25th JAN 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇန်နဝါရီလ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နောင်လာမယ့် မျိုးဆက်တွေအတွက် နှလုံးသားကြီးကြီး ရှိထားရလိမ့်မယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြော

📌 ၂။ အကြမ်းမဖက် ဖီဆန်ရေး (CDM) လှုပ်ရှားမှုကို နှစ်တိတိ ရဲရဲဝံ့ဝံ့ ရွပ်ရွပ်ချွံချွံ ခိုင်မာသောစိတ်ဓာတ်နဲ့ လုပ်ဆောင်နေတဲ့ ပြည်သူ့ သူရဲကောင်းတွေနဲ့ နိုင်ငံသူရဲကောင်းတွေကို ဂုဏ်ပြုချီးမြှင့်ခြင်းဆိုင်ရာများ အစိုးရအဖွဲ့အစည်းအဝေးမှာတင်ပြ

📌 ၃။ တော်လှန်ရေး၏ အဆင့်တိုင်းတွင် ပြည်သူလူထုပါဝင်မှုသည် တော်လှန်ရေး အောင်မြင်ရေးအတွက် အက္ခရာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ပြောကြား

📌 ၄။ ၂၀၂၃ မှာ  စုစည်းညီညွတ်မှုအားတွေ မြန်မြန်ရနိုင်လေတော်လှန်ရေးဟာ မြန်မြန်အောင်မြင်လေပဲ ဖြစ်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်

📌 ၅။ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျားသစ်နက်စစ်ကြောင်း၏ မွမ်းမံသင်တန်းဆင်းပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်ဆင်ပေးသည့် လက်နက်များပေးအပ်

📌 ၆။ နွေဦးစံရိပ်မွန် -- ဝယ်ယူလိုသူများအနေနဲ့ တိုက်ခန်း တန်ဖိုး၏ ၃၀% ကို တော်လှန်ရေး ကာလအတွင်း ပေးချေပြီး၊ ကျန် ၇၀% ကို တော်လှန်ရေးလွန် ကာလတွင်သာ ပေးချေနိုင်

📌 ၇။ ချင်းပြည်နယ် မှာ အမှတ် နယ်မြေအတွင်းဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်အား CDF Midat က တိုက်ခိုက်ရာ စကစတပ်ကတစ်ဦးသေဆုံး

📌 ၈။ မတ္တရာမြို့နယ်၊ ဟင်္သာကုန်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ အလိုကျ ရွေးကောက်ပွဲအတွက် စာရင်းလိုက်လံကောက်ယူနေသော အဖွဲ့နဲ့စကစတပ်များဒရုန်းနဲ့တိုက်ခိုက်ခံရ

📌 ၉။ ဂန့်ဂေါမှာ Non CDM ဝန်ထမ်း ၁၈ ဦးဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံအလင်းဝင်လာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နောင်လာမယ့် မျိုးဆက်တွေအတွက် နှလုံးသားကြီးကြီး ရှိထားရလိမ့်မယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြော


နောင်လာမယ့် မျိုးဆက်တွေအတွက် နှလုံးသားကြီးကြီး ရှိထားရလိမ့်မယ်လို့ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။


ဇန်နဝါရီလ (၂၄) ရက် ကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရ၏ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။


"ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် ကျွန်တော်တို့အားလုံးမှာ ဘုံသဘောတူညီချက်တွေ / ဘုံရည်မှန်းချက်တွေ လိုအပ်ပါတယ်။ နိုင်ငံတစ်ခု ပြန်လည်ထူထောင်ရေးကိစ္စဟာ အင်မတန်နက်နဲသလို အင်မတန်လည်းရှုပ်ထွေးပါတယ်။ ဒါ့အပြင် တိုင်းပြည်ထူထောင်ရေးကိစ္စဟာ အနုပညာ တစ်ရပ်လို နှလုံးသားနဲ့ရင်းပြီး လုပ်ကိုင်ရတဲ့ ကိစ္စလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ နောင်လာမယ့် မျိုးဆက်တွေအတွက် နှလုံးသားကြီးကြီး ရှိထားရပါလိမ့်မယ်။ ဒါ့အပြင် နောင်နှစ်ပေါင်း လေးငါးခြောက်ဆယ် လောက်အထိ ကြိုတင်မြော်မြင်ထားကြဖို့လည်း လိုပါတယ်"လို့ ဆိုပါတယ်။


ဒါ့အပြင် ခိုင်မာကျစ်လစ်တဲ့ နိုင်ငံရေးပဋိညာဉ်တစ်ခုရအောင် ဆွေးနွေး ညှိနှိုင်းမှုတွေ မပြတ်ရှိနေတယ်လို့လည်း ယာယီသမ္မတကအသိပေးဆိုပါတယ်။


========================


📌📌 ၂။ အကြမ်းမဖက် ဖီဆန်ရေး (CDM) လှုပ်ရှားမှုကို နှစ်တိတိ ရဲရဲဝံ့ဝံ့ ရွပ်ရွပ်ချွံချွံ ခိုင်မာသောစိတ်ဓာတ်နဲ့ လုပ်ဆောင်နေတဲ့ ပြည်သူ့ သူရဲကောင်းတွေနဲ့ နိုင်ငံသူရဲကောင်းတွေကို ဂုဏ်ပြုချီးမြှင့်ခြင်းဆိုင်ရာများ အစိုးရအဖွဲ့အစည်းအဝေးမှာတင်ပြ


အကြမ်းမဖက် ဖီဆန်ရေး (CDM) လှုပ်ရှားမှုကို နှစ်တိတိ ရဲရဲဝံ့ဝံ့ ရွပ်ရွပ်ချွံချွံ ခိုင်မာသောစိတ်ဓာတ်နဲ့ လုပ်ဆောင်နေတဲ့ ပြည်သူ့ သူရဲကောင်းတွေနဲ့ နိုင်ငံသူရဲကောင်းတွေကို ဂုဏ်ပြုချီးမြှင့်ခြင်းဆိုင်ရာများ အစိုးရအဖွဲ့အစည်းအဝေးမှာတင်ပြခဲ့ပါတယ်။ ဇန်နဝါရီ ၂၄ ရက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၃ ခုနှစ်အတွင်း ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။


အစည်းအဝေးမှာ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနက ၇၆ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်း အခမ်းအနားကျင်းပနိုင်ရေး ကိစ္စတင်ပြတာ၊ CDM Sucess Committe က အကြမ်းမဖက် ဖီဆန်ရေး(CDM) လှုပ်ရှားမှုကို နှစ်တိတိ ရဲရဲဝံ့ဝံ့ ရွပ်ရွပ်ချွံချွံ ခိုင်မာသောစိတ်ဓာတ်နဲ့ လုပ်ဆောင်နေတဲ့ ပြည်သူ့ သူရဲကောင်းတွေနဲ့ နိုင်ငံသူရဲကောင်းတွေကို ဂုဏ်ပြုချီးမြှင့်ခြင်းဆိုင်ရာ ထုတ်ပြန်ကြေညာရန် တင်ပြတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ အပါအဝင် ပြည်ထောင်စု ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ တော်လှန်ရေး၏ အဆင့်တိုင်းတွင် ပြည်သူလူထုပါဝင်မှုသည် တော်လှန်ရေး အောင်မြင်ရေးအတွက် အက္ခရာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ပြောကြား


တော်လှန်ရေး၏ အဆင့်တိုင်းတွင် ပြည်သူလူထုပါဝင်မှုသည် တော်လှန်ရေး အောင်မြင်ရေးအတွက် အက္ခရာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ ၂၄ ရက် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ  သတင်းနှင့်ပြန်ကြားရေးသင်တန်း ဖွင့်လှစ်ပို့ချရာမှာ ပြည်ထဲရေးဝန်ကြီးကဆိုခဲ့ပါတယ်။


"တော်လှန်ရေးကာလသည် နှစ်နှစ်တာ အချိန်ကာလကို ရောက်ရှိလာပြီး ၂၀၂၃ခုနှစ်ကို အဆုံးအဖြတ်နှစ်ဟု သတ်မှတ်၍ အင်တိုက်အားတိုက် ဆောင်ရွက်ကြရမည့် အချိန်ကာလ တစ်ခုဖြစ်ကြောင်း၊ တော်လှန်ရေး၏ အဆင့်တိုင်းတွင် ပြည်သူရဲ့ပါဝင်မှုသည် တော်လှန်ရေး အောင်မြင်ရေးအတွက် အက္ခရာဖြစ်သလို တော်လှန်ရေး၏တပ်ဦးမှ သွားနေသည့် အမျိုးသား ညီညွတ်ရေးအစိုးရနှင့် ပေါင်းစပ်ပြီး ဆောင်ရွက်နေသော အဖွဲ့အစည်းအသီးသီးတွင်ရှိသည့် တာဝန်ရှိသူအားလုံး၏ ကဏ္ဍပိုင်း ဆိုင်ရာများအပြင် လုပ်ငန်းပိုင်းဆိုင်ရာ အားကောင်းရေးသည်လည်း အက္ခရာကျပါကြောင်း"ဝန်ကြီးကဆိုပါတယ်။


အဆိုပါသင်တန်း၌ Social Media Platform ကို ပိုမိုကောင်းမွန်စွာ အသုံးချဆောင်ရွက်နိုင်မှုများကို  (၂၄..၂၀၂၃) ရက်နေ့မှ (၂၇..၂၀၂၃) ရက်နေ့အထိ () ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် ဝန်ကြီးဌာနအသီးသီးမှ ပြန်ကြားတာဝန်ခံများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ ၂၀၂၃ မှာ  စုစည်းညီညွတ်မှုအားတွေ မြန်မြန်ရနိုင်လေတော်လှန်ရေးဟာ မြန်မြန်အောင်မြင်လေပဲ ဖြစ်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်


၂၀၂၃ မှာ စုစည်းညီညွတ်မှုအားတွေ မြန်မြန်ရနိုင်လေတော်လှန်ရေးဟာ မြန်မြန်အောင်မြင်လေပဲ ဖြစ်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်ပါတယ်။ ဇန်နဝါရီလအတွင်းကျင်းပတဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ ပထမအကြိမ် ညီလာခံတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။


" ၂၀၂၃ မှာ ကျွန်တော်တို့ စုစည်းညီညွတ်မှုအားတွေ မြန်မြန်ရနိုင်လေ ကျွန်တော်တို့တော်လှန်ရေးဟာ မြန်မြန်အောင်မြင်လေပဲ ဖြစ်ပါတယ်။ မြန်မြန်ဆိုတဲ့ စကားလုံးသုံးရခြင်းဟာ ဒီအချိန်မှာ ရက်စက်ကြမ်းကြုပ်မှုတွေနဲ့ ပြည်သူကို အခုလို ဆန့်ကျင်ဘက်အင်အားစု အားလုံးကို တိုက်ခိုက်နေတာ အားလုံးအသိပဲဖြစ်ပါတယ်။ နေ့စဥ် နေ့တိုင်း ဗုံးကြဲနေတာ ဖြစ်ပါတယ်။ဗုံးကြဲတဲ့နေရာမှာ နေရာမရွေး ဆန့်ကျင်ဘက်တွေအားလုံးကို အကြမ်းဖက်ပြီးတော့ ဖက်စစ်စစ်တပ်အသွင်နဲ့ ထားရှိရမယ့် ကျင့်ဝတ်သိက္ခာတွေ မထားရှိတော့ပဲ ယခုလို ဗုံးကြဲတိုက်ခိုက်နေတာဟာ အချိန်အရ နေ့စဥ်နေ့တိုင်း ကျွန်တော်တို့ ပြည်သူတွေ နေ့တိုင်း အသက်ပေးနေရတာဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများဟာ စစ်ရေး၊နိုင်ငံရေး စတာတွေကို အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၅။ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျားသစ်နက်စစ်ကြောင်း၏ မွမ်းမံသင်တန်းဆင်းပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်ဆင်ပေးသည့် လက်နက်များပေးအပ်


ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျားသစ်နက်စစ်ကြောင်း၏ မွမ်းမံသင်တန်းဆင်းပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်ဆင်ပေးသည့် လက်နက်များပေးအပ်ခဲ့ပါတယ်။ ဇန်နဝါရီ ၂၄ ရက် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် () ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျားသစ်နက်စစ်ကြောင်း၏ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကိုကျင်းပခဲ့ပါတယ်။


အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ပေးပို့သည့် သဝဏ်လွှာနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ပေးပို့သည့် သဝဏ်လွှာများကို ဖတ်ကြားပြီးနောက် သင်တန်းဆင်းရဲဘော်များမှ စစ်ကြောင်းပုံစံဖြင့် အလေးပြုခဲ့ကြပါတယ်။


ထို့နောက် ကျားသစ်နက်စစ်ကြောင်း၏ မွမ်းမံသင်တန်းဆင်းရဲဘော်များမှ လက်နက်ကိုင်တွယ် ဖြုတ်တတ်မှုများ၊ ပစ္စတို ပစ်ခတ်စဥ်များ၊ အခြေခံကိုယ်ခံပညာ တိုက်ကွက်များ၊ Closed Quarter Battle ဖြင့် SQUAD အလိုက် လှုပ်ရှားမှုပစ်ခတ်စဥ်များ၊ လက်နက်အရှည်အသုံးပြုကာ ရွေ့လားပစ်ခတ်စဥ်များ၊ VIP ကာကွယ်မှု သက်တော်စောင့်များ၏ ဗျူဟာများ နှင့် စစ်ပွဲအတွင်း အရေးပေါ်အခြေအနေများတွင် လူနာသယ်ယူရန် နည်းလမ်းများ နှင့် ကြိုးဆင်း ပစ်ခတ်စဥ်များသရုပ်ဖော်ပြသခဲ့ပါတယ်။


အခမ်းအနားအစီအစဥ်အဆုံးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် () မှ ဒု-စစ်ဒေသမှူး စောရှားမှ ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်ဆင်ပေးသည့် လက်နက်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်မှ ပေးပို့သည့် ဂုဏ်ပြုငွေ (၁၀) သိန်းကျပ်တိတိကိုလည်း မွမ်းမံသင်တန်းဆင်းရဲဘော်များအား ပေးအပ်ခဲ့ပါတယ်။


========================


📌📌 ၆။ နွေဦးစံရိပ်မွန် -- ဝယ်ယူလိုသူများအနေနဲ့ တိုက်ခန်း တန်ဖိုး၏ ၃၀% ကို တော်လှန်ရေး ကာလအတွင်း ပေးချေပြီး၊ ကျန် ၇၀% ကို တော်လှန်ရေးလွန် ကာလတွင်သာ ပေးချေနိုင်


နွေဦးစံရိပ်မွန် -- ဝယ်ယူလိုသူများအနေနဲ့ တိုက်ခန်း တန်ဖိုး၏ ၃၀% ကို တော်လှန်ရေး ကာလအတွင်း ပေးချေပြီး၊ ကျန် ၇၀% ကို တော်လှန်ရေးလွန် ကာလတွင်သာ ပေးချေနိုင်တယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၂၄ ရက်မှာ EOD ကအသိပေးဖော်ပြထားပါတယ်။


"Spring Bliss  (နွေဦးစံရိပ်မွန်) စီမံကန်းများအားလုံးတွင် Studio, 1-Bedroom, 2-Bedroom, 3-Bedroom ဆိုပြီး အခန်းအမျိုးအစား မျိုးပါဝင်ပါမှာဖြစ်ပါတယ်။နိုင်ငံခြားသားများလည်း ဝယ်ယူနိုင်သည်။ တော်လှန်ရေးအလွန် ကာလတွင် နွေဦးရန်ကုန် မြေကွက်/တိုက်ခန်းများအား နိုင်ငံခြားသား ပိုင်ဆိုင်မှု ခွင့်ပြုသည့် သီးသန့် အမိန့်ဒီဂရီ ဥပဒေများ ပြဌာန်းပေးပါမယ်။ဝယ်ယူလိုသည့် တိုက်ခန်း တန်ဖိုး၏ ၃၀% ကို တော်လှန်ရေး ကာလအတွင်း ပေးချေပြီး၊ ကျန် ၇၀% ကို တော်လှန်ရေးလွန် ကာလတွင် ပေးချေ ရပါမယ်"လို့အသိပေးဆိုပါတယ်။


Spring Bliss 1 (နွေဦးစံရိပ်မွန် ) တည်နေရာမှာ လှိုင်သာယာ တံတားအဆင်း ဘယ်ဖက် (တပ်ထိပ်မှတ်တိုင်)ရှိ အကြမ်းဖက်စစ်တပ်ပိုင် မြေနေရာဖြစ်ဖြစ်ပြီး Spring Bliss 2 (နွေဦးစံရိပ်မွန် ) တည်နေရာမှာ တောင်ဒဂုံ အမှတ် () လမ်းမကြီးပေါ် Pro-1 နှင့် မျက်စောင်းထိုးရှိ အကြမ်းဖက်စစ်တပ်ပိုင် မြေနေရာပဲ ဖြစ်ပါတယ်။ Spring Bliss 3 (နွေဦးစံရိပ်မွန် ) တည်နေရာမှာ မင်္ဂလာဒုံ စစ်တပ်ပိုင် ဂေါက်ကွင်း၊ မင်္ဂလာဒုံလေယာဉ်ကွင်းနှင့် ကပ်လျက် မြေနေရာဖြစ်ပါတယ်။


========================


📌📌 ၇။ ချင်းပြည်နယ် မှာ အမှတ် နယ်မြေအတွင်းဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်အား CDF Midat က တိုက်ခိုက်ရာ စကစတပ်ကတစ်ဦးသေဆုံး


ချင်းပြည်နယ် မှာ အမှတ် နယ်မြေအတွင်းဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်အား CDF Midat က တိုက်ခိုက်ရာ စကစတပ်ကတစ်ဦးသေဆုံးခဲ့ပါတယ်။ ဇန်နဝါရီ ၂၄ ရက်မှာ စစ်ရေးသတင်းကို CDF Midat ကအသိပေးဖော်ပြပါတယ်။


"အမှတ် နယ်မြေအတွင်းဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီအား cdf-Midat အဖွဲ့မှ အပြင်းအထန်ခုခံတိုက်ခံရာ အကြမ်းဖက်စစ်ကောင်စီဖက်မှ တစ်ဦးကျဆုံး နှင့်ဒဏ်ရာရများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားရပါတယ်"လို့ဆိုပါတယ်။ အဆိုပါ ဆုတ်ခွာသွားသော စစ်ကြောင်းဟာ ပြည်သူတစ်ဦးကိုလည်း သတ်ဖြတ်သွားကြတယ်လို့ဆိုပါတယ်။


စစ်ကြောင်းထိုးနယ်မြေများတွင် ဖုန်းလိုင်းများအားလုံး ယခုတိုင်ဖြတ်တောက်ထားထားပြီး လေကြောင်းများ၊လက်နက်ကြီးများဖြင့် တောက်လျောက် ပစ်ခတ်နေတယ်လို့သတင်းရရှိပါတယ်။ ပြည်သူများအားလုံး သတိရှိရှိဖြင့် ဗုံးခိုကျင်းများကြိုတင် တူးကြရန်လည်းတိုက်တွန်းထားပါတယ်။


========================


📌📌 ၈။ မတ္တရာမြို့နယ်၊ ဟင်္သာကုန်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ အလိုကျ ရွေးကောက်ပွဲအတွက် စာရင်းလိုက်လံကောက်ယူနေသော အဖွဲ့နဲ့စကစတပ်များဒရုန်းနဲ့တိုက်ခိုက်ခံရ


မတ္တရာမြို့နယ်၊ ဟင်္သာကုန်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ အလိုကျ ရွေးကောက်ပွဲအတွက် စာရင်းလိုက်လံကောက်ယူနေသော အဖွဲ့နဲ့စကစတပ်များဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရပါတယ်။ ဇန်နဝါရီ ၂၄ ရက်မှာ ပြင်ဦးလွင် ခရိုင် ပကဖ ကောင်းကင် တော်လှန်ရေးအင်အားစု က စစ်ရေးသတင်းကို အသိပေးဖော်ပြပါတယ်။


"မတ္တရာမြို့နယ်၊ ဟင်္သာကုန်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ အလိုကျ ရွေးကောက်ပွဲအတွက် စာရင်းလိုက်လံကောက်ယူနေသော အဖွဲ့နှင့် စကစတပ်များအား မဟာမိတ်များမှ ဒရုန်းလေးစီး ဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ အထိအခိုက် အကျဆုံးစာရင်း အတိအကျမသိရသေး သော်လည်း မဟာမိတ်များ အနေဖြင့် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။


ဤစစ်ဆင်ရေးကိုပြင်ဦးလွင် ခရိုင် ပကဖ ကောင်းကင် တော်လှန်ရေးအင်အားစု ADRF (Madaya)SKY HERO (Madaya)၊ဒေါင်းစစ်သည် (Madaya)၊နတ်ဆိုး‌မြေအောက်တော်လှန်ရေးတပ်ဖွဲ့၊Unicorn Guerrilla Force တို့မှပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။


========================


📌📌 ၉။ ဂန့်ဂေါမှာ Non CDM ဝန်ထမ်း ၁၈ ဦးဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံအလင်းဝင်လာ


မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် မှာ Non CDM ဝန်ထမ်း ၁၈ ဦးဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံအလင်းဝင်လာတယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၂၄ ရက်မှာ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးဆိုပါတယ်။


"ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် အတွင်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသော ပညာရေးဝန်ထမ်း ၁၇ ဦးနှင့် ထွေ/အုပ်စာရေး ဦး စုစုပေါင်း ၁၈ ဦးတို့သည် ၎င်းတို့၏ အမှားများကို သိရှိယုံသာမက စစ်ကောင်စီ၏ ဆိုးဝါးရက်စက်ယုတ်မာမှုများကို ကိုယ်တိုင်သိရှိပြီး စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့သဖြင့် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များနှင့် ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ ခေါင်းဆောင်များ၏ ရှေ့မှောက်တွင် အလင်းဝင်ရောက်လာပါတယ်"လို့ဖော်ပြပါတယ်။ ဂန့်ဂေါမြို့နယ်မှာ စကစတပ်များ မကြာခဏစစ်ကြောင်းထိုးဝင်ရောက်သော်လည်း နယ်မြေတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘူးလို့ သတင်းရရှိပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment