30th SEP 2022 - Evening Daily News by Radio NUG

၂၀၂၂ စက်တင်ဘာလ ၃၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်လိုက်သော ပြစ်ဒဏ်အသစ်ကို ပြင်သစ်နိုင်ငံက အပြင်းထန်ဆုံး ရှုတ်ချ

📌 ၂။ ဇွဲနပဲ ကြီးစွာ လူထုသပိတ်တိုက်ပွဲများမှာ တိုက်ပွဲဝင်ခဲ့ကြတဲ့ ကလေးမြို့နယ် ပြည်သူလူထုကို လေးစားဂုဏ်ယူတယ်လို့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၃။ ဘာသာရေးဆိုင်ရာ အဆောက်အဦများကို တိုက်ခိုက်ခြင်း နဲ့ တပ်စွဲခြင်းတို့ကိုအကြမ်းဖက် စစ်တပ်က ကျူးလွန်တာတွေ့ရှိရတယ်လို့လူ့အခွင့်ရေးရာဝန်ကြီးဆို

📌 ၄။ MFDMC ပြည်ပထောက်ပို့တပ်ဖွဲ့မှ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန မှတဆင့် မြန်မာကျပ်ငွေ သိန်း ၁၅၀ ကျပ် ထောက်ပို့

📌 ၅။ ပြည်သူ့ပန်းတိုင် အတွေးအခေါ်လမ်း အစီအစဉ်မှာ  မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းပါဝင်ဆွေးနွေးမယ်

📌 ၆။ ယနေ့ နံနက် ရန်ကုန်-လွိုင်ကော်ခရီးသည်တင်လေယာဉ်တစ်စီး လေဆိပ်အဆင်းမှာသေနတ်မှန်၍ ခရီးသည်တစ်ဦးဒဏ်ရာရ

📌 ၇။ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့မှာ အထိုင်ချထားတဲ့ အကြမ်းဖက် စစ်အုပ်စုက လျှော်ဖြူကုန်းရွာကို မီးရှို့ဖျက်ဆီး

📌 ၈။ ပုသိမ် -မုံရွာလမ်းမကြီးတလျှောက်နဲ့ဝမ်ပေါင်ကုမ္မဏီလမ်းပိုင်းအထိ ယနေ့မနက်အကြမ်းဖက် စစ်တပ်ကလက်နက်ကြီးလက်နက်ငယ်များနဲ့ရမ်းသမ်းပစ်ခတ်

📌 ၉။ NUGPay Commercial Launch ကိုစတင်ကြေငြာပေးသွားမှာဖြစ်ပြီး လက်ရှိအသုံးပြုနေသော Activation Code Service Fees အား ၃၀၀၀ ကျပ်မှ ၅၀၀၀ ကျပ် သို့ပြောင်းလဲကောက်ခံမယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်လိုက်သော ပြစ်ဒဏ်အသစ်ကို ပြင်သစ်နိုင်ငံက အပြင်းထန်ဆုံး ရှုတ်ချ


စက်တင်ဘာ ၂၉ ရက်မှာပြင်သစ်နိုင်ငံခြားရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက် ကို ပြင်သစ်သံရုံး မြန်မာဌာနေခွဲက အခုလိုဖော်ပြထားပါတယ်။


"နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်လိုက်သော ပြစ်ဒဏ်အသစ်ကို ပြင်သစ်နိုင်ငံက အပြင်းထန်ဆုံး ရှုတ်ချလိုက်ပါတယ်။ဤအမိန့်ချမှတ်ခြင်းသည် မြန်မာပြည်သူလူထုမှ တရားဝင်ရွေးချယ်တင်မြှောက်ခံရသူများကို စစ်ကောင်စီက ကြိုးကိုင်ခြယ်လှယ်ခြင်း၏ နောက်ထပ်ဥပမာတစ်ခုဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်တရားမျှတမှုကို စစ်ခုံရုံးများမှ သိမ်းယူခြင်းသည် အခြေခံအခွင့်အရေးများကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးကို ပိုမိုထိခိုက်စေပါတယ်လို့ဆိုထားပြီးတော့ မြန်မာနိုင်ငံသားများနှင့် ပြည်ပနိုင်ငံသားများအပေါ် ကျင့်သုံးနေသော ယင်း လုပ်ထုံးလုပ် နည်းများသည် နိုင်ငံတကာအသိုင်းအဝိုင်းမှ တောင်းဆိုနေသည့် သက်ဆိုင်သူအားလုံးပါဝင်သည့်အကျပ်အတည်းကို အမြန်ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းနည်းနှင့် ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ဖော်ပြပါတယ်။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် ပြင်သစ်နိုင်ငံက ထပ်မံတောင်းဆိုအပ်တယ်လို့လည်းဆိုပါတယ်။ လက်ရှိမှာ အကြမ်းဖက် စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမှုများဆင်ကာ ချမှတ်ထားသောထောင်ဒဏ်စုစုပေါင်း ၂၃ နှစ်ရှိပြီဖြစ်ပါတယ်။


========================


📌📌 ၂။ ဇွဲနပဲ ကြီးစွာ လူထုသပိတ်တိုက်ပွဲများမှာ တိုက်ပွဲဝင်ခဲ့ကြတဲ့ ကလေးမြို့နယ် ပြည်သူလူထုကို လေးစားဂုဏ်ယူတယ်လို့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


စက်တင်ဘာလ ၂၉ ရက်တွင် ကျင်းပပြုလုပ်တဲ့  ကလေးမြို့ လူထုသပိတ် ရက်ပေါင်း (၆၀၀) ပြည့် အခမ်းအနား၌  နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှပြောကြားသော ဂုဏ်ပြုအားပေးစကားတွင် အခုလိုထည့်သွင်းပြော ကြားခဲ့ပါတယ်။


"ပြည်သူလူထုက ရွေးကောက်တင်မှောက်ထားတဲ့ အစိုးရကို အာဏာသိမ်း မင်းအောင်လှိုင် အကြမ်းစစ်အုပ်စုက လက်နက်အားကိုးနဲ့ အကြမ်းဖက် အာဏာသိမ်းပိုက်ပြီးတဲ့နောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ကစလို့ ယနေ့ထက်ထိ တစ်ရက်မှ ပျက်ကွက်ခြင်းမရှိဘဲ လူထုလှုပ်ရှားမှုများ၊သပိတ်တိုက်ပွဲများကို အင်တိုက်၊အားတိုက်နဲ့ ဇွဲနပဲ ကြီးစွာ ဖော်ဆောင်တိုက်ပွဲ ဝင်ခဲ့ကြတဲ့ ကလေးမြို့နယ် ပြည်သူလူထုကြီးရဲ့ တော်လှန်ရေးတာဝန်ကျေပွန်မှုနဲ့ သူရသတ္တိကို အထူးပင်လေးစားဂုဏ်ယူကြောင်းပြောကြားလိုပါတယ်"လို့ဆိုပါတယ်။


========================


📌📌 ၃။ ဘာသာရေးဆိုင်ရာ အဆောက်အဦများကို တိုက်ခိုက်ခြင်း နဲ့ တပ်စွဲခြင်းတို့ကိုအကြမ်းဖက် စစ်တပ်က ကျူးလွန်တာတွေ့ရှိရတယ်လို့လူ့အခွင့်ရေးရာဝန်ကြီးဆို


ဘာသာရေးဆိုင်ရာ အဆောက်အဦများကို တိုက်ခိုက်ခြင်း နဲ့ တပ်စွဲခြင်းတို့ကိုအကြမ်းဖက် စစ်တပ်က ကျူးလွန်တာတွေ့ရှိရတယ်လို့လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းက"လူ့အခွင့်အရေးစကားသံအစီအစဉ်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။


"ပဋိပက္ခနဲ့ စစ်ပွဲတွေ ဖြစ်နေတဲ့ ကာလအတွင်းမှာတောင် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရဲ့ အမှတ်အသားတွေဖြစ်တဲ့ အထိမ်းအမှတ်နေရာ၊ဘာသာရေးဆိုင်ရာပစ္စည်း၊ရုပ်ထု၊အဆောက်အအုံ စတာတွေကို လုံးဝ မဖျက်စီးမိအောင် ကာကွယ်စောင့်ရှောက်ရမယ့်တာဝန်ရှိပါတယ်။ ဘာသာရေးဆိုင်ရာ အဆောက်အဦမှာတပ်စွဲခြင်း မပြုရပါဘူး။ဒါတွေကို အကြမ်းဖက် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေမှာ ဝင်ရောက်တပ်စွဲတာ၊ အလွဲသုံးစားပြု စခန်းချတာတွေကိုတွေ့ရှိနေရပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် အကြမ်းဖက် စစ်တပ်က ၄င်းတို့စစ်ကြောင်းဝက်ရောက်ရာ ဒေသမှာရှိတဲ့ ဘာသာရေးအဆောက်အဦများကို ဒေသခံများ ကိုးကွယ် ယုံကြည်ရာအဖြစ် သိရှိထားသော်လည်း ဒေသခံများ စိတ်ပိုင်းဆိုင်ရာထိခိုက်၍ ရည်ရွယ်ဖျက်ဆီးမှုတွေရှိနေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၄။ MFDMC ပြည်ပထောက်ပို့တပ်ဖွဲ့မှ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန မှတဆင့် မြန်မာကျပ်ငွေ သိန်း ၁၅၀ ကျပ် ထောက်ပို့


MFDMC ပြည်ပထောက်ပို့တပ်ဖွဲ့မှ စစ်ဘေးရှောင်ပြည်သူများအတွက်အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန မှတဆင့် မြန်မာကျပ်ငွေသိန်း၁၅၀ကျပ် ထောက်ပို့ခဲ့ကြောင်းကိုစက်တင်ဘာလနောက်ဆုံးပတ်မှာ MFDMC ပြည်ပထောက်ပို့တပ်ဖွဲ့မှအသိပေးဆိုပါတယ်။


"MFDMC ပြည်ပထောက်ပို့တပ်ဖွဲ့မှ စစ်ဘေးရှောင်ပြည်သူများအတွက် MFDMC ရန်ပုံငွေရှာဖွေမှုအစီအစဉ်များ မှ ရရှိလာသောငွေများမှ ကရင်၊ချင်း၊ကချင်၊ရခိုင်၊စစ်ကိုင်း၊မကွေးစသည့်ဒေသများထံသို့ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန မှတဆင့် မြန်မာကျပ်ငွေ သိန်း ၁၅၀ ကျပ် ထောက်ပို့ကူညီခဲ့ပါတယ်"လို့ ဆိုပါတယ်။ ယခုပေးပို့ကူညီမှုမှာ ထောက်ပို့တပ်သားများ၏လစဉ်ထောက်ပို့ငွေများ ပါဝင်မှုမရှိပဲ MFDMC ရန်ပုံငွေရှာဖွေမှု့မှ ငွေကြေးများကိုသာ အသုံးပြုခဲ့ခြင်းဖြစ်တယ်လို့လည်းဆိုပါတယ်။


========================


📌📌 ၅။ ပြည်သူ့ပန်းတိုင် အတွေးအခေါ်လမ်း အစီအစဉ်မှာ  မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းပါဝင်ဆွေးနွေးမယ်


အောက်တိုဘာ ရက်နေ့ မြန်မာစံတော်ချိန် နာရီမှာ ပြုလုပ်မယ့် ပြည်သူ့ပန်းတိုင် အတွေးအခေါ်လမ်း အစီအစဉ်မှာ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့အတူ CDM ဗိုလ်ကြီးညီသုတနှင့် CDM ဗိုလ်ကြီးခင်ပပထွန်းတို့က ဆွေးနွေးသွားမှာဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းကပဲ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပပြီးစီးခဲ့ပါတယ်။ 


ဒီညီလာခံကနေ မြန်မာ့အရေးဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး သံအမတ်ကြီးက ပြည်သူတွေကို ဘာ သတင်းစကားပါးမှာဖြစ်လို့သံအမတ်ကြီး ဦးကျော်မိုးထွန်း ပါဝင်ဆွေးနွေးမယ့် ပြည်သူ့ပန်းတိုင် အတွေးအခေါ်လမ်း အစီအစဉ်ကိုပြည်သူလူထုကစောင့်ကြည့်နိုင်မယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၆။ ယနေ့ နံနက် ရန်ကုန်-လွိုင်ကော်ခရီးသည်တင်လေယာဉ်တစ်စီး လေဆိပ်အဆင်းမှာသေနတ်မှန်၍ ခရီးသည်တစ်ဦးဒဏ်ရာရ


စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မှ လွိုင်ကော်လေဆိပ်သို့ဆိုက်ရောက်လာတဲ့ ခရီးသည်တင်လေယာဉ်ပစ်ခတ်ခံရတယ်လို့ ဒေသခံသတင်းအရင်းအမြစ်များထံက သတင်းရရှိပါတယ်။ အဆိုပါ ကျည်ထိမှန်၍ လေယာဥ်ပါခရီးသည်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပြီးတော့ မည်သည့်အဖွဲ့ကပစ်ခတ်မှုကိုတော့အတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။ လေယာဥ်အဆင်းမှာ အနိမ့်ပျံသန်းစဥ် ခုံကတဆင့်ဖောက်ထွင်းထိမှန်ခဲ့တာလည်း ဖြစ်ပါတယ်။


========================


📌📌 ၇။ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့မှာ အထိုင်ချထားတဲ့ အကြမ်းဖက် စစ်အုပ်စုက လျှော်ဖြူကုန်းရွာကို မီးရှို့ဖျက်ဆီး


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့မှာ အထိုင်ချထားတဲ့ အကြမ်းဖက် စစ်အုပ်စုကစက်တင်ဘာ၃၀ရက် မနက် ၁၀ နာရီ ၄၅ အချိန်မှာ ရွာမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကိုးတောင်ဘို့ တော်လှန်ရေးအင်အားစုကအတည်ပြုဆိုပါတယ်။


"ကိုးတောင်ဘို့မှာ အထိုင်ချထားတဲ့ စကစတပ်အင်အား (၇၀) ခန့်ဟာ ယနေ့မနက် နာရီကျော်မှာ ပေါက်ကုန်းရွာ အနောက်ဘက်ထွက်လာပြီး နံနက်၁၀နါရီခန့်မှာ ကန့်ဘလူမြို့နယ်၊ဇီးကနားအုပ်စု၊လျှော်ဖြူကုန်းရွာကို ဝင်လာပြီး ၁၀ နာရီ ၄၅ အချိန် လျှော်ဖြူကုန်းရွာကို မီးထပ်ရှို့ပါတယ်"လို့ဆိုပါတယ်။


လျှော်ဖြူကုန်းရွာဟာဒုတိယအကြိမ်မြောက်မီးရှို့ခံရခြင်းဖြစ်ပြီး ပထမအကြိမ်မီးရှို့စဥ်မှာ နေအိမ် (၁၁၈) လုံးနှင့် စပါးကျည် (၃၅) လုံး  ပျက်စီးဆုံးရှုံးထားရပါတယ်။


========================


📌📌 ၈။ ပုသိမ် -မုံရွာလမ်းမကြီးတလျှောက်နဲ့ဝမ်ပေါင်ကုမ္မဏီလမ်းပိုင်းအထိ ယနေ့မနက်အကြမ်းဖက် စစ်တပ်ကလက်နက်ကြီးလက်နက်ငယ်များနဲ့ရမ်းသမ်းပစ်ခတ်


စက်တင်ဘာ ၃၀ ရက် မနက် နာရီ ၃၀ အချိန်က စလို့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းဟာ လမ်းကြောင်းရှင်းပစ်ခတ်မှုတွေ လုပ်ဆောင်တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုကအတည်ပြုပါတယ်။


"စက်တင်ဘာ ၃၀ ရက် မနက် နာရီ ၃၀ အချိန်က စလို့နမခမှစကစတပ်များအင်အားပြည့်ကားလေးစီးထွက်လာပြီး ပုသိမ်မုံရွာလမ်းမကြီးတလျှောက်လက်ပတောင်းတောင်ဝမ်ပေါင်ကုမ္မဏီထိလမ်းတရှောက်လက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်ကာလုံခြုံရေးရယူနေပါတယ်။


မနက် နာရီခန့်တွင်တွဲကား စီးဝမ်ပေါင်ကုမ္မဏီထဲမှာမောင်းနှင်ဝင်ရောက်သွားပါတယ်ကြေးနီများခိုးထုတ်မယ်လို့ယူဆရပါတယ်"လို့ဆိုပါတယ်။ စက်တင်ဘာ ၂၉ ရက်နေ့လည်ပိုင်းမှာ ဖလက်ဇက် စီးချင်းတွင်းမြစ်ကြောင်းတိုင်းဆန်တက်လာပြီးဆားလင်းကြီးမြို့နယ်ပေါင်းဝရွာဆိပ်ကမ်းကပ်ကာကျွန်းကြီးရွာအနီးပစ်ခတ်မှုများဖြစ်ပွားခဲ့ပါတယ်။


========================


📌📌 ၉။ NUGPay Commercial Launch ကိုစတင်ကြေငြာပေးသွားမှာဖြစ်ပြီး လက်ရှိအသုံးပြုနေသော Activation Code Service Fees အား ၃၀၀၀ ကျပ်မှ ၅၀၀၀ ကျပ် သို့ပြောင်းလဲကောက်ခံမယ်


စက်တက်ဘာနောက်ဆုံးပတ်မှာ NUG Pay ကနေ လက်ရှိအသုံးပြုနေသော Activation Code Service Fees အား အောက်တိုဘာ ရက်ကနေ့ကစလို့ ပြောင်းလဲကောက်ခံမယ်လို့အသိပေးဆိုလိုက်ပါတယ်။


"မကြာမီအချိန်တွင် NUGPay Commercial Launch ကိုစတင်ကြေငြာပေးသွားတော့မည်ဖြစ်ပြီး လက်ရှိအသုံးပြုနေသော Activation Code Service Fees အား ၃၀၀၀ ကျပ်မှ ၅၀၀၀ ကျပ် သို့ အောက်တိုဘာလ ရက်နေ့မှ စတင်ကာ ပြောင်းလဲကောက်ခံသွားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိ လက်ဝယ်တွင်ကျန်ရှိပြီး အသုံးပြုခြင်းမရှိသေးသော Activation Code များမှာလည်း အလိုအလျောက်အားဖြင့် ၅၀၀၀ ကျပ်သို့ပြောင်းလဲသွားမှာဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment