၂၀၂၂ ဒီဇင်ဘာလ ၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး
📌 ၂။ အကြမ်းဖက် စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မသန်စွမ်းပြည်သူများအပါအဝင်ပြည်သူတစ်ရပ်လုံးကြုံတွေ့ခံစားနေရတယ်လို့သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
📌 ၃။ ထောင်သွင်းအကျဉ်းချခံရသူတို့နဲ့အတူတူ ရှိပေးကြဖို့ ဒုဝန်ကြီး မော်ထွန်းအောင် တိုက်တွန်း
📌 ၄။ တမူးမြို့နယ်မှာဒလန်ဆိုပြီးအမျိုးသမီးငယ်တစ်ဦးကို သတ်ဖြတ်ထားတဲ့ ဖြစ်စဥ် လက်ခံနိုင်စရာမရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရဆို
📌 ၅။ ဒီဇင်ဘာလအတွင်း Bond ဝယ်ယူကြတဲ့ လူထုများကို အမျိုးသား ဖယ်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌကြီးရဲ့ကျေးဇူးတင် ဂုဏ်ပြုအမှာစကား ပို့စကဒ်ပေးပို့မယ်
📌 ၆။ ဘာလင်မြို့ ဂျာမန်ရိုးရာ ခရစ်စမတ်ဈေးခင်းတစ်ခုမှာ ဘာလင်မြို့ကတော်လှန်ရေးမိသားစုဝင်များ က မြန်မာ့ရိုးရာအစားအစာများပါဝင်ရောင်းချခဲ့ကြပြီး တော်လှန်ရေးရံပုံရှာဖွေခဲ့ကြ
📌 ၇။ စစ်အာဏာသိမ်းပြီးနောက် ချင်းတိုင်းရင်းသားသေဆုံးသူ၃၀၀ ကျော်ထဲတွင် နို့စို့အရွယ် ကလေးငယ်နှစ်ဦးပါဝင်
📌 ၈။ မြန်မာနိုင်ငံတစ်ဝှမ်းမှာ အိုးအိမ်စွန့်ခွါထွက်ပြေးရသူ ၁ ဒသမ ၄ သန်းကျော် ရှိလာပြီဖြစ်
📌 ၉။ ရေတာရှည်မြို့၊ မယ်ဒက်ဘုရား လမ်းထိပ် ရထားသံလမ်းကူးအနီးတွင် ကင်းစောင့်ရန် လာသော စစ်ကောင်စီတပ်အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား နှစ်ဦးသေဆုံး
📌 ၁၀။ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)မှ ရက်အကန့်အသတ်မရှိ ''အရေးပေါ်ကျည် Campaign '' စတင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီဇင်ဘာ ၄ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၃၇/၂၀၂၂)ကိုကျင်းပခဲ့ပါတယ်။ အစည်းအဝေးကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသိန်းဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးအထူးအုပ်ချုပ်ရေးဒေသအတွင်း ဘဏ္ဍာရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ အခွန် ကောက်ခံမှု၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ တရားစီရင်ရေး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအပါအဝင် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက် ထားရှိမှုများကို ဌာနဆိုင်ရာများမှ ရှင်းလင်း ဆွေးနွေးခဲ့ပြီး အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်။ ထို့နောက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ ပညာရေးဝန်ကြီးဌာန၊ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ နိဂုံးချုပ်စကားပြောကြားခဲ့ပါတယ်။
အစည်းအဝေးကို အထူးအုပ်ချုပ်ရေးဒေသမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ အကြမ်းဖက် စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မသန်စွမ်းပြည်သူများအပါအဝင်ပြည်သူတစ်ရပ်လုံးကြုံတွေ့ခံစားနေရတယ်လို့သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
အကြမ်းဖက် စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မသန်စွမ်းပြည်သူများအပါအဝင်ပြည်သူတစ်ရပ်လုံးကြုံတွေ့ခံစားနေရတယ်လို့သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။ ဒီဇင်ဘာလအတွင်း ကျင်းပတဲ့ မသန်စွမ်းအခမ်းအနားတစ်ခုမှာ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကဆိုပါတယ်။
"မြန်မာနိုင်ငံမှာ အရပ်သားအစိုးရလက်ထက်က မသန်စွမ်းသူများရဲ့ အခွင့်အရေးကို အတိုင်းအတာတစ်ခုအထိ ကာကွယ်စောင့်ရှောက်နိုင်သော်လည်း ယခု အကြမ်းဖက် စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မသန်စွမ်းပြည်သူများအပါအဝင်ပြည်သူတစ်ရပ်လုံးကြုံတွေ့ခံစားနေကြရတာဖြစ်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ထားတဲ့ လူပေါင်း နှစ်ထောင်ကျော်မှာ မသန်စွမ်းများလည်းပါဝင်ပါတယ်။
========================
📌📌 ၃။ ထောင်သွင်းအကျဉ်းချခံရသူတို့နဲ့အတူတူ ရှိပေးကြဖို့ ဒုဝန်ကြီး မော်ထွန်းအောင် တိုက်တွန်း
ထောင်သွင်းအကျဉ်းချခံရသူတို့နဲ့အတူတူ ရှိပေးကြဖို့ ဒုဝန်ကြီး မော်ထွန်းအောင် တိုက်တွန်းပြောလိုက်ပါတယ်။ ဒီဇင်ဘာလအတွင်းမှာ လူငယ်တော်လှန်ရေးသမားများနဲ့ပတ်သက်လို့ ဒုဝန်ကြီး မော်ထွန်းအောင်ကဆိုထားပါတယ်။ "ထောင်သွင်းအကျဉ်းချခံရသူတို့နဲ့အတူတူ ရှိပေးကြပါ"လို့ဒုဝန်ကြီးကဆိုပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၃၀၄၀) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၆၈၀) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။ စကစတပ်များဟာ ၄င်းတို့အလိုရှိသူများကို နေအိမ်ထဲဝင်ရောက်၍ အကြမ်းဖက် ဖမ်းဆီး၊သတ်ဖြတ်မှုများလုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
========================
📌📌 ၄။ တမူးမြို့နယ်မှာဒလန်ဆိုပြီးအမျိုးသမီးငယ်တစ်ဦးကို သတ်ဖြတ်ထားတဲ့ ဖြစ်စဥ် လက်ခံနိုင်စရာမရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရဆို
တမူးမြို့နယ်မှာဒလန်ဆိုပြီးအမျိုးသမီးငယ်တစ်ဦးကို သတ်ဖြတ်ထားတဲ့ ဖြစ်စဥ် လက်ခံနိုင်စရာမရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကပြောပါတယ်။ ဒီဇင်ဘာလအတွင်း သတင်းဌာနတစ်ခုသို့ သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကဆိုပါတယ်။
"ကျူးလွန်မှုလက်ခံနိုင်စရာမရှိဘူး။ ကာကွယ်ရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှုတွေ ချက်ခြင်းဆောင်ရွက်နေတယ်။ ဗီဒီယိုမှာ ပျံ့နှံ့နေသလို NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၄ လက်အောက်ခံတပ်သားတွေဟုတ်၊ မဟုတ်ဆိုတာ စုံစမ်းစစ်ဆေးရမယ်။ အဲ့ဒီသူတွေကို ထိန်းသိမ်းဖို့ဆောင်ရွက်ရမယ်။ တရားဥပဒေအတိုင်းအရေးယူဆောင်ရွက်မယ်"လို့ဆိုပါတယ်။ တမူးမြို့နယ်ရဲ့ လူသွားလမ်းမကြီး တစ်နေရာမှာ အမျိုးသမီးငယ်ကို ကာကွယ်ရေးတပ်ဖွဲ့ ယူနီဖောင်းဝတ် လူငယ်များက လက်ထိပ်ခတ်ကာ ရိုက်နှက်ခဲ့ပြီး သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ရုပ်သံဟာ ဆိုရှယ်မီဒီယာမှာ ပြန့်နှံခဲ့ပါတယ်။
========================
📌📌 ၅။ ဒီဇင်ဘာလအတွင်း Bond ဝယ်ယူကြတဲ့ လူထုများကို အမျိုးသား ဖယ်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌကြီးရဲ့ကျေးဇူးတင် ဂုဏ်ပြုအမှာစကား ပို့စကဒ်ပေးပို့မယ်
ဒီဇင်ဘာလအတွင်း Bond ဝယ်ယူကြတဲ့ လူထုများကို အမျိုးသား ဖယ်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌကြီးရဲ့ကျေးဇူးတင် ဂုဏ်ပြုအမှာစကား ပို့စကဒ်ပေးပို့မယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၄ ရက်မှာ ယူနိုက်တက်ဘွန်း ကအသိပေးဆိုပါတယ်။
"ယခုလ ဒီဇင်ဘာလအတွင်းမှာ Bond ဝယ်ယူကြတဲ့ ပြည်သူလူထုများကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အကြမ်းဖက် စစ်ကောင်စီကို အတူတူလက်တွဲ တော်လှန်နေကြတဲ့ သွေးချင်းညီနောင် ပအိုဝ်းတိုင်းရင်းသားတို့ကိုယ်စား ပအိုဝ်းအမျိုးသား ဖယ်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌကြီးရဲ့ကျေးဇူးတင် ဂုဏ်ပြုအမှာစကားရေးထိုးထားတဲ့ အထိမ်းအမှတ် ပို့စကဒ်လေးတစ်ခုကို ပေးပို့သွားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။ ငွေတိုက်စာချုပ်ရောင်းရငွေတွေကို စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးအတွက် အတူတူလက်တွဲပြီး တိုက်ပွဲဝင်နေကြတဲ့ NUGနဲ့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ မျှဝေသုံးစွဲကြတာဖြစ်ပါတယ်။
========================
📌📌 ၆။ ဘာလင်မြို့ ဂျာမန်ရိုးရာ ခရစ်စမတ်ဈေးခင်းတစ်ခုမှာ ဘာလင်မြို့ကတော်လှန်ရေးမိသားစုဝင်များ က မြန်မာ့ရိုးရာအစားအစာများပါဝင်ရောင်းချခဲ့ကြပြီး တော်လှန်ရေးရံပုံရှာဖွေခဲ့ကြ
ဘာလင်မြို့ ဂျာမန်ရိုးရာ ခရစ်စမတ်ဈေးခင်းတစ်ခုမှာ ဘာလင်မြို့ကတော်လှန်ရေးမိသားစုဝင်များ က မြန်မာ့ရိုးရာအစားအစာများပါဝင်ရောင်းချခဲ့ကြပြီး တော်လှန်ရေးရံပုံရှာဖွေခဲ့ကြပါတယ်။
ဒီဇင်ဘာလ ၃ ရက်နဲ့ ၄ ရက် နေ့ စနေ နဲ့တနင်္ဂနွေ နေ့ တွေရဲ့ နေ့လည် ၁၂ နာရီကနေ ည ၈ နာရီအထိ ဘာလင်မြို့အလည်က ဂျာမန်ရိုးရာ ခရစ်စမတ်ဈေးခင်းတစ်ခုမှာ ဘာလင်မြို့ကတော်လှန်ရေးမိသားစုဝင်များ က မြန်မာ့ရိုးရာအစားအစာများပါဝင်ရောင်းချခဲ့ကြပြီး တော်လှန်ရေးရံပုံရှာဖွေခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
ပွဲတော်အကြောင်းကို မသိင်္ဂီလွင်ဖွိုက်စ် က အခုလို ပြောပြပါတယ်။
" "
Weihnachtsmarkts နဲ့ Glühwein
Dezember လ Weihnachtsmarkts ခရစ်စမတ်ဈေးခင်းများ နဲ့ Glühwein ဝိုင်ပူပူ ဆိုတာ ဂျာမန်လူမျိုးတွေရဲ့ အထွက်အမြတ်ထားတဲ့ ရာသီကာလ၊ ရိုးရာပွဲတော် နဲ့ အစဥ်အလာမပျက်တဲ့ ဈေးခင်း လည်းဖြစ်ပါတယ်။
မြန်မာ့ရိုးရာအစားအစာများပါဝင်ရောင်းချခဲ့တာဟာဂျာမဏီရောက် မြန်မာပြည်က နွေဦးတော်လှန်ရေးမိသားစုများ စုပေါင်းစီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဖရန့်ဖော့မြို့ က တော်လှန်ရေးမိသားစုဝင်အိမ်ရှင်မတွေရဲ့ ဝဝစား များများလှူ အစီအစဥ် လေးကို ဒီဇင်ဘာလ ၄ ရက်နေ့မှာ ပုဂံဆူရှိဆိုင်မှာ စတင်ကျင်းပခဲ့ပါသေးတယ်။
========================
📌📌 ၇။ စစ်အာဏာသိမ်းပြီးနောက် ချင်းတိုင်းရင်းသားသေဆုံးသူ၃၀၀ ကျော်ထဲတွင် နို့စို့အရွယ် ကလေးငယ်နှစ်ဦးပါဝင်
စစ်အာဏာသိမ်းပြီးနောက် ချင်းတိုင်းရင်းသားသေဆုံးသူ ၃၀၀ ကျော်ထဲတွင် နို့စို့အရွယ် ကလေးငယ်နှစ်ဦးပါဝင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် စစ်တပ်ကြောင့် ချင်းတိုင်းရင်းသား ၃၅၅ ဦးအသက်ဆုံးရှုံးခဲ့ပြီး ပြည်သူ ၉၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin Affairs) ကထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ၂ရက်နေ့ထုတ်ပြန်ချက်အရ အသက်ဆုံးရှုံးခဲ့ရသူ ၃၅၅ဦးထဲတွင် အပြစ်မဲ့ပြည်သူ ၁၆၇ဦးပါဝင်ပြီး အသက် (၁၈)နှစ်အောက် ကလေးသူငယ် ယောက်ျားလေး ၁၉ဦး နှင့် မိန်းကလေး ငါးဦး စုစုပေါင်း ၂၄ဦး၊ နို့စို့အရွယ်ကလေးငယ်နှစ်ဦးပါဝင်ခဲ့ပါတယ်။ သေဆုံးခဲ့သူများတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၈၆ဦးနှင့် ဓမ္မအမှုတော်ဆောင် ဆရာတော် လေးပါးလည်းပါဝင်ခဲ့ပါတယ်။
========================
📌📌 ၈။ မြန်မာနိုင်ငံတစ်ဝှမ်းမှာ အိုးအိမ်စွန့်ခွါထွက်ပြေးရသူ ၁ ဒသမ ၄ သန်းကျော် ရှိလာပြီဖြစ်
မြန်မာနိုင်ငံတစ်ဝှမ်းမှာ အိုးအိမ်စွန့်ခွါထွက်ပြေးရသူ ၁ ဒသမ ၄ သန်းကျော် ရှိလာပြီဖြစ်တယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာလအတွင်းမှာ UN OCHA Myanmar ကအသိပေးဖော်ပြပါတယ်။
"မြန်မာနိုင်ငံတစ်ဝှမ်းမှာ အိုးအိမ်စွန့်ခွါထွက်ပြေးရသူ ၁ ဒသမ ၄သန်းကျော် ရှိလာပြီဖြစ်သလို လက်နက်ကိုင်တိုက်ပွဲတွေနဲ့အတူ လုံခြုံရေးတင်းကျပ်မှုတွေ၊ သွားလာဝင်ရောက်ခွင့်ကန့်သတ်ချက်တွေနဲ့ အကူအညီပေးရေးလုပ်သားတွေအပေါ် ခြိမ်းခြောက်မှုတွေဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေကို ဆက်လက်အဟန့်အတားပြုလျက်ရှိပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ချင်းပြည်နယ်၊ ကရင်နီဒေသ၊ ကရင်ပြည်နယ်တို့ကို စစ်ကောင်စီတပ်များက အင်အားအလွန်အကျွံသုံး စစ်ကြောင်းထိုးလျက်ရှိပါတယ်။
========================
📌📌 ၉။ ရေတာရှည်မြို့၊ မယ်ဒက်ဘုရား လမ်းထိပ် ရထားသံလမ်းကူးအနီးတွင် ကင်းစောင့်ရန် လာသော စစ်ကောင်စီတပ်အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား နှစ်ဦးသေဆုံး
ရေတာရှည်မြို့၊ မယ်ဒက်ဘုရား လမ်းထိပ် ရထားသံလမ်းကူးအနီးတွင် ကင်းစောင့်ရန် လာသော စစ်ကောင်စီတပ်အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား နှစ်ဦးသေဆုံးခဲ့ပါတယ်။ ဒီဇင်ဘာ ၄ ရက်နေ့မှာ စစ်ရေးသတင်းကို ဒေသခံတော်လှန်ရေးအင်အားစုကအတည်ပြုဆိုပါတယ်။
"ဒီဇင်ဘာ ၂ ရက် သောကြာနေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ရေတာရှည်မြို့၊ မယ်ဒက်ဘုရား လမ်းထိပ် ရထားသံလမ်းကူးအနီးတွင် ကင်းစောင့်ရန် လာသော စစ်ကောင်စီတပ်အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား နှစ်ဦး ကျဆုံးခဲ့တယ်"လို့ဆိုပါတယ်။ အဆိုပါ မစ်ရှင်နှင့် ပစ္စည်းများ၊ ရဲဘော်များအား တောင်ငူခရိုင် ၃၅၀၁ တပ်ရင်း၊ တပ်ခွဲ ၄ မှ စီစဉ်ခဲ့ခြင်း ဖြစ်ပြီးတောင်ငူခရိုင် ၃၅၀၁ တပ်ရင်း၊ တပ်ခွဲ ၃၊ တပ်စု ၄ ဒေါင်းမင်းသား တပ်ဖွဲ့မှ ရဲဘော်တစ်ဦး ပူးပေါင်းပါ၀င်ခဲ့ပါတယ်။
========================
📌📌 ၁၀။ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)မှ ရက်အကန့်အသတ်မရှိ ''အရေးပေါ်ကျည် Campaign '' စတင်
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) မှ ရက်အကန့်အသတ်မရှိ ''အရေးပေါ်ကျည် Campaign ''စတင်လိုက်ပါတယ်။ ဒီဇင်ဘာ ၄ ရက်နေ့မှာ အရေးပေါ်ကျည် Campaign နဲ့ပတ်သက်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) မှအသိပေးဆိုပါတယ်။
"(ကရင်နီ)၊ ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်ဖြစ်ပွားလျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီတို့မှ လက်နက်ကြီး/ငယ်များ အဆမတန်အသုံးပြုသည့်အပြင် တိုက်လေယာဥ်များဖြင့်ပါ အသုံးပြုတိုက်ခိုက်လျက်ရှိပါတယ်။တိုက်ပွဲမည်သည့်အချိန်ထိ ဆက်လက်ပြင်းထန်နိုင်မှန်း မသိနိုင်သည့်အခြေအနေတွင် အရေးပေါ်ကျည်များလိုအပ်လျက်ရှိသောကြောင့် ကျွန်ုပ်တို့ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)မှ ရက်အကန့်အသတ်မရှိ ''အရေးပေါ်ကျည် Campaign ''ကို ပြုလုပ်သွားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။
ပါဝင်လှူဒါန်းလိုပါက
၁၆ (၁ ထောင့်)= 3,700 ks
AK (၁ ထောင့်)= 6,500 ks
Sniper 308 (၁ ထောင့်)= 15,000 ks
Sniper 338 (၁ ထောင့်) = 120,000 ks
79 အသီး (၁ လုံး)= 180,000 ks
၆၀ မမ (၁ လုံး) = 300,000 ks
RPG 7 (၁ လုံး) = 700,000 ks
အသီးသီးတို့ဖြင့် မိမိတို့သူငယ်ချင်းအစုအဖွဲ့တို့ စုပေါင်း၍သော်လည်းကောင်း၊ မိမိတစ်ဦးချင်းဖြင့်သော်လည်းကောင်း မည်သည့်ကျည်အမျိုးအစားအတွက်မဆို ပါဝင်အားဖြည့်ပေးကြပါရန် တောင်းဆိုအပ်ပါတယ်လို့ဆိုထားပါတယ်။
========================
📌📌 ၁၁။ ဒီပဲယင်းမြို့နယ် နများ ၊ယဉ်ကျေးရွာများတွင် စကစတပ်များဝင်ရောက် မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံထောင်နဲ့ချီ စစ်ဘေးရှောင်နေရ
စစ်ကိုင်းတိုင်းဒီပဲယင်းမြို့နယ် နများ ယဉ်ကျေးရွာများတွင် စကစတပ်များဝင်ရောက် မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံထောင်နဲ့ချီ စစ်ဘေးရှောင်နေရပါတယ်။ ဒီဇင်ဘာ ၄ ရက်မှာ ဒီပဲယင်းတော်လှန်ရေးအင်အားစုကအတည်ပြုဆိုပါတယ်။ "အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ နများ ၊ယဉ်ကျေးရွာများတွင် ဝင်ရောက်မီးရှို့နေပြီး ဒေသခံထောင်ချီ စစ်ဘေးရှောင်တိမ်းနေရဆဲဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့အနေဖြင့် လတ်တလော စစ်ဘေးရှောင်များအား အရေးပေါ် စားနပ်ရိက္ခာများ ကူညီထောက်ပံ့လျက်ရှိပြီးတော့ အရေးပေါ် အကူအညီများလည်းလိုအပ်နေတယ်လို့ဆိုပါတယ်။
အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းမှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment