29th SEP 2022 - Evening Daily News by Radio NUG

၂၀၂၂ စက်တင်ဘာလ ၂၉ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ နိုင်ငံခြားတိုင်းပြည်များကနေ နွေဦးတော်လှန်ရေးအတွက် ထောက်ပံ့ငွေများ လုံးဝ မရရှိသေးဘဲ ပြည်သူပြည်သားများ၏ ပံ့ပိုးပေးသော ငွေများဖြင့်သာတော်လှန်ရေးကို အဓိကမောင်းနှင်နေရတယ်လို့နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလဆို

📌 ၂။ CRPH လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး

📌 ၃။ အကြမ်းဖက်စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းတွေကို အမှုဖြစ်စဉ်အလိုက် စုစည်းထုတ်ပြန်လာနိုင်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးအသိပေး

📌 ၄။ တန့်ဆည်မြို့နယ်မှာ တစ်ရက်တည်း အကြမ်းဖက် စစ်တပ်နဲ့ ပျူစောထီး အယောက် ၃၀ သေဆုံး

📌 ၅။ မုံရွာမြို့နယ် ထနောင်းတောတောင်ရွာနှင့်မြောက်ရွာကို အကြမ်းဖက် စစ်တပ်ကမီးရှို့ဖျက်ဆီးပြီး ကျေးရွာများကို စစ်ကြောင်းထိုးသောင်းကျန်းနေ

📌 ၆။ မတ္တရာမြို့နယ်အတွင်းရှိ သံကျောက်လုပ်ကွက်များမှ သံကျောက်ထုတ်ယူခြင်းလုပ်ငန်းများအားလုံးပိတ်သိမ်း၍ ထွက်ခွာပေးကြရန် မတ္တရာပကဖ သတိပေးထုတ်ပြန်

📌 ၇။ ထိုင်းလွှတ်တော်အမတ် Pachariyangkun ဟာ စစ်အာဏာရှင်လက်ထက်က မြေနေရာငှားရမ်းခတွေကို မြန်မာစစ်တပ်ရဲ့ စစ်ထောက်ချုပ်ရုံးဆီ လွှဲပြောင်းပေးခဲ့တယ်လို့ JusticeForMyanmar ကဖွင့်ချဖော်ထုတ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နိုင်ငံခြားတိုင်းပြည်များကနေ နွေဦးတော်လှန်ရေးအတွက် ထောက်ပံ့ငွေများ လုံးဝ မရရှိသေးဘဲ ပြည်သူပြည်သားများ၏ ပံ့ပိုးပေးသော ငွေများဖြင့်သာတော်လှန်ရေးကို အဓိကမောင်းနှင်နေရတယ်လို့နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလဆို


စက်တင်ဘာလ ၂၈ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ () ကြိမ်မြောက် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာနိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုပြောကြားခဲ့ပါတယ်။


"ယနေ့အချိန်ထိ နိုင်ငံခြားတိုင်းပြည်များမှ ထောက်ပံ့ငွေများ လုံးဝ မရရှိသေးသည့်အတွက် မိမိတို့ ပြည်သူပြည်သားများ၏ မေတ္တာစေတနာဖြင့် ပံ့ပိုးပေးသော ငွေများဖြင့်သာ ယခုတော်လှန်ရေးကို အဓိကမောင်းနှင်နေခြင်းဖြစ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ အထူးငွေတိုက်စာချုပ်ရောင်းရငွေနဲ့  EOD ရှယ်ယာများရောင်းချရငွေနဲ့ ကာကွယ်ရေးအသုံးစရိတ်များကို ၉၅ ရာခိုင်နှုန်းအထိ အသုံးပြုလျက်ရှိနေပါတယ်။


========================


📌📌 ၂။ CRPH လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး


စက်တင်ဘာလ ၂၈ ရက်မှာပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကော်မတီ သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနတို့ဗီဒီယို ကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံခဲ့ကြပါတယ်။


ဆွေးနွေးပွဲမှာ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ အတွင်းဝန် ဦးနိုင်ထူးအောင်က တော်လှန်ရေးကာလ တစ်နှစ်ကျော်လာသည်နှင့်အမျှ ဝန်ကြီးဌာနအနေဖြင့် ပိုမိုအားစိုက်လုပ်ဆောင်ရမည့်အပိုင်းများ၊  လက်ရှိ ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဥ် များအပေါ် တိကျပြတ်သားသော မူဝါဒများ ချမှတ်၍ ကြိုးစားလုပ်ဆောင်နေကြောင်း ရှင်းလင်း တင်ပြကာ ယခုကော်မတီနှင့်လည်း လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဥ်း၍ မူဝါဒများနှင့်အညီ ပိုမိုချိတ်ဆက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


ထို့ နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များက ကာကွယ်ရေးဝန်ကြီးဌာန၏ ရှင်းလင်း တင်ပြချက်များအပေါ် ဆွေးနွေးမေးမြန်းအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ ဆွေးနွေးပွဲသို့ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အတွင်းဝန်နှင့်ရုံးအဖွဲ့တို့ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းတွေကို အမှုဖြစ်စဉ်အလိုက် စုစည်းထုတ်ပြန်လာနိုင်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးအသိပေး


အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေအပါအဝင် ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းတွေကို ဒီနှစ််မှာတော့ အမှုဖြစ်စဉ်အလိုက် စုစည်းထုတ်ပြန်လာနိုင်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကစက်တင်ဘာ၂၈ ရက်မှာ လူမှုကွန်ရက်မှတဆင့် ရေးသားဖော်ပြခဲ့ပါတယ်။


"လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကတင်ပြခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေအပါအဝင် ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းတွေထဲကနေ လက်ယက်ကုန်းဖြစ်စဉ်ကိုတော့ အများစုမျှဝေကြတာတွေ့ပါတယ်။ MoHR က မနှစ်ကတည်းက လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းကောက်ယူမှုတွေ ပြုလုပ်လာခဲ့ပေမယ့် ဒီနှစ််မှာတော့ အမှုဖြစ်စဉ်အလိုက် စုစည်းထုတ်ပြန်လာနိုင်ပါတယ်"လို့ဆိုပါတယ်။


စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုများကို မှတ်တမ်းပြုစုထုတ်ပြန်ချက်အရ မေလ ၁၀ရက်နဲ့၁၂ရက်နေ့မှာစစ်ကိုင်း၊ ရေဦး၊ မုန်တိုင်ပင် ဖြစ်စဥ်၊ဇွန်လ၂၁ရက်နဲ့၂၃ရက်မှာစစ်ကိုင်း၊ ဆားလင်းကြီးဖြစ်စဥ်နဲ့ စုစုပေါင်းအမှုဖြစ်စဥ်ပေါင်း ၁၆ ခုကို ဖော်ပြခဲ့ပါတယ်။ လတ်တလောဖြစ်စဥ်အရလည်း စက်တင်ဘာ ၁၆ ရင် ဒီပဲယင်း လက်ယက်ကုန်းကျေးရွာ ကိုဝေဟင်တိုက်ခိုက်မှုမှာ ကလေး၆ဦးသေဆုံးခဲ့ပါတယ်။


========================


📌📌 ၄။ တန့်ဆည်မြို့နယ်မှာ တစ်ရက်တည်း အကြမ်းဖက် စစ်တပ်နဲ့ ပျူစောထီး အယောက် ၃၀ သေဆုံး


စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ တစ်ရက်တည်း အကြမ်းဖက် စစ်တပ်နဲ့ ပျူစောထီး အယောက်၃၀သေဆုံးခဲ့တယ်လို့စက်တင်ဘာ၂၉ ရက်မှာ စစ်ရေးသတင်းကို တန့်ဆည်ပကဖကအသိပေးဆိုပါတယ်။


"ငှက်ပျောတောရွာကိုစစ်ကြောင်းထိုးလာသော စကစတပ်နဲ့ ပျူ စစ်ကြောင်းအား တန့်ဆည် ပကဖ မှ တိုက်မိုင်း ပွိုင့် ဖြင့် တိုက်ခိုက်ခဲ့ရာ ကျွန်းလည်ပျူအတိအကျ (၁၀) ဦးသေဆုံးအတည်ပြုနိုင်ခဲ့ပါတယ်။ မှော်တော်၊တောက္ကရှပ် ရွာမှ ပျူများလည်းပါဝင်ကြောင်းသတင်းရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။


၎င်းနောက်တန့်ဆည်မြို့နယ်မူးဘောင်ဖြတ်တက်လာသော စကစတပ်နဲ့ပျူ စစ်ကြောင်းအား တန့်ဆည် ပြည်သူ့တော်လှန်ရေးအဖွဲ့များမှ  စောင့်ကြို ပစ်ခတ် တိုက်ခိုက်ရာ ၎င်းနေ့တစ်ရက်ထဲ စုစုပေါင်း စကစတပ်နဲ့ပျူ (၃၀) ထိ သေဆုံးခဲ့တယ်လို့ တန့်ဆည်ပကဖကဖော်ပြပါတယ်။


========================


📌📌 ၅။ မုံရွာမြို့နယ် ထနောင်းတောတောင်ရွာနှင့်မြောက်ရွာကို အကြမ်းဖက် စစ်တပ်ကမီးရှို့ဖျက်ဆီးပြီး ကျေးရွာများကို စစ်ကြောင်းထိုးသောင်းကျန်းနေ


မုံရွာမြို့နယ် ထနောင်းတောတောင်ရွာနှင့်မြောက်ရွာကို အကြမ်းဖက် စစ်တပ်ကမီးရှို့ဖျက်ဆီးပြီး ကျေးရွာများကို စစ်ကြောင်းထိုးသောင်းကျန်းနေတယ်လို့ စက်တင်ဘာ ၂၉ ရက်နေ့ မနက် နာရီမှာ ဒေသခံသတင်းအရင်းအမြစ်များကဆိုပါတယ်။


"မုံရွာမြို့နယ် ထနောင်းတောတောင်ရွာနှင့်မြောက်ရွာကို ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီး မွှေနှောက်နေတဲ့ စစ်ကောင်စီတပ်ဟာ ယနေ့စက်တင်ဘာ ၂၉ ရက်နေ့ မနက် နာရီမှာ ကြာပိုင်ရွာဘက်မှတစ်ဆင့် တောပုမြောက်ရွာ(ပျူရွာ)ဘက်သို့ အင်အား (၇၀) ခန့် ပြန်လည်ဝင်ရောက်သွားပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။ ထနောင်းတောရွာအတွင်း စကစတပ်များ ကျန်မကျန် စစ်ဆေးပြီးမှသာ မုံရွာအမြင့်လမ်း အသုံးပြုခွင့်အား ကြေညာပေးသွားမယ်လို့တော်လှန်ရေးအင်အားစုများကလည်းဆိုထားပါတယ်။


========================


📌📌 ၆။ မတ္တရာမြို့နယ်အတွင်းရှိ သံကျောက်လုပ်ကွက်များမှ သံကျောက်ထုတ်ယူခြင်းလုပ်ငန်းများအားလုံးပိတ်သိမ်း၍ ထွက်ခွာပေးကြရန် မတ္တရာပကဖ သတိပေးထုတ်ပြန်


မတ္တရာမြို့နယ်အတွင်းရှိ သံကျောက်လုပ်ကွက်များမှ သံကျောက်ထုတ်ယူခြင်းလုပ်ငန်းများအားလုံးပိတ်သိမ်း၍ ထွက်ခွာပေးကြရန် စက်တင်ဘာလ ၂၈ ရက်နေ့မှာ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုပါတယ်။


"မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်အတွင်းရှိ သံကျောက်လုပ်ကွက်များမှ သံကျောက်ထုတ်ယူခြင်းလုပ်ငန်းများအားလုံး နယ်မြေလုံခြုံရေးအရ အောက်တိုဘာ ရက် နေ့ နောက်ဆုံးထား၍ ပိတ်သိမ်းထွက်ခွာပေးကြပါရန် အသိပေးအပ်ပါတယ်"လို့ဆိုထားပါတယ်။ မတ္တရာမြို့နယ်အတွင်း စကစတပ်များမှ မကြာခဏစစ်ကြောင်းထိုးမှုများရှိပြီး စစ်ရေးလှုပ်ရှားမှုအရ နှစ်ဘက် နယ်မြေစိုးမိုးမှုရရှိရေးဆောင်ရွက်နေတဲ့နေရာလည်းဖြစ်ပါတယ်။


========================


📌📌 ၇။ ထိုင်းလွှတ်တော်အမတ် Pachariyangkun ဟာ စစ်အာဏာရှင်လက်ထက်က မြေနေရာငှားရမ်းခတွေကို မြန်မာစစ်တပ်ရဲ့ စစ်ထောက်ချုပ်ရုံးဆီ လွှဲပြောင်းပေးခဲ့တယ်လို့ JusticeForMyanmar ကဖွင့်ချဖော်ထုတ်


ထိုင်းလွှတ်တော်အမတ် Pachariyangkun ဟာ စစ်အာဏာရှင်လက်ထက်က မြေနေရာငှားရမ်းခတွေကို မြန်မာစစ်တပ်ရဲ့ စစ်ထောက်ချုပ်ရုံးဆီ လွှဲပြောင်းပေးခဲ့တယ်လို့ စက်တင်ဘာ၂၉ ရက်မှာ JusticeForMyanmar ကအသိပေးဖော်ပြပါတယ်။


"လက်နက်ပွဲစား ဒေါက်တာထွန်းမင်းလတ်ကို ဖမ်းဆီးမှုနဲ့ ထိုင်းလွှတ်တော်အမတ် Pachariyangkun ဟာ ကာလရှည်ကြာလက်တွဲလာတဲ့ စီးပွားရေးမိတ်ဖက်တွေဖြစ်ကြပြီး၊ ဆယ်စုနှစ်ပေါင်းများစွာ သိကျွမ်းထားကြသူတွေ ဖြစ်ပါတယ်။ သူတို့နှစ်ဦးက မြန်မာစစ်တပ်နဲ့ စစ်ရာဇဝတ်ကောင် ဗိုလ်ချုပ်ကြီးတွေကို ငွေကြေးထောက်ပံ့ပေးတဲ့ သတ္တုတူးဖော်ရေး၊ စွမ်းအင်စီမံကိန်းတွေနဲ့ တရားမဝင်ကာစီနိုလုပ်ငန်းတစ်ခုတို့ကို ပူးတွဲလုပ်ဆောင်ခဲ့ကြပါတယ်။ Upakit ဟာ ယခင်မြန်မာစစ်အာဏာရှင်လက်ထက်၊ ၁၉၉၉ ခုနှစ်တွင် ထွန်းမင်းလတ်ရဲ့ ဖခင်ဖြစ်သူ၊ အဲ့ဒီအချိန်က ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ခင်မောင်လတ်နဲ့ သဘောတူစာချုပ်တစ်ရပ် ရေးထိုးပြီး Allure Resort နဲ့ ကာစီနိုလုပ်ငန်းတို့ကို ဖွင့်လှစ်လုပ်ဆောင်ခဲ့ပါတယ်"လို့ ဖော်ပြပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အာဏာရလာပြီးနောက်ပိုင်း အဲ့ဒီမြေနေရာငှားရမ်းခတွေကို မြန်မာစစ်တပ်ရဲ့ စစ်ထောက်ချုပ်ရုံးဆီ လွှဲပြောင်းပေးခဲ့ကြောင်း Distributed Denial of Secrets ထုတ်ပြန်တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်စာရွက်စာတမ်းများအရ သိရတယ်လို့ JusticeForMyanmar ကဖော်ပြပါတယ်။ လက်ရှိမှာ လက်နက်ပွဲစား ထွန်းမင်းလတ်ဟာထိုင်းနိုင်ငံမှာ စက်တင်ဘာလ ၁၇ ရက်နေ့ကဖမ်းဆီးခံခဲ့ရပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment