၂၀၂၂ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီ ဖွဲ့စည်းတဲ့အခါမှာဥပဒေရေးရာ ကျွမ်းကျင်သူတွေအပြင် နိုင်ငံရေး အမြော် အမြင်အားကောင်းသူတွေပါ ပါဝင်ဖွဲ့စည်းဖို့ယာယီသမ္မတ ဒူဝါလရှီးလကဆို
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရဟာဗဟုစုံဝါဒ"ကို လေးစားတန်ဖိုးထား အသိအမှတ်ပြုသော ပညာရေးစနစ်ကို ဖော်ဆောင်မယ်လို့ ပညာရေးဒုဝန်ကြီးဆို
📌 ၃။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာစခန်းများမှာ လူထုအခြေပြုအထက်တန်းကျောင်း များ NUG - MOE ရဲ့ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်းဖြေဆိုရန် စိတ်ဝင်စားပါကဆက်သွယ်နိုင်
📌 ၄။အကြမ်းဖက်စစ်တပ်မှ ရဟတ်ယာဉ်များနှင့်ဂျက်လေယာဉ်များ အသုံးပြုကာ ကျေးရွာအတွင်းသို့ ပစ်ခတ်တိုက်ခိုက်မှုအပေါ်နိုင်ငံတကာအသိုင်းအဝိုင်းမှအရေးယူပေးပါရန် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCC ကထုတ်ပြန်
📌 ၅။ MPDF Salingyi Subcommittee က အခြေခံစစ်သင်တန်း သင်တန်းသားသစ်ခေါ်ယူ
📌 ၆။ စစ်တပ်ထုတ်ကုန် အရက်ပုလင်းများကို ပခုက္ကူခရိုင် အမှတ် (၆) တပ်ရင်း - MVRF က သိမ်းဆည်းရမိ၍ ဖျက်ဆီးပစ်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီ ဖွဲ့စည်းတဲ့အခါမှာဥပဒေရေးရာ ကျွမ်းကျင်သူတွေအပြင် နိုင်ငံရေး အမြော် အမြင်အားကောင်းသူတွေပါ ပါဝင်ဖွဲ့စည်းဖို့ယာယီသမ္မတ ဒူဝါလရှီးလကဆို
ဒီဇင်ဘာ (၁၃) ရက် အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၈) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလ ကအခုလိုပြောကြားခဲ့ပါတယ်။
"အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီ ဖွဲ့စည်းတဲ့အခါမှာ ဥပဒေရေးရာ ကျွမ်းကျင်သူတွေအပြင် နိုင်ငံရေး အမြော် အမြင်အားကောင်းသူတွေလည်း ပါဝင်ဖွဲ့စည်းဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ ကိစ္စရပ်တွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းခဲ့ဖူးတဲ့ အတွေ့အကြုံ ရှိသူတွေလည်း ပါဝင်စေသင့်တယ်လို့ ယူဆပါတယ်။ ဒီလိုပါဝင်လုပ်ဆောင်မယ့် သူတွေဟာ တော်ရုံ ထူးချွန်ရုံ သက်သက် မဟုတ်ဘဲ၊ နိုင်ငံနဲ့ တော်လှန်ရေးပေါ်မှာ စေတနာစိတ်ထားသူတွေလည်းဖြစ်ဖို့ လိုပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီ အခြေခံစံနှုန်းတွေကို အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခြေခံမူဘောင်တွေအဖြစ် ကိုင်ဆွဲ အသုံးပြုရလိမ့်မယ်လို့လည်း ယာယီသမ္မတ ကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရဟာဗဟုစုံဝါဒ"ကို လေးစားတန်ဖိုးထား အသိအမှတ်ပြုသော ပညာရေးစနစ်ကို ဖော်ဆောင်မယ်လို့ ပညာရေးဒုဝန်ကြီးဆို
အမျိုးသားညီညွတ်ရေးအစိုးရဟာဗဟုစုံဝါဒ"ကို လေးစားတန်ဖိုးထား အသိအမှတ်ပြုသော ပညာရေးစနစ်ကို ဖော်ဆောင်မယ်လို့ ပညာရေးဒုဝန်ကြီးဒေါက်တာ စိုင်းခိုင်မျိုးထွန်းကဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာမွတ်စ်လင်မ်တော်လှန်ရေးအင်အားစု (MMRF) တို့သည် ဒီဇင်ဘာလ (၁၁) ရက်တွေ့ဆုံရာမှာ ပညာရေးဒုဝန်ကြီးကပြောပါတယ်။
အနာဂတ်တွင်ဖော်ဆောင်မည့် ပညာရေးစနစ်နှင့်ပတ်သက်၍ မြန်မာမွတ်စ်လင်မ်တော်လှန်ရေးအင်အားစုက မေးမြန်းရာတွင် ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းက "ဗဟုစုံဝါဒ"ကို လေးစားတန်ဖိုးထား အသိအမှတ်ပြုသော ပညာရေးစနစ်ကို ဖော်ဆောင်မည်" ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။ မြန်မာမွတ်စ်လင်မ်တော်လှန်ရေးအင်အားစုမှ တက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားလူငယ်များက ၎င်းတို့၏ အတွေ့အကြုံများအပေါ် အခြေခံ၍ အကြံပြုချက်များ၊ ထည့်သွင်းစဉ်းစားရမည့် အချက်များကို ဆွေးနွေးခဲ့ကြပါတယ်။
ထို့နောက် ဒုဝန်ကြီးက မြန်မာမွတ်စ်လင်မ်တော်လှန်ရေး အင်အားစု၏ အကြံပြုချက်များအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး၊ တော်လှန်ရေးကာလ အပါအဝင် အနာဂတ် ကာလတွင် ခွဲခြားမှုကင်းသော ပညာရေးစနစ်ဖြစ်ပေါ်ရန် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌 ၃။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာစခန်းများမှာ လူထုအခြေပြုအထက်တန်းကျောင်း များ NUG - MOE ရဲ့ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်းဖြေဆိုရန် စိတ်ဝင်စားပါကဆက်သွယ်နိုင်
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာစခန်းများမှာ လူထုအခြေပြုအထက်တန်းကျောင်းများ NUG - MOE ရဲ့ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်းဖြေဆိုရန် စိတ်ဝင်စားပါကဆက်သွယ်နိုင်အကြောင်းကြားနိုင်တယ်လို့ဒီဇင်ဘာ၁၄ရက်မှာ NUG လူ့အခွင့်ရေးရာဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးက အသိပေးဆိုထားပါတယ်။
"ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာစခန်းများမှာ လူထုအခြေပြုအထက်တန်းကျောင်း များ NUG - MOE ရဲ့ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်းဖြေဆိုရန် စိတ်ဝင်စားတဲ့ ကျောင်းများရှိပါက အမြန်ဆုံးကျနော်နဲ့ ဆက်သွယ်ပါ"လို့ဆိုပါတယ်။ အကြမ်းဖက်စစ်တပ်ကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်သွားကြရတဲ့ ရိုဟင်ဂျာအများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ဒေသရှိ ဒုက္ခသည်စခန်းများမှာ နေထိုင်နေကြရပါတယ်။
========================
📌📌 ၄။ အကြမ်းဖက်စစ်တပ်မှ ရဟတ်ယာဉ်များနှင့်ဂျက်လေယာဉ်များ အသုံးပြုကာ ကျေးရွာအတွင်းသို့ ပစ်ခတ်တိုက်ခိုက်မှုအပေါ်နိုင်ငံတကာအသိုင်းအဝိုင်းမှအရေးယူပေးပါရန် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCC ကထုတ်ပြန်
ဒီဇင်ဘာ ၁၄ ရက်မှာ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCCကအခုလိုဖော်ပြထားပါတယ်။ တအာင်းဒေသ နမ့်ဆန်မြို့တွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်မှ ကျေးရွာများအတွင်းသို့လက်နက်ကြီးများနှင့်ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဗုံးကြဲ ခြင်းတို့ကြောင့် ကုန်းသာ၊ဟူးမန်း၊ ပန်အလော့ ၊မန်လုံး ကျေးရွာနေ ပြည်သူလူထု ၂၀၀၀ ကျော်နဲ့နီးစပ်ရာ ကျေးရွာများမှာ စစ်ရှောင်ခဲ့ကြရတယ်လို့ဖော်ပြပါတယ်။
ဒါ့အပြင် ပြည်သူလူထုနေအိမ်နဲ့ ဘာသာရေးအဆောက်အဦးများထိခိုက်ပျက်စီးခဲ့ပြီး တချို့ကိုအကြမ်းဖက်စစ်တပ်က မီးရှို့ခဲ့ခြင်းအပေါ် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCCက ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့ဆိုပါတယ်။
အဆိုပါ ဗုံးကြဲ တိုက်ခိုက်မှုများဟာ လူ့အခွင့်အရေးကိုပြောင်ပြောင်တင်းချိုးဖောက်သည့်အပြင် နိုင်ငံတကာလူ့အခွင့်အရေးနဲ့စစ်ရာဇဝတ်မှုများကို ချိုးဖောက်ကျူးလွန်နေတဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှအရေးယူပေးပါရန်တိုက်တွန်းဖော်ပြထားပါတယ်။
========================
📌📌 ၅။ MPDF Salingyi Subcommittee က အခြေခံစစ်သင်တန်း သင်တန်းသားသစ်ခေါ်ယူ
MPDF Salingyi Subcommittee ကအခြေခံစစ်သင်တန်း သင်တန်းသားသစ်ခေါ်ယူလျက်ရှိကြောင်းကို ဒီဇင်ဘာ ၁၄ ရက်နေ့မှာ MPDF Salingyi Subcommittee ကအသိပေးဆိုပါတယ်။
"လျှောက်ထားသူဟာ အသက်၁၈နှစ်နှင့် ၄၀ နှစ်အတွင်းသာဖြစ်ရမှာဖြစ်ပြီးတော့ကျန်းမာရေးကောင်းမွန်သူ၊ပေးအပ်သောတာဝန်များအားကျေပွန်စွာထမ်းဆောင်နိုင်သူဖြစ်ရမယ်"လို့ဆိုထားပါတယိ။
သင်တန်းကာလပြီးဆုံးပါက MPDF Salingyi Subcommittee တွင်တာဝန်ထမ်းဆောင်နိုင်သူသာဖြစ်ရမှာဖြစ်ပြီးတော့ တပ်ဖွဲ့မှ ကျွမ်းကျင်မှုအလိုက် ပေးအပ်သောလက်နက်အားကိုင်ဆောင်နိုင်သူ ဖြစ်ရမယ်လို့ဖော်ပြပါတယ်။ ဒါ့အပြင် သင်တန်းပြီးဆုံးပါက MPDF Salingyi Subcommittee တွင်အနည်းဆုံး (၂) နှစ်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့ဆိုထားပါတယ်။
========================
📌📌 ၆။ စစ်တပ်ထုတ်ကုန် အရက်ပုလင်းများကို ပခုက္ကူခရိုင် အမှတ် (၆) တပ်ရင်း- MVRF က သိမ်းဆည်းရမိ၍ ဖျက်ဆီးပစ်ခဲ့
စစ်တပ်ထုတ်ကုန် အရက်ပုလင်းများကို ပခုက္ကူခရိုင်အမှတ် (၆) တပ်ရင်း-MVRF က သိမ်းဆည်းရမိ၍ ဖျက်ဆီးပစ်ခဲ့တယ်လို့ ဒီဇင်ဘာလအတွင်းမှာ - MVRF ကအသိပေးဆိုပါတယ်။
"စစ်ကောင်စီပိုင် ကုမ္ဗဏီများမှ ထုတ်ဝေသော ပြည်သူများအားအဆိပ်အတောက်ဖြစ်စေနိုင်သည့် သေရည် အရက်ပုလင်းများအား မိမိတို့ ပခုက္ကူခရိုင် အမှတ် (၆) တပ်ရင်း- MVRF က သိမ်းဆည်းရမိခဲ့ပြီး ဖျက်ဆီးပစ်ခဲ့ပါတယ်"လို့ဆိုပါတယ်။
တပ်ရင်းတပ်ဖွဲ့များအနေဖြင့် ပြည်သူများအဆိပ်အတောက်ဖြစ်စေမည့် မည်သည့်အရာကို မဆို၊ စကစပိုင်ကုန်ပစ္စည်းများကိုလက်ခံမည်မဟုတ်ဘဲ တင်းကြပ်စွာ ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ Myaing Villages Revolution Front ကဖော်ပြပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment