7th OCT 2022 - Morning Daily News by Radio NUG

 


၂၀၂၂ အောက်တိုဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကောင်စီအနေနဲ့ ၎င်းတို့ နယ်မြေထိန်းချုပ်လာနိုင်မှု လျှော့နည်းလာတာနဲ့အမျှ ကြွက်မနိုင် ကျီမီးရှို့တဲ့ လုပ်ရပ်များကိုပြောင်ပြောင်တင်းတင်း ပြုလုပ်လာတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် နွေဦးတော်လှန်ရေးမြန်မာမွတ်စလင်မ် ကွန်ရက် (SRMMN) တို့ တွေ့ဆုံဆွေးနွေး

📌 ၃။ စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီးအဖွဲ့များ (PDF) အယောင်ဆောင်တိုက်ခိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ဂုဏ်သိက္ခာ ကျဆင်းအောင် စီမံချက်ချဆောင်ရွက်နေတယ်လို့အသိပေး

📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အမွေအနှစ်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စစ်ကိုင်းမှစတင်၍ လုပ်ဆောင်သွားမယ်

📌 ၅။ တော်လှန်ပြည်သူများနှင့် NUGPay မိသားစု၏ ဒုတိယအကြိမ်မြောက် “For Our People“ လှုပ်ရှားမှု အစီအစဉ်တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် အားသိန်း ၆၀ ကျော် ကူညီထောက်ပို့နိုင်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကောင်စီအနေနဲ့ ၎င်းတို့ နယ်မြေထိန်းချုပ်လာနိုင်မှု လျှော့နည်းလာတာနဲ့အမျှ ကြွက်မနိုင် ကျီမီးရှို့တဲ့ လုပ်ရပ်များကိုပြောင်ပြောင်တင်းတင်း ပြုလုပ်လာတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


စစ်ကောင်စီအနေနဲ့ ၎င်းတို့ နယ်မြေထိန်းချုပ်လာနိုင်မှု လျှော့နည်းလာတာနဲ့အမျှ ကြွက်မနိုင် ကျီမီးရှို့တဲ့ လုပ်ရပ်များကိုပြောင်ပြောင်တင်းတင်း ပြုလုပ်လာတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောကြားလိုက်ပါတယ်။ အောင်တိုဘာ ရက်ကျင်းပတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ် (၃၁/၂၀၂၂) မှာ ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။


"စစ်ကောင်စီအနေဖြင့် ၎င်းတို့ နယ်မြေထိန်းချုပ်လာနိုင်မှု လျှော့နည်းလာသည်နှင့်အမျှ ကြွက်မနိုင် ကျီမီးရှို့သည့် လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း ပြုလုပ်လာမှုကြောင့် အပြစ်မဲ့ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် များစွာ ဆုံးရှုံးမှု ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ အဆိုပါအခြေအနေများကို မိမိတို့အစိုးရမှ တတ်စွမ်းသည့်ဘက်မှ ဝိုင်းဝန်းထောက်ပံ့ကူညီပေးနေမှုများကိုလည်း ပြည်သူလူထုကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့၏ လုပ်နိုင်စွမ်းကိုလည်း နိုင်ငံတကာမှ သိရှိကာ အသိအမှတ်ပြုမှုများ ရှိလာပါကြောင်း၊ မိမိတို့ အစိုးရအဖွဲ့ဝင်များ စွမ်းဆောင်ချက်များသည် တော်လှန်ရေးအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေသဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြပါရန် လိုအပ်ပါကြောင်း"ပြောကြားခဲ့ပါတယ်။


တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၃၀/၂၀၂၂) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်များ၊ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ထားရှိသည့်ကိစ္စရပ်များအပေါ်  တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အဆိုပါအစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ၊ ဖော်ဆောင်ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်၍ ဒုတိယဥက္ကဌ () ၊ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် နွေဦးတော်လှန်ရေးမြန်မာမွတ်စလင်မ် ကွန်ရက် (SRMMN) တို့ တွေ့ဆုံဆွေးနွေး


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် နွေဦးတော်လှန်ရေးမြန်မာမွတ်စလင်မ် ကွန်ရက် (SRMMN) တို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အောက်တိုဘာလ ရက်နေ့မှာပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် နွေဦးတော်လှန်ရေးမြန်မာမွတ်စလင်မ်ကွန်ရက်တို့ တွေ့ဆုံဆွေးနွေးခဲ့တာလို့ဆိုပါတယ်။


တွေ့ဆုံဆွေးနွေးပွဲ၌ တက်ရောက်လာကြသူများက အပြန်အလှန် မိတ်ဆက်ပြီးနောက် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ ထို့နောက် နွေဦးတော်လှန်ရေးမြန်မာမွတ်စလင်မ်ကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည် က SRMMN အဖွဲ့အစည်းအကြောင်း မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ပါတယ်။


ဆက်လက်၍ နှစ်ဖက်အဖွဲ့အစည်းများမှ တက်ရောက်လာကြသူများက လက်ရှိလုပ်ဆောင်နေသော လုပ်ငန်းစဉ်များ၊ ရှေ့ဆက်၍ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းတိုင်ပင်ခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ ဝင်များ၊ နွေဦးတော်လှန်ရေးမြန်မာမွတ်စလင်မ်ကွန်ရက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီးအဖွဲ့များ (PDF) အယောင်ဆောင်တိုက်ခိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ဂုဏ်သိက္ခာ ကျဆင်းအောင် စီမံချက်ချဆောင်ရွက်နေတယ်လို့အသိပေး


စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီးအဖွဲ့များ (PDF) အယောင်ဆောင်တိုက်ခိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ဂုဏ်သိက္ခာ ကျဆင်းအောင် စီမံချက်ချဆောင်ရွက်နေတယ်လို့အသိပေးဆိုပါတယ်။ အောက်တိုဘာ ရက်နေ့မှာ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ နှင့် အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများသို့ ပန်ကြားချက်တစ်စောင်ကို NUG ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။


ထုတ်ပြန်ချက်အရ လက်ရှိအချိန်မှာ စစ်ကောင်စီလက်ကိုင်တုတ်များဖြစ်သည့် ပျူစောထီးအဖွဲ့များသည် စစ်ဘေးရှောင်ပြည်သူများထံသွားရောက် ကူညီနေသော ကုလသမဂ္ဂဝန်ထမ်းများအား People Defense Force (PDF) အယောင်ဆောင်တိုက်ခိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ဂုဏ်သိက္ခာ ကျဆင်းအောင် စီမံချက်ချဆောင်ရွက်နေတယ်လို့ဖော်ပြထားပါတယ်။


ထို့ကြောင့် ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးနယ်မြေများဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီး တို့သို့ သွားရောက်၍ အကူအညီပေးရေးလုပ်ငန်းများဆောင်ရွက်လျင် လုံခြုံရေးနှင့် ကူညီထောက် ပံ့ရေးလုပ်ငန်းများတွင် ဒေသခံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ (..) နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (.က.) များက ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနသို့ အကြောင်း ကြား ဆက်သွယ်ဆောင်ရွက်ပေးဖို့အသိပေးကြေညာထားပါတယ်။ ဆက်သွယ်ဆောင်ရွက်ရန်မှာ ဒေါက်တာလှိုင်မြင့်ဟန် (တွဲဘက်အတွင်းဝန်) - Signal Number +66 628255438 ဝန်ကြီးဌာနအီးမေးလ် - mohair@nugmyanmar.orgသို့ဆက်သွယ်နိုင်တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အမွေအနှစ်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စစ်ကိုင်းမှစတင်၍ လုပ်ဆောင်သွားမယ်


အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အမွေအနှစ်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စစ်ကိုင်းမှစတင်၍ လုပ်ဆောင်သွားမယ်လို့သတင်းရရှိပါတယ်။ အမွေအနှစ်ဆိုင်ရာကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုကို အောက်တိုဘာလ ရက်နေ့မှာကျင်းပခဲ့ပါတယ်။


ဆွေးနွေးပွဲသို့ အမွေအနှစ်ဆိုင်ရာကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းမှ  တက်ရောက်၍အဖွင့်အမှာစကား ပြောကြားရာတွင် " လက်ရှိ ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် သဘာဝယဉ်ကျေးမှုအမွေအနှစ်များပေါ်တွင် ဆိုးကျိုးသက် ရောက်မှု မဖြစ်စေရန် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ကြောင်း၊ ကြားကာလအမွေအနှစ်များအပေါ် အကြမ်းဖက်စစ်အုပ်စုမှ ရာဇဝတ်မှုများ ဆောင်ရွက်လာနိုင်မှုများကို ကြိုတင်ဆောင်ရွက် ကန့်သတ်လိုခြင်း ဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ဖိဖိစီးစီးဖြင့် ကန့်သတ်ဆောင်ရွက်ကြမည်ဆိုပါက ထိန်းသိမ်းဆောင်ရွက်နိုင်မည်ဖြစ်‌ကြောင်း၊ အမွေအနှစ်ထိန်းသိမ်းခြင်းကို စစ်ကိုင်းမှစတင်၍ လုပ်ဆောင်သွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအထိ တဖြည်းဖြည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း " ဝန်ကြီးကပြောပါတယ်။


ဒါ့အပြင်မြန်မာနိုင်ငံအတွင်းရှိ အမွေအနှစ်များကို လူ့အဖွဲ့အစည်းတစ်ခုလုံး၏ ကောင်းကျိုးအတွက်နှင့် တိုင်းရင်းသားလူမျိုးများကြားတွင် ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်ရေး အတွက် ရှေးရှုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ရှိ မြောက်ဦးမြို့၏ ရှေးဟောင်းဘုရားပုထိုးစေတီများကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှု များနှင့် စစ်ကိုင်းတိုင်းရှိ ဟန်လင်းမြို့ဟောင်းမှ အမွေအနှစ် တူးဖော် ရောင်းချမှုများက ရင်နာစရာကောင်းလှပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းမှထပ်လောင်းပြောပါတယ်။


========================


📌📌 ၅။ တော်လှန်ပြည်သူများနှင့် NUGPay မိသားစု၏ ဒုတိယအကြိမ်မြောက် “For Our People“ လှုပ်ရှားမှု အစီအစဉ်တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် အားသိန်း ၆၀ ကျော် ကူညီထောက်ပို့နိုင်ခဲ့


တော်လှန်ပြည်သူများနှင့် NUGPay မိသားစု၏ ဒုတိယအကြိမ်မြောက် “For Our People“ လှုပ်ရှားမှု အစီအစဉ်တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် အားသိန်း ၆၀ ကျော် ကူညီထောက်ပို့နိုင်ခဲ့ပါတယ်။ အောက်တိုဘာ၆ရက်နေ့မှာ NUGPayကနေအသိပေးဆိုပါတယ်။


တော်လှန်ပြည်သူများနှင့် NUGPay မိသားစု၏ ဒုတိယအကြိမ်မြောက် “For Our People“ လှုပ်ရှားမှု အစီအစဉ်တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် အား တတ်စွမ်းသရွေ့အားဖြည့် လှူဒါန်းနိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ NUGPay နဲ့ ကာကွယ်ရေးတပ်ဖွဲ့များကိုထောက်ပို့ကူနိုင်ပြီဖြစ်ပြီးတော့ NUG Pay ဟာ စစ်ကောင်စီရဲ့ ဘဏ္ဍာရေး ယန္တရားကနေလွတ်ကင်းတဲ့ ငွေပေးချေမှုစနစ်တစ်ခုဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment