11th NOV 2022 - Evening Daily News by Radio NUG


၂၀၂၂ နိုဝင်ဘာလ ၁၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်အာဏာရှင်တွေရဲ့အတုအယောာင်ရွေးကောက်ပွဲကို အာဆီယံက ပယ်ချဖို့ အလေးအနက် မျှော်လင့်တယ်လို့ အာဆီယံ ထိပ်သီးအစည်းအဝေးသို့  ယာယီသမ္မတက ဒူဝါလရှီးလသဝဏ်လွှာပေးပို့

📌 ၂။ စစ်ကောင်စီဟာ ချင်းပြည်နယ်ရဲ့ မြေပြင်အခြေအနေကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းပြောကြားလိုက်

📌 ၃။ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို အကောင် အထည်ဖော်ရာတွင် ထိထိရောက်ရောက် မြန်မြန် ဆန်ဆန်ဖြင့်ဆောင်ရွက်ရန်ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား

📌 ၄။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေဆုံ

📌 ၅။ ရေဦးမြို့နယ် အတွင်း ယနေ့မနက် စစ်ကောင်စီက စစ်သုံးရဟတ်ယာဥ်များနဲ့ပစ်ခတ်တိုက်ခိုက်

📌 ၆။ ထီးလင်းမြို့၊ အမှတ် () ရပ်ကွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ မြို့နယ် အလုပ်အမှုဆောင်နဲ့ညီဖြစ်သူတို့ကို PDF နဲ့ပတ်သက်တယ်လို့ စွပ်စွဲကာ ညအချိန်မတော် နေအိမ်ထဲဝင်ရောက်ဖမ်းဆီးသွား

📌 ၇။ မြင်းမူ စီးပွားရေးဘဏ်မှာ ယနေ့မနက်ကင်းစောင့်ရင်းနဲ့ အိပ်နေတဲ့ စကစတပ်သား၈ဦးဗုံးထုခံရ၍ ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်အာဏာရှင်တွေရဲ့အတုအယောာင်ရွေးကောက်ပွဲကို အာဆီယံက ပယ်ချဖို့ အလေးအနက် မျှော်လင့်တယ်လို့ အာဆီယံ ထိပ်သီးအစည်းအဝေးသို့  ယာယီသမ္မတက ဒူဝါလရှီးလသဝဏ်လွှာပေးပို့


စစ်အာဏာရှင်တွေရဲ့အတုအယောာင်ရွေးကောက်ပွဲကို အာဆီယံက ပယ်ချဖို့ အလေးအနက် မျှော်လင့်တယ်လို့ အာဆီယံ ထိပ်သီးအစည်းအဝေးသို့  ယာယီသမ္မတက ဒူဝါလရှီးလသဝဏ်လွှာပေးပို့ဆိုလိုက်ပါတယ်။ နိုဝင်ဘာ ရက်နေ့ ရက်စွဲနဲ့  ၄၀ နဲ့  ၄၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတက သဝဏ်လွှာပေးပို့ခဲ့တာဖြစ်ပါတယ်။


ယာယီသမ္မတက ပေးပို့တဲ့သဝဏ်လွှာအရစစ်အာဏာရှင်တွေ အဆိုပြုထားတဲ့ ရွေးကောက်ပွဲကလည်း အတုအယောင်နဲ့ တရားတင်မဟုတ်တာကြောင့် မြန်မာနိုင်ငံနဲ့ ဒေသ တွင်း မတည်ငြိမ်မှုတွေ ပိုကြီးမားလာစေမှာ အသေအချာဖြစ်တယ်ဆိုတာနဲ့ အတုအယောာင်ရွေးကောက်ပွဲကို အာဆီယံက ပယ် ချဖို့ အလေးအနက် မျှော်လင့်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ 


ဒါ့အပြင် အာဆီယံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနဲ့ အခြားသော သက်ဆိုင်သူတွေကို ထိတွေ့ဆက်ဆံဖို့အတွက် လေးစားစွာ အကြံပြုထားပြီး မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေး ကို ဖြေရှင်းဖို့အတွက် အာဆီယံအနေနဲ့ အားလုံးပါဝင်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးဖိုရမ်ကို ခေါ်ယူပေးဖို့ အတွက်လည်း တောင်းဆိုထားပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီဟာ ချင်းပြည်နယ်ရဲ့ မြေပြင်အခြေအနေကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းပြောကြားလိုက်


စစ်ကောင်စီဟာ ချင်းပြည်နယ်ရဲ့ မြေပြင်အခြေအနေကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘူးလို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းပြောကြားလိုက်ပါတယ်။ နိုဝင်ဘာလအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ဖက်ဒရယ် ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းကပြောပါတယ်။


"စစ်ကောင်စီဟာ ချင်းပြည်နယ်ကို အနော်ရထာ စစ်ဆင်ရေးအပါအဝင် စစ်ဆင်ရေးအမျိုးမျိုးလုပ်ခဲ့ပါတယ်။ဒါပေမယ့် သူတို့စစ်ဆင်ရေးလုပ်တိုင်း မအောင်မြင်ပါဘူး။ ဒီအခြေအနေမှာ စစ်ကောင်စီဟာ မြေပြင်ကို မထိန်းချုပ်နိုင်တာသေချာတယ်"လို့ဝန်ကြီးကဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီခန့် ချင်းပြည်နယ် ဝန်ကြီးချုပ်က တင်ပြရာတွင်လည်း ၂၀၂၃ ရွေးကောက်ပွဲ ကျင်းပပါက မြို့နယ် ခုနစ်ခုတွင် နှစ်ခုသာ ကျင်းပနိုင်ကြောင်း အစီရင်ခံဆိုထားပါတယ်။


========================


📌📌 ၃။ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို အကောင် အထည်ဖော်ရာတွင် ထိထိရောက်ရောက် မြန်မြန် ဆန်ဆန်ဖြင့်ဆောင်ရွက်ရန်ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား


ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို အကောင် အထည်ဖော်ရာတွင် ထိထိရောက်ရောက် မြန်မြန် ဆန်ဆန်ဖြင့်ဆောင်ရွက်ရန်ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြားခဲ့ပါတယ်။ နိုဝင်ဘာလ ၁၁ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံပွဲမှာ ဝန်ကြီးကဆိုပါတယ်။


"အုပ်ချုပ်ရေးလုပ်ငန်းများဖော်ဆောင်ရာတွင် ပအဖ၊ ပကဖ၊ ပလဖ အချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးသည် အရေးကြီးကြောင်း၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို အကောင် အထည်ဖော်ရာတွင် ထိထိရောက်ရောက် မြန်မြန် ဆန်ဆန်ဖြင့်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အချင်းချင်းဖေးမပြီး ချိတ်ဆက်မှုကောင်းစွာဖြင့် တော်လှန်‌ရေးကိုအဆုံးထိဆောင်ရွက်ကြရန်ဖြစ်ကြောင်း"ဝန်ကြီးက ပြောကြားခဲ့ပါတယ်။


ထို့နောက် တက်ရောက်လာကြသည့် ဒုတိယပြည်ထောင်စုဝန်ကြီးများမှ နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးဌာနများမှ ဆောင်ရွက်နေသော လုပ်ငန်းများနှင့်ပတ်သက်၍  ရှင်းလင်းတင်ပြခဲ့ပြီး တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့်သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံပွဲသို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဦးဆောင်ကာ ဒုတိယပြည်‌ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေဆုံ


ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေဆုံခဲ့ပါတယ်။ နိုဝင်ဘာလ ၁၀ ရက်မှာ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေဆုံဆွေးနွေးမှု အစည်းအဝေး (/၂၀၂၂) ကိုကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှအဖွင့်အမှာစကားပြောကြားရာတွင် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အနေဖြင့် မြို့နယ်များနှင့် အမြဲချိတ်ဆက်ရန်နှင့် လုပ်ငန်းကိစ္စရပ်များကို ဖြေရှင်းဆောင်သွားရမည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့၌ စစ်ကောင်စီမှ စစ်ရေးအရှိန်မြင့်လာသည်နှင့်အမျှ ပြည်သူလူထု ထိခိုက်မှုလျော့နည်းစေရန်အတွက် မြို့နယ်များနှင့်ပေါင်းစပ်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ခရိုင်အလိုက် လုံခြုံရေးစီမံချက်များရေးဆွဲ၍ ဆောင်ရွက်သွားရန်ရှိပါကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို တည်ထောင်နိုင်ရေးဆောင်ရွက်နေသဖြင့် မြေပြင်နဲ့အမြဲထိတွေ့ပြီး မြေပြင်မှဆောင်ရွက်နေသူများ၏ အကြံဉာဏ်ပြောကြားချက်များကို ယူ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။


ဆက်လက်၍ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူမှ ရုံးလုပ်ငန်းလက်စွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး‌နောက်တက်ရောက်လာသော ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့ နေရသည့်ကိစ္စရပ်များနှင့် လိုအပ်ချက်များကို  တင်ပြဆွေးနွေးခဲ့ပါတယ်။


========================


📌📌 ၅။ ရေဦးမြို့နယ် အတွင်း ယနေ့မနက် စစ်ကောင်စီက စစ်သုံးရဟတ်ယာဥ်များနဲ့ပစ်ခတ်တိုက်ခိုက်


စစ်ကိုင်းတိုင်း ရေဦးမြို့နယ် အတွင်း ယနေ့မနက် စစ်ကောင်စီက စစ်သုံးရဟတ်ယာဥ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် စစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့ကအတည်ပြုဆိုပါတယ်။


"ရေဦးမြို့နယ် တစ်နေရာသို့ အကြမ်းဖက်စစ်တပ်မှ Mi 35 စီး Mi 17 စီးဖြင့် လေကြောင်းပစ်ခတ်မှုလုပ်ဆောင်နေပါတယ်။ ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရသဖြင့် ကူညီပေးကြပါရန် လိုအပ်ပါတယ်"လို့ ဆိုထားပါတယ်။


ပြီးခဲ့တဲ့  စက်တင်ဘာလ (၁၆) ရက်ကလည်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်း ကျေးရွာ က စာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စုရဲ့  MI 35 ရဟတ်ယာဉ်ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ခြေလျင်တပ်ရင်း (၃၆၈) က မြေပြင်ကနေ လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ပါ ပစ်ခတ်ခဲ့တဲ့ အတွက် စုစုပေါင်း ကလေး သူငယ် () ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသေးတယ်။


========================


📌📌 ၆။ ထီးလင်းမြို့၊ အမှတ် () ရပ်ကွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ မြို့နယ် အလုပ်အမှုဆောင်နဲ့ညီဖြစ်သူတို့ကို PDF နဲ့ပတ်သက်တယ်လို့ စွပ်စွဲကာ ညအချိန်မတော် နေအိမ်ထဲဝင်ရောက်ဖမ်းဆီးသွား


မကွေးတိုင်း ထီးလင်းမြို့၊ အမှတ် () ရပ်ကွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ မြို့နယ် အလုပ်အမှုဆောင်နဲ့ညီဖြစ်သူတို့ကို PDF နဲ့ပတ်သက်တယ်လို့ စွပ်စွဲကာ ညအချိန်မတော် နေအိမ်ထဲဝင်ရောက်ဖမ်းဆီးသွားခဲ့ပါတယ်။


မကွေးတိုင်း၊ ထီးလင်းမြို့၊ အမှတ် () ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ မြို့နယ် အလုပ်အမှုဆောင်  ဦးကြည်စိုးနှင့် ၎င်း၏ညီဖြစ်သူ ဦးမင်းကိုတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်ဆက်စပ်သည်ဟု စွပ်စွဲပြီး ထီးလင်းမြို့မရဲစခန်းမှ ရဲများက နိုဝင်ဘာလ ရက်နေ့ ညပိုင်းအချိန်တွင် နေအိမ်၌ ဖမ်းဆီးခဲ့တယ်လို့ AAPP ကဖော်ပြပါတယ်။


စစ်အာဏာသိမ်းပြီးနောက်၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၂၉၂၅) ဦးရှိပြီး ၎င်းတို့အနက်မှ  (၁၆၃၃) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။ နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၈၆) ဦးရှိပြီဖြစ်ပါတယ်။


========================


📌📌 ၇။ မြင်းမူ စီးပွားရေးဘဏ်မှာ ယနေ့မနက်ကင်းစောင့်ရင်းနဲ့ အိပ်နေတဲ့ စကစတပ်သား၈ဦးဗုံးထုခံရ၍ ဦးသေဆုံး


မြင်းမူ စီးပွားရေးဘဏ်မှာ ယနေ့မနက်ကင်းစောင့်ရင်းနဲ့ အိပ်နေတဲ့ စကစတပ်သား၈ဦးဗုံးထုခံရ၍ ဦးသေဆုံးခဲ့ပါတယ်။ နိုဝင်ဘာလ ၁၁ ရက်မနက် :၀၂ မိနစ် အချိန် မြင်းမူ စီးပွားရေးဘဏ်ကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ ( မြင်းခြံ -တပ်ရင်း )ကအသိပေးဆိုပါတယ်။


"ယနေ့မနက် :၀၂ မိနစ် အချိန် မြင်းမူ စီးပွားရေးဘဏ်မှာ စောင့်ရင်းနဲ့ အိပ်နေတဲ့ စကစတပ်သား၈ ယောက်ကို ဗုံးပစ်တိုက်ခိုက်ခဲ့ရာ၅ဦးသေဆုံးပြီး၁ဦးပြင်းထန်စွာ ဒဏ်ရာရခဲ့ပါတယ်"လို့ဆိုပါတယ်။ မစ်ရှင် ဆောင်ရွက်သောရဲဘော်များ အန္တရယ်ကင်း ဘေးကင်းပြီး စစ်ဆင်ရေးကိုZero ပြောက်ကျားတပ်ဖွဲ့ ( မြင်းခြံ -တပ်ရင်း ) နှင့် TRUE FIGHTER ( တပ်ခွဲ ) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment