6th OCT 2022 - Morning Daily News by Radio NUG


၂၀၂၂ အောက်တိုဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကိုင်းတိုင်းမှာ Non CDM ဝန်ထမ်းများနှင့်ပတ်သက်၍ ကြေညာချက်ထုတ်ပြန်ထားမှုအပေါ် အလင်းဝင်လာသူ များစွာရှိလာတယ်လို့ပြည်ထဲရေးဝန်ကြီးအသိပေး

📌 ၂။ စစ်ကောင်စီရဲ့ ယန္တရားလုံးဝပျက်သုဥ်းနေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၃။ ချင်းပြည်နယ် မင်းတပ်ရှိစကစအကြမ်းဖက်ရဲ့  လက်နက်ကြီး အထိုင်ချနေရာ ခလရ၂၇၄ ( ) မိုင်ဂိတ်အနီး အား CDF-MINDATမှ အနီးကပ်တိုက်ခိုက်

📌 ၄။  စစ်အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းမှာ အရပ်သားနေအိမ် ၁၀၅ လုံး မီးရှိ့ဖျက်ဆီးခံရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကိုင်းတိုင်းမှာ Non CDM ဝန်ထမ်းများနှင့်ပတ်သက်၍ ကြေညာချက်ထုတ်ပြန်ထားမှုအပေါ် အလင်းဝင်လာသူ များစွာရှိလာတယ်လို့ပြည်ထဲရေးဝန်ကြီးအသိပေး


စစ်ကိုင်းတိုင်းမှာ Non CDM ဝန်ထမ်းများနှင့်ပတ်သက်၍ ကြေညာချက်ထုတ်ပြန်ထားမှုအပေါ် အလင်းဝင်လာသူ များစွာရှိလာတယ်လို့ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်ကဆိုပါတယ်။


အောက်တိုဘာလ ရက်နေ့မှာ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုအစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီးကပြောပါတယ်။


"အုပ်ချုပ်ရေးလုပ်ငန်းများသည် အင်မတန်မှ ကြီးလေးသောတာဝန်ဖြစ်၍ မြို့နယ်များအနေဖြင့် စနစ်တကျဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊  စစ်ကိုင်းတိုင်း၌ Non CDM ဝန်ထမ်းများနှင့်ပတ်သက်၍ ကြေညာချက်ထုတ်ပြန်ထားမှုအပေါ် အလင်းဝင်လာသူ များစွာရှိသည်ကို သိရပါကြောင်း၊ ပြည်သူ့အုပ်ချုပ်ရေးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများကိုလည်း လစ်ဟင်းမှုမရှိစေရန် ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


 ဆက်လက်ပြီး ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနမှ ရှေ့လုပ်ငန်းစဉ်များနှင့် မူဝါဒပိုင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ပြီး၊ တက်ရောက်လာသော ပအဖ/ပလဖ အဖွဲ့ဝင်များကမြေပြင်အုပ်ချုပ်ရေးဆောင်ရွက်နေမှုများ၊ အုပ်ချုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍  ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များ၊ ထိန်းချုပ်နယ်မြေများအတွင်းကျေးရွာအုပ်ချုပ်ရေးယန္တရားများကို ခိုင်ခိုင်မာမာ လည်ပတ်နေသည့်အခြေအနေများ  စသည်တို့ကို ရှင်းလင်းတင်ပြခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နှင့် ဒုတိယပြည်ထောင်စုဝန်ကြီးတို့ ဦးဆောင်ကာ တွဲဖက်အတွင်းဝန်နှင့် ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။



========================


📌📌 ၂။ စစ်ကောင်စီရဲ့ ယန္တရားလုံးဝပျက်သုဥ်းနေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


စစ်ကောင်စီရဲ့ ယန္တရားလုံးဝပျက်သုဥ်းနေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်ပါတယ်။ အောက်တိုဘာ ရက်နေ့ လူမှုကွန်ရက်မှာ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကရေးသားဆိုပါတယ်။


"စစ်ကိုင်းနဲ့မကွေးက Non CDM တွေ ရာနဲ့ချီပြီး မြို့နယ်တိုင်းမှာ ပြည်သူနဲ့ပူးပေါင်းလာကြတယ်။ရာနဲ့ချီပြီးမြို့နယ်တိုင်းမှာ ခံဝန်နဒ့အလင်းဝင်လာကြတယ်။ပအဖနဲ့ဒေသခံ CDM များကစီစစ်လက်ခံလျက်ရှိတယ်။စစ်ဆေးလျက်ရှိတယ်။စကစရဲ့ ယန္တရားလုံးဝပျက်သုဥ်းနေပြီ"လို့ဝန်ကြီးကဆိုပါတယ်။


အကြမ်းဖက် စစ်တပ်ဟာ စစ်ကိုင်းတိုင်း၊မကွေးတိုင်းနဲ့ကရင်နီဒေသ၊ကရင်ပြည်နယ်၊ချင်းပြည်နယ်တို့ကိုနယ်မြေစိုးမိုးရေးအတွက် အသည်းအသန်းလုပ်ဆောင်နေရပါတယ်။ လက်ရှိမှာ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်း လမ်းမကြီးများကို ပြည်သူ့ကာကွယ်ရေးတပ်များက ၈၅ ရာခိုင်နှုန်းအထက်ထိန်းချုပ်ထားနိုင်ပါတယ်။


========================


📌📌 ၃။ ချင်းပြည်နယ် မင်းတပ်ရှိစကစအကြမ်းဖက်ရဲ့  လက်နက်ကြီး အထိုင်ချနေရာ ခလရ၂၇၄ ( ) မိုင်ဂိတ်အနီး အား CDF-MINDATမှ အနီးကပ်တိုက်ခိုက်


ချင်းပြည်နယ် မင်းတပ်ရှိစကစအကြမ်းဖက်ရဲ့  လက်နက်ကြီး အထိုင်ချနေရာ ခလရ ၂၇၄ ( ) မိုင်ဂိတ်အနီး အား CDF-MINDAT မှ အနီးကပ်တိုက်ခိုက်ခဲ့ပါတယ်။


အောက်တိုဘာ ရက် မနက် ၁၁ နာရီ ၃၀ ခန့်အချိန်စကစအကြမ်းဖက်ရဲ့  လက်နက်ကြီး အထိုင်ချနေရာ ခလရ ၂၇၄ ( ) မိုင်ဂိတ်အနီး အားပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ CDF-MINDAT မှအတည်ပြုပါတယ်။


" စကစအကြမ်းဖက်တပ်ရဲ့  လက်နက်ကြီး အထိုင်ချနေရာ ခလရ ၂၇၄ ( ) မိုင်ဂိတ်အနီး အား CDF-MINDAT မှ အနီးကပ်တိုက်ခိုက်ခိုက်ခဲ့ပြီး စကစ ဘက်မှ အကျ အဆုံးများနိုင်ကြောင်း စစ်ကြာင်းဦးစီး တပ်ရင်းမှူး၏သတင်းပေးပို့ချက်အရ သိရှိရတယ်"လို့ဆိုပါတယ်။


စကစ ဘက်မှလည်း အများပြည်သူနေထိုင်သော ကျေးရွာဘက်သို့ လက်နက်ကြီးအချက်၂၀ခန့်ပစ်ခတ်ခဲ့ပြီး မင်းတပ်မြို့( )မိုင် တက္ကသိုလ် သွားရာ လမ်းအနီး နေအိမ်တစ်လုံးပျက်စီးခဲ့ပြီး ကျန် ထိခိုက်ပျက်စီးမှုများ အားဆက်လက်စုံစမ်းနေတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။  စစ်အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းမှာ အရပ်သားနေအိမ် ၁၀၅ လုံး မီးရှိ့ဖျက်ဆီးခံရ


စစ်အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းမှာ အရပ်သားနေအိမ် ၁၀၅ လုံး မီးရှိ့ဖျက်ဆီးခံခဲ့ရတယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ ရက်မှာ Southern Monitor က စုစည်းထားသည့် အချက်အလက်များထုတ်ပြန်ခဲ့ပါတယ်။


 ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအထိ စစ်ကောင်စီတပ်ဖွဲ့များနှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ လက်ချက်ကြောင့်  အရပ်သားနေအိမ် ၁၀၅ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ဖော်ပြပါတယ်။


မြို့နယ်အလိုက် ကြည့်လျှင် ထားဝယ်မြို့နယ်တွင် ()လုံး၊ လောင်းလုံးမြို့နယ်တွင် () လုံး၊ သရက်ချောင်းမြို့နယ်တွင် (၃၁) လုံး၊ ရေဖြူမြို့နယ်တွင် ()လုံး၊ မြိတ်မြို့နယ်တွင် ()လုံး၊ ပုလောမြို့နယ်တွင် (၃၇)လုံး၊  တနင်္သာရီမြို့နယ်တွင် (၁၈) လုံးနှင့် ဘုတ်ပြင်းမြို့နယ်တွင် () လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။


မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ်များကို လေ့လာကြည့်ရာတွင် PDF တပ်ဖွဲ့ဝင်များက စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှုနေကြောင့် စစ်ကောင်စီတပ်ဖွဲ့များက အနီးဝန်းကျင်ရှိ အရပ်သား နေအိမ်များကို မီးရှို့ခြင်း၊ နှစ်ဘက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များက ဒေသခံ အရပ်သား နေအိမ်များကို မီးရှို့ခြင်း၊ စစ်ကောင်စီ စစ်ကြောင်းများ ဝင်ရောက်လာပြီးနောက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရစဉ် အရပ်သား နေအိမ်များကို မီးရှို့ခြင်းတို့တွေ့ရတယ်လို့ Southern Monitor ကဖော်ပြပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment