8th JUL 2022 - (Ethnic language program-CHO_KAANG) by Radio NUG

(ချင်း တိုင်းရင်းသား - Kaang ကာဏ်း ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၂ ဇူလိုင်လ () ရက်နေ့နောက်ဆုံးရပြည်တွင်းသတင်းများ 

၁။ ရဲန်ခဲန်းနှင့်အမ်လိုင်ကျေးရွာကြားတွင်စကစနှင့် CDF-Matupi တို့တိုက်ပွဲဖြစ်၊ စကစဘက်မှ ယောက်သေဆုံး


၂၀၂၂ ဇူလိုင် ရက်နေ့တွင် လိုင်လင်းပီမြို့မှ မတူပီမြို့နယ်ဘက်သို့စစ်ကြောင်းဖြင့်ထွက်လာသည့် အကြမ်းဘက်စစ်ကောင်စီနှင့် CDF-Matupi တို့သည် ရဲန်ခဲန်းနှင့်အမ်လိုင်ကျေးရွာကြားတွင် နံနက်ပိုင်း()နာရီ မှ (၁၀)နာရီထိ နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစဘက်မှ ဦးသေဆုံးပြီး ၂ယောအပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။


ညနေ နာရီခန့်တွင် CDF-Matupi နှင့် စစ်ကောင်စီ တပ်တို့ ထိပ်တိုက်တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် ()ကောင်သေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်းသိရှိပါသည်။ CDF-Matupi ဘက်မှ အထိအခိုက်မရှိဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပြီး  အကြမ်းဘက်စစ်ကောင်စီတပ်ဖွဲ့၀င်များသည် ရဲန်ခဲန်းကျေးရွာသို့တပ်ဆုတ်ပြီး ကျေးရွာမှပြည်သူပိုင်နေအိမ်()လုံးမီးရှို့ဖျက်စီးခဲ့ကြောင်းသိရသည်။


၂။ မင်းတပ် လေကြောင်းတိုက်ခိုက်မှုမှာ သူလျှို/ ဒလန်များ၏ သတင်းပေးခြင်းကြောင့်ဖြစ်ကြောင်း CDF မင်းတပ်ထုတ်ပြန်၊ လက်တုံ့ပြန်သွားမည်ဟုဆို 


မင်းတပ်မြို့နယ်ရှိ ကျေးရွာ ရွာကို ပြီးခဲ့သည့် ဇူလိုင်လ ( ) ရက်နေ့ နံနက် (၁၁း၀၉) မိနစ်မှ စတင်ကာ စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဘုရားကျောင်းနှင့် စာသင်ကျောင်းများကို ပစ်မှတ်ထား၍ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။


အဆိုပါ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် CDF မင်းတပ်တပ်ဖွဲ့ဝင် ဦးကျဆုံးကာ အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း CDF မင်းတပ်က ထုတ်ပြန်သည်။ ယင်းဖြစ်ရပ်သည် သူလျှို/ ဒလန်များ၏ သတင်းပေးခြင်းကြောင့်ဖြစ်ကြောင်းနှင့် ၎င်းအဖို့ လက်တုံ့ပြန်သွားမည်ဟု CDF မင်းတပ်က ထုတ်ပြန်ချက်ထဲတွင် တပါတည်းဖော်ပြသည်။


စစ်ကောင်စီဘက်မှ မင်းတပ်မြို့နယ်အတွင်း လေကြောင်းဖြင့် ကင်းထောက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း၊ နောက်ထပ် လေကြောင်းတိုက်ခိုက်မှုများ ထပ်မံပြုလုပ်လာနိုင်သဖြင့် ရပ်ရွာနေပြည်သူများ ဗုံခိုကျဉ်းများတူးဖော်၍ လုံခြုံသည့်နေရာများ ပြင်ဆင်ထားကြရန် CDF မင်းတပ်က အများပြည်သူသို့ သတိပေးချက်ထုတ်ပြန်ထားသည်။


၃။ AA တပ်စခန်းဗုံးကြဲတိုက်ခိုက်ခံရ တပ်ဖွဲ့ဝင် ဦးကျဆုံး


မြန်မာ-ထိုင်းနယ်စပ်မှာ ရှိတဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ စခန်းတခုကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် AA တပ်ဖွဲ့ဝင် ဦးကျဆုံးပြီးတော့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအပေါ် လက်တုန့်ပြန်မယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။ 


မြန်မာ-ထိုင်းနယ်စပ်အနီး ကရင်ပြည်နယ် KNLA တပ်မဟာ ဧရိယာထဲက ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ စခန်းတခုကို မြန်မာစစ်တပ်ဖက်က ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ( ) ရက်နေ့ နေ့လည်ပိုင်းက ဂျက်တိုက်လေယာဉ် စီးနဲ့သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်၊ AA တပ်ဖွဲ့ဝင် ဦးကျဆုံးပြီးဒဏ်ရာ ရသူတချို့ ရှိခဲ့ပါတယ်။ ဆေးရုံဆေးခန်းတွေနဲ့ အထည်ချုပ်စက်ရုံတွေလည်း ပျက်စီးခဲ့တယ်လို့ AA ဖက်က ထုတ်ပြန်ထားပါတယ်။ ဒီတိုက်ခိုက်မှုမှာ ရည်ရွယ်ချက်ရှိရှိဆောင်ရွက်တာမို့ ဒီလုပ်ရပ်အပေါ် တုန့်ပြန်အရေးယူသွားမယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။


ရခိုင်လက်နက်ကိုင်တပ်တွေ အများဆုံးအခြေစိုက်တဲ့ ရခိုင်ပြည်နယ်မှာလည်း တပ်နဲ့  AA ကြား စစ်ရေးတင်းမာနေသလို နှစ်ဖက်အပြန်အလှန်ဖမ်းဆီးမှုတွေလည်း ရှိနေပါတယ်။ မြန်မာစစ်တပ်ဖက်ကလည်း ကြည်းတပ်ရော ရေတပ်တွေမှာ အင်အားဖြည့် တင်းနေတာတွေရှိသလို တမြို့နဲ့ တမြို့ ခရီးသွားသွားလာမှုတွေကိုလည်း လုံခြုံရေးတင်းကြပ် စစ်ဆေးနေမှုတွေ လုပ်နေပါတယ်။


၄။ ကန်နိုင်ငံခြားရေးဝန်ကြီး အင်ဒိုနီးရှားနဲ့ ထိုင်းဝမ်ခရီးစဥ်မှာ မြန်မာ့အရေးအဓိကထားဆွေးနွေးမည် 


G20 ရဲ့ ဆက်စပ် အစည်းအဝေးတွေ နဲ့ ဘန်ကောက်မှာ ပြုလုပ်မယ့် နောက်ဆက်တွဲ အစည်းအဝေးတွေမှာ မြန်မာ့အရေးကိစ္စကို ဆွေးနွေးသွားဖို့ရှိပြီးမြန်မာ့အရေးဟာ သိသာထင်ရှားစွာပေါ်လွင်လာလိမ့်မယ်လို့မျှော်လင့်မိကြောင်း G20 အစည်းအဝေးဟာ မြန်မာနိုင်ငံဒီမိုကရေစီ လမ်းကြောင်းပေါ်  ပြန်ရောက်အောင် အာဆီယံ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းတခုအဖြစ်မြင်တဲ့အကြောင်း အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး DANIEL J. KRITENBRINK ကေပြာပါတယ်။ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးBlinken အင်ဒိုနှင့်ထိုင်းသို့ ဇူလိုင် မှ ၁၁ ရက်ထိသွားရောက်မည့်ခရီးစဥ်နှင့်ပတ်သက်သည့်သတင်းစာရှင်းပွဲတွင်ပြောကြားခဲ့သည်


၅။ Kaang Community of America ကော်မတီအသစ်ရွေးချယ် 


၂၀၂၂ ခုနှစ်၊ ဇူလိုင်လ မှ ရက်နေ့အထိ ၁၁ ကြိမ်မြောက် ကာဏ်းစုံညီပွဲတော်ကို အမေရိကန်နိုင်ငံ Tennessee ပြည်နယ်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ ကာဏ်းစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်သည် မြန်မာပြည်သားအမေရိကန်ဖွား ကာဏ်းမျိုးနွယ်စုဝင်များသည် မိမိတို့၏ ရိုးရာယဥ်ကျေးမှု၊ စာပေနှင့် ဘာသာစကား ချစ်ခင်မြတ်နိုးထိန်းသိမ်းတတ်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပွဲဖြစ်မြောက်ရေး တာဝန်ခံ ဦးယွမ်းကီးမှ ပြောကြားသည်။ 


အမေရိကန်နိုင်ငံပြည်နယ်အသီးသီးမှ တက်ရောက်လာသောကိုယ်စားလှယ်များ၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံတကာရှိ ကာဏ်းလူမျိုးများကို လွှမ်းခြုံနိုင်မည့် အခြေခံစည်းမျဥ်းစည်းကမ်းများကို ပြုပြင်၍ ကော်မတီအသစ်ကိုလည်း ပြန်လည်ဖွဲ့စည်းကြောင်း သိရှိရပါသည်။ Tennessee ပြည်နယ်တွင် အကောင်းဆုံးကစားသမားဆု အကြိမ်ကြိမ်ရရှိခဲ့သော ဆလိုင်း နွန်ထန်း ( အားကာကျောင်းဆင်း ) နှင့် နည်းပြ ဒေဗစ်ချွဲကီး ( အားကာကျောင်းဆင်း ) တို့သည် အမေရိကန်နိုင်ငံရှိကာဏ်းလူမျိုးများ၏ ဂုဏ်ဆောင်ကြယ်ပွင့်လေးများအဖြစ် ညီလာခံမှ မှတ်တမ်းတင်ခဲ့ပါသည်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment