2nd SEP 2022 - Evening Daily News by Radio NUG

၂၀၂၂ စက်တင်ဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရန်ကုန်ကနေအိမ်ခြံအမှတ် အမှတ် ၅၄ ကို အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် NUG သတ်မှတ်၊ ရောင်းချဖျက်ဆီးပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အရေးယူမယ်

📌 ၂။ စိုးမိုးထိန်းချုပ်နယ်မြေများ များပြားလာသည်နှင့်အမျှ ဘဏ္ဍာငွေ လိုအပ်ချက်သည်လည်း များပြားလာမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို

📌 ၃။ပြည်သူ့ သံတမန်အစစ်ဦးကျော်မိုးထွန်း ဖြစ်တယ်" လို့ကမ္ဘာကကြားအောင် တစ်နိုင်ငံလုံး သံပြိုင်းဟစ်လို့ ရုန်းကြစို့လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် တိုက်တွန်း

📌 ၄။ နွေဦးတော်လှန်ရေးဟာ သေချာပေါက် အောင်မြင်မယ်လို့ပြောနိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အာမခံဆို

📌 ၅။ ဥရောပယူနီယံရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Eamon Gilmore နဲ့ NUG လူ့အခွင့်ရေးရာဝန်ကြီးတို့တွေ့ဆုံ

📌 ၆။ ကုလသမဂ္ဂရဲ့ မြန်မာသံအမတ်နေရာဟာ မြန်မာပြည်သူတွေအတွက် ပြည်သူ့အသံကို နိုင်ငံတကာကသိအောင် တစ်ဆင့်အသိပေးတဲ့ နေရာဖြစ်လို့ အရေးကြီးတယ်လို့ မြန်မာအသံအမတ်ကြီး ဦးကျော်မိုးထွန်းသတင်းစကားပါး

📌 ၇။ တော်လှန်ရေးအရှိန်ရလာလေလေ နယ်မြေစိုးမိုးမှုပိုရလေလေဖြစ်၍ စစ်ကောင်စီလည်းခြောက်ခြားနေပြီလို့ ဦးမင်းကိုနိုင်ဆို

📌 ၈။ စစ်ကိုင်းတိုင်းမြောင်မြို့နယ်ကို စစ်ကြောင်း နှစ်ကြောင်းထိုးနေပြီး ကင်းရွာမှ စာသင်ကျောင်းကို စကစတပ်များမီးရှို့ဖျက်ဆီး

📌 ၉။ Kani Guerrilla Force မှလက်လုပ် RPG ထုတ်လုပ်အောင်မြင်

📌 ၁၀။ ရေစကြို PDF မှ ခါးချိုး Shoot-Gum ရပ်ကျေး ပ.က. များအား တပ်ဆင်ပေးလျက်ရှိ

📌 ၁၁။ People's knight Defense Force Myinmu ( PKDF - MMU ) က Drone တပ်ဖွဲ့ကို စတင်ဖွဲ့စည်းလိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရန်ကုန်ကနေအိမ်ခြံအမှတ် အမှတ် ၅၄ ကို အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် NUG သတ်မှတ်၊ ရောင်းချဖျက်ဆီးပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အရေးယူမယ်


အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်သမ္မတရုံးကအမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၂၂) ကို စက်တင်ဘာလ () ရက်နေ့မှာ ​​ကြေညာလိုက်ပါတယ်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၆၅) အတည်ပြုချက်အရအမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့မှ ထုတ်ပြန်ထားသော ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ စံနှုန်းသတ်မှတ်ချက် အမှတ်စဉ် ၅၊  ယဉ်ကျေးမှု အမွေအနှစ်များ  ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၂၀၁၉) ပါ ဥပဒေပုဒ်မ၂(က) () တို့နှင့်အညီ အမှတ် (၅၄-၅၆) တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိသော ခြံဝန်းဧရိယာ (.၉၂၃) ဧကနှင့် ယင်းမြေဧရိယာ (.၉၂၃) ဧကပေါ်တွင်ရှိသော ရွေ့ပြောင်း၍ မရသည့် အဆောက်အအုံ အားလုံးအား ကြားကာလ၏ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်လိုက်တယ်လို့ဆိုပါတယ်။


အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားသော ယင်းမြေနှင့် အဆောက်အအုံနေရာအား မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ရန်ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန်ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း၊ အခြားနည်း အသုံးချခြင်းများအား တင်းကြပ်စွာတားမြစ်တယ်လို့ဖော်ပြပါတယ်။


အပိုဒ်- ပါ တားမြစ်ချက်များအပေါ် ဖောက်ဖျက်ကျူးလွန်ပါက ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၂၀၁၉) မရွှေ့မပြောင်းနိုင်သောပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ (၁၉၈၇) တို့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့နှင့်အညီ အရေးယူ ဆောင်ရွက်သွားမည့်အပြင် အဆိုပါ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းအား အမည်မည်းစာရင်း (Black List) ထည့်သွင်းသွားမှာဖြစ်တယ်လို့နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလအမိန့်နဲ့ထုတ်ပြန်ခဲ့ပါတယ်။


========================


📌📌 ၂။ စိုးမိုးထိန်းချုပ်နယ်မြေများ များပြားလာသည်နှင့်အမျှ ဘဏ္ဍာငွေ လိုအပ်ချက်သည်လည်း များပြားလာမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို


စိုးမိုးထိန်းချုပ်နယ်မြေများ များပြားလာသည်နှင့်အမျှ ဘဏ္ဍာငွေ လိုအပ်ချက်သည်လည်း များပြားလာမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကစက်တင်ဘာ၁ရက် ကျင်းပတဲ့ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာဝန်ကြီးချုပ်ကဆိုပါတယ်။


"မိမိတို့အနေဖြင့် ခုခံစစ်အတွက် ပြင်ဆင်ဆောင်ရွက်ကြရသကဲ့သို့ စိုးမိုးနယ်မြေများတွင်  စီမံဆောင်ရွက်ရခြင်းသည် မလွယ်ကူပါကြောင်း၊ ဝန်ကြီးဌာနများ၏ နှစ်ပတ်တစ်ကြိမ် တင်ပြချက်များမှ မြေပြင်လိုအပ်ချက်များကို မြင်တွေ့ရနေရပါကြောင်း၊ စိုးမိုးထိန်းချုပ်နယ်မြေများ များပြားလာသည်နှင့်အမျှ ဘဏ္ဍာငွေ လိုအပ်ချက်သည်လည်း များပြားလျက်ရှိမည်ဖြစ်ပါကြောင်း" ဝန်ကြီးချုပ်ကဆိုပါတယ်။


လက်ရှိမှာ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းက၃၆မြို့နယ်ရှိ နေရာများကို စိုးမိုးထိန်းချုပ်ကာ NUGအစိုးရရဲ့ပညာရေး ကျန်းမာရေး အထောက်အကူပြုလုပ်ငန်းများကို လုပ်ဆောင်နေပါတယ်။ စစ်ကောင်စီဟာ ရန်ကုန်၊နေပြည်တော်နဲ့ မြို့ကြီးအချို့ကိုသာ စိုးမိုးနိုင်တော့ပြီး စစ်ကိုင်း၊မကွေး၊ချင်းပြည်နယ်နဲ့ကရင်နီဒေသ၊ကရင်ပြည်နယ်၊ရခိုင်ပြည်နယ်တို့မှာ အထိနာကျဆုံးလျက်ရှိပါတယ်။


========================


📌📌 ၃။ပြည်သူ့ သံတမန်အစစ်ဦးကျော်မိုးထွန်း ဖြစ်တယ်" လို့ကမ္ဘာကကြားအောင် တစ်နိုင်ငံလုံး သံပြိုင်းဟစ်လို့ ရုန်းကြစို့လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် တိုက်တွန်း


ပြည်သူ့ သံတမန်အစစ်ဦးကျော်မိုးထွန်း ဖြစ်တယ်" လို့ကမ္ဘာကကြားအောင် တစ်နိုင်ငံလုံးသံပြိုင်းဟစ်လို့ ရုန်းကြစို့လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က စက်တင်ဘာ ရက်နေ့တွင် လူမှုကွန်ရက်မှာ ရေးသားဆိုပါတယ်။


"သူကသံတမန်ပီပီ ယဉ်ယဥ်ကျေးကျေး နဲ့ သူ့တာဝန် ကျေလွန်းလှ သလိုသွေးအေးအေးနဲ့ သတ္တိပြခဲ့သလို၊ ကျနော်တို့ ပြည်သူကလည်းကမ္ဘာကသိအောင်အလံတွေ ထူကြမယ်။ ပြည်သူ့ သံတမန်အစစ်ကိုကုလသမဂ္ဂစင်မြင့်မှာ ကိုမင်းကိုနိုင် စကားဌား‌ပြောရရင် "ချန်ပီယံဆုကို ကာကွယ်သလို ကာကွယ်ဖို့"


"ပြည်သူ့ သံတမန်အစစ်ဦးကျော်မိုးထွန်း ဖြစ်တယ်" လို့ကမ္ဘာကကြားအောင် တစ်နိုင်ငံလုံးသံပြိုင်းဟစ်လို့ ရုန်းကြစို့"လို့ ဝန်ကြီးကဆိုပါတယ်။ ကုလသမဂ ရဲ့ မြန်မာသံအမတ်ကြီး အဖြစ် ဦးကျော်မိုးထွန်းကိုပဲ ဆက်လက်ခန့်အပ်ရန် လူထုလှုပ်ရှားမှုများလည်း နိုင်ငံတကာအနှံ့မှာကျင်းပမှာဖြစ်ပါတယ်။


========================


📌📌 ၄။ နွေဦးတော်လှန်ရေးဟာ သေချာပေါက် အောင်မြင်မယ်လို့ပြောနိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အာမခံဆို


နွေဦးတော်လှန်ရေးဟာ သေချာပေါက် အောင်မြင်မယ်လို့ပြောနိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အာမခံပြောကြားလိုက်ပါတယ်။ စက်တင်ဘာ ရက်နေ့ ညပိုင်းကျင်းပတဲ့ပြည်သူလူထုမေးသမျှဖြေတဲ့အစီအစဥ်မှာ ကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့ပါတယ်။


"ဒီတော်လှန်ရေးဟာ သေချာပေါက်အောင်မြင်လိမ့်မယ်လို့ ပြောနိုင်တယ်။ ဘာကြောင့် ကျနော်ဒီလိုပြောနိုင်လဲ။တော်လှန်ရေးအောင်ဖို့ လိုအပ်တဲ့ရေခံမြေခံ အားလုံးကျနော်တို့မှာရှိတယ်။PDFတပ်မတော်သစ် ရှိနေပြီ။ မဟာမိတ် စုစည်း ညီညွတ်မှုရှိနေပြီ။ အထူးသဖြင့် ပြည်သူတွေရဲ့ ဒီတော်လှန်ရေးအပေါ် ရပ်တည်ထောက်ခံမှု ဒါကလည်း ကျနော်တို့ အင်မတန်အရေးကြီးတယ်လို့ပြောလို့ရတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


၂၀၂၁ ခုနှစ် စက်တင်ဘာ ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန် စစ်စတင်ဖို့ အမျိုးသာစညီညွတ်ရေးအစိုးရဟာကြေညာခဲ့ပါတယ်။ လက်ရှိမှာ MOD ကို မှတ်ပုံတင်ပြီးတဲ့ တပ်ရင်းတပ်ဖွဲ့ပေါင်း ၂၅၀ ခန့်ရှိကာ မြို့နယ် ပကဖပေါင်း ၂၅၀ ကျော်၊ မြို့ပြပြောက်ကျားနဲ့လူငယ် LPDF အဖွဲ့များ ၄၀၁ ဖွဲ့ရှိတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ ဥရောပယူနီယံရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Eamon Gilmore နဲ့ NUG လူ့အခွင့်ရေးရာဝန်ကြီးတို့တွေ့ဆုံ


ဥရောပယူနီယံရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Eamon Gilmore နဲ့ NUG လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းတို့တွေ့ဆုံခဲ့ပါတယ်။ စက်တင်ဘာ ရက်နေ့မှာ လူ့အခွင့်ရေးရာဝန်ကြီးကအသိပေးဆိုထားပါတယ်။


"ဥရောပယူနီယံရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Eamon Gilmore နဲ့တွေ့ဆုံပြီး  ကုလလူအခွင့်အရေးကောင်စီနဲ့  အထွေထွေညီလာခံမှာ ပိုမိုထိရောက်တဲ့ ဆုံးဖြတ်ချက်တွေထွက်လာရေးကို လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်"လို့ ဆိုပါတယ်။ ချက်နိုင်ငံမှာ ကျင်းပနေတဲ့ Forum 2000 မှာ လူ့အခွင့်ရေးရာဝန်ကြီး မြန်မာအရေးတင်ပြဆွေးနွေးခဲ့ပါတယ်။


========================


📌📌 ၆။ ကုလသမဂ္ဂရဲ့ မြန်မာသံအမတ်နေရာဟာ မြန်မာပြည်သူတွေအတွက် ပြည်သူ့အသံကို နိုင်ငံတကာကသိအောင် တစ်ဆင့်အသိပေးတဲ့ နေရာဖြစ်လို့ အရေးကြီးတယ်လို့ မြန်မာအသံအမတ်ကြီး ဦးကျော်မိုးထွန်းသတင်းစကားပါး


ကုလသမဂ္ဂရဲ့ မြန်မာသံအမတ်နေရာဟာ မြန်မာပြည်သူတွေအတွက် ပြည်သူ့အသံကို နိုင်ငံတကာကသိအောင် တစ်ဆင့်အသိပေးတဲ့ နေရာဖြစ်လို့ အရေးကြီးတယ်လို့ မြန်မာအသံအမတ်ကြီး ဦးကျော်မိုးထွန်းသတင်းစကားပါးလိုက်ပါတယ်။ စက်တင်ဘာ ရက်နေ့ ညပိုင်းကျင်းပတဲ့ပြည်သူလူထုမေးသမျှဖြေတဲ့အစီအစဥ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောကြားခဲ့ပါတယ်။


"ဒီနေရာက ကျနော်တို့ပြည်သူတွေအတွက်အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ပြည်သူ့အသံကို နိုင်ငံတကာ အသိုင်းအဝိုင်းကသိအောင် ပြည်သူရဲ့ဆန္ဒကိုနိုင်ငံတကာ အသိုင်းအဝိုင်းကို သိပေးနိုင်အောင် ဒီ UN ပလက်ဖောင်းကနေ တဆင့်ပေါ့။ အသိပေးနိုင်အောင်ကအရေးကြီးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါနဲ့ပတ်သက်လို့ပြည်သူတွေကလည်း နိုင်ငံတကာကကြားအောင် ကမ်ပိန်းတွေလှုပ်ရှားသတင်လာတာသိရပါတယ်။ဒီအတွက်လည်း ပြည်သူတွေကိုကျေးဇူးတင်ပါတယ်"လို့ ဆိုပါတယ်။


ကုလသမဂ္ဂရဲ့ ၇၇ ကြိမ်မြောက်အထွေထွေညီလာခံကို စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းမှာ စတင်ကျင်းပကာ ၄င်းနေ့မှာပင် မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီးနေရာကို ရွေးချယ်အတည်ပြုမှာဖြစ်ပါတယ်။


========================


📌📌 ၇။ တော်လှန်ရေးအရှိန်ရလာလေလေ နယ်မြေစိုးမိုးမှုပိုရလေလေဖြစ်၍ စစ်ကောင်စီလည်းခြောက်ခြားနေပြီလို့ ဦးမင်းကိုနိုင်ဆို


တော်လှန်ရေးအရှိန်ရလာလေလေ နယ်မြေစိုးမိုးမှုပိုရလေလေဖြစ်၍ စစ်ကောင်စီလည်းခြောက်ခြားနေပြီလို့ ဦးမင်းကိုနိုင်ကဆိုလိုက်ပါတယ်။ စက်တင်ဘာ ရက် လူမှုကွန်ရက်မှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က အသိပေးရေးသားပြောပါတယ်။


"တော်လှန်ရေးအရှိန်ရလာလေလေ နယ်မြေစိုးမိုးမှုပိုရလေလေ၊စကစလည်းခြောက်ခြားလေလေ။ သူ့အမှု့တော်ထမ်း Non CDM တွေနယ်မြို့ အတော်များများမှာ စကစကိုစွန့်ခွာပြေးကုန်ပြီ။ စီဒီအမ်ဝန်ထမ်းတွေကြောင့် ယန္တယားတွေအလုပ်မလုပ်နိုင်တော့ဘူးဆိုတာလည်းတဖက်ကဝန်ခံနေရပြီ။ သူ့တပ်ထဲတုန်လှုပ်နေလို့ “Drone ကိုမကြောက်နဲ့၊အဲမကြောက်ပဲလဲမနေနဲ့တွေဖြစ်ကုန်၊ ကြံရာမရ စကစရဲ့ကုလ နေရာလုဖို့ကြံတာ ရိုက်ချဖို့ ပြတ်သားပြကြဖို့ပါ"လို့ ဦးမင်းကိုနိုင်ကဆိုပါတယ်။ လက်ရှိမှာ စစ်ကိုင်းတိုင်းထဲက ကောလင်း၊ကသာ၊ကန်ဘလူနယ်မြေများမှာ NUGအစိုးရက ကသုံးလုံးစီမံချက်နဲ့ ပြည်သူ့အုပ်ချုပ်ရေး စီမံချက်များအပြင် တရားဥပဒေစိုးမိုးရေးနဲ့ပညာရေး၊ကျန်းမာရေး လုပ်ငန်များပါ အကောင်အထည်ဖော်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၈။ စစ်ကိုင်းတိုင်းမြောင်မြို့နယ်ကို စစ်ကြောင်း နှစ်ကြောင်းထိုးနေပြီး ကင်းရွာမှ စာသင်ကျောင်းကို စကစတပ်များမီးရှို့ဖျက်ဆီး


စစ်ကိုင်းတိုင်းမြောင်မြို့နယ်ကို စစ်ကြောင်း နှစ်ကြောင်းထိုးနေပြီး ကင်းရွာမှ စာသင်ကျောင်းကို စကစတပ်များမီးရှို့ဖျက်ဆီးခဲ့ကြောင်းကိုစက်တင်ဘာ၂ ရက်နေ့မှာ ပြည်သူ့တပ်မတော် မြောင်ကအတည်ပြုဆိုပါတယ်။


"မြောင်မြို့နယ်ကို စစ်ကြောင်းနှစ်ကြောင်းထိုးနေပါတယ်။ ယနေ့မနက် ကျောက်ရစ်ကထွက်လာတဲ့ စကစတပ်တွေဟာ ကင်းရွာစာသင်ကျောင်းကို မီးရှို့ခဲ့ပါတယ်။ နောက်စစ်ကြောင်းက မြစ်သာရွာထဲရှိနေပါသေးတယ်"လို့ဆိုပါတယ်။ အဆိုပါ စစ်ကြောင်းနှစ်ခုဟာ အင်အားတစ်ရာ့ငါးဆယ်ခန့်ရှိကာ နယ်မြေစိုးမိုးရေးအတွက် ဆင်းလာတာဖြစ်တယ်လို့ သတင်းရရှိပါတယ်။ စကစတပ်များဟာ စစ်ကိုင်းတိုင်းထဲမှာ အရပ်သားများကို ပစ်မှတ်ထားသတ်ဖြတ်ကာ ကျေးရွာရှိလူနေအိမ်များကိုလည်း အများဆုံးမီးရှို့ဖျက်ဆီးနေကြပါတယ်။


========================


📌📌 ၉။ Kani Guerrilla Force မှလက်လုပ် RPG ထုတ်လုပ်အောင်မြင်


Kani Guerrilla Force မှ လက်လုပ် RPG ထုတ်လုပ်အောင်မြင်ခဲ့ကြောင်းကိုစက်တင်ဘာ ရက်နေ့မှာ Kani Guerrilla Force မှအသိပေးဆိုပါတယ်။


"မောင်းပြန်သံတွေဆူညံမနေသေးပေမဲ့မလျှော့သောဇွဲတို့နဲ့တော်လှန်မယ်။ဥာဏ်ရှိသလောက်တီထွင်မယ်။မကျသောစိတ်ဓာတ် မလျှော့သောဇွဲတို့နဲ့တော်လှန်မယ်ယတိုက်ပွဲရှိရင် အောင်ပွဲရှိရမယ်။ယုံကြည်ချက်နဲ့ဟန်ချက်ညီညိ ရှေ့ဆက်မယ်။ တစ်နေ့မှာ လိုချင်တဲ့ပန်းတိုင်ကိုရောက်ရမယ်။ ဒါကတော့ ကျနော်တို့ KGF ရဲဘော်လေးတွေရဲ့ဥာဏ်စွမ်းနဲ့ ထုတ်လုပ်အောင်မြင်ထားတဲ့လက်လုပ် RPG လေးပါ"လို့ဆိုပါတယ်။ Kani Guerrilla Force ဟာ စစ်အာဏာရှင်စနစ်ကို ခူခံတွန်းလှန်နေတဲ့အင်အားစုလည်းဖြစ်ပါတယ်။


========================


📌📌 ၁၀။ ရေစကြို PDF မှ ခါးချိုး Shoot-Gum ရပ်ကျေး ပ.က. များအား တပ်ဆင်ပေးလျက်ရှိ


ရေစကြို PDF မှ ခါးချိုး Shoot-Gum ရပ်ကျေးပ.က. များအား တပ်ဆင်ပေးလျက်ရှိတယ်လို့ စက်တင်ဘာ၂ရက်နေ့မှာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်ကအသိပေးဆိုပါတယ်။


"ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (.က.) အနေဖြင့် စစ်ကောင်စီအား ခုခံတိုက်ခိုက်ရင်း မြို့နယ်တွင်း နယ်မြေစိုးမိုး ရေးလုပ်ငန်းများအား အလေးပေးဆောင်ရွက်နိုင်ရန် ရပ်ကျေး .က. များ ဖွဲ့စည်းလုပ်ဆောင်နေပါတယ်။ နယ်မြေလုံခြုံးရေးနှင့်ပြည်သူလူထုလုံခြုံရေးအတွက် ခါးချိုး Shoot-Gum များအားထုတ်လုပ်ကာ ရပ်ကျေးပ.က. များအား တပ်ဆင်ပေးလျက်ရှိပါတယ်"လို့ဆိုပါတယ်။


ပြည်သူလူထုလှူဒါန်းငွေများအား ကာကွယ်ရေးလုပ်ငန်း များအား စနစ်တကျအရှိန်မြင့်လုပ်ဆောင်သွားမယ်လို့ People Defense Force Yesagyo ကဆိုပါတယ်။


========================


📌📌 ၁၁။ People's knight Defense Force Myinmu ( PKDF - MMU ) က Drone တပ်ဖွဲ့ကို စတင်ဖွဲ့စည်းလိုက်


People's knight Defense Force Myinmu ( PKDF - MMU ) က Drone တပ်ဖွဲ့ကို စတင်ဖွဲ့စည်းလိုက်ပါတယ်။ Pe စက်တင်ဘာလ ရက်မှာ Drone တပ်ဖွဲ့  ဖွဲ့စည်းကြောင်း အသိပေးဆိုပါတယ်။

                                                                                                                  

 "စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ထုတ်နိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးလုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန်အတွက် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ရက်နေ့တွင်  ကျွန်ုပ်တို့ People's knight Defense Force Myinmu ( PKDF - MMU ) က Droneတပ်ဖွဲ့ကို စတင်ဖွဲ့စည်းလိုက်ပါကြောင်း ပြည်သူလူထုအားချစ်ခင်လေးစားစွာဖြင့် အသိပေးကြေညာအပ်ပါတယ်"လို့ ဖော်ပြပါတယ်။ Drone တပ်ဖွဲ့ ဖွဲ့စည်းနိုင်ရန်အတွက် ကူညီထောက်ပံ့ပေးပါသော ပြည်သူလူထုအား PKDF - MMU က ကျေးဇူးအထူးတင်ရှိပါတယ်လို့ဖော်ပြပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment