1st FEB 2023 - Morning Daily News by Radio NUG


၂၀၂၃ ဖေဖော်ဝါရီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက် စစ်ကောင်စီတပ်များ မြေပြင်မှာ ရှုံးနိမ့်နေပြီလို့ ပြည်ထောင်စုလွှတ်တော်ကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အစီရင်ခံ

၂။ နွေဦးတော်လှန်ရေး ကမ္ဘာလုံးဆိုင်ရာဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီးများတက်ရောက်မယ်

၃။ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး နော်ဝေးအစိုးရအပါအဝင် နော်ဝေပါလီမာန် အမတ်အဖွဲ့များနဲ့ တွေ့ဆုံ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက် စစ်ကောင်စီတပ်များ မြေပြင်မှာ ရှုံးနိမ့်နေပြီလို့ ပြည်ထောင်စုလွှတ်တော်ကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အစီရင်ခံ


ဇန်နဝါရီ ၃၁ ရက် ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေးပထမနေ့မှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလို ဆိုပါတယ်။

"စစ်ရေးကဏ္ဍမှာဆိုရင်လည်း နှစ်ပေါင်းများစွာ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေကို အသုံးပြုတည်ဆောက်ခဲ့တယ်ဆိုတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်တပ်ဟာ စိတ်ဓာတ်တစ်ခုကို အရင်းတည်ပြီး လက်နက် ပြည့်ပြည့်စုံစုံ မရှိသေးတဲ့ အတွေ့အကြုံလည်း နုနယ်သေးတဲ့ ကျနော်တို့ရဲ့ PDF တွေ၊ LDF တွေ၊ မဟာမိတ်ERO တွေကို မြေပြင်မှာ လုံးဝ ယှဥ်နိုင်တော့ခြင်းမရှိတော့ဘဲ လေကြောင်းကိုသာ အားကိုးတိုက်ခိုက်ရတဲ့ အခြေအနေဖြစ်ပါတယ်" လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ရက်မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကြေညာခဲ့ပြီး ပြည်သူ့ခုခံတွန်းလှန်စစ် တစ်နှစ်ကျော်ကာလအတွင်း အကြမ်းဖက် စကစတပ်က တပ်ဖွဲ့ဝင် နှစ်သောင်းကျော် သေဆုံးခဲ့ရပါတယ်။


========================


၂။ နွေဦးတော်လှန်ရေး ကမ္ဘာလုံးဆိုင်ရာဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီးများတက်ရောက်မယ်


ဖေဖော်ဝါရီလ ရက်နေ့ကနေ ၂၆ ရက် အကြား တစ်ရက်စီ ကဏ္ဍ ခုနဲ့ကျင်းပမယ့် နွေဦးတော်လှန်ရေး ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဦးရည်မွန်၊  ဦးတင်ထွန်းနိူင် နဲ့ဦးထင်လင်းအောင်တို့ တက်ရောက်သွားမယ်လို့ သိရှိရပါတယ်။

ဆွေးနွေးပွဲအစီအစဉ်ရဲ့ ကဏ္ဍ ဖြစ်တဲ့ ပြည်သူ့ခုခံစစ် စကားဝိုင်းကို ဖေဖော်ဝါရီလ ရက် မြန်မာစံတော်ချိန် မနက် ၈နာရီခွဲ၊ ကဏ္ဍ ဖြစ်တဲ့ ဖက်ဒရယ်အရေး၊ ပြည်သူ့အုပ်ချုပ်ရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု စကားဝိုင်းကို ဖေဖော်ဝါရီလ ဒုတိယအပတ်၊ 

ကဏ္ဍ ဖြစ်တဲ့ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍနှင့် အကူအညီပေးအပ်မှုများ စကားဝိုင်းကို ဖေဖော်ဝါရီ တတိယအပတ်နဲ့ ကဏ္ဍ ဖြစ်တဲ့ သံတမန်ရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စကားဝိုင်းကိုတော့ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို နိုင်ငံတကာက နွေဦးတော်လှန်ရေး အင်အားစုတွေက စီစဉ်တာဖြစ်ပြီး တက်ရောက်ဆွေးနွေးလိုသူတွေအနေနဲ့ ကမ္ဘာလုံးဆိုင်ရာဆွေးနွေးပွဲရဲ့ Website မှာ ဝင်ရောက်ဆွေးနွေး မေးခွန်းတွေ မေးမြန်းနိုင်မယ်လို့ သိရှိရပါတယ်။


========================


၃။ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး နော်ဝေးအစိုးရအပါအဝင် နော်ဝေပါလီမာန် အမတ်အဖွဲ့များနဲ့ တွေ့ဆုံ


ဇန်နဝါရီ ၃၁ ရက်မှာ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းဟာ  နော်ဝေအစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Erling Rimestad ဦးဆောင်သည့်အဖွဲ့နှင့် နော်ဝေနိုင်ငံ အော်စလိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ဆုံခဲ့တယ်လို့သိရှိရပါတယ်။

ထိုသို့တွေ့ဆုံရာမှာ  မြန်မာနိုင်ငံတွင် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အား ထိပါးသည့် ရာဇဝတ်မှုများနှင့် စစ်တပ်က စီစဉ်နေသည့် အတုအယောင်ရွေးကောက်ပွဲဆိုင်ရာအကြောင်းအရာများကို ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရအား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိမှတ်ပြုရန် မြန်မာစစ်အကြမ်းဖက်အုပ်စုအား အပြစ်ပေးအရေးယူနိုင်ရေး ASEAN မှ တောင်းဆိုနေသည့် နိုင်ငံတကာ အကူညီပေးမှုဆိုင်ရာ ကမ်းလှမ်းချက်များကို နော်ဝေနိုင်ငံဖြင့် ထောက်ခံအားပေး ကူညီပေးရန် စတာတွေကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် နော်ဝေနိုင်ငံအနေဖြင့် ယခင်နှစ်က မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဆန္ဒပြုထောက်ခံခဲ့မှုအား ယခုနှစ်တွင်လည်း ဆက်လက်ထောက်ခံမှု ပြုပေးပါရန်နှင့်ကာကွယ်မှု ပြုပေးပါရန်တို့ ပြောကြားခဲ့ပါတယ်။

ဝန်ကြီး ဦးအောင်မျိုးမင်းဟာ Litteraturhuset မှာ ကျင်းပမယ့် Seminar: Burma two years after the military coup! သို့တက်ရောက်ပြီး မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့လည်း ဆွေးနွေးပြောကြားမှာလည်း ဖြစ်တယ်လို့ သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment