9th OCT 2022 - Morning Daily News by Radio NUG


၂၀၂၂ အောက်တိုဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက် စစ်ကောင်စီဟာမသမာတဲ့ရွေးကောက်ပွဲရလဒ်အတုအယောင်တစ်ခု ဖန်တီးပြီးအာဏာကို လက်မလွှတ်စတမ်း ဆုပ်ကိုင်ထားဖို့ပဲ ဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးဆို

📌 ၂။ မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်ကောင်စီကို လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်လာအောင် ကူညီပေးတဲ့နိုင်ငံတွေမှာလည်း တာဝန်ရှိမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို

📌 ၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်  အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဝန်ကြီးဌာန၏ဆောင်ရွက်ချက်များအတွက် လာရောက်တင်ပြ ဆွေးနွေး

📌 ၄။ CDM တစ်ယောက်စနှစ်ယောက်စ ပြန်ဝင်ရုံ နဲ့ကမ္ဘာပျက်စရာမရှိဘူးလို့ ကိုမင်းကိုနိုင်ပြောကြားလိုက်

📌 ၅။ ထိုင်းနိုင်ငံ (တောင်ပိုင်း) စူလပ်ဌာနေခရိုင် ချိုင့်ရာမြို့၊ ဖွန်ဖတ်သစ်စက်ရုံမှ အလုပ်သမားများအား အလုပ်ထုတ်နစ်နာကြေးအကျိုးခံစားခွင့် နစ်နာကြေးငွေ ဘတ် (၁၂) သိန်းကျော် ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက် စစ်ကောင်စီဟာမသမာတဲ့ရွေးကောက်ပွဲရလဒ်အတုအယောင်တစ်ခု ဖန်တီးပြီးအာဏာကို လက်မလွှတ်စတမ်း ဆုပ်ကိုင်ထားဖို့ပဲ ဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးဆို


အကြမ်းဖက် စစ်ကောင်စီဟာမသမာတဲ့ရွေးကောက်ပွဲရလဒ်အတုအယောင်တစ်ခု ဖန်တီးပြီးအာဏာကို လက်မလွှတ်စတမ်း ဆုပ်ကိုင်ထားဖို့ပဲ ဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကပြောကြားလိုက်ပါတယ်။ PDF များသို့ပြောကြားတဲ့မိန့်ခွန်းမှာ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီးကဆိုပါတယ်။


"ပြည်သူ့ခုခံတွန်းလှန်စစ်ကြောင့် နယ်မြေစိုးမိုး ထိန်းချုပ်နိုင်စွမ်း တစ်နေ့တစ်ခြား ဆုံးရှုံးလာနေတဲ့ စစ်ကောင်စီအနေနဲ့ ဒီရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ မဖြစ်နိုင်ဘူးဆိုတာလည်း သူတို့ကောင်းကောင်းသိတယ်။ သို့သော် သူတို့လိုချင်တာက မသမာတဲ့ရွေးကောက်ပွဲရလဒ်အတုအယောင်တစ်ခု ဖန်တီးပြီး ပြည်သူ့ဒီမိုကရေစီအာဏာကို ခြေနဲ့နင်းချေပစ်ဖို့၊စစ်အုပ်စုနဲ့လက်တစ်ဆုပ်စာ အလိုတော်ရိတွေရဲ့ လက်ထဲမှာ အာဏာကို လက်မလွှတ်စတမ်း ဆုပ်ကိုင်ထားဖို့ပဲ ဖြစ်တယ်"လို့ဆိုပါတယ်။


စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ် သြဂုတ်လမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ဆိုထားပြီးတော့ အကြမ်းဖက် သတ်ဖြတ်ထားမှုများကို ကိုယ်လွတ်ရုန်းဖို့ ပြင်ဆင်နေပါတယ်။


========================


📌📌 ၂။ မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်ကောင်စီကို လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်လာအောင် ကူညီပေးတဲ့နိုင်ငံတွေမှာလည်း တာဝန်ရှိမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို


မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်ကောင်စီကို လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်လာအောင် ကူညီပေးတဲ့နိုင်ငံတွေမှာလည်း တာဝန်ရှိမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကဆိုလိုက်ပါတယ်။


အောက်တိုဘာ ရက်အမျိုးသားညီညွတ်ရေးအစိုးရမှကျင်းပသောပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့် သုံးသပ်ချက်နဲ့ ရှေ့လုပ်ငန်းစဉ်များအား ပြည်သူသို့ အစီရင်ခံ တင်ပြခြင်းသတင်းစာရှင်းလင်းပွဲအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးကဆိုပါတယ်။


"တစ်နိုင်ငံနဲ့တစ်နိုင်ငံကြား စစ်ဖြစ်တဲ့နေရာမှာပဲ အသုံးပြုရတဲ့လေကြောင်းတွေကို ကိုယ့်ပြည်သူလူထုကို အသုံးပြုပြီးတော့ သတ်ဖြတ်တယ်ဆိုကတည်းက သူတို့စစ်ကောင်စီသာမကဘဲနဲ့ ဒီအကြမ်းဖက် စစ်ကောင်စီကို လေကြောင်းတိုက်ခိုက်မှုတွေရှိလာအောင် ၊ဖြစ်လာအောင် ကူညီပေးနေတဲ့ နိုင်ငံတွေမှာလည်း တာဝန်ရှိပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် အကြမ်းဖက် စစ်အုပ်စုကို နိုင်ငံတကာရာဇဝတ်ခုံရုံးများသို့တင်နိုင်ပါက ကူညီထောက်ပံ့ပေးခဲ့တဲ့ နိုင်ငံတွေပါ တာဝန်ယူ တာဝန်ခံရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်  အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဝန်ကြီးဌာန၏ဆောင်ရွက်ချက်များအတွက် လာရောက်တင်ပြ ဆွေးနွေး


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲရေးဝန်ကြီးဌာန၏လက်ရှိလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ ဆွေးနွေးမေးမြန်းနိုင်ရန်  ဝန်ကြီးဌာနအား ဖိတ်ကြား၍  ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ရက်နေ့ဗီဒီယိုကွန်ဖရင့်မှတဆင့် တွေ့ဆုံခဲ့ကြပါတယ်။


ပထမဦးစွာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့် အမှာစကား ပြောကြားပြီးနောက် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဝန်ကြီးဌာန၏   လက်ရှိ ဆောင်ရွက်ချက်များအဖြစ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့အကူအညီ ပေးမှုများအတွက် ဒေသအလိုက်နှင့်ကဏ္ဍအလိုက် ခွဲခြားတင်ပြပြီး  ဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးရေးကိစ္စများအား ထုတ်ပြန်နိုင်မှုအခြေအနေနှင့် လူသားချင်းစာနာကူညီမှုဆိုင်ရာ လိုအပ်ချက်ဆန်းစစ်ခြင်း နည်းပြသင်တန်းများ၊ ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ထားရှိနိုင်မှုတို့ကို အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ပါတယ်။


၎င်းနောက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအား တင်ပြရာတွင် ကုလ သမဂ္ဂအပါအဝင် အာဆီယံနိုင်ငံများ၊ ပြည်တွင်း၊ ပြည်ပဖွဲ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ဆွေးနွေး ပြောကြားရာ ဝန်ကြီးဌာန၏ ရှင်းလင်းတင်ပြချက်များအပေါ် တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ကူညီဆောင်ရွက်နိုင်မည့် လုပ်ငန်းစဥ်များအား ဆွေးနွေးမေးမြန်းခဲ့ကြပါတယ်။


ထို့နောက် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဆက်လက်ကျင်းပရာ ရေးရာကော်မတီ များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေတို့အား တင်ပြအစီရင်ခံ၍ ရှေ့ဆက် အကောင်အထည်ဖော်ဆောင်မည့်လုပ်ငန်းများအား ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရေးရာကော်မတီများမှအတွင်းရေးမှူးများ နှင့်ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ CDM တစ်ယောက်စနှစ်ယောက်စ ပြန်ဝင်ရုံ နဲ့ကမ္ဘာပျက်စရာမရှိဘူးလို့ ကိုမင်းကိုနိုင်ပြောကြားလိုက်


CDM တစ်ယောက်စနှစ်ယောက်စ ပြန်ဝင်ရုံ နဲ့ကမ္ဘာပျက်စရာမရှိဘူးလို့ ကိုမင်းကိုနိုင်ပြောကြားလိုက်ပါတယ်။ အောက်တိုဘာ ရက်လူမှုကွန်ရက်မှာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကရေးသားဆိုပါတယ်။


"စက်တင်ဘာ (၁၂) ရက် NUG ရဲ့သတိပေးအမိန့်ထုတ်အပြီးဝန်းသို မြို့မှာ ဌာနစုံက ၁၅၆ ဦး၊ပင်လည်ဘူးမှာ ၇၄ ဦး၊ ကသာ ၄၅ ဦး ပါ။


CDM လုပ်ချိန်မလုပ်ခဲ့ပဲ၊တော်လှန်ရေးနဲ့နဖူးတဲ့တဲ့ဒူးတဲ့တဲ့တွေ့မှ နုတ်ထွက် ကတိပေးအလင်းဝင်လာကြတာပါ။တကယ့်ထိုးစစ်တိုက်နိုင်ရင် တောင်ပြိုသလိုပြိုကြဦးမှာ။ CDM တယောက်စနှစ်ယောက်စ ပြန်ဝင်ရုံ ကမ္ဘာပျက်စရာမရှိပါ ၃၈၀၀၀၀ ခန့်သော CDM တွေဟာ သူတို့တန်ဖိုးအပျက်မခံ တော်လှန်စိတ်အပြည့်နဲ့ အချင်းချင်းဖေးမ ခြေကုပ်ရရာကတိုက်နေမြဲပါ။ CDM သဘင်သည်တွေအပါဝင် တော်လှန်သောအနုပညာသမားတွေဆိုရင် သူတို့အနုပညာတွေကမ္ဘာပါတ်ဘဏ္ဍာရှာ တော်လှန်ရေးဝမ်းစာတောင်သိမ်းကြုံးရှာဖြည့်ပေးနေသေးတာ"လို့ဆိုပါတယ်။


လက်ရှိမှာ CDM ဝင်ပြီးမှ စကစဘက်သို့ ပြန်လည်ရောက်ရှိသွားသူ ဒုတပ်ရင်းမှူး ဗိုလ်မှူး မျိုးမင်းဦးကို ပြည်သူ့ သစ္စာဖောက်အဖြစ်ကြေညာထားပါတယ်။


========================


📌📌 ၅။ ထိုင်းနိုင်ငံ (တောင်ပိုင်း) စူလပ်ဌာနေခရိုင် ချိုင့်ရာမြို့၊ ဖွန်ဖတ်သစ်စက်ရုံမှ အလုပ်သမားများအား အလုပ်ထုတ်နစ်နာကြေးအကျိုးခံစားခွင့် နစ်နာကြေးငွေ ဘတ် (၁၂) သိန်းကျော် ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့


ထိုင်းနိုင်ငံ (တောင်ပိုင်း) စူလပ်ဌာနေခရိုင် ချိုင့်ရာမြို့၊ ဖွန်ဖတ်သစ်စက်ရုံမှ အလုပ်သမားများအား အလုပ်ထုတ်နစ်နာကြေးအကျိုးခံစားခွင့် နစ်နာကြေးငွေ ဘတ် (၁၂) သိန်းကျော် ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာနကဆိုပါတယ်။


ထိုင်းနိုင်ငံ (တောင်ပိုင်း) စူလပ်ဌာနေခရိုင် ချိုင့်ရာမြို့၊ ဖွန်ဖတ်သစ်စက်ရုံမှာ အလုပ်ရှင်အသစ်ပြောင်း၍ အလုပ်သမား (၁၁၀) ဦးကို စက်တင်ဘာ ၂၉ ရက်နေ့မှ စ၍ အလုပ်ထုတ်ပြီး နစ်နာကြေးငွေများမရရှိကြောင်း တိုင်ကြားလာသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တာဝန်ပေးအပ်မှုအရ ကိုရဲမင်း တာဝန်ခံဦးဆောင်သော AAC မဟာမိတ်အဖွဲ့ မှအောက်တိုဘာ ရက်နေ့တွင် စူလပ်ဌာနီခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန (ဆာဝါဒီကန်) နှင့် ချိတ်ဆက်၍ သွားရောက်ကူညီခဲ့တယ်လို့သတင်းရရှိပါတယ်။ အလုပ်ရှင်၊ အလုပ်သမားများ ညှိနှိုင်း၍ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန (ဆာဝါဒီကန်) ရှေ့မှောက်တွင် နှစ်ဘက်သဘောတူစာချုပ်ချုပ်ဆို၍ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။


လုပ်သက် () နှစ် အထက်ရှိ အလုပ်သမား (၂၀) ဦးအား တစ်ဦးလျှင် (၃၀၀၀၀) ဘတ် နှုန်းဖြင့် (၆၀၀၀၀၀) ဘတ်၊ လုပ်သက် () နှစ်အထက်ရှိ အလုပ်သမား (၃၀) ဦးအား တစ်ဦးလျှင် (၁၅၀၀၀) နှုန်းဖြင့် (၄၅၀၀၀၀) ဘတ်၊ လုပ်သက် () နှစ် မှ () နှစ် ကြား ရှိ အလုပ်သမား (၁၀) ဦးအား တစ်ဦးလျှင် (၁၀၀၀၀) နှုန်းဖြင့် (၁၀၀၀၀၀) ဘတ်၊ လုပ်သက် () မှ () နှစ်အောက် အလုပ်သမား (၂၀) ဦး အား တစ်ဦးလျှင် (၅၀၀၀) ဘတ် နှုန်းဖြင့် (၁၀၀၀၀၀) ဘတ် စုစုပေါင်း (၁၂၅၀၀၀၀) ဘတ်ကို ၁၄.၁၀.၂၀၂၂ ရက်နေ့တွင် အလုပ်သမားများသို့ ပေးချေမှာဖြစ်ပါတယ်။


လုပ်သက် () အောက် အလုပ်သမား (၃၀) ဦး မှာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်(ပန်းရောင်ကတ်)စာရင်း တင်ထားပြီးဖြစ်၍ အလုပ်ရှင်မှ တရားဝင် အလုပ်ပြောင်းရွေ့ လုပ်ကိုင်ခွင့်စာရွက်စာတမ်း (ကျန့်အော်) ထုတ်ပေးမှာဖြစ်ပါတယ်။


မြန်မာနိုင်ငံ၏ အရေးပေါ်ကာလအခြေအနေတွင် အကူညီမဲ့နေသည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အလုပ်သမားအကျိုး ခံစားခွင့်များရရှိအောင် ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးသည့် စူလပ်ဌာနီခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန(ဆာဝါဒီကန်) နှင့် ဝန်ကြီးဌာန၏ တာဝန်ပေးအပ်မှုအရ ညှိနှိုင်းဖြေရှင်းပေးသည့် ကိုရဲမင်း တာဝန်ခံဦးဆောင်သော AAC မဟာမိတ်အဖွဲ့အား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်လို့ဆိုပါတယ်။ 


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment