ခံခမရ(၂၀၇) ခလရ() ခမရ(၂၀၄) ခမရ() ခမရ(၁၀၂) နှင့် လက်ရုံးတပ်ဖွဲ့များ၊ ဗိုလ်မုတ်သုန် ဦးစီးသော BGF အင်အား (၁၀၀) ခန့်၊  ပါဝင်သော စစ်ကောင်စီ စစ်ကြောင်းများသည် ဖလူးလေး၊ ဖလူးကြီးဒေသတွင် စုဖွဲ့၍ မြဝတီ - ဝေါ်လေကားလမ်းတစ်လျောက် ဒေသများအား ကျူးကျော်ရန် ကြိုးစားလာခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ ထို့ကြောင့် ခမရ(၂၀၇) ပါဝင်သော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းဟာ မြဝတီ-ဝေါ်လေ ကားလမ်းပေါ်ရှိ သုံးထပ်ကွေ့ (ဒေသအခေါ်) နေရာသို့ ဇူလိုင်လ () ရက်နေ့တွင် ရောက်ရှိလာခဲ့ရာ လုံခြုံရေး ရယူထားသော ကော်ဘရာစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက်ရှိပါတယ်။ 


ဇူလိုင်လ () ရက် မနက် () နာရီ အချိန်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦး၊ ဆေးမှူး တစ်ဦး အပါအဝင် အလောင်း () လောင်း အတည်ပြုတွေ့ရှိရပြီး စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံး၊ ဒဏ်ရာ ရရှိထားသည်ကို တွေ့ရှိရပါတယ်လို့ကော်ပရာစစ်ကြောင်းကဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီထံမှ MA -1 တစ်လက်၊ ၎င်းကျည် (.၅၆) ကျည် (၄၇၅) တောင့်၊ ကျည်ဘောက်() ခု၊ အီနာဂါ ဗုံးသီး တစ်လုံး၊ အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိထားပါတယ်လို့ဖော်ပြပါတယ်။ ကော်ဘရာစစ်ကြောင်းဘက်မှ စစ်သည်တော်များ ကျဆုံး၊ ထိခိုက်၊ဒဏ်ရာ မရရှိခဲ့ဘူးလို့သိရပါတယ်။


========================


📌📌 ၇။ ပခုက္ကူမြို့နယ် ရှားဒူးကျေးရွာကို စကစတပ်များမီးရှို့ဖျက်ဆီး


မကွေးတိုင်း ပခုက္ကူမြို့နယ် ရှားဒူးကျေးရွာကို စကစတပ်များမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဇူလိုင် ရက် နံနက်အစောပိုင်းမှာ စကစတပ်များဟာ ရှားဒူးကျေးရွာကို မီးရီု့ခဲ့တာလို့ ဒေသခံသတင်းအရင်းအမြစ်များထံကသတင်းရရှိပါတယ်။ ကျေးရွာဟာအိမ်ခြေ၂၀၀လောက်ရှိပြီးရွာထဲရှိနေအိမ်အများစု မီးလောင်ဆုံးရှုံးနိုင်ခြေရှိပါတယ်။ လက်ရှိမှာ စကစတပ်များရောက်ရှိနေတာကြောင့် ဒေသခံများဝါ ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရပါတယ်။


========================


📌📌 ၈။ ၁၃၀မမကို မကြာမီစတင်အသုံးပြု တော့မည်ဖြစ်ကြောင်း KGZ Army အသိပေး


၁၃၀မမကို မကြာမီစတင်အသုံးပြု တော့မည်ဖြစ်ကြောင်း KGZ Army အသိပေးပါတယ်။ ဇူလိုင် ရက်နေ့တွင် လက်နက်ကြီးများကို KGZArmy ကဖော်ထုတ်ပြသခဲ့ပါတယ်။


"မမများနှင့်ပွဲကသူတွေလောက်တော့မစွမ်းပေမယ့် ကုန်ကျသက်သာပြီး မြန်မြန်ဆန်ဆန် ပြန်လည်ထုတ်လုပ်နိုင်သော ၁၃၀မမကို မကြာမီစတင်အသုံးပြု တော့မည်ဖြစ်ပါတယ်"လို့ဆိုပါတယ်။ မကြာမီချိန်တွင် စစ်ဆင်ရေးများကို စတင်တော့မည်ဖြစ်ကြောင်း KGZ Armyအသိပေးထုတ်ပြန်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment