23rd OCT 2022 - Evening Daily News by Radio NUG


၂၀၂၂ အောက်တိုဘာလ ၂၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ FATF က အမည်ပျက်စာရင်းသွင်းလိုက်ပြီး နာရီပိုင်းအတွင်းမှာ  အကြမ်းဖက်စစ်တပ်ပိုင်မြေတချို့ကို ရောင်းချရာမှာ ဒေါ်လာ သန်းနီးပါး ရောင်းချနိုင်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို

📌 ၂။ CDM လှုပ်ရှားမှု ဆက်လက်အားကောင်းဖို့လိုတယ်လို့ ဖက်ဒရယ်ရေးရာဝန်ကြီးဆို

📌 ၃။ မသောက်မိသော မိုးခါးရေ ရုပ်ရှင်ဇာတ်လမ်းတိုကို နိုင်ငံပေါင်း နိုင်ငံမှာတစ်ပြိုင်နက်တည်းပြသ

📌 ၄။ မြိုင်နယ်အရှေ့မြောက်ပိုင်း လင်းကတောရွာကိုအကြမ်းဖက် စစ်တပ်က ယနေ့မနက်မီးရှို့ဖျက်ဆီး

📌 ၅။ ကန့်ဘလူနယ်အတွင်းရှိ ယောကုန်းကျေးရွာ အရှေ့တောထဲမှ အောက်တဲရွာသို့စကစတပ်များ ယနေ့မနက်ပစ်ခတ်ဝင်ရောက်သောင်းကျန်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ FATF က အမည်ပျက်စာရင်းသွင်းလိုက်ပြီး နာရီပိုင်းအတွင်းမှာ  အကြမ်းဖက်စစ်တပ်ပိုင်မြေတချို့ကို ရောင်းချရာမှာ ဒေါ်လာ သန်းနီးပါး ရောင်းချနိုင်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို


FATF က အမည်ပျက်စာရင်းသွင်းလိုက်ပြီး နာရီပိုင်းအတွင်းမှာပဲ ရန်ကုန်မြို့က အကြမ်းဖက်စစ်တပ်ပိုင်မြေတချို့ကို ရောင်းချရာမှာ ဒေါ်လာ သန်းနီးပါး ရောင်းချနိုင်ခဲ့တယ်လို့ အောက်တိုဘာ ၂၂ ရက်‌နေ့မှာ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကဆိုပါတယ်။


"အကြမ်းဖက် စစ်အာဏာရှင်တွေ တိုင်းပြည်ကို ရစရာမရှိအောင်ဖျက်ဆီးနေချိန်မှာ.. ကမ္ဘာ့ဘဏ္ဍာရေးပုလိပ်ကြီး (financial action task force-FATF) ကကျွန်ုပ်တို့နိုင်ငံကို အမည်ပျက်စာရင်းသွင်းလိုက်ပါတယ်.. တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို.. FATF က အမည်ပျက်စာရင်းသွင်းလိုက်တာနဲ့ နာရီပိုင်းပဲခြားပြီး ရန်ကုန်မြို့က အကြမ်းဖက်စစ်တပ်ပိုင်မြေတချို့ကို ရောင်းချရာမှာ.. နာရီပိုင်းအတွင်း ဒေါ်လာ သန်းနီးပါး ရောင်းချနိုင်ခဲ့ပါတယ်။ဒီအင်အား၊ ဒီစိတ်ပိုင်းဖြတ်မှု၊ ဒီ သန္နိဌာန်နဲ့ အာဏာရှင် အရူးတသိုက်ကို အဆုံးသတ် နိဂုံးချုပ်ပေးလိုက်ကြပါစို့"လို့ဆိုထားပါတယ်။


ဒါ့အပြင် Spring Yangon Investment” ရဲ့ Phase II တောင်ဒဂုံ မြို့နယ်နွေဦးအောင်လံစီမံကိန်းရဲ့ မြေကွက် ၈၀၀ မှ တဝက်နီးပါး ရောင်းချထားရတယ်လို့ EOD ကအသိပေးဖော်ပြပါတယ်။


"တော်လှန်ရေး ရန်ပုံငွေ ပရောဂျက်များရဲ့ စံချိန်သစ်အဖြစ် ပထမ နာရီအတွင်းမှာ ဒေါ်လာ .၇၅ သန်းဖိုး ရောင်းချထားပြီး ဖြစ်ပါတယ်။ တောင်ဒဂုံ မြို့နယ်ကနွေဦးအောင်လံစီမံကိန်းရဲ့ ၄၀ ပေ x ၆၀ ပေ မြေကွက်များကို ကြည့်ပါ။ တော်လှန်ရေး ကာလအတွင်း USD 6,000 ပေးသွင်းရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဦးထိ နာမည်ပေါက် အစုစပ် ဝယ်နိုင်ပြီး အတွင်း ခါ အရစ်ကျ စနစ်နဲ့ ပေးချေ နိုင်ပါတယ်။ ဒါကြောင့် တော်တော်များများ လက်လှမ်းမီပြီး မြေကွက် ၈၀၀ အနက် တဝက်နီးပါး ရောင်းချထားပြီး ဖြစ်ပါတယ်"လို့ဆိုပါတယ်။ EOD ရဲ့ Spring Investment စီမံကိန်းများဟာ သူဌေးတွေပဲ ပါဝင်နိုင်တဲ့ စီမံကိန်းများ အဖြစ် ထင်မှတ်မှားတတ်ကြပေမယ့်အလွှာစုံက ပြည်သူတွေ ပါဝင်နိုင်၊ ထောက်ပို့ရင်း ရင်းနှီးမြုပ်နှံနိုင်တဲ့ စီမံကိန်းများဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၂။ CDM လှုပ်ရှားမှု ဆက်လက်အားကောင်းဖို့လိုတယ်လို့ ဖက်ဒရယ်ရေးရာဝန်ကြီးဆို


CDM လှုပ်ရှားမှုကြောင့် မင်းအောင်လှိုင်ရဲ့ ယန္တရားကြိုးပြတ်သွားပြီးတော့ CDM လှုပ်ရှားမှု ဆက်လက်အားကောင်းဖို့လိုတယ်လို့ ဖက်ဒရယ်ရေးရာဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းကဆိုပါတယ်။ အောက်တိုဘာ၂၃ ရက်ကျင်းပတဲ့ ဖက်ဒရယ်ရေးရာဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းနဲ့ တောင်ကိုရီးယားကမြန်မာမောင်နှမတွေ တွေ့ဆုံပွဲမှာ ဝန်ကြီးကပြောကြားခဲ့ပါတယ်။


"CDM လှုပ်ရှားမှုကြောင့် မင်းအောင်လှိုင်ရဲ့ ယန္တရားကြိုးပြတ်သွားတယ်ဆိုတာ ကျနော်တို့မျက်မြင်ပါပဲ။ ဒါကြောင့် CDM လှုပ်ရှားမှုဆက်လက်အားကောင်းဖို့လိုပါတယ်။ ဆက်လက်လှုပ်ရှားဖို့လိုပါတယ်"လို့ဆိုပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်ရေးရဲ့ ပထမဆုံး လက်နက်ဖြစ်တဲ့မြေပြင် သပိတ်တွေဟာလည်း အရေးပါနေဆဲဖြစ်ကာ အရှိန်လျှော့လို့မဖြစ်ကြောင်း ဝန်ကြီးကထပ်လောင်းဆိုပါတယ်။ လက်ရှိမှာ ပညာရေးဝန်ထမ်းနဲ့ကျန်းမာရေးဝန်ထမ်း အင်အားသိန်းနဲ့ချီဟာ CDMလှုပ်ရှားမှုထဲပါဝင်နေဆဲ ဖြစ်ပါတယ်။


========================


📌📌 ၃။ မသောက်မိသော မိုးခါးရေ ရုပ်ရှင်ဇာတ်လမ်းတိုကို နိုင်ငံပေါင်း နိုင်ငံမှာတစ်ပြိုင်နက်တည်းပြသ


မသောက်မိသော မိုးခါးရေ ရုပ်ရှင်ဇာတ်လမ်းတိုကို နိုင်ငံပေါင်း နိုင်ငံမှာတစ်ပြိုင်နက်တည်းပြသခဲ့ကြောင်းကို အောက်တိုဘာ ၂၃ ရက်မှာ မိုးခါးရေ ရုပ်ရှင်ပြသရေးကော်မတီကအသိပေးဆိုပါတယ်။


"မိုးခါးရေမသောက်ဘဲပြည်သူဘက်က မားမားမတ်မတ်ရပ်တည်ခဲ့သောသံအမတ်ကြီး ဦးကျော်မိုးထွန်းအား New York မြို့တွင်ပြသည့် "မသောက်မိသော မိုးခါးရေ" ရုပ်ရှင်ပြပွဲတွင် တွေ့ရပါတယ်။ အောက်တိုဘာ ၂၂ ရက်နေ့တွင် New York(USA) တိုရွန်တို (Canada) Switzerland Sweden လေး နိုင်ငံတပြိုင်တည်း ပြသပြီးပွဲစဥ်တိုင်းပွဲစဥ်တိုင်းရုံပြည့်ရုံလျှံ ကြောင်းသိရပါတယ်"လို့ဆိုပါတယ်။


မသောက်မိသောမိုးခါးရေ ရုပ်ရှင်ဇာတ်လမ်းတိုကို ဒါရိုက်တာ ကိုပေါက်မှ တော်လှန်ရေးနယ်မြေတွင် CDM ဗိုလ်ကြီးတစ်ဦးကို အခြေခံ၍ ရိုက်ကူးခဲ့ပါတယ်။ အဆိုပါရုပ်ရှင်ဇာတ်လမ်း ပြသရင်းမှ ရရှိတဲ့ငွေကြေးများကို တော်လှန်ရေးမှာ ပြန်လည်အသုံးပြုဖို့ ထောက်ပို့သွားမှာဖြစ်တယ်လို့ ဒါရိုက်တာကိုပေါက်ကဆိုထားပါတယ်။


========================


📌📌 ၄။ မြိုင်နယ်အရှေ့မြောက်ပိုင်း လင်းကတောရွာကိုအကြမ်းဖက် စစ်တပ်က ယနေ့မနက်မီးရှို့ဖျက်ဆီး


မကွေးတိုင်း မြိုင်နယ်အရှေ့မြောက်ပိုင်း လင်းကတောရွာကိုအကြမ်းဖက် စစ်တပ်က ယနေ့မနက်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အောက်တိုဘာ ၂၃ ရက် မနက်၈နာရီအချိန်မှာ မြိုင်မြို့နယ် လင်းကတောရွာကို စကစတပ်များ စတင်မီးရှို့ခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်များကအတည်ပြုပါတယ်။


"မြိုင်နယ်အရှေ့မြောက်ပိုင်း လင်းကတောရွာကို မနေ့ကရောက်တဲ့ အကြမ်းဖက်စစ်တပ်တွေ လင်းကတောရွာကိုဒီနေ့မနက်ပိုင်းမီးရှို့လိုက်တာပါ။ အိမ်ဘယ်လောက်ပါသွားလဲမသိရသေးပါဘူး"လို့ဆိုပါတယ်။ ဒါ့အပြင် ယမန်နေ့က မြိုင်နယ်အရှေ့ပိုင်း ဝက်ကျရွာမှာ ညအိပ်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာယနေ့မနက် 9:30 လောက်မှာ မုံညင်းရွာကို ဝင်ရောက်သောင်းကျန်းနေတယ်လို့လည်း သတင်းရရှိပါတယ်။


========================


📌📌 ၅။ ကန့်ဘလူနယ်အတွင်းရှိ ယောကုန်းကျေးရွာ အရှေ့တောထဲမှ အောက်တဲရွာသို့စကစတပ်များ ယနေ့မနက်ပစ်ခတ်ဝင်ရောက်သောင်းကျန်း


စစ်ကိုင်းတိုင်း ကန့်ဘလူနယ်အတွင်းရှိ ယောကုန်းကျေးရွာ အရှေ့တောထဲမှ အောက်တဲရွာသို့စကစတပ်များ ယနေ့မနက်ပစ်ခတ်ဝင်ရောက်သောင်းကျန်းလျက်ရှိတယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၂၃ မနက်ပိုင်းမှာ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများကို စကစတပ်များ စစ်ကြောင်းထိုးဝင်ရောက်တယ်လို့ ကောလင်းတော်လှန်ရေးအင်အားစုကအတည်ပြုပါတယ်။


"ကန့်ဘလူနယ်အတွင်းရှိ ယောကုန်းကျေးရွာ အရှေ့တောထဲမှ အောက်တဲရွာသို့ စကစတပ်များပစ်ခတ်ဝင်‌ ရောက်နေပါတယ်။ ယမန်နေ့က ဖမ်းဆီးခံပြည်သူများရှိ၍ ပြန်လည်လွတ်လာပြီးယနေ့ထပ်မံဖမ်းဆီးခံထားရသူများလည်းရှိနေပါတယ်"လို့ဆိုပါတယ်။ စကစတပ်များဟာ နယ်မြို့များမှာ အရပ်သားများကိူပစ်မှတ်ထားတိုက်ခိုက်နေပြီးတော့ တစ်နိုင်ငံက နေအိမ်နဲ့ အဆောက်အဦပေါင်း ၃၆၀၀၀ ကျော်ကို မီးရှိူ့ဖျက်ဆီးခဲ့ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment