27th NOV 2022 - Evening Daily News by Radio NUG


၂၀၂၂ နိုဝင်ဘာလ ၂၇ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြန်မာပြည်တွင်းမှာ တရားဥပဒေစိုးမိုးမှုမရှိတော့၍ အပြည်ပြည်ဆိုင်ရာ တရားရုံးများအနေနဲ့ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့လိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး​​ပြောကြား

📌 ၂။ စစ်ခေါင်းဆောင်တွေဟာ အမျိုးသမီးများအပေါ်မှာ အကြမ်းဖက်ခြင်းနဲ့ မဒိန်းကျင့်ခြင်းကို လက်နက်သဖွယ်အသုံးပြုနေတယ်

📌 ၃။ ကချင်ပြည်နယ်ရှိ KPDF တပ်ရင်းမှ အမျိုးသမီးရဲမေများအတွက် အမျိုးသမီး တကိုယ်ရေသုံးပစ္စည်းများ၊ ခြုံစောင်များကို အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ အလှူရှင်များ၏ အကူအညီဖြင့် ထောက်ပံ့ပေးပို့

📌 ၄။ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ နယူးယောက်မြို့၌ ဆန္ဒထုတ်ဖော်ပွဲ ကျင်းပသွားမည်

📌 ၅။ ကန့်ဘလူမြို့နယ် လွင်ကြီးရွာကိုဝင်ရောက်ခဲ့သော စကစတပ်များ သင်တောရွာကိုလက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ဝင်ရောက် သောင်းကျန်း

📌 ၆။ (ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU) လှုပ်ရှားနယ်မြေ အတွင်း ကျုးကျော် လာသော အကြမ်းဖက်စစ်ကောင်စီ တပ်၏ ကားတစ်စီး ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စကစတပ်ကသုံးဦးသေဆုံး

📌 ၇။ ကရင်နီပြည်ရဲ၊ အမှတ်()ရဲစခန်းမှ အဖွဲ့ဝင်များ WY စိတ်ကြွရူးသွပ်ဆေးပြား (၂၅၀၀) ကျော်ကို တရားခံ ဦးနှင့်အတူဖမ်းဆီးရမိ

📌 ၈။ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ် ထုတ်ကုန်များ မသုံးစွဲဖို့ နောက်ဆုံးအကြိမ်အဖြစ် သပိတ်ကျင်းတော်လှန်ရေးအင်အားစုသတိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြန်မာပြည်တွင်းမှာ တရားဥပဒေစိုးမိုးမှုမရှိတော့၍ အပြည်ပြည်ဆိုင်ရာ တရားရုံးများအနေနဲ့ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့လိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး​​ပြောကြား


နိုဝင်ဘာနောက်ဆုံးပတ်မှာ အမျိုးသားညီညွှတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်စေရေးအတွက် သတင်းစကားပါးရာမှာအခုလို ပြောကြားခဲ့ပါတယ်။


"ဒီကာလအတွင်းမှာ အမျိုးသမီးတွေ ဖမ်းဆီးခံရတာ ၂၇၀၀ ကျော်ရှိပါပြီ။သတ်ဖြတ်ခံရတဲ့အရေအတွက်ဟာ ၄၀၀ ကျော်ရှိပါပြီ။မဒိန်းကျင့်ကျူးလွန်ခံရတဲ့လူအားလုံး ၁၀၀ ကျော်လောက်ရှိပြီလို့ အခုလ ၈ရက်နေ့အထိ စာရင်းတွေအရသိရပါတယ်။မြန်မာပြည်တွင်းမှာ တရားဥပဒေစိုးမိုးရေးမရှိတော့ပါဘူး။အပြည်ပြည်ဆိုင်ရာတရားရုံးများ အမြန်ဆုံးအရေးယူဆောင်ရွက်ဖို့လိုပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင် မြန်မာနိုင်ငံအတွင်း အမျိုးသမီးနဒ့ကလေးသူငယ်များ သတ်ဖြတ်ခံနေရတဲ့အကြောင်းအရာများကို နိုင်ငံတကာကသိရှိပြီးတော့ အကူအညီများ ပေးကြဖို့ကိုလည်း လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေယက်တာဝင်းမြတ်အေးကထပ်လောင်းပြောကြားပါတယ်။


========================


📌📌 ၂။ စစ်ခေါင်းဆောင်တွေဟာ အမျိုးသမီးများအပေါ်မှာ အကြမ်းဖက်ခြင်းနဲ့ မဒိန်းကျင့်ခြင်းကို လက်နက်သဖွယ်အသုံးပြုနေတယ်


စစ်ခေါင်းဆောင်တွေဟာအမျိုးသမီးများအပေါ်မှာ အကြမ်းဖက်ခြင်းနဲ့ မဒိန်းကျင့်ခြင်းကို လက်နက်သဖွယ်အသုံးပြုနေတယ်လို့အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကဆိုပါတယ်။ နိုဝင်ဘာနောက်ဆုံးပတ်မှာ ဝန်ကြီးဒေါက်တာဆာဆာက ပြောကြားခဲ့ပါတယ်။


"မြန်မာနိုင်ငံမှာ ကြည့်မယ်ဆိုရင် ဒီအကြမ်းဖက် စစ်ခေါင်းဆောင်နဲ့ စစ်ဗိုလ်ချုပ်တွေဟာ ဘာကိုလုပ်သလဲဆိုရင် အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်တာတွေ၊ မဒိန်းမှုတွေက တော်တော်ရက်ရက် စက် စက်ဖြစ်နေတာ တွေ့ရတယ်။ရိုဟင်ဂျာ အမျိုးသမီးများအပေါ်မှာ ဖြစ်ခဲ့တဲ့ဟာကို သက်‌သေအထောက်ထားကြည့်တဲ့အခါမှာ လူမဆန်တဲ့ စစ်ခေါင်းဆောင်တွေက အကြမ်းဖက်ခြင်း၊ မဒိန်းကျင့်ခြင်းတွေကို လက်နက်သဖွယ်အသုံးပြုနေတာလည်းတွေ့ရတယ်"လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးနောက် လက်ထိအချိန်အထိ အမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှု အမှုပေါင်း ၁၀၀ ကျော်ရှိပြီးတော့ သတ်ဖြတ်ခံရမှု အယောက် ၄၀၀ ကျော်ရှိပြီဖြစ်ပါတယ်။


========================


📌📌 ၃။ ကချင်ပြည်နယ်ရှိ KPDF တပ်ရင်းမှ အမျိုးသမီးရဲမေများအတွက် အမျိုးသမီး တကိုယ်ရေသုံးပစ္စည်းများ၊ ခြုံစောင်များကို အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ အလှူရှင်များ၏ အကူအညီဖြင့် ထောက်ပံ့ပေးပို့


နိုဝင်ဘာ ၂၇ ရက်မှာ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှအခုလိုအသိပေးထုတ်ပြန်ပါတယ်။


"အမျိုးသမီးများ အကြမ်းဖက်ခံရမှုပပျောက်ရေးအတွက် ဖဲကြိုးဖြူကမ်းပိန်းလှုပ်ရှားမှုအထိမ်းအမှတ်အနေဖြင့် ကချင်ပြည်နယ်ရှိ KPDFတပ်ရင်းမှ အမျိုးသမီးရဲမေများအတွက် အမျိုးသမီး တကိုယ်ရေသုံးပစ္စည်းများ၊ ခြုံစောင်များကို အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ အလှူရှင်များ၏ အကူအညီဖြင့် ထောက်ပံ့ပေးပို့နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။ အမျိုးသမီးများ အကြမ်းဖက်ခံရမှုပပျောက်ရေးလှုပ်ရှားမှုကမ်ပိန်းကို နိုဝင်ဘာ၂၅ရက်မှ စတင်ကာ ၁၆ရက်တာအဖြစ် လှုပ်ရှားကြမှာဖြစ်ပါတယ်။


========================


📌📌 ၄။ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ နယူးယောက်မြို့၌ ဆန္ဒထုတ်ဖော်ပွဲ ကျင်းပသွားမည်


လူ့အခွင့်အရေးတွေပြန်ရဖို့ အမိမြန်မာပြည်ကိုကယ်တင်စို့ ခေါင်းစီးနဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ဆန္ဒထုတ်ဖော်ပွဲ ကျင်းပသွားမယ်လို့သတင်းရရှိပါတယ်။


"အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်မတရားဖမ်းဆီထားသူများအား ချက်ချင်းလွှတ်ပေးရေး၊ အမျိုးသမီးအခွင့်အရေးမြှင့်တင်ရေး နှင့် ကလေးသူငယ်အခွင့်အရေးအား ကာကွယ်စောင့်ရှောက်ကြရေး စသည်တို့အတွက် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် နယူးယောက်မြို့၌ ဆန္ဒထုတ်ဖော်ပွဲ ကျင်းပသွားမှာဖြစ်တယ်"လို့ NYCBC ကဖော်ပြပါတယ်။


ဒီဇင်ဘာ ၁၀ ရက်နေ့မှာ NYCBC အဖွဲ့သားတွေနဲ့အတူ အားလုံးလာရောက်အားဖြည့်ကြဖို့ မြန်မာပြည်ဖွား ပြည်ထောင်စုသားများကိုလည်း ဖိတ်ခေါ်တိုက်တွန်းထားပါတယ်။ ပြည်ပက ဆန္ဒပြပွဲတွေဟာ သက်ဆိုင်ရာ နိုင်ငံရဲ့ အစိုးရကို နိုင်ငံရေးအားဖြင့် သတိပေးနိုင်သလိုနိုင်ငံခြားရေးမူဝါဒအပေါ် လွှမ်းမိုးမှုလည်း ရှိနိုင်တယ်လို့ဆိုထားပါတယ်။


========================


📌📌 ၅။ ကန့်ဘလူမြို့နယ် လွင်ကြီးရွာကိုဝင်ရောက်ခဲ့သော စကစတပ်များ သင်တောရွာကိုလက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ဝင်ရောက် သောင်းကျန်း


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် လွင်ကြီးရွာကိုဝင်ရောက်ခဲ့သော စကစတပ်များ သင်တောရွာကိုလက်နက်ကြီး၊လက်နက်ငယ်များဖြင့်ပစ်ခတ်ဝင်ရောက် သောင်းကျန်းခဲ့ပါတယ်။ နိုဝင်ဘာ ၂၇ ရက် မနက်ပိုင်းမှာ စကစတပ်များ ကျေးရွာများကို လှည့်လည်သောင်းကျန်းနေတယ်လို့ ကိုးတောင်ဘို့ တော်လှန်ရေးအင်အားစုကအတည်ပြုဆိုပါတယ်။


"ယနေ့နံနက်လွင်ကြီးရွာကိုဝင်ရောက်ခဲ့သောစကစတပ်များသည်အရှေ့ဘက်ထွက်၍သံလမ်းကျော်ပြီး သင်တောရွာကိုလက်နက်ကြီး၊လက်နက်ငယ်များဖြင့်ပစ်ခတ်ဝင်ရောက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ အကြမ်းဖက်စစ်​​ကောင်စီနဲ့ပျူစောထီးပူးပေါင်းအဖွဲ့က မီးရှို့ခဲ့လို့ နိုဝင်ဘာလ ၂၂ ရက်နေ့ တရက်အတွင်းမှာတင် ကန့်ဘလူမြို့နယ်တောင်ခြမ်း ကာဘိုးတိုက်နယ်အတွင်းရှိကျေးရွာ ရွာမှနေအိမ်ပေါင်း ၈၀၀နီးပါးမီးလောင်ဆုံးရှုံးခဲ့ပါတယ်။


========================


📌📌 ၆။ (ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU) လှုပ်ရှားနယ်မြေ အတွင်း ကျုးကျော် လာသော အကြမ်းဖက်စစ်ကောင်စီ တပ်၏ ကားတစ်စီး ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စကစတပ်ကသုံးဦးသေဆုံး


(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU) လှုပ်ရှားနယ်မြေ အတွင်း ကျုးကျော် လာသော အကြမ်းဖက်စစ်ကောင်စီ တပ်၏ ကားတစ်စီး ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စကစတပ်ကသုံးဦးသေဆုံးခဲ့တယ်လို့ နိုဝင်ဘာ၂၇ရက်မှာ စစ်ရေးသတင်းကို (ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU)ကအသိပေးဆိုပါတယ်။


"(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU) လှုပ်ရှားနယ်မြေ အတွင်း ကျုးကျော် လာသော အကြမ်းဖက်စစ်ကောင်စီ တပ်၏ ကားတစ်စီး ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး နယ်မြေ ဝင်ရောက် ရှင်းလင်းခဲ့ပြီးဖြစ်ပါတယ်"လို့ဆိုပါတယ်။


မိုင်းဆွဲ တိုက်ခိုက်မူ အတွင်း စစ်ကောင်စီ တပ်မှ စစ်ကားတစ်စီး ပျက်စီး၊ရိက္ခာ အများပြား ပျက်စီးခဲ့ပြီး တပ်သား သုံးဦးသေဆုံးခဲ့ပါတယ်။ (ကရင်နီ) နယ်မြေ အတွင်း စစ်ကောင်စီ တပ်များ နှင့် တိုက်ပွဲ ပြင်းထန်လာနိုင်သဖြင့် ကျည် ၊ခဲယမ်း များ အကူအညီ လိုအပ်တယ်လို့လည်းဆိုထားပါတယ်။


========================


📌📌 ၇။ ကရင်နီပြည်ရဲ၊ အမှတ်()ရဲစခန်းမှ အဖွဲ့ဝင်များ WY စိတ်ကြွရူးသွပ်ဆေးပြား (၂၅၀၀) ကျော်ကို တရားခံ ဦးနှင့်အတူဖမ်းဆီးရမိ


ကရင်နီပြည်ရဲ၊ အမှတ်()ရဲစခန်းမှ အဖွဲ့ဝင်များ WY စိတ်ကြွရူးသွပ်ဆေးပြား (၂၅၃၅) ပြားကို တရားခံ၃ဦးနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်းကို နိုဝင်ဘာ၂၇ ရက်မှာ ကရင်နီပြည်ရဲတပ်ဖွဲ့က မူးယစ်ဆေးပြားများဖမ်းဆီးရမိကြောင်းအသိပေးဆိုပါတယ်။


"ကရင်နီပြည်ရဲ၊ အမှတ်()ရဲစခန်းမှ အဖွဲ့ဝင်များ၊ KNDF B-08 KNDF CDM မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေအတွင်းရှိ ကျေးရွာတာဝန်ခံများပါဝင်သော ပူးပေါင်းအဖွဲ့များဟာ အမှတ်()ရဲစခန်း စိုးမိုးနယ်မြေအတွင်း မူးယစ်ဆေးဝါးသတင်းအရရှာဖွေရာ တရားခံ () ဦး ထံမှ WY စာတမ်းပါ အပန်းရောင်မူးယစ်ဆေးပြား (၂၅၃၅) ပြားနှင့် အခြား သက်သေခံပစ္စည်းများဖမ်းဆီးရမိခဲ့ပါတယ်"လို့ဆိုပါတယ်။


ကရင်နီပြည်ရဲတပ်ဖွဲ့ဟာ ကရင်နီဒေသအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူများကိုမကြာခဏဖမ်းဆီးရမိခဲ့ပါတယ်။


========================


📌📌 ၈။ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ် ထုတ်ကုန်များ မသုံးစွဲဖို့ နောက်ဆုံးအကြိမ်အဖြစ် သပိတ်ကျင်းတော်လှန်ရေးအင်အားစုသတိပေး


နိုဝင်ဘာ ၂၇ ရက်မှာ သပိတ်ကျင်းတော်လှန်ရေးအင်အားစုကအသိပေးကြေညာချက်တစ်စောင်ကိုထုတ်ပြန်ခဲ့ပါတယ်။ "အဓိကကတော့ အက်ဒီ Mytel နဲ့ ပတ်သတ်တာတွေပါပဲ"လို့ သပိတ်ကျင်းတော်လှန်ရေးအင်အားစုကဆိုပါတယ်။


စစ်တပ်ထုတ်ကုန်များမသုံးစွဲရန် အသိပေးရာမှာ မြန်မာ ဘီယာ၊ Red Rubby ဆေးလိပ်၊ မိုင်တဲဆင်းကတ်နဲ့ဝိုင်ဖိုင် ထုတ်ကုန်တို့ပါဝင်ပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာတော့ စစ်တပ်ထုတ်ကုန် မြန်မာဘီယာများကို လမ်းပိုင်းစစ်ဆေးရေးဂိတ်များဖွင့်လှစ်၍ သယ်ဆောင်လာပါက အများပြည်သူရှေ့မှောက်တွင်ပင် ကာကွယ်ရေးတပ်များကဖျက်ဆီးလျက်ရှိပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment