18th SEP 2022 - Morning Daily News by Radio NUG

၂၀၂၂ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ စီးပွါးရေးလုပ်ငန်းရှင်ကြီးများအနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရသို့ အခွန်ဆောင်ခြင်းဖြင့် ပြည်သူ့ဘက်မှရပ်တည်ရန် တိုက်တွန်း

📌 ၂။ အပြစ်မဲ့တဲ့ ကျောင်းသူကျောင်းသားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်သတ်ဖြတ်တာဟာ ခွင့်လွှတ်လို့မရတဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ ဒုဝန်ကြီးဂျာထွယ်ပန် ပြောကြား

📌 ၃။ သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်တည်ရှိရေးအတွက် လှုပ်ရှားမှုများ အမေရိကန်နှင့် ထိုင်းနိုင်ငံတို့မှာ ကျင်းပပြုလုပ်

📌 ၄။ အဆုံးသတ်နဲ့ အဆုံးအဖြတ်တိုက်ပွဲအတွက် အသင့်ဖြစ်ပြီလို့ (AA) ဒုစစ်ဦးစီးချုပ်က ကဗျာနဲ့ အသိပေး

📌 ၅။ စစ်မိစ္ဆာတပ်တွေဟာ လူမဆန်တဲ့လုပ်ရပ်တွေ ဆက်တိုက်လုပ်ရင်း ကြမ်းကြုတ်ပြနေတုန်းဖြစ်၍ အရေးတော်ပုံ အမြန်အောင်ဖို့ လိုနေပြီလို့ NUG press Secretary က ပြောကြား

📌 ၆။ အမေ့ယပ်တောင် ကမ်ပိန်းမှ ရရှိငွေများနဲ့ စစ်ရှောင်ပြည်သူများအတွက် နေအိမ်များ ပြန်လည်တည်ဆောက်ပေးနေ

📌 ၇။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (.က.) မှ သင်တန်းပေးလျက်ရှိသောစခန်းအား စကစ စစ်ကြောင်းမှ ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးခဲ့မှုကြောင့်ငွေကျပ်သိန်းငါးရာဖိုး မီးလောင်ပျက်စီးဆုံးရှုံး

📌 ၈။ Spring Mandalay Investment အစီအစဥ်အသစ်မှာ မန္တလေးနန်းမြို့ထဲက တပ်နေရာများ ပါဝင်လာနိုင်ကြောင်း EOD က အသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စီးပွါးရေးလုပ်ငန်းရှင်ကြီးများအနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရသို့ အခွန်ဆောင်ခြင်းဖြင့် ပြည်သူ့ဘက်မှရပ်တည်ရန် တိုက်တွန်း


စီးပွါးရေးလုပ်ငန်းရှင်ကြီးများအနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရသို့ အခွန်ဆောင်ခြင်းဖြင့် ပြည်သူ့ဘက်မှရပ်တည်ရန် စက်တင်ဘာ ၁၇ ရက်မှာ NUG ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးတိုက်တွန်းလိုက်ပါတယ်။

"စစ်အာဏာရှင်လက်အောက်မှာ နေ့စဉ်နှင့်အမျှ အကြောက်တရားနဲ့ ရှင်သန်နေကြရပေမယ့် စစ်အာဏာရှင်ကို အရှုံးမပေးပဲ ဓမ္မဘက်ကရပ်တည်ပြီး တော်လှန်နေတဲ့ ပြည်သူ့အားတွေကြောင့် နွေဦးအောင်ပွဲကို အမြန်ဆုံးရောက်ရမယ်လို့ယုံကြည်အားတက်ရပါတယ်။စီးပွါးရေးလုပ်ငန်းရှင်ကြီးများအနေနဲ့လည်း အမျိုးသားညီညွတ်ရေးအစိုးရသို့ အခွန်ဆောင်ခြင်းဖြင့် ပြည်သူ့ဘက်မှရပ်တည်ပြီး တော်လှန်ရေးအတွက်ထောက်ပို့ကြဖို့ တိုက်တွန်းလိုပါတယ်"လို့ဆိုပါတယ်။

လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးသို့ မိမိသဘောအလျောက် အခွန်ဆောင်သည့်လုပ်ငန်းငယ်များရှိနေပြီ ဖြစ်ပါတယ်။ အခွန်ဆောင်သူများမှ မိမိတို့၏ ကိုယ်ရေးအချက်အလက်နှင့် မိမိတို့လုပ်ငန်းနှင့်သက်ဆိုင်သော အချက်အလက်များကို ပြည်တွင်းအခွန်များဦးစီးဌာနသို့ မဖြစ်မနေ ပေးရန် မလိုအပ်ဘဲအခွန်ဆောင်ပြီးချိန်တွင် ရရှိလာမည့်  Unique Identification Number (UID) ကိုသာ အခွန်ထမ်း၏ မှတ်တမ်းအဖြစ် သတ်မှတ်ထားရှိမည်ဖြစ်သောကြောင့် UID ကိုသာ သေချာသိမ်းထားရန်သာလိုအပ်မှာဖြစ်ပါတယ်။


========================


📌📌 ၂။ အပြစ်မဲ့တဲ့ ကျောင်းသူကျောင်းသားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်သတ်ဖြတ်တာဟာ ခွင့်လွှတ်လို့မရတဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ ဒုဝန်ကြီးဂျာထွယ်ပန် ပြောကြား


အပြစ်မဲ့တဲ့ ကျောင်းသူကျောင်းသားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်သတ်ဖြတ်တာဟာ ခွင့်လွှတ်လို့မရတဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ ဒီပဲယင်းဖြစ်စဥ်နဲ့ပတ်သက်လို့ စက်တင်ဘာ ၁၇ ရက်မှာ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်က လူမှုကွန်ရက်မှာရေးသားပြောကြားလိုက်ပါတယ်။


"အပြစ်မဲ့တဲ့ ကျောင်းသူကျောင်းသားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ကို တိုက်ခိုက် သတ်ဖြတ်တာဟာ လူစိတ်မရှိတဲ့ မိစ္ဆာကောင် အကြမ်းဖက်စစ်တပ်တွေပဲ ဖြစ်ပါတယ်။ ပညာသင်ကြားခွင့်ဟာ လူ့အခွင့်အရေးဖြစ်တယ်။ ဒီကလေးတွေ ငြိမ်းချမ်းစွာ ကျောင်းသွား၊ ပညာသင်ကြားခွင့်ကို တိုက်ခိုက်ဖျက်ဆီး၊ သတ်ဖြတ်တာဟာ ဘယ်လိုမှ ခွင့်လွှတ်လို့မရတဲ့ ရာဇဝတ်မှုကြီးဖြစ်တဲ့အလျောက် ကျူးလွန်သူတွေဟာ တရားဥပဒေရဲ့ အဆုံးအဖြတ်တင်မက၊ လူ့အဖွဲ့အစည်းရဲ့ နောက်ကျဉ်ခြင်းကိုခံထိုက်သူများဖြစ်ပါတယ်" လို့ ဆိုပါတယ်။

စက်တင်ဘာလ ၁၆ ရက် နေ့လည် () နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာမှ မဟာဓမ္မရံသီဘုန်းကြီးကျောင်းအား အကြမ်းဖက်စစ်တပ်က ဝေဟင်မှ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ကျောင်းသား/ကျောင်းသူ ဦးနဲ့ အရပ်သား ဦးသေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က အတည်ပြုပြောဆိုပါတယ်။

"ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာသို့ ကျူးလွန်သော စစ်ရာဇဝတ်မှုဖြစ်စဉ်မှာ စက်တင်ဘာလ ၁၆ ရက် နေ့လည် () နာရီအချိန် ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ မဟာဓမ္မရံသီဘုန်းကြီးကျောင်းအား ဝေဟင်မှ ဝင်ရောက်ပစ်ခတ်မှုကြောင့် ပညာသင်ကြားနေသည့် ကျောင်းသူ/ကျောင်းသားပေါင်းများစွာ ထိခိုက်ခဲ့ပြီး ကျောင်းသား/ကျောင်းသူ စုစုပေါင်း( ) ဦး ကျည်ထိမှန် သေဆုံးခဲ့ရသလို ပြည်သူ () ဦးလည်း သေဆုံးခဲ့ရပါတယ်" လို့ ဖော်ပြထားပါတယ်။

ထိခိုက်ဒဏ်ရာရ ကျောင်းသား/ကျောင်းသူနဲ့ ဆရာ/ဆရာမ စုစုပေါင်း (၁၇) ဦးအား ရေဦးသို့ စကစတပ်များက ခေါ်ဆောင်သွားခဲ့ပြီး ခေါ်သွားတဲ့ (၁၇) ဦးမှ () ဦးကို ပြန်လွှတ်လိုက်ကြောင်းနှင့် ကျန်သည့် ဒဏ်ရာရ ကလေးသူငယ်များ ဆရာ/ဆရာမများနှင့် ပြည်သူများ အဆက်သွယ်မရပဲ အခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။ ကျည်ထိမှန်သေဆုံးခဲ့ရသူများမှာ အသက် () နှစ်မှ (၁၄) နှစ်အတွင်း ကျောင်းသား/ကျောင်းသူ ()ဦး ဖြစ်ပြီး သေဆုံးသူများ၏ရုပ်အလောင်းများကို အကြမ်းဖက်စစ်တပ်က ယူဆောင်သွားခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ဆိုပါတယ်။


========================


📌📌 ၃။ သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်တည်ရှိရေးအတွက် လှုပ်ရှားမှုများ အမေရိကန်နှင့် ထိုင်းနိုင်ငံတို့မှာ ကျင်းပပြုလုပ်


သံအမတ်ကြီးဦးကျော်မိုးထွန်း၊ကုလသမဂ္ဂတွင်၊ ဆက်လက်တည်ရှိရေးအတွက် UN CREDENTIALS CAMPAIGN အဖြစ် စက်တင်ဘာ ၁၇ ရက် နေ့လည်ပိုင်းမှာ နယူးယောက်မြို့ Flatiron Public Plaza မှာ စု၍ UN HQ သို့ လူထုချီတက်ဆန္ဒပြခဲ့ကြပါတယ်။ အဆိုပါ ချီတက်ပွဲမှာ အမေရိကန်ပြည်နယ်ပေါင်းစုံမှ မြန်မာလူထုများ ချီတက်ခဲ့ပြီး "Myanmar For U Kyaw Moe Tun" "U Kyaw Moe Tun For Myanmar" ဟူ၍ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

အလားတူ နယူးယောက်ချီတက်ပွဲနှင့် တစ်ရက်တည်းမှာပင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ UN ရုံးရှေ့မှာလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံရေး  လှုပ်ရှားတောင်းဆိုပွဲကို ထိုင်းရောက်မြန်မာအနည်းငယ်ဖြင့် ကျင်းပခွင့်ရခဲ့တယ်လို့ သိရပါတယ်။ 

"ထိုင်းနိုင်ငံ ဘန်ကောက်မြို့ UN ရုံးရှေ့မှာ သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေး လှုပ်ရှားမှု ထိုင်းရောက်မြန်မာအနည်းငယ်ဖြင့်သာ ကျင်းပခွင့်ရခဲ့ပေမယ့်အောင်မြင်စွာပြီးဆုံးကြောင်း သိရပါတယ်" လို့ AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက အသိပေးပြောဆိုပါတယ်။

ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ သံအမတ်နေရာမှာ မြန်မာပြည်သူ ပြည်သားများအတွက်အရေးကြီးပြီး မြန်မာပြည်သူများရဲ့အသံကို နိုင်ငံတကာသိရှိဖို့ တင်ပြရန်စင်မြင့်မှာ ကုလသမဂ္ဂ တစ်နေရာသာရှိကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ဆိုထားပါတယ်။ လက်ရှိမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းအနေဖြင့် ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုနိုင်ရေးအတွက် မြန်မာပြည်တွင်းသာမက နိုင်ငံအသီးသီးမှ ပြည်ထောင်စုသား မြန်မာနိုင်ငံဖွားများကလည်း တောင်းဆိုလျက်ရှိနေကြတယ်လို့ သိရှိရပါတယ်။


========================


📌📌 ၄။ အဆုံးသတ်နဲ့ အဆုံးအဖြတ်တိုက်ပွဲအတွက် အသင့်ဖြစ်ပြီလို့ (AA) ဒုစစ်ဦးစီးချုပ်က ကဗျာနဲ့ အသိပေး


ရက္ခိုင့်တပ်တော် (AA)  ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်က အဆုံးသတ်နဲ့ အဆုံးအဖြတ်တိုက်ပွဲအတွက် အသင့်ဖြစ်ပြီလို့ စက်တင်ဘာ ၁၆ နေ့မှာ ကဗျာထဲ ရေးသားဆိုလိုက်ပါတယ်။

"အဆုံးသတ်နဲ့ အဆုံးအဖြတ်တိုက်ပွဲကျတဲ့အခါ  ကျနော်တို့ကိုပြောပါလို့ ပြောထားဖူးတဲ့ ညီချေ၊ ညီမချေတို့ကို တိုးတိုးချေ (တိတ်တဆိတ်) ပြောလိုက်မယ်၊ ယခု အဲဒီအချိန် ကျရောက်လာပြီ" လို့  ဒေါက်တာ ညိုထွန်းအောင်ရဲ့ကဗျာမှာ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်မှာ စကစတပ်များဟာ လက်ရှိ ရက္ခိုင့်တပ်တော် (AA)  နဲ့ ထိတွေ့မှုမှာ များစွာသေဆုံးလျက်ရှိနေပါတယ်။


========================


📌📌 ၅။ စစ်မိစ္ဆာတပ်တွေဟာ လူမဆန်တဲ့လုပ်ရပ်တွေ ဆက်တိုက်လုပ်ရင်း ကြမ်းကြုတ်ပြနေတုန်းဖြစ်၍ အရေးတော်ပုံ အမြန်အောင်ဖို့ လိုနေပြီလို့ NUG press Secretary က ပြောကြား


စစ်မိစ္ဆာတပ်တွေဟာလူမဆန်တဲ့ လုပ်ရပ်တွေ ဆက်တိုက်လုပ်ရင်း ကြမ်းကြုတ်ပြနေတုန်းဖြစ်၍ အရေးတော်ပုံ အမြန်အောင်ဖို့ လိုနေပြီလို့ NUG press Secretary ဦးနေဘုန်းလတ်က စက်တင်ဘာ ၁၇ ရက်နေ့မှာ လူမှုကွန်ရက်ကတစ်ဆင့် ရေးသားပြောဆိုလိုက်ပါတယ်။

"မနေ့က ရှမ်း၊ ကယား နယ်စပ်က စစ်ဘေးရှောင်စခန်းကို စစ်မိစ္ဆာတပ်တွေ လက်နက်ကြီးနဲ့ ထုလို့ ကလေး () ယောက် သေတယ်။ ပြီးတော့ အဲဒီနေ့မှာပဲ ဒီပဲယင်းမှာလဲ ကလေးတွေ စာသင်နေတဲ့ ဘုန်းကြီးကျောင်းကို စစ်မိစ္ဆာတပ်တွေ လေကြောင်းကနေ ပစ်ခတ်လို့ ကလေး () ဦး သေပြန်တယ်။ UN ကတော့ တံခါးပိတ်လိုက်ပါပြီ။ မကြာမီ တံခါးပြန်ဖွင့်ပြီး စိုးရိမ်ကြောင်းပြောပါလိမ့်မယ်။ ကျွန်တော်တို့ အချင်းချင်း Non-CDM တွေကို မေတ္တာထားမလား၊ မထားဘူးလား နှစ်ခြမ်းကွဲပြီး အငြင်းပွားနေကြချိန် ရန်သူကတော့ ပြတ်ပြတ်သားသားနဲ့ လူမဆန်တဲ့ လုပ်ရပ်တွေ ဆက်တိုက်လုပ်ရင်း ဆက်ကြမ်းကြုတ်ပြနေတုန်းပါပဲ။ အရေးတော်ပုံ အမြန်အောင်ဖို့ လိုပါပြီ" လို့ သူက ဆိုပါတယ်။ လတ်တလောမှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က စစ်ရေးအရှိန်မြှင့်တင်မယ်လို့လည်း သတင်းထုတ်ပြန်ထားပါသေးတယ်။


========================


📌📌 ၆။ အမေ့ယပ်တောင် ကမ်ပိန်းမှ ရရှိငွေများနဲ့ စစ်ရှောင်ပြည်သူများအတွက် နေအိမ်များ ပြန်လည်တည်ဆောက်ပေးနေ


အမေ့ယပ်တောင် ကမ်ပိန်းမှ ရရှိတဲ့ ငွေကြေးများနဲ့ စစ်ရှောင်ပြည်သူများအတွက် နေအိမ် အလုံး ၄၀၀ တိတိကို ပြန်လည်တည်ဆောက်ပေးနေတယ်လို့  စက်တင်ဘာ ၁၇ ရက်မှာ Myanmar Defense Force တပ်ဖွဲ့ ဗဟိုပြန်ကြားရေးကော်မတီက ဆိုပါတယ်။

"အမေ့ယပ်တောင် ကမ်ပိန်းမှ ပြည်သူများကို လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနနဲ့အတူ ကျနော်တို့ Myanmar Defense Force  မှ စစ်ရှောင်အိမ် လေးရာ တိတိကို ပြန်လည်တည်ဆောက် ပေးနေခြင်း ဖြစ်ပါတယ်" လို့ ဆိုပါတယ်။

ရွှေဘိုနယ်၊ ဒီပဲယင်း၊ မင်းကင်းနဲ့ တန့်ဆည်ဒေသတွေမှာ တပ်ရင်းက ညီအကိုတွေနဲ့ ပြည်သူတွေရဲ့ ပါဝင်ကူညီပေးမှုတွေရယ်ကြောင့် ဆောက်ပေးပြီးတဲ့အပြင် တစ်အိမ်ထောင်ကို တစ်သိန်းကျပ်စီ ထပ်မံမျှဝေပေးနိုင်ခဲ့တယ်လို့ Myanmar Defense Force က ဆိုပါတယ်။ အဆိုပါ ပြန်လည်တည်ဆောက်ပေးတဲ့နေရာတွေဟာ စစ်ဘေးရှောင်တွေအတွက် ဘေးကင်းလုံခြုံတဲ့နေရာလည်း ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း ပြောကြားထားပါတယ်။


========================


📌📌 ၇။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (.က.) မှ သင်တန်းပေးလျက်ရှိသောစခန်းအား စကစ စစ်ကြောင်းမှ ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးခဲ့မှုကြောင့်ငွေကျပ်သိန်းငါးရာဖိုး မီးလောင်ပျက်စီးဆုံးရှုံး


ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (.က.) သင်တန်းပေးလျက်ရှိသော သင်တန်းစခန်းအား စကစ စစ်ကြောင်းမှ ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ငွေကျပ် သိန်းငါးရာဖိုး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း စက်တင်ဘာ ၁၇ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက အသိပေးဖထုတ်ပြန်ပါတယ်။

"ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(.က.) သင်တန်းပေးလျက်ရှိသော သင်တန်းစခန်းအား စကစ စစ်ကြောင်းမှ ဝင်ရောက်စီးနင်း မီးရှို့ခံရပါတယ်" လို့ ဆိုထားပါတယ်။ မီးလောင်မှုကြောင့် စခန်းတွင်းတန်ဖိုးသိန်း ( ၅၀၀) ခန့်ဆုံးရှုံးနစ်နာခဲ့သော်လည်း ရဲဘော်များနှင့် သင်တန်းသားများ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့တယ်လို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ်က ဖော်ပြထားပါတယ်။


========================


📌📌 ၈။ Spring Mandalay Investment အစီအစဥ်အသစ်မှာ မန္တလေးနန်းမြို့ထဲက တပ်နေရာများ ပါဝင်လာနိုင်ကြောင်း EOD က အသိပေး


Spring Mandalay Investment အစီအစဥ်အသစ်မှာ မန္တလေးနန်းမြို့ထဲက တပ်နေရာများပါဝင်လာနိုင်ကြောင်း စက်တက်ဘာ ၁၇ ရက် ညပိုင်းမှာ End of Dictatorship (EOD) က လူထုကို အသိပေးဖော်ပြလိုက်ပါတယ်။ အရှိန်အဟုန်ကောင်းကောင်းနဲ့ မောင်းနှင်နေတဲ့ EOD စီမံကိန်းတွေထဲက နောက်တခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ အားလုံးအတူတကွ ပြည်တော်ဝင်ပြီး နန်းသိမ်းအောင်ပွဲခံကြမယ့် စီမံကိန်းပါ။ပါတော်မူပြီးတဲ့နောက် အင်္ဂလိပ်တပ်တွေ စတည်းချခဲ့၊ စည်သာတံခါးပြသာဒ် အတွင်းဆောင်တွေကို ဘုရင်ခံအတွက် တိုးချဲ့ခဲ့တဲ့ မြေနေရာဟာ အခုအခါမှာတော့ တပ်ဝန်ထမ်း အဆောင်တွေ၊ လက်နက်ခဲယမ်းတပ်၊ ဆက်သွယ်ရေးတပ်၊ စစ်ဆေးရုံ၊ တပ်အရာရှိ အိမ်တွေ၊ တပ်နယ်ရုပ်ရှင်ရုံ၊ တပ်စည်ပင် အစရှိသဖြင့် အခွင့်ထူးခံ လက်တဆုပ်စာတွေသာ ပိုင်စိုးတဲ့ နယ်မြေဖြစ်နေပါပြီ။ စစ်တပ်အုပ်ချုပ်တဲ့ကာလမှာ လုံခြုံရေးကို အကြောင်းပြုပြီး နန်းတွင်းထဲကနေ ဖြတ်သွားတဲ့ မန္တလေး-မတ္တရာ မီးရထားလမ်းကိုလည်း ပိတ်၊ မန်းသီတာဥယျာဉ်ကိုလည်း ဖျက်၊ နန်းဆောင်တွေထဲ သွားလေ့လာဖို့တောင် အတားအဆီးမျိုးစုံ၊ အစစ်အဆေး မျိုးစုံနဲ့ ကြုံတွေ့ရတဲ့ အနေအထားကို ရောက်ခဲ့ရပါတယ်။ပဒေသရာဇ်စနစ်တို့ သက်ဦးဆံပိုင်စနစ်တို့ အာဏာရှင်စနစ်တို့ကို အတွေးအခေါ် အယူဝါဒပိုင်းအရရော လက်တွေ့ကျကျရော အမြစ်ကနေတွန်းလှန်ပစ်တဲ့ ဒီမျိုးဆက်ရဲ့ နွေဦးတော်လှန်ရေးမှာ ပဒေသရာဇ်ခေတ်ကို တမ်းတစရာ မဟုတ်ပေမယ့် သမိုင်းပုံဆောင်ခဲဆိုတာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဖြစ်၊မှတ်တမ်းမှတ်ရာအဖြစ် ပြည်သူအားလုံးနဲ့ သက်ဆိုင်ပါတယ်" လို့ ဖော်ပြထားပါတယ်။ နန်းမြို့ကို ပြည်တော်ဝင်ပြီး နန်းသိမ်းအောင်ပွဲခံဖို့ EOD ရဲ့ Spring Mandalay Investment အစီအစဥ်တွေမှာ တခဲနက်ပါဝင်ကြပါစို့လို့လည်း EOD က တိုက်တွန်းထားပြီး မကြာခင်မှာ Spring Mandalay Investment ရောင်းချမှုများကို ပြုလုပ်သွားနိုင်ဖွယ်ရှိနေပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment