25th JAN 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇန်နဝါရီလ ၂၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။နွေဦးတော်လှန်ရေးမှာ အဆိုးထဲကအကောင်းတွေလည်း ရလိုက်တာတွေ ရှိတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား

📌 ၂။ နိုင်ငံခြားရေး၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်ဇင်မာအောင် နှင့် ပြင်သစ်နိုင်ငံရောက် မြန်မာတော်လှန်ရေးမိသားစုများ တွေ့ဆုံပွဲ ကျင်းပမယ်

📌 ၃။ စျေးအကြီးဆုံး စနိုက်ပါသေနတ်ကို တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်းအမှတ် - ၃၅၀၂  တပ်ခွဲ() ရဲ့ ရဲဘော်တစ်ဦးဖြစ်သူ ရဲဘော်နွေဦးအား ပြည်ထဲရေးဝန်ကြီးဆုချ

📌 ၄။ နော်ဝေနိုင်ငံမှာ ကျင်းပမယ့် နိုင်ငံရေးအရ ဆွေးနွေးပွဲ လူ့အခွင့်ရေးရာဝန်ကြီး ပါဝင်ဆွေးနွေးမယ်

📌 ၅။ နိုင်ငံရေးလှုပ်ရှားမှုဖြင့် တရားစွဲဆိုခြင်းခံ ထားရသူများကို အမှုလိုက်ပေးနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ရှေ့နေ ဦးဝင်းကျော်စိုးကို စစ်အုပ်စုကဖမ်းဆီး

📌 ၆။ Myitnge - PDF မြို့ပြပြောက်ကျားအထူးတပ်ဖွဲ့မှ အူဇီသေနတ်များအပြင် စနိူက်ပါသေနတ်များပါ တီထွင်အောင်မြင်

📌 ၇။ စစ်ကိုင်းတိုင်း ထီးချိုင့်နဲ့ဝက်လက်မြို့နယ်ထဲက ကျေးရွာများကို စကစတပ်က ယနေ့မနက်မီးရှို့ဖျက်ဆီး

📌 ၈။ မြိတ်မြို့မှတနင်္သာရီမြို့သို့တက်လာသောစစ်ကားနှင့်(၃၀၆)အမြောက်တပ်တို့နဲ့ကာကွယ်ရေးတပ်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။နွေဦးတော်လှန်ရေးမှာ အဆိုးထဲကအကောင်းတွေလည်း ရလိုက်တာတွေ ရှိတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား


ဇန်နဝါရီ ၂၄ ရက်ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတက အခုလိုဆိုလိုက်ပါတယ်။


" နွေဦးတော်လှန်ရေးမှာ အဆိုးထဲကအကောင်းတွေလည်း ရလိုက်တာတွေ ရှိတယ်လို့ ယူဆပါတယ်။ ယခင်တုန်းက လက်နက်ကိုင်ခုခံတော်လှန်မှုကို ငြင်းချက်ထုတ်ခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အများအပြား ရှိခဲ့တယ်။ ယခု လက်ရှိကာလမှာတော့ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် လက်နက်ကိုင်လမ်းစဉ်ကို ဗဟိုပြုထားကြရတော့မယ်ဆိုတာကို အတွေ့အကြုံအားဖြင့် လက်တွေ့သိလာကြပါပြီ။ တကယ်တော့ ကျွန်တော်တို့ဟာ နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းမှာပဲ ဖြေရှင်းချင်ကြတဲ့သူတွေ ချည်းပါပဲ။ ဒါပေမယ့် လူထုက လက်နက်ကိုင်ပြီး ခုခံမှကို ရတော့မယ့် အခြေအနေကို မြန်မာစစ်ခေါင်းဆောင်တွေက တွန်းပို့ခဲ့ပါတယ်။ ဒီတော့ စပြီးတဲ့ ဇာတ်ကို ဆုံးအောင် က,ကြရမယ်လို့ ပြတ်ပြတ်သားသား ပြောချင်ပါတယ်"လို့ ယာယီသမ္မတကဆိုပါတယ်။


ဒါ့အပြင်ခုခံတော်လှန်စစ်ကိုလည်း ဒီ့ထက် အောင်မြင်အောင် ကြိုးပမ်းလုပ်ဆောင်ကြမယ်လို့ ယာယီသမ္မတကဆိုပါတယ်။


========================


📌📌 ၂။ နိုင်ငံခြားရေး၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်ဇင်မာအောင် နှင့် ပြင်သစ်နိုင်ငံရောက် မြန်မာတော်လှန်ရေးမိသားစုများ တွေ့ဆုံပွဲ ကျင်းပမယ်


ဇန်နဝါရီ ၂၅ ရက်


နိုင်ငံခြားရေး၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်ဇင်မာအောင် နှင့် ပြင်သစ်နိုင်ငံရောက် မြန်မာတော်လှန်ရေးမိသားစုများ တွေ့ဆုံပွဲကို ဇန်နဝါရီလ ၂၉ ရက်၊ တနင်္ဂနွေနေ့မှာ တွေ့ဆုံမှာဖြစ်တယ်လို့ ပြင်သစ်နိုင်ငံ NUG ကိုယ်စားလှယ်ရုံးကထုတ်ပြန်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်ဇင်မာအောင် နှင့် ပြင်သစ်နိုင်ငံရောက် မြန်မာတော်လှန်ရေးမိသားစုများ ရင်းနှီးနွေးထွေးစွာတွေ့ဆုံ ပွဲ ကို ဇန်နဝါရီလ ၂၉ ရက်၊ တနင်္ဂနွေနေ့ နေ့လည် နာရီမှ ညနေ နာရီ အထိ ကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။ တွေ့ဆုံပွဲတွင် ပြည်ထောင်စု ၀န်ကြီး ဒေါ်ဇင်မာအောင်က အမှာစကားပြောကြား၍ သိလိုတာများကိုလည်း ရှင်းလင်းမှာ ဖြစ်ပါတယ်။


========================


📌📌  စျေးအကြီးဆုံး စနိုက်ပါသေနတ်ကို တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်းအမှတ် - ၃၅၀၂  တပ်ခွဲ() ရဲ့ ရဲဘော်တစ်ဦးဖြစ်သူ ရဲဘော်နွေဦးအား ပြည်ထဲရေးဝန်ကြီးဆုချ


စျေးအကြီးဆုံး စနိုက်ပါသေနတ်ကို တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်းအမှတ် - ၃၅၀၂  တပ်ခွဲ() ရဲ့ ရဲဘော်တစ်ဦးဖြစ်သူ ရဲဘော်နွေဦးအား ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်က ဆုချပေးအပ်ခဲ့ပါတယ်။ ဇန်နဝါရီ ၂၄ ရက်မှာ တပ်ရင်း ၃၅၀၂ ရဲ့တပ်ရင်းမှူးကတစ်ဆင့် စနိုက်ပါ 338 ကို ချီးမြှင့်ခဲ့တာဖြစ်တယ်လို့ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်းအမှတ် - ၃၅၀၂  တပ်ခွဲ () ကသိရပါတယ်။


၄င်းရဲဘော်နွေဦးကို ERO အဖွဲ့တစ်ခုဆီက စနိုက်ပါအသေးတစ်လက်ချီးမြှင့်ပေးအပ်ထားတာဖြစ်ပါတယ်။ ရဲဘော်နွေဦးဟာ ရန်သူစစ်သား (၅၀) ကျော် သုတ်သင်နိုင်ခဲ့ပါတယ်။


========================


📌📌 ၄။ နော်ဝေနိုင်ငံမှာ ကျင်းပမယ့် နိုင်ငံရေးအရ ဆွေးနွေးပွဲ လူ့အခွင့်ရေးရာဝန်ကြီး ပါဝင်ဆွေးနွေးမယ်


နော်ဝေနိုင်ငံမှာ ကျင်းပမယ့် နိုင်ငံရေးအရ ဆွေးနွေးပွဲ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်း ပါဝင်ဆွေးနွေးမယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၃၁ ရက်နေ့ Norway နိုင်ငံ Litteraturhuset Nedjma မှာHow can Norway support the people's struggle for democracy? ” ခေါင်းစဉ်နဲ့ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာတဲ့ ဆွေးနွေးပွဲတခုကို ကျင်းပမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကို Panelist အဖြစ်ပါဝင်ဆွေးနွေးရန် ဖိတ်ခေါ်ထားပါတယ်။  နော်ဝေးနိုင်ငံဟာ ၁၉၉၁ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံဒီမိုကရေစီအရေးကို အခိုင်အမာ ထောက်ခံခဲ့တဲ့နိုင်ငံတနိုင်ငံလည်းဖြစ်ပါတယ်။


Panelistsများအဖြစ် 

- U Aung Myo Min, union Minister for Human Rights if the NUG,

- Lawmi Aung, student at Agder University 

- Kristian Stoke, Professor at the University of Oslo တို့ပါဝင်သွားမှာဖြစ်ပါတယ်။


========================


📌📌 ၅။ နိုင်ငံရေးလှုပ်ရှားမှုဖြင့် တရားစွဲဆိုခြင်းခံ ထားရသူများကို အမှုလိုက်ပေးနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ရှေ့နေ ဦးဝင်းကျော်စိုးကို စစ်အုပ်စုကဖမ်းဆီး


နိုင်ငံရေးလှုပ်ရှားမှုဖြင့် တရားစွဲဆိုခြင်းခံ ထားရသူများကို အမှုလိုက်ပေးနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ရှေ့နေ ဦးဝင်းကျော်စိုးကို စစ်အုပ်စုကဖမ်းဆီးခဲ့ကြောင်းကို ဇန်နဝါရီ ၂၄ ရက်မှာ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကအသိပေးဖော်ပြပါတယ်။


မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျီကုန်းကျေးရွာတွင်နေထိုင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ရှေ့နေ ဦးဝင်းကျော်စိုးကို အကြမ်းဖက်စစ်အုပ်စုမှ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းအချိန်တွင် ၎င်း၏နေအိမ်၌ ဖမ်းဆီး ခဲ့ပါတယ်။  ဦးဝင်းကျော်စိုးဟာ အိုးဘိုအကျဉ်းထောင်တွင်းအထူးတရားရုံးတွင် နိုင်ငံရေးလှုပ်ရှားမှုဖြင့် တရားစွဲဆိုခြင်းခံ ထားရသူများကို အမှုလိုက်ပေးနေသူလည်းဖြစ်ပါတယ်လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၃၆၅၃) ဦးရှိပြီး ၎င်းတို့အနက်မှ  (၂၁၇၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။


========================


📌📌 ၆။ Myitnge - PDF မြို့ပြပြောက်ကျားအထူးတပ်ဖွဲ့မှ အူဇီသေနတ်များအပြင် စနိူက်ပါသေနတ်များပါ တီထွင်အောင်မြင်


ဇန်နဝါရီလအတွင်းမှာ Myitnge - PDF မြို့ပြပြောက်ကျားအထူးတပ်ဖွဲ့က အခုလိုအသိပေးဆိုပါတယ်။


"ကျွန်တော် MN PDF တပ်ဖွဲ့ မှ ထုတ်လုပ်ထားသောလက်နက်များကို  မိဘပြည်သူများထံ တင်ပြအပ်ပါတယ်။ထုတ်လုပ်ထားသော လက်နက်အမျိုးအစားများဖြစ်သော စနှိုက်ပါ ရိုင်ဖယ် ကာဘိုင် အူဇီ ကိုးလုံး ( ခေါက်ချိုး ) များကို ထုတ်လုပ်ထားကာ တိုက်ပွဲဆင်နွဲနေရပါတယ်"လို့ဆိုပါတယ်။


ထုတ်လုပ်ထားသောလက်နက်တစ်လက်ကုန်ကျငွေမှာစနှိုက်ပါ တစ်လက် ,၅၀၀,၀၀၀ ကျပ်၊ရိုင်ဖယ် တစ်လက် ၇၅၀,၀၀၀ ကျပ်၊ ကာဘိုင် တစ်လက် ၄၀၀,၀၀၀ ကျပ်၊ အူဇီ  တစ်လက် ၆၀၀,၀၀၀ ကျပ်၊ကိုးလုံး တစ်လက် ၂၀၀,၀၀၀ ကျပ်တို့ကုန်ကျခဲ့ပါတယ်။


========================


📌📌 ၇။ စစ်ကိုင်းတိုင်း ထီးချိုင့်နဲ့ဝက်လက်မြို့နယ်ထဲက ကျေးရွာများကို စကစတပ်က ယနေ့မနက်မီးရှို့ဖျက်ဆီး


ဇန်နဝါရီ ၂၅


ဇန်နဝါရီ ၂၅ ရက်မှာ စကစတပ်များကစစ်ကိုင်းတိုင်းထဲက ကျေးရွာများကို ယနေ့မနက်မီးရှို့ဖျက်ဆီးခဲ့ပါတယ်မီးရှို့ခဲ့တာလို့ ဒေသခံ သတင်းအရင်းအမြစ်များကအတည်ပြုဆိုပါတယ်။ "ထီးချိုင့်မြို့နယ်မှာ ယနေ့မနက် နာရီ ၃၀ အချိန်ကျွန်းကြီးကုန်းရွာကို မီးရှို့ခဲ့ပါတယ်"လို့ KR-Team ကအတည်ပြုဆိုပါတယ်။


အလားတူ ဝက်လက်မြို့နယ်ပင်းဇင်းကျေးရွာကိုဖျက်ဆီးပြီး  မူးကြီးကျေးရွာဘက်ဦးတည်ထွက်ခွါ လာသောစကစတပ်များဟာ မူးကြီးကျေးရွာရှိနေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ ဒါအပြင် စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ရေဦးတံတားကိုဖြတ်ပြီး ရွာသာလေး ကုက္ကိုစုကျေးရွာဘက်သို့ ဦးတည်လာတဲ့ စကစတပ်များ မိုင်းထိမှန်ခဲ့ပါတယ်။ ဇန်နဝါရီ ၂၅ ရက်မနက်ပိုင်းမှာ စကစတပ်များဟာ မိုင်းထိခဲ့တာလို့ ခင်ဦး KDK တပ်ဖွဲ့ကအတည်ပြုဆိုပါတယ်။


"ယနေ့မနက် နာရီ ၁၀ မိနစ်ခန့်အချိန်တွင် ရွာသစ်ကုန်းခွေးခြံမှ ပျု စကစတပ်အင်အား ၃၀ခန့်သည် ရေဦးတံတားကိုဖြတ်ပြီး ရွာသာလေး ကုက္ကိုစုကျေးရွာဘက်သို့ ဦးတည်ရာတွင် မိုင်းတစ်လုံးထိထားပါတယ်"လို့ဆိုပါတယ်။ ဒါ့အပြင်ညောင်လှဘက်သို့ရောက်နေသော စစ်ကြောင်းသည် နောက်ပြန်လှည့်လာပြီး ရွာသစ်ကုန်းမှ စစ်ကြောင်းကို လာကြိုသည့်အနေအထားရှိ၍ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန် အသိပေးနှိုးဆော်ထားပါတယ်။


========================


📌📌 ၈။ မြိတ်မြို့မှတနင်္သာရီမြို့သို့တက်လာသောစစ်ကားနှင့်(၃၀၆)အမြောက်တပ်တို့နဲ့ကာကွယ်ရေးတပ်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွား


ဇန်နဝါရီ ၂၅ ရက်မှာ စစ်ရေးသတင်းကို တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့ကအခုလိုအတည်ပြုဆိုပါတယ်။


"တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့သည် PDF တပ်မတော်၊ဘက်မလိုက်ပြောက်ကျား၊ကာကွယ်ရေးပြောက်ကျားတို့နှင့်ပူးပေါင်းကာ မြိတ်မြို့မှတနင်္သာရီမြို့သို့တက်လာသောစစ်ကားနှင့် (၃၀၆) အမြောက်တပ်တို့ကိုထိထိမိမိတိုက်ခိုက်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့်ကျေးရွာများကိုပစ်ခတ်ခဲ့သောကြောင့် အဖွားအိုတဦးသေဆုံးပြီး အရပ်သား () ဦးခန့်ထိခိုက်ခဲ့ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment