1st FEB 2023 - Evening Daily News by Radio NUG


၂၀၂၃ ဖေဖော်ဝါရီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ပြည်သူ့နွေဦးတော်လှန်ရေးဟာ မည်သူမျှ ဖြိုလှဲ ဖျက်ဆီးပစ်၍ မရနိုင်သော ခိုင်မာအားကောင်းမှုတစ်ခုဖြင့် ရှေ့ဆက်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်အသိပေး

📌 ၂။ အမေရိကန်နိူင်ငံ ဝါရှင်တန် ဒီစီ NUG အစိုးရရုံးမှာ NUG ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နှင့်အဖွဲ့ကအမေရိကန်အစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး  နှင့် လက်ထောက်ဒုဝန်ကြီးတို့ပါဝင်သောအဖွဲ့ကိုလက်ခံတွေ့ဆုံ

📌 ၃။ ရန်ကုန်နဲ့  မန္တလေးမြို့ကြီးများတွင် တိတ်ဆိတ်ငြိမ်သက်ခြင်း အသံတိတ်သပိတ်ကို ပြည်သူလူထု အင်ပြည့်အားပြည့်ပါဝင်လှုပ်ရှား

📌 ၄။ စစ်တပ်ကြောင့် နစ်နာခဲ့ရသူအားလုံး တရားမျှတမှုရရှိဖို့ ထိုက်တန်တယ်လို့ မြန်မာပြည်သူတွေကိုယူကေအစိုးရသတင်းစကားပါး

📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန CDM ဆင်များနှင့် ဆင်ဦးစီးဝန်ထမ်းများ ထောက်ပံ့နိုင်ရေးအတွက်တော်လှန်တပ်သား မိုမိုလေးများ-Elephants in Revolution” ကမ်ပိန်းမိတ်ဆက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်သူ့နွေဦးတော်လှန်ရေးဟာ မည်သူမျှ ဖြိုလှဲ ဖျက်ဆီးပစ်၍ မရနိုင်သော ခိုင်မာအားကောင်းမှုတစ်ခုဖြင့် ရှေ့ဆက်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်အသိပေး


ဖေဖော်ဝါရီလ ရက်ပြည်သူ့နွေဦးတော်လှန်ရေး () နှစ်ပြည့်မှာ အမျိုးသားညီညွတ်ရေးအစိုးရက အခုလိုထုတ်ပြန်ကြေညာခဲ့ပါတယ်။


"မင်းအောင်လှိုင်ဦးဆောင်သောအကြမ်းဖက်စစ်အုပ်စုက  ပြည်သူ့ဆန္ဒအမှန်ဖြစ်သော ရွေးကောက်ပွဲ ရလဒ်ကို လက်မခံဘဲ  ပြည်သူ့အာဏာကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်လုယူရန်ကြိုးစားမှုအား ပြည်သူလူထုတစ်ရပ် လုံးက ခေါင်းငုံ့မခံဘဲ ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ပြည်သူ့နွေဦးတော်လှန်ရေးသည် ယနေ့  ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ () ရက်နေ့တွင် () နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ပြည်သူ့နွေဦးတော်လှန်ရေး၏ () နှစ်တာကာလအတွင်း ပြည်သူလူထုတစ်ရပ်လုံး၏ ပြတ်သားသော စိတ်ပိုင်းဖြတ်မှု၊ စွန့်လွှတ်စွန့်စားမှု၊ ရဲစွမ်းသတ္တိနှင့် တစိုက်မတ်မတ် ကြိုးစားအားထုတ်မှုများကို အရင်းတည်၍ တော်လှန်ရေးအုတ်မြစ်သည် အခြေခိုင်ခဲ့ကာ လက်ရှိအချိန်တွင် မည်သူမျှ ဖြိုလှဲ ဖျက်ဆီးပစ်၍ မရနိုင်သော ခိုင်မာအားကောင်းမှုတစ်ခုဖြင့် ရှေ့ဆက်နေပြီဖြစ်တယ်"လို့ဖော်ပြပါတယ်။


ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်ပါ မျှော်ရည်ချက်နှင့် စံတန်ဖိုးများကို အလေးအနက်ခံယူလျက် အားလုံး သဘောတူ ချမှတ်ထားသောနိုင်ငံရေးလမ်းပြမြေပုံကို တော်လှန်ရေးအင်အားစုများက စု‌ပေါင်းခေါင်းဆောင်မှု၊ စုပေါင်းတာဝန်ယူမှု၊ ခိုင်မာသော ကတိကဝတ်ပြုမှုများဖြင့် တညီတညွတ်တည်း လက်တွဲပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ကျွန်ုပ်တို့ သန္နိဋ္ဌာန်ချမှတ်ထားပြီးဖြစ်သည်ဟူသည့် ပြည်သူ့တော်လှန်ရေးဆိုင်ရာ နှစ်သစ်ကူး ပူးတွဲထုတ်ပြန်ကြေညာစာတမ်းပါ သဘောထားအတိုင်း ပြည်သူလူထုလိုလားတောင့်တသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပန်းတိုင်ဆီသို့ မယိမ်းမယိုင် ဆက်လက် ဦးတည်ချီတက်သွားမယ်လို့ထုတ်ပြန်ကြေညာပါတယ်။


========================


📌📌 ၂။ အမေရိကန်နိူင်ငံ ဝါရှင်တန် ဒီစီ NUG အစိုးရရုံးမှာ NUG ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နှင့်အဖွဲ့ကအမေရိကန်အစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး  နှင့် လက်ထောက်ဒုဝန်ကြီးတို့ပါဝင်သောအဖွဲ့ကိုလက်ခံတွေ့ဆုံ


ဖေဖော်ဝါရီ၁ရက်


ဖေဖော်ဝါရီ ရက်နေ့မှာ အမေရိကန်နိူင်ငံ ဝါရှင်တန် ဒီစီ NUG အစိုးရရုံးမှာ NUG အစိုးရ၏ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နှင့်အဖွဲ့သည် အမေရိကန်အစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Daniel Kritenbrink နှင့် လက်ထောက်ဒုဝန်ကြီး Mrs. Melissa Brown တို့ပါဝင်သောအဖွဲ့အားလက်ခံတွေ့ဆုံခဲ့ပါတယ်။


ထိုသို့တွေ့ဆုံရာတွင် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးနှင် တိုင်းရင်းသားကိုယ်စားလှယ်အချို့တို့ ပါဝင်ပြီး စစ်ကောင်စီ ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ စစ်ရာဇဝတ်မှုတွေနဲ့ အပြစ်မဲ့ ပြည်သူတွေ၊ကလေးသူငယ်တွေကိုသတ်ဖြတ်နေမှုတွေ၊ ရွာတွေကိုမီးရှို့ ဖျက်ဆီးမှုတွေကို ရပ်တန့်ဖို့  စစ်ခေါင်းဆောင်များကို ဖယ်ရှားဖို့လိုအပ်တဲ့အကြောင်းများကို‌ ပြောကြားခဲ့ကြတယ်လို့ဆိုပါတယ်။


"စစ်ခေါင်းဆောင်များကို ဖယ်ရှားဖို့ဘယ်လိုကူညီရမလဲလို့မေးလာလို့ အချက် ချက်ကိုအဓိကထား ဆွေးနွေးလိုက်တဲ့အခါ သိပ်ကို လက်တွေ့ကျတယ်လီု့ မှတ်ချက်ပြုပြီး မကြာခင်မှာ အသေးစိတ်ထပ်မံဆွေးနွေးဖို့ စီစဉ်မယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။အဲဒီအချက် ချက်ထဲက တချက်ကတော့ နည်းပညာကိုသေသေချာချာအသုံးချရမယ်ဆိုတဲ့အချက်ပါမယ်။ ကျန် ချက်ကတော့ အချိန်တန်ရင် အသိပေးပါမယ်"လို့ ဝန်ကြီး ဦးထင်လင်းအောင်ကဆိုပါတယ်။


========================


📌📌 ၃။ ရန်ကုန်နဲ့  မန္တလေးမြို့ကြီးများတွင် တိတ်ဆိတ်ငြိမ်သက်ခြင်း အသံတိတ်သပိတ်ကို ပြည်သူလူထု အင်ပြည့်အားပြည့်ပါဝင်လှုပ်ရှား


ဖေဖော်ဝါရီ၁ရက်


ရန်ကုန်နဲ့  မန္တလေးမြို့ကြီးများတွင် တိတ်ဆိတ်ငြိမ်သက်ခြင်း အသံတိတ်သပိတ်ကို ပြည်သူလူထု အင်ပြည့်အားပြည့်ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ရက်နေ့ မနက်ပိုင်းကစလို့ မြို့လယ်ခေါင်များမှာ လူသူကင်းမဲ့နေပြီး ဖြတ်လျှောက်သူပင်မတွေ့ရဘူးလို့ ဒေသခံများကအတည်ပြုဆိုတယ်။


"မနက်စောစောမို့လို့ မထွက်ကြတာမဟုတ်ပါဘူး။ အိမ်ထဲက အိမ်ပြင်ကို လုံးလုံးမထွက်ကြတာပါ"လို့ ရန်ကုန်မြို့ခံတစ်ဦးကဆိုပါတယ်။


ဖေဖော်ဝါရီ၁ရက်နေ့  နံနက် ၁၀ နာရီမှ ညနေ၃နာရီ အသံတိတ်သပိတ်တွင် တိတ်ဆိတ်ငြိမ်သက်ခြင်းဖြင့်ပါဝင်ရန် တော်လှန်ရေးအင်အားစုများက လူထုကိုနှိုးဆော်တိုက်တွန်းခဲ့ကြပါတယ်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ဟာ စစ်တပ်ရဲ့ အာဏာလုယူမှု မအောင်မြင်တဲ့ နှစ်ပြည့်နေ့လည်းဖြစ်ပါတယ်။


========================


📌📌 ၄။ စစ်တပ်ကြောင့် နစ်နာခဲ့ရသူအားလုံး တရားမျှတမှုရရှိဖို့ ထိုက်တန်တယ်လို့ မြန်မာပြည်သူတွေကိုယူကေအစိုးရသတင်းစကားပါး


ဖေဖော်ဝါရီ ရက်


ဖေဖော်ဝါရီ ရက်နေ့ စစ်တပ်က အာဏာသိမ်းတဲ့ နှစ်နှစ်ပြည့်တဲ့နေ့မှာ ယူကေနိုင်ငံ အာရှရေးရာ ဝန်ကြီး Anne-Marie Trevelyan က  မြန်မာပြည်သူလူထုအတွက် သတင်းစကားပါးလိုက်ပါတယ်။


"မိတ်ဆွေသူငယ်ချင်းနှင့် ချစ်ခင်သူတွေကို ဆုံးရှုံးရလို့ ငိုကြွေးမြည်တမ်းနေတဲ့သူတွေ၊ ညှင်းပန်းနှိပ်စက်ခံရသူတွေ၊ မိမိရဲ့ အိုးအိမ်နှင့် နေရပ်ဒေသကို စွန့်ခွာပြီးထွက်ပြေးခဲ့ရသူတွေ၊စစ်တပ်ရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံရတဲ့သူတွေ ဒီလူတွေအားလုံးက တရားမျှတမှုရရှိဖို့ ထိုက်တန်ပါတယ်။ ယူကေအစိုးရက မြန်မာပြည်သူလူထုကို ဆက်လက် ဝန်းရံထောက်ခံသွားမှာ ဖြစ်ပါတယ်" လို့ ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင် မြန်မာစစ်တပ်ကို ယူကေအစိုးရအနေနဲ့ ပိတ်ဆို့အရေးယူမှုတွေချမှတ်ထားပြီး လုံခြုံကောင်စီမှာ မြန်မာအရေးနဲ့ပတ်သက်လို့လည်း ဆုံးဖြတ်ချက်တွေ ရယူပေးနိူင်ခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန CDM ဆင်များနှင့် ဆင်ဦးစီးဝန်ထမ်းများ ထောက်ပံ့နိုင်ရေးအတွက်တော်လှန်တပ်သား မိုမိုလေးများ-Elephants in Revolution” ကမ်ပိန်းမိတ်ဆက် 


ဇန်နဝါရီ ၃၁ ရက်မှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကတော်လှန်တပ်သား မိုမိုလေးများ-Elephants in Revolution” ကမ်ပိန်းကိုမိတ်ဆက်အသိပေးဆိုခဲ့ပါတယ်။


"ဆင်လေးတွေကို ချစ်တဲ့ ပြည်တွင်း/ပြည်ပက  တော်လှန်ပြည်သူများထံMONREC NUG မှတော်လှန်တပ်သား မိုမိုလေးများ - Elephants in Revolution” ကမ်ပိန်းလေးကို မကြာခင် ယူဆောင်လာပါတော့မယ်။‌ဒီကမ်ပိန်းလေးက ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေး နှစ်တာကာလအတွင်းမှာ ပြည်သူ့ဝန်ထမ်းများနည်းတူ ပါဝင်ခဲ့ကြတဲ့ ပြည်သူ့ဆင်လေးတွေနဲ့ ဆင်ဦးစီးဝန်ထမ်းတွေကို ထောက်ပံ့နိုင်ဖို့ ရည်ရွယ်ပါတယ်"လို့ဆိုပါတယ်။


ဒီကမ်ပိန်းမှာ ဆင်ချစ်သူအလှူရှင် ဦးက ကူညီထောက်ပံ့ပေးထားတဲ့ Elephant collection items () မျိုးကို ပါဝင်ကံစမ်းရယူနိုင်မှာဖြစ်သလို ပဋိပက္ခများကြားမှာ ရှင်သန်ရပ်တည်‌နိုင်ဖို့ ကြိုးစားရုန်းကန်နေရတဲ့ ဆင်လေးတွေနဲ့ သူတို့ရဲ့ ဦးစီးပဲ့ကိုင်များရဲ့ ဘဝ‌ တွေကို သိရှိနားလည်ခွင့် ရကြမှာလည်းဖြစ်ပါတယ်။


ကံစမ်းမဲလက်မှတ်များကို HAM_collection Page နဲ့ နိုင်ငံတကာ Fund-raisers များဆီမှာလည်း မကြာမီ ဝယ်ယူနိုင်မှာဖြစ်လို့ ပြည်တွင်းပြည်ပမှ ဆင်ချစ်သူ တော်လှန်ပြည်သူများအနေနဲ့ ပါဝင်ပေးကြဖို့ ဆိုထားပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment