11th NOV 2022 - Morning Daily News by Radio NUG

၂၀၂၂ နိုဝင်ဘာလ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ တရားမဝင် စစ်အုပ်စုနှင့် ခရိုနီများကို အမေရိကန်ပြည်ထောင်စု နှင့် ဥရောပသမဂ္ဂမှစီးပွားရေးပိတ်ဆို့မှုအသစ်များ ထပ်မံ တိုးမြှင့်ဆောင်ရွက်ခဲ့မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရမှ လှိုက်လှဲစွာကြိုဆို

📌 ၂။ စစ်ကောင်စီဟာ ပြည်သူလူထုရဲ့ ငြိမ်းချမ်းစွာနေထိုင်တဲ့နေရာတွေကို အဓိက ထားပြီး ချေမှုန်းဖို့ ကြိုးစားနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းပြောကြား

📌 ၃။ ကာကွယ်ရေးဝန်ကြီးဌာနအောက် တပ်ရင်း၇၀၃ရဲ့ ကွန်မန်ဒိုတပ်ဖွဲ့ဝင်များ ဝတ်စုံပြည့် လက်နက်ပြည့်နဲ့ စစ်ရေးလေ့ကျင့်

📌 ၄။ စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုံခြုံရေးစစ်ဆေးမှုတွေလုပ်ဆောင်နေပြီးတော့ အဓိကလမ်းများရဲ့၉၀ ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်ထား

📌 ၅။ click2donate page ကိုပြည်ပရောက် မြန်မာများ ဝိုင်းဝန်းရှယ်ပေးဖို့ တောင်းဆို

📌 ၆။ ကရင်နီပြည်ရဲတပ်ဖွဲ့မှ WY စိတ်ကြွရူးသွပ်ဆေးပြား (၂၅၈၀) ပြားဖမ်းဆီးရမိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တရားမဝင် စစ်အုပ်စုနှင့် ခရိုနီများကို အမေရိကန်ပြည်ထောင်စု နှင့် ဥရောပသမဂ္ဂမှစီးပွားရေးပိတ်ဆို့မှုအသစ်များ ထပ်မံ တိုးမြှင့်ဆောင်ရွက်ခဲ့မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရမှ လှိုက်လှဲစွာကြိုဆို


တရားမဝင် စစ်အုပ်စုနှင့် ခရိုနီများကို အမေရိကန်ပြည်ထောင်စု နှင့် ဥရောပသမဂ္ဂမှစီးပွားရေးပိတ်ဆို့မှုအသစ်များ ထပ်မံ တိုးမြှင့်ဆောင်ရွက်ခဲ့မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရမှ လှိုက်လှဲစွာကြိုဆိုလိုက်တယ်လို့ နိုဝင်ဘာလ ရက်မှာ အမျိုးသားညီညွတ်ရေး အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။


အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့မှ နိုဝင်ဘာ ရက် ၂၀၂၂ တွင် တရားမဝင် စစ်အုပ်စုနှင့် ၎င်းတို့နှင့်ဆက်နွယ်နေသည့် ခရိုနီများကို စီးပွားရေးပိတ်ဆို့မှု အသစ်များ ထပ်မံ တိုးမြှင့်ဆောင်ရွက်ခဲ့မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရမှ လှိုက်လှဲစွာကြိုဆိုပါတယ်လို့ဆိုပါတယ်။


ယခု ထပ်မံတိုးမြှင့်တဲ့ အရေးယူ ဆောင်ရွက်မှုများဟာ  မြန်မာပြည်သူများနှင့် မြန်မာပြည်သူများအား တရားဝင်အသိအမှတ် ပြုနိုင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ အပေါ် ထောက်ခံအားပေးကြောင်း သတင်းစကားပါး လိုက်ခြင်းလည်းဖြစ်ပြီးတော့တစ်ဖက်တွင်လည်း စစ်ရာဇဝတ်မှုများကို တိုးမြှင့်လုပ်ဆောင်နေသည့် အကြမ်းဖက်စစ်အုပ်စုအားလည်း သတိပေးလိုက်ခြင်းလည်းဖြစ်ပါတယ်လို့ဆိုပါတယ်။


ဥရောပသမဂ္ဂ၏ ထပ်မံတိုးမြှင့်လိုက်သည့် စီးပွားရေးပိတ်ဆို့မှုများသည် လူပုဂ္ဂိုလ် ၁၉ ဦးနှင့် စစ်အုပ်စုနှင့် ဆက်နွယ်နေသည့်အဖွဲ့အစည်းတခုကို အရေးယူလိုက်ခြင်းဖြစ်ပြီး ယခုအကြိမ်သည် ကြိမ်မြောက် ထပ်လောင်း အရေးယူခဲ့ခြင်းဖြစ်ပါတယ်။


 အမေရိကန်ပြည်ထောင်စု၏ ယခုအကြိမ် အရေးယူမှုသည်  စစ်အုပ်စု၏  စစ်လေယာဥ်နှင့်  ဆက်စပ်အစိတ်အပိုင်းများ  ဝယ်ယူ‌ထောက်ပံ့နေ သူများကို ဦးတည်အရေးယူခြင်း ဖြစ်ကာ အဆိုပါအရေးယူမှုသည် အောက်တိုဘာ ၂၃ ရက် ၂၀၂၂ ခုနှစ်က အကြမ်းဖက် စစ်အုပ်စုက ကချင်တိုင်းရင်းသားတို့၏ ဖျော်ဖြေရေးအခမ်းအနားတခုကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး လူပေါင်း တစ်ရာခန့် ထိခိုက်သေဆုံးခဲ့ရသော အကြမ်းဖက်ဖြစ်စဥ် နောက်ပိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ 


မြန်မာပြည်သူများ အရေးအတွက် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့မှ ဦးစီး ဦးဆောင်ပြု၍ ဆောင်ရွက်နေမှုများကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရမှ ကျေးဇူးတင်ရှိအပ်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကဖော်ပြပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီဟာ ပြည်သူလူထုရဲ့ ငြိမ်းချမ်းစွာနေထိုင်တဲ့နေရာတွေကို အဓိက ထားပြီး ချေမှုန်းဖို့ ကြိုးစားနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းပြောကြား


စစ်ကောင်စီဟာ ပြည်သူလူထုရဲ့ ငြိမ်းချမ်းစွာနေထိုင်တဲ့နေရာတွေကို အဓိက ထားပြီး ချေမှုန်းဖို့ ကြိုးစားနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းပြောကြားလိုက်ပါတယ်။ နိုဝင်ဘာလအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ဖက်ဒရယ် ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းကပြောပါတယ်။


"စစ်ကောင်စီရဲ့ ထိပ်တန်းလှိူ့ဝှက်ပေါ့။သူတို့အဓိက ပစ်မှတ်ထားတဲ့နေရာတွေကိုကြည့်မယ်ဆိုရင် နံပါတ်တစ်က ခရစ်ယာန် ဘုရားကျောင်းပါတယ်။နံပါတ်နှစ် ဆေးရုံပါပါတယ်။နံပါတ်သုံးက ကျောင်းတွေပါပါတယ်။ဒါတွေကိုကြည့်မယ်ဆိုရင် ဒါတွေက စစ်ရေး စစ်ရာမဟုတ်ဘူး။ပြည်သူလူထုရဲ့ ငြိမ်းချမ်းစွာနေထိုင်တဲ့နေရာတွေကို တိုက်ခိုက်ဖို့ အဓိက ထားပြီး ချေမှုန်းဖို့ ကြိုးစားတယ်ဆိုတာ သိပ်ထင်ရှားတယ်" ကချင်ပြည်နယ် ဖားကန့်အနန့်ပါ လေကြောင်းတိုက်ခိုက်မှုအပြီးမှာ အကြမ်းဖက်စစ်အုပ်စုက (CNF) ဌာနချုပ်လို့ ယူဆရတဲ့နေရာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေရှိလာခဲ့ပါတယ်။


========================


📌📌 ၃။ ကာကွယ်ရေးဝန်ကြီးဌာနအောက် တပ်ရင်း၇၀၃ရဲ့ ကွန်မန်ဒိုတပ်ဖွဲ့ဝင်များ ဝတ်စုံပြည့် လက်နက်ပြည့်နဲ့ စစ်ရေးလေ့ကျင့်


ကာကွယ်ရေးဝန်ကြီးဌာနအောက် တပ်ရင်း၇၀၃ရဲ့ ကွန်မန်ဒိုတပ်ဖွဲ့ဝင်များ ဝတ်စုံပြည့် လက်နက်ပြည့်နဲ့ စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၀ ရက်နေ့မှာ အနောက်ပိုင်းတိုင်း တပ်မဟာ () တပ်ရင်း (၇၀၃)က ကွန်မန်ဒိုတပ်ဖွဲ့ဝင်များလေ့ကျင့်နေမှုများကို မှတ်တမ်းဓာတ်ပုံထုတ်ပြန်ခဲ့ပါတယ်။


ကွန်မန်ဒိုတပ်ဖွဲ့ဝင်များဟာ ကျည်ကာဝတ်စုံပြည့်နဲ့ လက်နက်အပြည့် တပ်ဆင်ကာ စစ်ရေးလေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။ တပ်ရင်း (၇၀၃) ဟာ မကွေးတိုင်းအခြေစိုက် တပ်ရင်းတစ်ခုဖြစ်ပြီးတော့စစ်ကောင်စီတပ်ကို အမြစ်ပြုတ်တိုက်ထုတ်ရန် ကွန်မန်ဒိုတပ်ဖွဲ့ကို အချိန်ယူကာ လေ့ကျင့်နေသည့် တပ်ရင်းတစ်ခုလည်းဖြစ်ပါတယ်။


========================


📌📌 ၄။ စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုံခြုံရေးစစ်ဆေးမှုတွေလုပ်ဆောင်နေပြီးတော့ အဓိကလမ်းများရဲ့၉၀ ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်ထား


စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုံခြုံရေးစစ်ဆေးမှုတွေလုပ်ဆောင်နေပြီးတော့ အဓိကလမ်းများရဲ့၉၀ ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်ထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ နိုဝင်ဘာ ၁၀ ရက်နေ့ကာကွယ်ရေးဝန်ကြီးဌာနရဲ့ Twitter ကတဆင့် ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။


"စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုံခြုံရေးစစ်ဆေးမှုတွေ လုပ်နေပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးရှိ အဓိကလမ်းများ၏ ၉၀ ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက မြို့နယ်၃၆ခုကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီးတော့ ကသုံးလုံးစီမံချက်အနေနဲ့ စစ်ကိုင်းတိုင်းက မြို့နယ်၃ခု မှာလည်း တရားစီရင်ရေး၊အုပ်ချုပ်ရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အကောင်အထည်ဖော်လုပ်ဆောင်နေပါတယ်။


========================


📌📌 ၅။ click2donate page ကိုပြည်ပရောက် မြန်မာများ ဝိုင်းဝန်းရှယ်ပေးဖို့ တောင်းဆို


click2donate page ကိုပြည်ပရောက် မြန်မာများ ဝိုင်းဝန်းရှယ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ နိုဝင်ဘာ ၁၀ ရက်နေ့မှာ click 2donate ကအသိပေးဆိုပါတယ်။


"အရင်က click2donate ရဲ့ပို့စ်တစ်ခုတစ်ခုတိုင်းဟာ လူ၃သိန်းလောက်ဆီရောက်ပါတယ်။အခုတော့ လူ သောင်းလောက်ဆီပဲရောက်နေပါတယ်။တောင်းဆိုချင်တာလေးတစ်ခုကတော့ ပြည်ပကလူများရှိရင် page လေးကို like ယုံတင်မကပဲ see first/ get notifications လေး လုပ်ပေးကြပါဦး"လို့ဆိုပါတယ်။ click2donateဟာ ပြည်သူများ ကလစ်နှိပ်၍ ပံ့ပိုးမှုနဲ့ တော်လှန်ရေးအင်အားစုများထံ ပြန်လည်ထောက်ပို့နေခြင်းဖြစ်ပါတယ်။


========================


📌📌 ၆။ ကရင်နီပြည်ရဲတပ်ဖွဲ့မှ WY စိတ်ကြွရူးသွပ်ဆေးပြား (၂၅၈၀) ပြားဖမ်းဆီးရမိ


ကရင်နီပြည်ရဲတပ်ဖွဲ့မှ WY စိတ်ကြွရူးသွပ်ဆေးပြား (၂၅၈၀) ပြားဖမ်းဆီးရမိခဲ့ပါတယ်။ နိုဝင်ဘာ ၁၀ ရက်နေ့မှာ ကရင်နီပြည် ရဲတပ်ဖွဲ့ KSPက အသိပေးဆိုပါတယ်။


"ကရင်နီပြည်ရဲ၊ ညောင်ပင်လုံခြုံရေးရဲကင်းမှ အဖွဲ့ဝင်များ၊ KNDF Bo (5), Bo(6), Bo(8) မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေအတွင်းရှိ ကျေးရွာတာဝန်ခံများပါဝင်သော ပူးပေါင်းအဖွဲ့များဟာ စိုးမိုးနယ်မြေအတွင်း မူးယစ်ဆေးဝါးသတင်းအရရှာဖွေရာ WY စာတမ်းပါ ပန်းရောင်မူးယစ်ဆေးဝါး (၂၅၈၀) ပြားဖမ်းဆီးရမိခဲ့ပါတယ်"လို့ဆိုပါတယ်။ အဆိုပါဆေးပြားများနဲ့အတူ တရားခံကိုလည်း လက်ဝယ် ဖမ်းဆီးရမိခဲ့တယ်လို့သတင်းရရှိပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment