၂၀၂၂ သြဂုတ်လ ၂၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မီးရှို့ဒဏ်ခံပြည်သူတွေအတွက် ယာယီခိုနားရာနေရာတွေအမြန်ဆုံးဆောင်ရွက်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအသိပေး
📌 ၂။ ICJ တရားရုံးနဲ့ ပူးပေါင်းဖို့ ကမ်းလှမ်းထားတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို
📌 ၃။ ဖက်ဒရယ် ဒီမိုကရေစီထူထောင်ရေးမှာ လူထုအောင်စိတ်နဲ့ပဲ အောင်မြင်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းပြောကြားလိုက်
📌 ၄။ "S.O.F ၏ နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်းရွာအုန်းပင်စိုက်ပွဲလာတဲ့ စကစရဲ့ မြို့နယ်ကောင်စီဝင်ယာဥ်တန်းကို ဖောက်ခွဲတိုက်ခိုက်
📌 ၅။ ကျွန်းလှမြို့နယ် ဆည်အနောက်ဘက်ခြမ်းရှိ ညောင်ပင်ရွာမှ ထွက်သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းမိုင်းဆွဲခံရ၍ စကစတပ်ဖွဲ့ဝင်ငါးဦးယနေ့မနက်သေဆုံး
📌 ၆။ မြောက်ဥက္ကလာပမြို့နယ်၊ ဌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ယမန်နေ့ညက အဝေးထိန်းလက်လုပ်မိုင်းဖြင့် ဖောက်ခွဲ
📌 ၇။ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ အမေ့ဝတ်စုံနဲ့ တွန်းလှန်စို့" ကံစမ်းမဲလက်မှတ်များကိုသရုပ် ဆောင် မင်းမော်ကွန်း ကိုယ်တိုင်ရောင်းချ
📌 ၈။ ရာထူးတိုးပြောင်းရွှေ့ မျှော်လင့်တဲ့ Non CDM ပညာရေးဝန်ထမ်းအများစု စစ်ကောင်စီအပေါ် အကြီးအကျယ်စိတ်ပျက်ကာ နုတ်ထွက်မှုများရှိလာနိုင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မီးရှို့ဒဏ်ခံပြည်သူတွေအတွက် ယာယီခိုနားရာနေရာတွေအမြန်ဆုံးဆောင်ရွက်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအသိပေး
မီးရှို့ဒဏ်ခံပြည်သူတွေအတွက် ယာယီခိုနားရာနေရာတွေအမြန်ဆုံးဆောင်ရွက်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သြဂုတ်လ၂၆ ရက်ညပိုင်းကျင်းပတဲ့ အမေ့လက်ဆောင် အမေ့ယပ်တောင်ကံစမ်းမဲလက်မှတ်ဖွင့်ပွဲခမ်းအနားမှာအသိပေးပြောကြားလိုက်ပါတယ်။
"အမေ့လက်ဆောင် အမေ့ယပ်တောင်ကနေ ရရှိလာတဲ့ ပြည်သူ့ရန်ပုံငွေတွေနဲ့ မီးရှို့ဒဏ္ခံပြည်သူတွေအတွက်ကို ယာယီခိုနားရာနေရာလေးတွေ အမြန်ဆုံးဖြစ်ပေါ်လာဖို့ အခုကတည်းကဆောင်ရွက်ပေးနေကြပါပြီ"လို့ဆိုပါတယ်။ လက်မှတ် စရောင်းခဲ့တဲ့ (၈) ရက်နေ့ကစလို့ အစီအစဉ်ပိတ်သိမ်းတဲ့အချိန်အထိ စုစုပေါင်း လက်မှတ်စောင်ရေ (34245) တိတိ ရောင်းချနိုင်ခဲ့ကာလက်မှတ်ရောင်းချငွေ အမေရိကန်ဒေါ်လာ သုံးသိန်းလေးသောင်းနှစ်ထောင့်လေးရာငါးဆယ်ကို (USD 342450) ကို MOHDM သို့ လွှဲပြောင်းပေးအပ်နေပြီ ဖြစ်ပါတယ်။ အဆိုပါ ရန်ပုံငွေများကို စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ချင်းပြည်နယ်နဲ့ကရင်နီဒေသက မီးရှို့ဒဏ်ခံပြည်သူများအတွက် နေအိမ်များဆောက်လုပ်ပေးမှာဖြစ်ပါတယ်။
========================
📌📌 ၂။ ICJ တရားရုံးနဲ့ ပူးပေါင်းဖို့ ကမ်းလှမ်းထားတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို
ICJ တရားရုံးနဲ့ ပူးပေါင်းဖို့ ကမ်းလှမ်းထားတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက သြဂုတ်လအတွင်း စကစတပ်များနဲ့ကျူးလွန်မှုများနဲ့ပတ်သက်လို့ ပြောကြားရာမှာ ဝန်ကြီးကထည့်သွင်းပြောကြားခဲ့ပါတယ်။
"မြန်မာနိုင်ငံမှာ ရိုဟင်ဂျာများအပေါ်မှာ ကျူးလွန်တဲ့ အရာနဲ့ပတ်သက်ပြီးတော့ ICJ တရားရုံး၊ အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ တရားစီရင်မှုကိုလက်ခံပါတယ်။ ဒါ့အပြင် အမှုမှန်ပေါ်ပေါက်ဖို့အတွက် ICJ တရားရုံးနဲ့ပူးပေါင်းဆောင်ရွက်မယ်။ ICJ တရားရုံးရဲ့ တရားစီရင်မှုကိုလက်ခံမယ်ဆိုတဲ့ တိကျစွာထုတ်ဖော်ပြောကြားချက်တစ်ရပ်ကိုလည်း လုပ်ဆောင်ခဲ့ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ ICJ တရားရုံးကို စကစခန့် ဦးကိုကိုလှိုင်ခေါင်းဆောင်တဲ့အဖွဲ့က တက်ရောက်ဖြေရှင်းခဲ့ပြီးတော့ ICJ တရားရုံးက ဒီအမှုဟာ မြန်မာနိုင်ငံကို စွဲဆိုခွင့်ရှိတယ်လို့အတည်ပြုထားပါတယ်။
========================
📌📌 ၃။ ဖက်ဒရယ် ဒီမိုကရေစီထူထောင်ရေးမှာ လူထုအောင်စိတ်နဲ့ပဲ အောင်မြင်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းပြောကြားလိုက်
ဖက်ဒရယ် ဒီမိုကရေစီထူထောင်ရေးမှာ လူထုအောင်စိတ်နဲ့ပဲ အောင်မြင်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းကသြဂုတ်လ ၂၆ ရက်ညပိုင်းကျင်းပတဲ့ အမေ့လက်ဆောင် အမေ့ယပ်တောင်ကံစမ်းမဲလက်မှတ်ဖွင့်ပွဲခမ်းအနားမှာပြောကြားလိုက်ပါတယ်။
"ကျနော်တို့ တိုင်းပြည် ဖွံဖြိုးဖို့၊တိုးတက်ဖို့ အရှိန်ယူနေတဲ့အချိန် လွတ်လပ်ခြင်း တရားမျှတခြင်းကို အကောင်အထည်ဖော်နေတဲ့အချိန်မှာအခုလို လငပုပ်ဖမ်းသလိုဖြစ်ခဲ့တာ်ပေါ့။ဒါပေမယ့်လည်း ပြည်သူလူထုက အခုချိန်ထိတေည်လှန်ရေးမှာ အားလုံးပါဝင်နေတယ်။ဝိုင်းဝန်ကူညီနေတယ်။ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်ရေးလည်း ဒီအောင်စိတ်နဲ့ပဲ ကြုိးစားကြပြီးတော့ အောင်မြင်မယ်လို့ ကျနော်ယုံကြည်ပါတယ်"လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများပေါ်ပေါက်ခဲ့ပါတယ်။
========================
📌📌 ၄။ "S.O.F ၏ နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်းရွာအုန်းပင်စိုက်ပွဲလာတဲ့ စကစရဲ့ မြို့နယ်ကောင်စီဝင်ယာဥ်တန်းကို ဖောက်ခွဲတိုက်ခိုက်
ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်းရွာကိုအုန်းပင် စိုက်ပွဲလာတဲ့ စကစရဲ့ယာဥ်တန်းကို သြဂုတ်လ ၂၇ ရက် နံနက် ၈ နာရီ ၃၀ အချိန်မှာ စစ်ဆင် ရေးကို SOF ကလုပ်ဆောင်ခဲ့ပါတယ်။
"ယနေ့ နံနက် (၈:၃၀) နာရီအချိန်တွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် တော်ကူးရဲစခန်းအနီး၊ လက်ခုပ်ကုန်းကျေးရွာအုန်းပင်စိုက်ပွဲသို့လာရောက်သော အကြမ်းဖက်စစ်ကောင်စီလက် အောက်ခံ မြို့နယ်ကောင်စီဝင်များနှင့် အုပ်ချုပ်ရေးမှူးများ၊ စစ်ခွေး/ရဲခွေးများစီးလာသော ယာဥ်တန်းအား ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။
ရန်သူလက်အောက်ခံဘက်တော်သားများ ထိခိုက်ဒဏ်ရာရရှိမှူများပြားပြီး ယာဥ်များပါ ထိခိုက်ပျက်စီးခဲ့ကြောင်းသတင်းရရှိပါတယ်။ ၎င်းတိုက်ခိုက်မှုသည် တောင်ပိုင်းစစ်ဒေသ၏ နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးစီမံချက် အကောင် အထည်ဖော်မှု ဖြစ်ပြီး စစ်ဆင်ရေးအား ရန်ကုန်စစ်ဆင်ရေးဧရိယာ (၆) အခြေပြု S.O.F Squad - 7 (EAGLE SQUAD) မှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။
========================
📌📌 ၅။ ကျွန်းလှမြို့နယ် ဆည်အနောက်ဘက်ခြမ်းရှိ ညောင်ပင်ရွာမှ ထွက်သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းမိုင်းဆွဲခံရ၍ စကစတပ်ဖွဲ့ဝင်ငါးဦးယနေ့မနက်သေဆုံး
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ဆည်အနောက်ဘက်ခြမ်းရှိ ညောင်ပင်ရွာမှ ထွက်သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းမိုင်းဆွဲခံရ၍ စကစတပ်ဖွဲ့ဝင်ငါးဦးယနေ့မနက်သေဆုံးခဲ့ပါတယ်။ သြဂုတ်လ၂၇ ရက် နံနက် ၁၁ နာရီ ၂၀ အချိန်မှာ ဆည်အနောက်ဘက် ခြမ်းUGအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ ကအတည်ပြုထားပါတယ်။
"ကျွန်းလှမြို့နယ် ဆည်အနောက်ဘက်ခြမ်းရှိ ညောင်ပင်ရွာမှ ထွက်သော ခမရ (361/369) စခစစ်ကြောင်း ရှေပြေးအဖွဲ့အား ပေပင်ချောင်ရွာ သုဿာန်အနီးတွင် ဆည်အနောက်ဘက် ခြမ်း UG အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ ဆိုပါတယ်။ ကနဦးသတင်းများအရ စကစတပ်က ငါးဦးသေဆုံးတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၆။ မြောက်ဥက္ကလာပမြို့နယ်၊ ဌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ယမန်နေ့ညက အဝေးထိန်းလက်လုပ်မိုင်းဖြင့် ဖောက်ခွဲ
ဩဂုတ်လ ၂၆ ရက်နေ့ ည ၉ နာရီ ၉ မိနစ် ခန့်အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ဌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ စစ်ထောက်လှမ်းရေးများရှိနေချိန် အဝေးထိန်းလက်လုပ်မိုင်းဖြင့်ဖောက်ခွဲခဲ့တာလို့ UMCD သတင်းနှင့် ပြန်ကြားရေးကဖော်ပြပါတယ်။
"ထောက်လှမ်းရေးစစ်ခွေးများဟု ယူဆရသည့် အရပ်ဝတ်များရှိနေချိန်တွင် UMCD နှင့်မဟာမိတ်ဖြစ်သော Rawt Malan HpyenLa - RMH ( တော်လှန်ရေးရဲဘော်)တို့ပူးပေါင်းပြီး အဝေးထိန်းလက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
တိုက်ခိုက်မှုအပြီး အတွင်းမှ အော်ဟစ်သံများကြားရပြီး လက်ရှိအချိန်ထိ အထိအခိုက်အကျအဆုံးသတင်းများအရ မုန့်ဟင်းခါးပွဲကြီး ၄ ပွဲဖြစ်ကြောင်းသိရတယ်လို့ဆိုပါတယ်။
========================
📌📌 ၇။ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ အမေ့ဝတ်စုံနဲ့ တွန်းလှန်စို့" ကံစမ်းမဲလက်မှတ်များကိုသရုပ် ဆောင် မင်းမော်ကွန်း ကိုယ်တိုင်ရောင်းချ
သြဂုတ်လ၂၇ ရက် ဒီကနေ့တွင် ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာကျင်းပတဲ့ အမေ့ဝတ်စုံနဲ့ တွန်းလှန်စို့"ပွဲမှာ ကံစမ်းမဲလက်မှတ်များကို သရုပ်ဆောင် မင်းမော်ကွန်းက ကိုယ်တိုင်ရောင်းချပေးခဲ့ပါတယ်။
"ဒီပွဲလေးကတော့ အမေ့ဝတ်စုံကံစမ်းမဲလက်မှတ် ရောင်းချတဲ့ပွဲကို ကျနော်ပရိုမိုးရှင်းလုပ်ပေးခြင်းဖြစ်ပါတယ်။အဓိကတော်လှန်ရေးမှာလိုအပ်ချက်ကတစ်နေ့တစ်ခြား များလာပါတယ်။ ဒီလိုများလာတာကလည်း စကစက ပြည်သူလူထုကိုပိုပိုနှိပ်စက်လာလို့ဖြစ်ပါတယ်။တော်လှန်ရေးအောင်မြင်ဖို့အတွက် အဓိကလိုအပ်ချက်ကငွေကြေးဖြစ်ပါတယ်"လို့ဆိုပါတယ်။
အမေ့ဝတ်စုံ ကံစမ်းမဲလက်မှတ်ကို စက်တင်ဘာလအထိရောင်းချမည်ဖြစ်ကာ အမေရိကန်ဒေါ်လာ ဝမ်းမီလီယံရရှိရန်အထိရည်မှန်းထားပါတယ်။ အဆိုပါ အမေဝတ်စုံ ကံစမ်းမဲရောင်းရငွေများကို ကာကွယ်ရေးဝန်ကြီးဌာန ထုတ်လုပ်ရေးအတွက် ၅၀ ရာခိုင်နှုန်း PDF နဲ့မြို့ပြပြောက်ကျားများအတွက်၂၅ ရာခိုင်နှုန်း၊ကိုယ်လက် အင်္ဂါ ဆုံးရှုံးရဲဘော်များအတွက်၂၅ ရာခိုင်နှုန်းထောက်ပို့ကူညီမှာဖြစ်ပါတယ်။
"တော်လှန်ရေးရဲ့ အဓိကလိုအပ်ချက်ကို မြန်မြန်ဖြည့်ဆည်းမယ်ဆိုရင် ဒီကနေ့ တိုက်ဖို့စောင့်နေကြတဲ့ ကျနော်တို့ ရဲဘော်တွေ အင်အားသိန်းနဲ့ချီရှိပါတယ်။ဒီလူတွေမှာသာ လက်နက်ရရင်တစ်တိုင်းပြည်လုံးမှာ စစ်မျက်နှာ ဖွင့်နိုင်မှာဖြစ်ပါတယ်"လို့ သရုပ်ဆောင်မင်းမော်ကွန်းကထပ်မံဆိုပါတယ်။ အမေ့ဝတ်စုံဟာ ဒေါ်အောင်ဆန်းစုကြည်မှကော့မှူးမြို့နယ်၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအတွက် ခရီးသွားစဥ်ဝတ်ဆင်ခဲ့တဲ့ဝတ်စုံလည်းဖြစ်ပါတယ်။
========================
📌📌 ၈။ ရာထူးတိုးပြောင်းရွှေ့ မျှော်လင့်တဲ့ Non CDM ပညာရေးဝန်ထမ်းအများစု စစ်ကောင်စီအပေါ် အကြီးအကျယ်စိတ်ပျက်ကာ နုတ်ထွက်မှုများရှိလာနိုင်
ရာထူးတိုးပြောင်းရွှေ့ မျှော်လင့်တဲ့ Non CDM ပညာရေးဝန်ထမ်းအများစု စစ်ကောင်စီအပေါ် အကြီးအကျယ်စိတ်ပျက်ကာ နုတ်ထွက်မှုများရှိလာနိုင်တယ်လို့ စုံစမ်းသိရပါတယ်။ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေသော Non CDM ဝန်ထမ်းအများစုမှာ ရာထူးတိုးပြောင်းရွှေ့များ မျှော်လင့်သလိုဖြစ်မလာခြင်း၊ နောက်လူက ကျော်တက်၍ ရာထူးတိုးသွားခြင်း၊ရာထူးတိုးသော်လည်း နေရာဝေးလွန်းခြင်းတို့ကြုံတွေ့နေရတယ်လို့ဆိုပါတယ်။
"အတိုးတော့ပါတယ် ကိုယ်လျှောက်တဲ့ကျောင်းကိုမပါဘဲ အဝေးကြီးကို ပြန်ကျလို့ သွားငြင်းတော့မယ်။ အခုမှ ရွာနားပြန်ရောက်တာ ၂ နှစ်လောက်ရှိအုန်းမယ်။ ပထမကလဲ မြို့နယ်ကျော်ကျပြီးသွားပြီ။ပညာရေးလောကကြီးကိုလဲ စိတ်ကုန်လာပါပြီ"လို့ Non CDMတစ်ဦးကဆိုပါတယ်။ စစ်ကောင်စီဟာ လက်ရှိမှာ ပညာရေးဝန်ထမ်းများကို ရာထူးတိုးပြောင်းရွှေ့နဲ့ ဖြားယောင်းကာ တာဝန်များကို မတန်တဆ ပေးအပ်ကာခိုင်းစေလျက်ရှိပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment