၂၀၂၂ အောက်တိုဘာလ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အသွင်ကူးပြောင်းရေးကာလနှင့် ဘာသာရေးလွတ်လပ်ခွင့်” ခေါင်းစဉ်ဖြင့် ကျင်းပမယ့် Panel Discussion ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ၊ ဒူဝါလရှီးလ ကတက်ရောက် မိန့်ခွန်းပြောကြားမယ်
📌 ၂။ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းရန်ကိုပိုမိုသတိထားဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
📌 ၃။ စစ်တပ်အနေဖြင့် အတုအယောင်ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ရန် စီစဉ်နေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကုလသမဂ္ဂမှာ ပြောကြား
📌 ၄။ တော်ဝင်နွေဦး စီမံကိန်းရဲ့ မြေကွက်များအားလုံး ရောင်းကုန်
📌 ၅။ NUGPay သုံးစွဲသူ စုစုပေါင်း ၁ သောင်း ၅ ထောင် ပြည့်သွားပြီလို့အသိပေး
📌 ၆။ မြန်မာနိုင်ငံတဝှမ်းမှာ အိုးအိမ်စွန့်ခွါထွက်ပြေးရသူ ၁ ဒသမ ၄ သန်းနီးပါး ရှိလာ
📌 ၇။ အကြမ်းဖက် စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ပင်မှုများပြုလုပ်ရန် ဩစတြေးလျားရောက်မြန်မာများတောင်းဆို ဆန္ဒပြ
📌 ၈။ ဖားကန့်-အနန့်ပါအတွက် ဝမ်းနည်းမှုကို"မီးပိတ်သပိတ် လူထုလှုပ်ရှားမှု" ဆင်နွှဲရင်းသက်သေထူမယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အသွင်ကူးပြောင်းရေးကာလနှင့် ဘာသာရေးလွတ်လပ်ခွင့်” ခေါင်းစဉ်ဖြင့် ကျင်းပမယ့် Panel Discussion ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ၊ ဒူဝါလရှီးလ ကတက်ရောက် မိန့်ခွန်းပြောကြားမယ်
အသွင်ကူးပြောင်းရေးကာလနှင့် ဘာသာရေးလွတ်လပ်ခွင့်” ခေါင်းစဉ်ဖြင့် ကျင်းပမယ့် Panel Discussion ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ၊ ဒူဝါလရှီးလ ကတက်ရောက် မိန့်ခွန်းပြောကြားမယ်လို့သတင်းရရှိပါတယ်။ အသွင်ကူးပြောင်းရေးကာလနှင့် ဘာသာရေးလွတ်လပ်ခွင့်” ခေါင်းစဉ်ဖြင့် ကျင်းပမယ့် Panel Discussion ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ၊ ဒူဝါလရှီးလ ကတက်ရောက် မိန့်ခွန်းပြောကြားသွားမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာတော့ပြီးခဲ့တဲ့ ဒီမိုကရေစီအကူးအပြောင်းကာလနဲ့ လက်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ အာဏာသိမ်းထားကာလအတွင်းမှာ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်အခြေအနေကို အဓိကထားဆွေးနွေးသွားမှာဖြစ်ပါတယ်။
"အသွင်ကူးပြောင်းရေးကာလနှင့် ဘာသာရေးလွတ်လပ်ခွင့်” ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲကို International Freedom of Religion or Belief Day နေ့ အထိမ်းအမှတ်အဖြစ်အောက်တိုဘာ၂၇ရက် မြန်မာစံတော်ချိန်၁၈:၀၀ နာရီအချိန်မှာ မီဒီယာများကထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းရန်ကိုပိုမိုသတိထားဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းရန်ကိုပိုမိုသတိထားဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကဆိုလိုက်ပါတယ်။
အောက်တိုဘာ ၂၆ ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တနှစ်တာ လုပ်ငန်းစဉ်များ ဖော်ဆောင်နေမှု အခြေအနေအတွက် အစည်းအဝေးမှာ ဝန်ကြီးချုပ်ကဆိုပါတယ်။
"ရှေ့လျှောက် မိုးကုန်ရင် လေကြောင်းရန်တွေက ပိုမို သတိထားရ တော့မှာ ဖြစ်ပါတယ်။ အခုဆိုရင် အကြမ်းဖက်စစ်ကောင်စီဟာ အရပ်သားများပါမရှောင် လေကြောင်းသုံးလာတာမို့ သူတို့ရဲ့ မိုက်ရိုင်းယုတ်မာမှုတွေကတော့ ကမ်းကုန်နေပြီ ဖြစ်ပါတယ်။ ဒီကိစ္စတွေအတွက် ဒီအတိုင်း မကြည့်နေတော့ဘဲ ကူညီနိုင်သမျှ ကူညီပေးဖို့ နိုင်ငံတကာကိုလည်း ကျွန်တော်တို့ ထပ်မံတောင်းဆိုကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့လည်း ဒီလေ ကြောင်း တိုက်ခိုက်ခံရမှုကြောင့် ကျဆုံးသွားတဲ့ ပြည်သူတွေအပါအဝင် ဒီတော်လှန်ရေးကြီးမှာ မတရားကျဆုံးခဲ့ရတဲ့ ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီ တရားမျှတမှု ပြန်လည်ရရှိရေးအတွက် ပြည်တွင်းနဲ့ နိုင်ငံတကာ တရားဥပဒေများနဲ့အညီ အစွမ်းကုန် ကြိုးစားသွားမယ်လို့ ကတိပေး ပြောကြားလိုပါတယ်။”လို့ဆိုပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူ့အာဏာကို မတရားလုယူခဲ့တဲ့ ကာလအတွင်း တိုင်းရင်းသား နယ်မြေများ အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ပြည်သူလူထုကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၂၄၀) နီးပါးပြုလုပ်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုများအတွင်း အရပ်သားပြည်သူ (၂၀၀) ကျော် သေဆုံးခဲ့ရပါတယ်။
========================
📌📌 ၃။ စစ်တပ်အနေဖြင့် အတုအယောင်ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ရန် စီစဉ်နေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကုလသမဂ္ဂမှာ ပြောကြား
စစ်တပ်အနေဖြင့် အတုအယောင်ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ရန် စီစဉ်နေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကုလသမဂ္ဂမှာ
ပြောကြားလိုက်ပါတယ်။ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးဘာသာရပ်အောက်၌ ကျင်းပပြုလုပ်သော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်မှာ သံအမတ်ကြီးကပြောပါတယ်။
"စစ်တပ်အနေဖြင့် အတုအယောင်ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း၊ ဥပဒေကြောင်းအရသော်လည်းကောင်း၊ လူထုထောက်ခံမှုအရသော်လည်းကောင်း ထောက်ခံမှုမရှိသည့် စစ်တပ်အနေဖြင့် ၂၀၂၃ ခုနှစ်တွင် ကျင်းပရန် စီစဉ်နေသည့် ၎င်းတို့၏ အတုအယောင် ရွေးကောက်ပွဲကို အသုံးချကာ တရားဝင်မှုရရှိနိုင်ရေးအတွက် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ အချို့အနေဖြင့် ထိုအတုအယောင် ရွေးကောက်ပွဲအား ယခုဖြစ်ပေါ်နေသည့် အကျပ်အတည်းမှ လွတ်မြောက်နိုင်မည့် နည်းလမ်းတစ်ခုသဖွယ် ထင်မြင်ယူဆနိုင်သော်လည်း အမှန်အားဖြင့် ယင်းသို့သော ယူဆချက်မှာ မှန်ကန်မှုမရှိဘူး"လို့ သံအမတ်ကြီးကဆိုပါတယ်။စစ်တပ်တွင် ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရန်အတွက် ဥပဒေကြောင်းအရ အခြေခံအကြောင်းအရင်း မရှိကြောင်း၊ ဒုတိယအချက်အနေဖြင့် စစ်တပ်သည် ရွေးချယ်တင်မြှောက်ခံ ထားရသော နိုင်ငံရေးခေါင်းဆောင်များကို ဓါးစာခံအဖြစ် ဖမ်းဆီးထိန်းချုပ်ထားကြောင်း၊ ထို့ကြောင့် စစ်တပ်မှ ကျင်းပမည့် မည်သည့်ရွေးကောက်ပွဲမဆို လွတ်လပ်၍ တရားမျှတမှု မရှိနိုင်ဘူးလို့ သံအမတ်ကြီးကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၄။ တော်ဝင်နွေဦး စီမံကိန်းရဲ့ မြေကွက်များအားလုံး ရောင်းကုန်
တော်ဝင်နွေဦး စီမံကိန်းရဲ့ မြေကွက်များအားလုံး ရောင်းကုန်ပြီလို့သတင်းရရှိပါတယ်။ အောက်တိုဘာ၂၆ရက်မှာ EODကအသိပေးဆိုပါတယ်။
"Spring Yangon Investment Phase II ရဲ့ စီမံကိန်းများအနက် ဗဟန်းမြို့နယ်က တော်ဝင်နွေဦး ၄၀ ပေ x ၆၀ ပေ နဲ့ ၆၀ ပေ x ၈၀ ပေ မြေကွက်များ အားလုံး ရောင်းချပေးပြီး ဖြစ်ပါတယ်။တော်ဝင်နွေဦး စီမံကိန်းမှာ တော်လှန်ရေး ကာလအတွင်း USD 28,800 ပေးသွင်းရတဲ့ မြေကွက် ၁၂၀ နဲ့ USD 54,000 ပေးသွင်းရတဲ့ မြေကွက် ၄၀ ပါဝင်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ တောင်ဒဂုံမြို့နယ်က နွေဦးအောင်လံ စီမံကိန်းနဲ့ Spring Mandalay မှ မြေကွက်များကို ဝယ်ယူနိုင်သေးတယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ NUGPay သုံးစွဲသူ စုစုပေါင်း ၁ သောင်း ၅ ထောင် ပြည့်သွားပြီလို့အသိပေး
NUGPay သုံးစွဲသူ စုစုပေါင်း ၁ သောင်း ၅ ထောင် ပြည့်သွားပြီလို့အသိပေးဆိုပါတယ်။အောက်တိုဘာ ၂၆ ရက်မှာ NUG Pay ကဖော်ပြဆိုပါတယ်။
"ပြည်သူလူထုရဲ့ ဝန်းရံမှုတို့နဲ့ အတူ NUGPay သုံးစွဲသူ စုစုပေါင်း ၁ သောင်း ၅ ထောင် ပြည့်သွားပြီ ဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။ NUGPay ကို Google Play Store, Apple App Store တို့မှ ဒေါင်းလုပ် ရယူနိုင်ပြီး အေးဂျင့်များထံ၌ Account ဖွင့်၍ သော်လည်းကောင်း NUGPay Website Live Chat မှ Activation Code ဝယ်ယူ၍လည်းကောင်း သုံးစွဲနိုင်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ NUGPay ကို သုံးပြီး CDM ဝန်ထမ်းတွေ၊တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့အကူအညီလိုအပ်နေသူတွေ ကို အလွယ်ကူဆုံး အလုံခြုံဆုံး ထောက်ပို့ပြီး တော်လှန်ရေးမှာ ပါဝင်နိုင်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၆။ မြန်မာနိုင်ငံတဝှမ်းမှာ အိုးအိမ်စွန့်ခွါထွက်ပြေးရသူ ၁ ဒသမ ၄ သန်းနီးပါး ရှိလာ
မြန်မာနိုင်ငံတဝှမ်းမှာ အိုးအိမ်စွန့်ခွါထွက်ပြေးရသူ ၁ ဒသမ ၄ သန်းနီးပါး ရှိလာပြီဖြစ်တယ်လို့ဆိုပါတယ်။အောက်တိုဘာ၂၆ ရက်မှာ ocha myanmarက အသိပေးဖော်ပြပါတယ်။
နိုင်ငံတဝှမ်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှုတွေ၊ အရပ်သားပြည်သူပိုင်ပစ္စည်းပျက်စီးမှုတွေနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေလည်း ပိုမိုများပြားလာနေတယ်လို့ အစီရင်ခံစာကဖော်ပြပါတယ်။ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းရှိ ဘူးသီးတောင်၊ ကျောက်တော်၊ မောင်တော၊ မင်းပြားနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ အပါအဝင် မြို့နယ်အများအပြားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ နေရပ်စွန့်ခွါထွက်ပြေးတိမ်းရှောင်ရမှုတွေလည်း ရှိနေပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိမြို့နယ်တွေနဲ့ စစ်တွေအကြားရှိ အဓိကလမ်းပိုင်းတွေနဲ့ ရေကြောင်းလမ်းတွေကို ပိတ်ဆို့ထားပြီး အသွားအလာတွေကိုကန့်သတ်ထားတာကြောင့် အကူအညီလိုအပ်နေသူတွေဆီကို လူသားချင်းစာနာမှုအကူအညီတွေ ရောက်ရှိဖို့ အဟန့်အတားတွေလည်း ဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်။ အောက်တိုဘာလ (၁၇) ရက်နေ့အထိ ကုလသမဂ္ဂရဲ့နောက်ဆုံးစာရင်းတွေအရ မြန်မာနိုင်ငံတဝှမ်းမှာ အိုးအိမ်စွန့်ခွါထွက်ပြေးရသူ ၁ ဒသမ ၄ သန်းနီးပါး ရှိလာပြီ ဖြစ်ပါတယ်။ ဒီအထဲကမှ လူဦးရေ ၁ သန်းကျော်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွါထွက်ပြေးကြရသူတွေ ဖြစ်သလို လူဦးရေ ၃၃၀,၄၀၀ ကျော်က ယခင်ပဋိပက္ခတွေကြောင့် ရွှေ့ပြောင်းအခြေချနေထိုင်နေရသူတွေဖြစ်ပြီး အများစုက ရခိုင်ပြည်နယ်က ဖြစ်ပါတယ်။
========================
📌📌 ၇။ အကြမ်းဖက် စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ပင်မှုများပြုလုပ်ရန် ဩစတြေးလျားရောက်မြန်မာများတောင်းဆို ဆန္ဒပြ
အကြမ်းဖက် စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ပင်မှုများပြုလုပ်ရန် ဩစတြေးလျားရောက်မြန်မာများတောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အောက်တိုဘာ၂၆ ရက် CRPH/NUG Support Group Australiaကဖော်ပြအသိပေးပါတယ်။ စစ်အာဏာသိမ်းသည့်အချိန်မှ စ၍ ယနေ့အထိ မြန်မာနိုငိငံတွင် ဒီမိုကရေစီလိုလားသူ ပြည်သူများအား ဖမ်းဆီးနှိပ်စက်ခြင်း၊ ကျေးရွာများကို မီးရှို့၍ ရက်စက်ကြမ်းကြုတ်သော လူသတ်မှုများကျုးလွန်ခြင်း၊ အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများကျုးလွန်ခြင်း၊မုဒိန်းကျင့်ခြင်း စသည့် စစ်ရာဇတ်မှုများကို ဆက်တိုက်ကျုးလွန်နေသည့် မြန်မာစစ်ကောင်စီကို ဩစတြေးလျားအစိုးရမှ ဒဏ်ခတ်အရေးယူမှုများပြုလုပ်ရန် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဆစ်ဒနီ၊ ကင်ဘာရာ နှင့် မဲဘုန်းမြို့မှ ပြည်ထောင်စုဖွားများနှင့် မြန်မာ့ဒီမိုကရေစီရေး ထောက်ခံသူများက ဩစတြေးလျားနိုင်ငံ၏ မြို့တော် ကင်ဘာရာမြို့ရှိ ပါလီမန်ရှေ့တွင် စုရုံးဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲသို့ ဩစတြေးလျားပါလီမတ် အထက်လွတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ ၏ ဩစတြေးလျားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် နှင့် တိုင်းရင်းသားခေါင်းဆောင်များလည်း တက်ရောက်ခဲ့ပါတယ်။ NUG ၏ ဩစတြေးလျားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက အဖွင့် စကားပြောကြားရာတွင် မြန်မာစစ်ကောင်စီ၏ ၂၀၂၃ ရွေးကောက်ပွဲကို ဩစတြေးလျားအစိုးရက လက်မခံရန်၊ NUG ၏ အဆင့် ၁၂ ဆင့်ပါလမ်းပြမြေပုံအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်မှုကိုသာ ထောက်ခံပံ့ပိုးသွားရန်ပြောကြားခဲ့ပါတယ်။ လစ်ဘရယ်နေရှင်နယ်ပါတီ၏ ကွင်းစလန်းပြည်နယ် အထက်လွတ်တော်အမတ် ပေါစကားက အာစီယံ အချက် (၅) ချက်ပါသဘောတူညီချက်သည် အောင်မြင်မှု မရှိသည်ကို ဩစတြေးလျားအစိုးရနှင့် အာဆီယံအဖွဲ့သဘောပေါက်လက်ခံဖို့ လိုကြောင်း၊ ယခုအချိန်သည် မြန်မာစစ်ေကာင်စီကိုပစ်မှတ်ထားပိတ်ဆို့ဒဏ်ခတ်မှုများကို လုပ်ဆောင်ရမည့်အချိန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားပြုအစိုးရ NUG နှင့်တရားဝင်ဆက်ဆံမှုများပြုလုပ်ရန်၊ NUG နှင့်ညှိနှိုင်း၍ လူသားချင်းစာနာသည့် ကူညီထောက်ပံ့မှုများလုပ်ရန်နှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားရေးအတွက် ကမ္ဘာတခုလုံးက စောင့်ကြည့်နေသည်ကို မြန်မာစစ်ကောင်စီ နားလည်ဖို့လိုကြောင်းပြောကြားသွားခဲ့ပါတယ်။
========================
📌📌 ၈။ ဖားကန့်-အနန့်ပါအတွက် ဝမ်းနည်းမှုကို"မီးပိတ်သပိတ် လူထုလှုပ်ရှားမှု" ဆင်နွှဲရင်းသက်သေထူမယ်
ဖားကန့်-အနန့်ပါအတွက် ဝမ်းနည်းမှုကို"မီးပိတ်သပိတ် လူထုလှုပ်ရှားမှု" ဆင်နွှဲရင်းသက်သေထူမယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ၂၈ ရက် ည (၈:၃၀) နာရီ (ဖားကန့်-အနန့်ပါ လေကြောင်း တိုက်ခိုက်ခံရသည့် အချိန်မှာ၁၀ မိနစ်ကြာမီးပိတ်ဆင်နွှဲကြမှာဖြစ်ပါတယ်။ဒီသတ်မှတ် နေ့ရက်နဲ့ အချိန်မှာ မိမိတို့ အိမ်များ၊ လမ်းများ၊ အဆောက်အဦများက လျှပ်စစ်မီးအပါအဝင် မီးအားလုံးကို ပိတ်၊ အမှောင်ချထားကြဖို့ ဖြစ်ပါတယ်။အဲ့ဒီညမှာ မီးပိတ်သပိတ် လှုပ်ရှားမှုအပြင် ကျဆုံးပုဂ္ဂိုလ်များအတွက် မိမိတို့ ယုံကြည်မှု ဘာသာတရားအလိုက် ဆုတောင်းမှုများ၊ ကချင်လူထုနဲ့ အတူရပ်တည်ကြောင်း ရည်ညွှန်း သရုပ်ဖော် လှုပ်ရှားမှုများကိုလည်း တပါတည်း ဖော်ဆောင်ကြဖို့ ဖြစ်ပါတယ်။
ယခုတင်ပြပေးခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်ခင်ဗျာ
No comments:
Post a Comment