12th JAN 2023 - Evening Daily News by Radio NUG


၂၀၂၃ ဇန်နဝါရီလ ၁၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသူဦးရေ ( ၄၆၀ ) ဦးကျော် ရှိနေပြီလို့ NUG အစိုးရထုတ်ပြန်

📌 ၂။ စစ်အာဏာရှင် အမြစ်ပြတ်ရေးတစ်သံတည်းပေးဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို

📌 ၃။ နွေဦးတော်လှန်ရေးမှာ ကျဆုံးသူတွေအတွက် နိုင်မှ ငိုလို့ရတော့မယ့် အခြေအနေမို့ ဝိုင်းဝန်းကြိုးစား ရုန်းကန်ကြရန် ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် တိုက်တွန်း

📌 ၄။ စစ်အုပ်စုဟာနိုင်ငံတကာလူ့အခွင့်အရေးဥပဒေက ပြဌာန်းထားသော အသက်ရှင်သန်ခွင့် နှင့် နိုင်ငံရေးအခွင့် အရေးများ ကို ချိုးဖောက်နေပြီလို့ဆို

📌 ၅။ စစ်ကောင်စီရဲ့ တရားမဲ့ ကျူးလွန်မှုများကို အကောင်းဆုံး အပြတ်သားဆုံး တုန့်ပြန် သွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ဆို

📌 ၆။ ပြည်သူတွေအနေနဲ့ နွေဦးအောင်လံ ပရော့ဂျက်ကို ဝိုင်းကူပေးကြဖို့ CDM ဗိုလ်ကြီးညီသုတပြောကြား

📌 ၇။ ရွေးကောက်ပွဲအသုံးအဆောင်ပစ္စည်းများ သယ်ဆောင်သော မည်သည့်ယာဉ်ကိုမဆို အများပြည်သူပိုင်ပစ္စည်းအဖြစ် သိမ်းဆည်းမယ်လို့ Regional Friend Fighters (RFF)ကအသိပေးကြေညာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသူဦးရေ ( ၄၆၀ ) ဦးကျော် ရှိနေပြီလို့ NUG အစိုးရထုတ်ပြန်


လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသူဦးရေ ( ၄၆၀ ) ဦးကျော် ရှိနေပြီလို့ ဇန်နဝါရီ ၁၂ ရက်ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်တည်ရှိရာ Camp Victoria စခန်း အား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်တဲ့ကြေညာချက်ကိုNUGအစိုးရထုတ်ပြန်ခဲ့ပါတယ်။


၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၀) ရက် ညနေ ၄း၃၀ နာရီခန့်တွင်တစ်ကြိမ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့  ညနေ ၄း၀၀ နာရီခန့်တွင် တစ်ကြိမ် အကြမ်းဖက်စစ်ကောင်စီက  ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်တည်ရှိရာ Camp Victoria စခန်းအား တိုက်လေယာဥ်များအသုံးပြု၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ 


အဆိုပါ လေကြောင်းတိုက်ခိုက်မှုများအတွင်း ပထမရက်တွင် ချင်းအမျိုးသားတပ်ဖွဲ့ဝင် တော်လှန်ရေးရဲမေ () ဦးနှင့် ရဲဘော်() ဦးကျဆုံးကာ ဒဏ်ရာရရှိသူများရှိခဲ့ပြီး ဒုတိယနေ့တွင် ပြင်ပလူနာဆောင်နှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ထို့အပြင် အိန္ဒိယနိုင်ငံ နယ်နိမိတ်အတွင်းသို့ ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟုလည်း သိရှိရပါတယ်။ 


အဆိုပါ ဖြစ်စဉ်မတိုင်မီကလည်း အကြမ်းဖက်စစ်ကောင်စီသည် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုများ ကြိမ်ဖန်များစွာပြုလုပ်ခဲ့ကာ အရပ်သားပြည်သူ သေဆုံးမှုများ ရှိခဲ့ပါတယ်လို့ဖော်ပြပါတယ်။


အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့အာဏာကိုလုယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့မှ စတင်၍ ယနေ့အထိ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသူဦးရေ ( ၄၆၀ ) ဦးကျော် ရှိနေပြီဖြစ်ပြီး အများစုမှာ အရပ်သားပြည်သူများနှင့် ကလေးသူငယ်များ ဖြစ်ကြောင်း အချက်အလက်များအရ သိရှိရတယ်လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်ကောင်စီက အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်နေမှုများကို ပြင်းထန်စွာရှုတ်ချပါတယ်လို့ဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်သော သတ်ဖြတ်မှုများကြောင့် ကျဆုံးခဲ့ကြရသော တိုင်းရင်းသား ပြည်သူများအတွက် ဝမ်းနည်းကြေကွဲ ရပါကြောင်းနှင့် ကျဆုံးခဲ့ရသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် တရားမျှတမှုကို ပြန်လည်ရရှိနိုင်ရေး ပြည်တွင်းနှင့် နိုင်ငံတကာတရားဥပဒေများနှင့်အညီ အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။


========================


📌📌 ၂။ စစ်အာဏာရှင် အမြစ်ပြတ်ရေးတစ်သံတည်းပေးဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို


စစ်အာဏာရှင်အမြစ်ပြတ်ရေးတစ်သံတည်းပေးဖို့ ဇန်နဝါရီ ၁၁ ရက်မှာပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကဆိုပါတယ်။


"တရားမျှတမှုရရှိရေး ရင်းနှီးပေးခဲ့ကြတော့တို့အတူနေ သားချင်းတွေကြား ခွဲ ခြားမှုလုံးဝမရှိ။ စာနာမှုအပြည့်ရှိတယ်။ ဘယ်တော့ ဘယ်နေရာဘာဖြစ်ဖြစ် တို့အားလုံး လက်တွဲ၊ မူမကွဲ ကြ။ စစ်အာဏာရှင် အမြစ်ပြတ်ရေးတို့တစ်သံတည်းပေး။ မဝေးတော့မယ့်အောင်ပွဲ တို့တစ်သံတည်း ရှေ့ဆက်ကြမယ်"လို့ဆိုပါတယ်။


၂၀၂၁ ထုနှစ် စက်တင်ဘာ ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ခဲ့ပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများဟာ စစ်ရေး၊နိုင်ငံရေးပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၃။ နွေဦးတော်လှန်ရေးမှာ ကျဆုံးသူတွေအတွက် နိုင်မှ ငိုလို့ရတော့မယ့် အခြေအနေမို့ ဝိုင်းဝန်းကြိုးစား ရုန်းကန်ကြရန် ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် တိုက်တွန်း


နွေဦးတော်လှန်ရေးမှာ ကျဆုံးသူတွေအတွက် နိုင်မှ ငိုလို့ရတော့မယ့်အခြေအနေမို့ ဝိုင်းဝန်းကြိုးစား ရုန်းကန်ကြရန် ဇန်နဝါရီ၁၁ရက်မှာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က တိုက်တွန်းလိုက်ပါတယ်။


"တချို့ဆုံးရှုံးမှုတွေက သိပ်ကိုကြီးမားပါတယ်တခါမှ စကားမပြောဖူးပေမယ့်အတီးရယ်လို့ သူ့ကိုသိတယ်သူ့အသံဖိုင်အတိုအစလေးတွေက group ထဲ မကြာခဏရောက်တယ်အတီးကိုပြောလိုက်မယ်အတီး စီစဉ်လိမ့်မယ်နဲ့ မြေပြင်မှာ စီမံခန့်ခွဲပေးနေသူတိုင်းရင်သားသံဝဲဝဲ နဲ့ ရတယ် ကိုအတီးလုပ်ပေးမယ်နဲ့ တာဝန်ကလည်းကျေတာထက်ပိုပါတယ်။မြေပြင်တိုက်ပွဲထဲထိ ဆင်းမလာလည်းရသားနဲ့ ရှေ့တန်းက သူ့နည်းပညာတပ်တွေနောက်လိုက်တာတိုင်းရင်သားနယ်တခုမှာ နည်းပညာအဖွဲ့တစ်ခု ရပ်တည်နိုင်ဖို့ အထက်အောက်အဆင့်ဆင့် သူပဲ အစကတည်းကပါဝင်ကူညီခဲ့တာကျေးဇူးကြီးလှတဲ့သူ အဲ့ဒီ အတီးကျဆုံးသွားပြီ။အတီးလိုပဲ အတီးပေါင်းများစွာ ပေးဆပ်ထားရတဲ့ ဒီတော်လှန်ရေးက ခါးပါတယ်။ နိုင်မှ ငိုလို့ရတော့မယ့်အခြေအနေမို့ အခုထိ မငိုပဲတင်းထားသူတွေ ရင်ထဲ စုတ်ပြတ်သတ်နေခဲ့ပြီ။အားလုံးမပါဝင်တော့ဘဲ ငါတို့ချည်းများကျန်ခဲ့ပြီလားလို့ အားငယ်ရင်း အားဖြည့်မယ့်သူတွေကို မျှော်နေမိပြီ"လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ရက်မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ခဲ့ပြီး လက်ရှိမှာ တိုက်စစ်ကိုစတင်အရှိန်မြှင့်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။


========================


📌📌 ၄။ စစ်အုပ်စုဟာနိုင်ငံတကာလူ့အခွင့်အရေးဥပဒေက ပြဌာန်းထားသော အသက်ရှင်သန်ခွင့် နှင့် နိုင်ငံရေးအခွင့် အရေးများ ကို ချိုးဖောက်နေပြီလို့ဆို


စစ်အုပ်စုဟာနိုင်ငံတကာလူ့အခွင့်အရေးဥပဒေက ပြဌာန်းထားသော အသက်ရှင်သန်ခွင့် နှင့် နိုင်ငံရေးအခွင့် အရေးများ ကို ချိုးဖောက်နေပြီလို့ ဇန်နဝါရီ ၁၁ ရက်နေတွင် စီဒီအမ်ဆရာ ဆရာ ဦးကောင်းခန့်ကျော်အား သေဒဏ်ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်ကိုပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုသည် ဧရာ၀တီတိုင်း မြန်အောင်မြို့တွင် နေထိုင်သူ အသက် (၂၇) နှစ် အရွယ် CDM ဆရာ ဦးကောင်းခန့်ကျော်ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် မတရား ဖမ်းဆီးခဲ့ပြီးနောက် ဟင်္သာတထောင်၌ အကျဥ်းချ ထားခဲ့ပါတယ်။


တရားမဝင်အာဏာသိမ်းစစ်အုပ်စုသည် တရားစီရင်ရေးယန္တရားကို လည်ပတ်ရန် အခွင့်အာဏာ မရှိဘဲ စစ်အုပ်စု၏ ထိန်းချုပ်ခံ ဘက်လိုက်သောတရားရုံးဖြစ်သည့် ဟင်္သာတခရိုင် တရားရုံးတွင် စစ်ဆေးပြီး ၂၀၂၂ ခုနှစ်၊ သြဂုတ်လ တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀() ဖြင့် ထောင်ဒဏ် နှစ် ချခဲ့ပါတယ်။၊ တဖန် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့ တွင် မြန်အောင်ခရိုင် တရားရုံးက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂(က) ဖြင့် သေဒဏ်ချမှတ်ခဲ့ပြီး ဆရာဦးကောင်းခန့်ကျော်အား ပုသိမ်အကျဥ်းထောင်သို့ ချက်ချင်းရွှေ့ခဲ့သည်ဟု သိရှိရပါတယ်။


အကြမ်းဖက်စစ်အုပ်စုသည် ပုသိမ်အကျဥ်းထောင်တွင်း နိုင်ငံရေးအကျဥ်းသားများကို ညှင်းပန်းနှိပ်စက်မှုများအား အဓမ္မ ပြုလုပ်နေသည်ဟု မီဒီယာများတွင် ဖော်ပြနေပါတယ်။ အကြမ်းဖက်စစ်အုပ်စု၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှုများ၊ စစ်ရာဇဝတ် မှုများ၊ လူမျိုးသုဉ်သတ်ဖြတ်မှုများအတွက် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် တာ၀န်ယူ၊ တာ၀န်ခံရမှာဖြစ်ပါတယ်။


တိုင်းပြည်အတွက် အားထားရသော လူငယ်ဆရာတစ်ယောက်အား အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ မျက်ကွယ်တရားရုံးများမှ စီရင်ချက်များ ချမှတ်ခြင်းတို့သည် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေက ပြဌာန်းထားသော အသက်ရှင်သန်ခွင့် နှင့် နိုင်ငံရေးအခွင့် အရေးများ ကို ချိုးဖောက်ခြင်း ဖြစ်တယ်လို့ဖော်ပြပါတယ်။

 

နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် အမှတ် (၂၆၆၉/၂၀၂၂) ထုတ်ကာ ဖိအားပေးတောင်းဆိုနေချိန်တွင် ယခုကဲ့သို သေဒဏ်စီရင်ချက် ချမှတ်ခြင်းသည် အကြမ်းဖက်စစ်အုပ်စုက ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေး နှင့် လုံခြုံရေး ယန္တရားအား ချိုးဖောက်ခြင်း ဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။


========================


📌📌 ၅။ စစ်ကောင်စီရဲ့ တရားမဲ့ ကျူးလွန်မှုများကို အကောင်းဆုံး အပြတ်သားဆုံး တုန့်ပြန် သွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ဆို


စစ်ကောင်စီရဲ့ တရားမဲ့ ကျူးလွန်မှုများကို အကောင်းဆုံး အပြတ်သားဆုံး တုန့်ပြန် သွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ဦးနိုင်ထူးအောင်က ဇန်နဝါရီ ၁၁ ရက်မှာ ဆိုခဲ့ပါတယ်။


"အနမ့်ပါမှာ ဗုံးကြဲတာ Camp Victoria ကို ဗုံးကြဲတာ၊ KNU နယ်မြေမှာ ဗုံးကြဲတာ TNLA နယ်‌‌မြေမှာ တိုက်ခိုက်တာ၊ ကရင်နီ မှာ လက်နက်ကြီးနဲ့တိုက်ခိုက်တာ၊ ရခိုင်မှာ တိုက်ခိုက်တာ၊ တိုင်းအသီးသီးက ရွာတွေကို မီးရှုိ့တာ ပြည်‌သူတွေကို ရက်ရက်စက်စက်သတ်တာ အားလုံးဟာ ကျွန်တော်တို့ နိုင်ငံသား အားလုံးကို တိုက်ခိုက်တာပါပဲ။ တော်လှန်ရေးအင်အားစု တစ်စုကို ထိတာဟာ တော်လှန်ရေး အင်အားစုအားလုံးနဲ့ ငြိတာပါပဲ။ ကျွန်တော်တို့အားလုံး ညီညာစွာ လက်တွဲပြီး စစ်ကောင်စီရဲ့ တရားမဲ့ ကျူးလွန်မှုများကို အကောင်းဆုံး အပြတ်သားဆုံး တုန့်ပြန် သွားပါမယ်"လို့ဆိုပါတယ်။


ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ အပစ်အခက် ရပ်စဲတယ် ကြေငြာပြီး လေကြောင်းက တိုက်ခိုက်တဲ့ လူလိမ် သာဖြစ်ပြီးတော့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါ တို့ရဲ့ နိဂုံးဟာ မဝေးတော့ဘူးလို့ အတွင်းဝန်ကဆိုပါတယ်။


========================


📌📌 ၆။ ပြည်သူတွေအနေနဲ့ နွေဦးအောင်လံ ပရော့ဂျက်ကို ဝိုင်းကူပေးကြဖို့ CDM ဗိုလ်ကြီးညီသုတပြောကြား


ပြည်သူတွေအနေနဲ့ နွေဦးအောင်လံ ပရော့ဂျက်ကို ဝိုင်းကူပေးကြဖို့ CDM ဗိုလ်ကြီးညီသုတကပြောကြားလိုက်ပါတယ်။


"စစ်တပ်မှာ ဒရုန်းအတွက် ပရောဂျက်ကောင်းကောင်းမရှိသေးပါဘူး။ ကျနော် CDM မလုပ်ခင်တုန်းက ဒရုန်းနဲ့ဗုံးချတဲ့ သင်တန်းတွေတက်ပြီး လေ့ကျင့်ခဲ့ဖူးပါတယ်။ သူတို့တွေ မအောင်မြင်ဘူးပြောရပါမယ်။ ဒါကြောင့် စစ်ကောင်စီက အခုထိ ဒရုန်းတွေကို အခုထိ တွင်တွင်ကျယ်ကျယ်မသုံးနိုင်သေးပါဘူး။ အခုနောက်ပိုင်းကြမှ တန်ပြန်ဖို့ အသည်းအသန်ပြန်အာရုံစိုက်နေပါတယ်။ အခု နွေဦးအောင်လံ ရောဂျက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နွေဦးအောင်လံ ပရောဂျက်ကို  NUG သတင်းအချက်နည်းပညာနဲ့ဆက်သွယ်ရေး ဝန်ကြီးဌာန ဦးဆောင်မှုနဲ့ Federal Wings အဖွဲ့အတွက် ရံပုံငွေရှာပေးနေတာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ နွေဦးအောင်လံ ပရောဂျက်ကို ဝိုင်းကူပေးကြပါ။ ပရောဂျက်အတွက် အဖွဲ့ ၄ဖွဲ့ရှိပါတယ်။ ကိုယ်နိုင်သလောက်ကို နိုင်ငံအစုံကနေ ကူညီပေးလို့ ရပါတယ်"လို့ဆိုပါတယ်။


နွေဦးအောင်လံ ပရော့ဂျက်ကို ပါဝင်ကူညီထောက်ပို့လိုပါက ပန်ကာ တခု USD 10 Circuit တခု USD 50 Camera တလုံး USD 100 Battery တလုံး USD 500 စသဖြင့် သတ်မှတ်ထားပါတယ်။ ဒေါ်လာ ၅၀၀၀ ဒေါ်လာ ၁၀၀၀၀ တစ်လုံးတစ်ခဲထဲလည်း အားဖြည့်လို့ရပါတယ်လို့ဆိုပါတယ်။


========================


📌📌 ၇။ ရွေးကောက်ပွဲအသုံးအဆောင်ပစ္စည်းများ သယ်ဆောင်သော မည်သည့်ယာဉ်ကိုမဆို အများပြည်သူပိုင်ပစ္စည်းအဖြစ် သိမ်းဆည်းမယ်လို့ Regional Friend Fighters (RFF)ကအသိပေးကြေညာ


ဇန်နဝါရီ ၁၂ ရက်မှာ စစ်ကိုင်းတိုင်း အခြေစိုက် Regional Friend Fighters (RFF)ကအခုလိုအသိပေးဆိုပါတယ်။


"စကစရဲ့ ရွေးကောက်ပွဲနှင့်ပက်သက်သည့် မည်သည့်လုပ်ရပ်ကိုမဆို ကျုပ်တို့အဖွဲ့အနေနဲ့ (လုံးဝ)လက်ခံမည်မဟုတ်ပါ၊ ရွေးကောက်ပွဲနှင့်ပက်သက်သည့်ကိစ္စရပ်များ ဆောင်ရွက်နေခြင်း၊ ပါဝင်ပက်သက်ခြင်းများ တွေ့ရှိပါက နယ်မြေခံ ပကဖ၊ ပအဖ များနှင့်ချိတ်ဆက်ကာ လိုအပ်သလိုအရေးယူမှုများဆောင်ရွက်သွားမှာဖြစ်ပါတယ်၊စကစ၏ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စတမ်းမှအစ ရွေးကောက်ပွဲအသုံးအဆောင်ပစ္စည်းများ သယ်ဆောင်သော မည်သည့်ယာဉ်ကိုမဆို အများပြည်သူပိုင်ပစ္စည်းအဖြစ် သိမ်းဆည်းကာ တော်လှန်ရေးကာလအတွင်းလိုအပ်သလို့အသုံးပြုသွားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။ Regional Friend Fighters (RFF) အဖွဲ့ဟာ စကစကိုအဓိကတိုက်ခိုက်တဲ့အဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment