၂၀၂၂ အောက်တိုဘာလ ၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက် ဖက်ဆစ်စနစ်အား အပြီးတိုင်ကွယ်ပျောက်သွားနိုင်ရန် အင်တိုက်အားတိုက် ကြိုးစားနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလဆို
📌 ၂။ လက်ယက်ကုန်းဖြစ်စဥ်ဟာ လွတ်လပ်စွာ ပညာသင်ကြားနေတဲ့ကလေးများအပေါ် စစ်ကောင်စီက ကျူးလွန်လိုက်တဲ့ စစ်ရာဇဝတ်မှုလို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
📌 ၃။ တော်လှန်ထောက်ပို့ တောင်ပိုင်းသို့ တော်လှန်ရေးရံပုံငွေ ကံစမ်းမဲလက်မှတ်အရောင်းပိတ်ပွဲ အခမ်းအနားကျင်းပမယ်
📌 ၄။ စစ်အုပ်စု၏ VIP ကားတန်းမှန်းမသိ၍ ကားကြုံလိုက်ရန် တားမိတဲ့ အမျိုးသားတစ်ဦးကို အကြမ်းဖက် စစ်တပ်ကပစ်ခတ်သတ်ဖြတ်
📌 ၅။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မက္ကသာရွာနှင့် အနီးဝန်းကျင် ကျေးရွာ ၆ ရွာမှ ဒေသခံများ ရှောင်တိမ်းနေရ
📌 ၆။ Spring Yangon မြေကွက်များ ၉၉ ရာခိုင်နှုန်းရောင်းချပြီးဖြစ်တယ်လို့ဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက် ဖက်ဆစ်စနစ်အား အပြီးတိုင်ကွယ်ပျောက်သွားနိုင်ရန် အင်တိုက်အားတိုက် ကြိုးစားနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလဆို
အမျိုးသားညီညွတ်ရေးအစိုးရမှအကြမ်းဖက် ဖက်ဆစ်စနစ်အား အပြီးတိုင်ကွယ်ပျောက်သွားနိုင်ရန် အင်တိုက်အားတိုက် ကြိုးစားနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလကဆိုပါတယ် အောက်တိုဘာ ၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
"အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ယခင်ကတည်းက တိုင်းရင်းသားနယ်မြေများတွင် စစ်ရာဇဝတ်မှုကျူးလွန်းခြင်း၊ လူမျိုးတုံး သတ်ဖြတ်မှုများကို ကျုးလွန်ခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရမှလည်း အဆိုပါ အကြမ်းဖက် ဖက်ဆစ်စနစ်အား အပြီးတိုင်ကွယ်ပျောက်သွားနိုင်ရန် အင်တိုက်အားတိုက် ကြိုးစားနေပါတယ်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ နိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။ လက်ရှိမှယ ပြည်သူ့ခုခံတွန်းလှန်စစ် တစ်နှစ်တာကာလအတွင်း စကစတပ်ဖွဲ့ဝင် နှစ်သောင်းကျော်သေဆုံးပြီးဖြစ်ပါတယ်။
========================
📌📌 ၂။ လက်ယက်ကုန်းဖြစ်စဥ်ဟာ လွတ်လပ်စွာ ပညာသင်ကြားနေတဲ့ကလေးများအပေါ် စစ်ကောင်စီက ကျူးလွန်လိုက်တဲ့ စစ်ရာဇဝတ်မှုလို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
လက်ယက်ကုန်းဖြစ်စဥ်ဟာ လွတ်လပ်စွာ ပညာသင်ကြားနေတဲ့ကလေးများအပေါ် စစ်ကောင်စီက ကျူးလွန်လိုက်တဲ့ စစ်ရာဇဝတ်မှုလို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကအောက်တိုဘာ၅ရက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနား မှာထည့်သွင်းပြောကြားခဲ့ပါတယ်။
"မကြာခင်က ဖြစ်ခဲ့တဲ့ လက်ယက်ကုန်းဖြစ်စဥ်ဟာဆိုရင် လွတ်လပ်စွာပညာသင်ကြားနေတဲ့ ကလေးများအပေါ်ကျူးလွန်လိုက်တဲ့ စစ်ရာဇဝတ်မှုဖြစ်ပါတယ်။ဒီလုပ်ရပ်ဟာ အကြမ်းဖက် စစ်ကောင်စီအနေနဲ့ အာဆီယံအပါအဝက် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကြားဝင်ဆောင်ရွက်မှုတွေကို ပြောင်ပြောင်တင်းတင်းလစ်လျူ ရှုလိုက်တာပဲ ဖြစ်ပါတယ်။ ၄င်းတို့အနေနဲ့ အာဏာပေ်ကိုင်ထားဖို့ ဘာမဆိုလုပ်မယ်ဆိုဆိုတာထပ်ပြီး သက်သေပြလိုက်ပါတယ်"လို့ဆိုပါတယ်။
၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက် မွန်းလွဲ၁နာရီမှာ ဒီပဲယင်း လက်ယက်ကုန်းရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က Mi35 ရဟတ်ယာဥ်နှစ်စင်းနဲ့ပစ်ခတ်ခဲ့ရာ ကလေးငယ် ၆ ဦးသေဆုံးခဲ့ပြီး မြေပြင်စစ်ကြောင်းထိုးမှုကြောင့်အရပ်သား ၇ ဦးသေဆုံးခဲ့ပါတယ်။
========================
📌📌 ၃။ တော်လှန်ထောက်ပို့ တောင်ပိုင်းသို့ တော်လှန်ရေးရံပုံငွေ ကံစမ်းမဲလက်မှတ်အရောင်းပိတ်ပွဲ အခမ်းအနားကျင်းပမယ်
တော်လှန်ထောက်ပို့ တောင်ပိုင်းသို့ တော်လှန်ရေးရံပုံငွေ ကံစမ်းမဲလက်မှတ် အရောင်းပိတ်ပွဲ အခမ်းအနားကို အောက်တိုဘာ ၁၂ ရက်နေ့ ညပိုင်းမှာ အွန်းလိုင်းမှတဆင့်ကျင်းပသွားမှာဖြစ်ပါတယ်။
အခမ်းအနားသို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန (MOHAI) ပြည်ထောင်စုဝန်ကြီးနဲ့ သရုပ်ဆောင်များ တက်ရောက်နိုင်တယ်လို့ သတင်းရရှိပါတယ်။
ထိုင်းရောက်မြန်မာလုပ်သားများ ကူညီစောင့်ရှောက်ရေးကော်မတီ (AAC) အဖွဲ့နှင့် Myanmar Global Support Foundation (MGSF) တို့ ပူးပေါင်းစီစဉ်ကျင်းပသော “တော်လှန်ထောက်ပို့ တောင်ပိုင်းသို့” ကံစမ်းမဲလက်မှတ်အရောင်းပိတ်ပွဲ နှင့် ကံထူးရှင်များကြေငြာခြင်း အစီအစဉ် ကို အောက်တိုဘာ ၁၂ ရက်ညပိုင်းကျင်းပရာမှာအခမ်းအနားကို သတင်းဌာနများမှတိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာလည်းဖြစ်ပါတယ်။
========================
📌📌 ၄။ စစ်အုပ်စု၏ VIP ကားတန်းမှန်းမသိ၍ ကားကြုံလိုက်ရန် တားမိတဲ့ အမျိုးသားတစ်ဦးကို အကြမ်းဖက် စစ်တပ်ကပစ်ခတ်သတ်ဖြတ်
ရှမ်းပြည်နယ်၊ အေးသာယာ-တောင်ကြီး အတက်လမ်း၌ စိတ်ကျန်းမာရေး ကောင်းမွန်ခြင်းမရှိသည့် အမျိုးသား တစ်ဦးက စစ်အုပ်စု၏ VIP ကားတန်းမှန်းမသိ၍ ကားကြုံလိုက်ရန် တားမိတဲ့အတွက် အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ပစ်သတ်ခဲ့တယ်လို့AAPPကဖော်ပြပါတယ်။
အဆိုပါအမျိုးသားမှာ မကြာခဏ ကားကြုံ တားဆီးလေ့ရှိသူဖြစ်ပြီး ယင်းနေ့တွင် ၎င်းသည် တောင်ကြီးမြို့သို့ အလုပ်လုပ်ရန်သွားစဉ် စစ်အုပ်စု၏ VIP ကားတန်း လာသည့်အချိန်၌ တားမိသည့်အတွက် ပစ်သတ်ခံခဲ့ရခြင်းဖြစ်တယ်လို့သတင်းရရှိပါတယ်။ စစ်အာဏာသိမ်းပြီးနောက်နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၃၃၆) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၅။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မက္ကသာရွာနှင့် အနီးဝန်းကျင် ကျေးရွာ ၆ ရွာမှ ဒေသခံများ ရှောင်တိမ်းနေရ
အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်များဝဲပျံခြင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင် ဘုရားသုံးဆူမြို့နယ်ခွဲအနီးရှိ မက္ကသာကျေးရွာ၊ ဘုရားတောင်ကျေးရွာများအပါအဝင် ကျေးရွာပေါင်း ၆ ရွာမှ ဒေသခံပြည်သူများ တိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။
"၂ ရက်နေ့က တစ်ခါလာတယ်၊ ၃ ရက်နေ့မှာလည်း လေယာဉ်လာတယ်၊ အခု ၆ ရက်မနက်မှာ မက္ကသာရွာကို ဗုံးကျဲသွားတယ်၊ နေ့လယ်မှာ လေယာဉ်ထပ်ဝဲတယ်။ မက္ကသာဂွင်နဲ့ ဘုရားတောင်ဂွင်က ရွာတွေကတော့ ရှောင်ကြပြီ၊ လေယာဉ် စ လာတဲ့နေ့ကတည်းက" ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၆ ရက် ယနေ့နံနက် ၂ နာရီခွဲနှင့် ၂ နာရီ ၄၀ မိနစ်ကြားတွင် စစ်ကောင်စီက လေကြောင်းမှတဆင့် ဗုံးကျဲပစ်ခတ်ခြင်းကြောင့် မက္ကသာကျေးရွာရှိ ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့သည်။
ယခင်က အဆိုပါ ဘုန်းကြီးကျောင်းတွင် ဒေသခံရွာသားများ ခိုလှုံနေကြသော်လည်း ယခု စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ချိန်တွင် ဒေသခံများမှ ရှောင်တိမ်းနေကြသည့်အတွက် လူထိခိုက်မှု မရှိခဲ့ကြောင်း သိရှိရသည်။
"ဒီဒေသတွင်းမှာ တိုက်ပွဲတွေဖြစ်တော့ ကျောင်းထိုင်ဘုန်းကြီးက အရင်ရက်တွေကတည်းက ရှောင်သွားပြီ၊ ဘုန်းကြီးရှောင်သွားတော့ ပြည်သူတွေလည်း ဘုန်းကြီးကျောင်းကို မသွားကြတော့ဘူး၊ အဲဒါကြောင့် ပြည်သူတွေ မထိတာ" ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
ဘုရားသုံးဆူမြို့အနီး ဘုရားတောင်စစ်တပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့က စက်တင်ဘာလ ၂၈ ရက်နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီသည် ကြာအင်းဆိပ်ကြီးအခြေစိုက် တပ်ရင်းများမှတဆင့် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခြင်း၊ ကင်းထောက်နှင့် တိုက်လေယာဉ်များ မကြာခဏ ဝဲပျံခြင်း၊ ဗုံးကျဲပစ်ခတ်ခြင်းများ ပြုလုပ်နေသည်။
========================
📌📌 ၆။ Spring Yangon မြေကွက်များ ၉၉ ရာခိုင်နှုန်းရောင်းချပြီးဖြစ်တယ်လို့ဆို
Spring Yangon မြေကွက်များ ၉၉ ရာခိုင်နှုန်းရောင်းချပြီးဖြစ်တယ်လို့ အောက်တိုဘာ ၆ ရက်မှာ EOD က Spring Yangon မြေကွက်များနဲ့ပတ်သက်လို့အသိပေးဆိုပါတယ်။
"နွေဦးတော်လှန်ရေး အောင်ပွဲ အပေါ် လူထုရဲ့ ယုံကြည်မှု အညွှန်းကိန်း တစ်ခုလို့ ဆိုရင်တောင်ရမယ့် ကျွန်တော်တို့ရဲ့ Spring Investment စီမံကိန်းများဟာ ရန်ကုန်မှာ အင်မတန် တာထွက်ကောင်းခဲ့တာ အားလုံးသိကြမှာပါ။ ဘယ်လောက်ထိတောင်လဲ ဆိုရင် နွေဦးမော်ကွန်းသစ် @Thanthumar (Spring Glory 1 & 2) မြေကွက်ပေါင်း ၆၅၀ ဟာ ရက်ပိုင်းအတွင်း အကုန်ရောင်းချခဲ့ရပြီး လိုချင်ပါရက်နဲ့ မရလိုက်သူ အတော်များများ ရှိနေတာ feedback များအရ သိရပါတယ်။ ၁၀၀% ပြည့် အောင်မြင်ခြင်းပါ။ နွေဦးရိပ်မွန် @ Mindhama (Spring Villa) မြေကွက်များ ဆိုရင်လည်း အကွက် ၁၀၀ ဖော်ဆောင်ရာမှာ ၉၃% ထိ ရောင်းချ အောင်မြင်ပြီး ဖြစ်ပါတယ်"လို့ ဆိုပါတယ်။
အချို့ အမှာစာထပ်တာတွေ ပြန်လည်စိစစ် အတည်ပြုပြီးနောက်မှာ Spring Villa မြေကွက် ၇ ကွက် ထွက်ပေါ်လာတဲ့ အတွက် ရန်ကုန်မြို့ရဲ့ ဒုတိယ စီးပွားရေး အချက်အချာ ဖြစ်လာမယ့် နေရာမှာ ရင်းနှီးမြှုပ်နှံလိုရင် အခွင့်အလမ်း နည်းနည်း ကျန်နေသေးတယ်လို့ဆိုပါတယ်။ လတ်တလောမှာမြေကွက်များရောင်းရငွေ အမေရိကန်ဒေါ်လာ ၁၆ သန်း အပေါင်း ထပ်တိုးဖို့ရှိနေပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment