26th JAN 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇန်နဝါရီလ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နိုင်ငံရေး၊ စစ်ရေး ၊ဘဏ္ဍာရေး အားသာချက်တွေဟာ အခြားသော နိုင်ငံက တော်လှန်ရေးတွေထက် ပိုသာလို့ နွေဦးတော်လှန်ရေး မနိုင်စရာမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောကြား

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကာကွယ်ရေးတပ်ဖွဲ့များကို လက်နက်တပ်ဆင်မှုအပိုင်းမှာ အင်နဲ့အားနဲ့ ထောက်ကူဆောင်ရွက်နေတယ်လို့ အသိပေးဆို

📌 ၃။ တရားမဝင် စစ်အာဏာသိမ်းမှု () နှစ်တာကြာမြင့်သည့် ကာလတလျှောက်တွင် လူမဆန်သောစစ်တပ်အနေဖြင့် ပြည်တွင်းတရားဥပဒေ စိုးမိုးရေးကို လုံးဝဥဿုံဖျက်ဆီးခဲ့တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

📌 ၄။ စစ်အုပ်စုကို နိုင်ငံရေးနဲ့  ငွေကြေး အထောက်အပံ့ပေးအပ်မှုတွေပြုလုပ်တဲ့အထဲမှာကုလသမဂ္ဂအဖွဲ့အစည်း ၁၄ ဖွဲ့ပါဝင်ကြောင်း JusticeForMyanmarကထုတ်ပြန်

📌 ၅။ ကရင်နီပြည်ဖရူဆိုအနောက်ဘက်ခြမ်း စစ်ဘေးရှောင်စခန်းတွင် ၄လ ကြာမှသာလျှင် ပထမဆုံးအကြိမ် ဆန်ပြန် လည်ဝေ မျှပေးနိုင်ခဲ့ပြီးစားနပ်ရိက္ခာလိုအပ်ချက်များရှိနေတယ်လို့ဆို

📌 ၆။ ပြည်သူများ၏ ဆဌမအကြိမ်မြောက် For Our People လှုပ်ရှားမှုတွင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)” အတွက်NUGP​နဲ့ အတူထောက်ပို့ ကူညီနိူင်

📌 ၇။ Spring Bliss (နွေဦးစံရိပ်မွန်) အိမ်ရာများ ရောင်းချခြင်းကို ဖေဖော်ဝါရီလတွင် စတင်မယ်လို့အသိပေး

📌 ၈။ ပါဝင်လက်တွဲ တနင်္သာရီအောင်ပွဲဒုတိယအကြိမ် အခမ်းအနားကိုဇန်နဝါရီ ၂၈ ရက်နေ့ကျင်းပမယ်

📌 ၉။ စစ်ကိုင်းတိုင်း ဝက်လက်မြို့ပေါ်က စကစရဲ့ဌာနဆိုင်ရာ များကိုကာကွယ်ရေးတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ၁၂ ဦးထိသေဆုံး

📌 ၁၀။ ကချင်ပြည်နယ် မြစ်ကြီးနားရှိ မြဝတီဘဏ်‌ ကင်းဘန်ကာကို တိုက်ခိုက်ရာ စကစတပ်သား တစ်ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နိုင်ငံရေး၊ စစ်ရေး ၊ဘဏ္ဍာရေး အားသာချက်တွေဟာ အခြားသော နိုင်ငံက တော်လှန်ရေးတွေထက် ပိုသာလို့ နွေဦးတော်လှန်ရေး မနိုင်စရာမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောကြား


နိုင်ငံရေး၊ စစ်ရေး ၊ဘဏ္ဍာရေး အားသာချက်တွေဟာ အခြားသော နိူင်ငံက တော်လှန်ရေးတွေထက် ပိုသာလို့ နွေဦးတော်လှန်ရေး မနိုင်စရာမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။ ဇန်နဝါရီ ၂၄ ရက် တောင်ပိုင်းစစ်ဒေသ စစ်ဒေသခွဲအမှတ် တွင် ပြုလုပ်သော ကျားသစ်နက်စစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲသို့ ပေးပို့ခဲ့သော ဝန်ကြီးချုပ်၏ သဝဏ်လွှာမှာပြောဆိုခဲ့ပါတယ်။


"နွေဦးတော်လှန်ရေး ကာလ နှစ်နှစ်မပြည့်ခင်မှာ ရရှိထားပြီးဖြစ်တဲ့ နိုင်ငံရေး၊ စစ်ရေး ၊ဘဏ္ဍာရေး အားသာချက်တွေဟာ အခြားသော နိုင်ငံက တော်လှန်ရေးတွေထက် ပိုသာလျက်ရှိပါတယ်။ မိမိတို့မနိုင်စရာလုံးဝမရှိပါဘူး"လို့ ဆိုပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ အမေရိကန်ဒေါ်လာသန်း၁၀၀ ရာကျော်ဘဏ္ဍာရန်ပုံငွေ ရှာဖွေနိူင်ခဲ့တယ်လို့ စီမံဘဏ္ဍာ ဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အရ သိရပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကာကွယ်ရေးတပ်ဖွဲ့များကို လက်နက်တပ်ဆင်မှုအပိုင်းမှာ အင်နဲ့အားနဲ့ ထောက်ကူဆောင်ရွက်နေတယ်လို့ အသိပေးဆို


အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကာကွယ်ရေးတပ်ဖွဲ့များကို လက်နက်တပ်ဆင်မှုအပိုင်းမှာ အင်နဲ့အားနဲ့ ထောက်ကူဆောင်ရွက်နေတယ်လို့ အသိပေးဆိုပါတယ်။ ဇန်နဝါရီ ၂၅ ရက်မှာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကအသိပေးဆိုထားပါတယ်။


"သတင်းထုတ်ပြန်မှု အကန့်အသတ်အရနေရာဒေသ တချို့ကိုသာ တပ်ဆင်ပေးနေကြောင်း အသိပေးနေရပါတယ်..။လက်တွေ့မြေပြင်မှာ အကုန်လုံး လွှမ်းခြုံ မနိုင်သေးသော်ငြား တခြားနေရာတွေမှာလည်း အင်နဲ့အားနဲ့ ထောက်ကူဆောင်ရွက်တပ်ဆင်လျက်ရှိပါတယ်။တော်လှန်ပြည်သူတွေရဲ့ အင်တိုက်အားတိုက် ပုံအောလိုက်ပါမှုရဲ့ အသီးအပွင့်တွေဝေဆာ၊ အောင်ပွဲကနီးသထက်နီးလာခဲ့ပါပြီ"လို့ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ ကျားသစ်နက်စစ်ကြောင်းနဲ့ ဒေါန စစ်ကြောင်းတို့၏ မွမ်းမံသင်တန်းများမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို လက်နက်တပ်ဆင်ပေးမှုများအား NUGအစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။


========================


📌📌 ၃။ တရားမဝင် စစ်အာဏာသိမ်းမှု () နှစ်တာကြာမြင့်သည့် ကာလတလျှောက်တွင် လူမဆန်သောစစ်တပ်အနေဖြင့် ပြည်တွင်းတရားဥပဒေ စိုးမိုးရေးကို လုံးဝဥဿုံဖျက်ဆီးခဲ့တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား


တရားမဝင် စစ်အာဏာသိမ်းမှု () နှစ်တာကြာမြင့်သည့် ကာလတလျှောက်တွင် လူမဆန်သောစစ်တပ်အနေဖြင့် ပြည်တွင်းတရားဥပဒေ စိုးမိုးရေးကို လုံးဝဥဿုံဖျက်ဆီးခဲ့တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြားလိုက်ပါတယ်။


ဇန်နဝါရီ၂၄ရက်လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုတို့အား ကာကွယ်နိုင်မည့် လူမှုရေးနှင့် စီးပွားရေးလုပ်ဆောင်ချက်များခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အထူးအစည်းအဝေးမှာ သံအမတ်ကြီးကဆိုပါတယ်။


"ဖက်ဆစ်စစ်တပ်အနေဖြင့် ၎င်းတို့ကျူးလွန်သည့် ရာဇဝတ်မှုများကို ရပ်တန့်ခြင်းမရှိဘဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရားမဝင် စစ်အာဏာသိမ်းမှုကိုပင် ကျူးလွန်ခဲ့ကြောင်း၊ တရားမဝင် စစ်အာဏာသိမ်းမှု () နှစ်တာကြာမြင့်သည့် ကာလတလျှောက်တွင် လူမဆန်သောစစ်တပ်အနေဖြင့် ပြည်တွင်းတရားဥပဒေ စိုးမိုးရေးကို လုံးဝဥဿုံဖျက်ဆီးခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာပြည်သူများနှင့် ဒေသတွင်းအခြေအနေအပေါ် ကြီးလေးသော နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်ပေါ်စေခဲ့ကြောင်း"သံအမတ်ကြီးကဆိုပါတယ်။


အဆိုပါ အစည်းအဝေးတွင် ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်စား လူမျိုးတုံးသတ်ဖြတ်ရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်၊ လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌ (Pre-recorded Video) နှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေး ကော်မရှင်ဥက္ကဋ္ဌတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ပါတယ်။


========================


📌📌 ၄။ စစ်အုပ်စုကို နိုင်ငံရေးနဲ့  ငွေကြေး အထောက်အပံ့ပေးအပ်မှုတွေပြုလုပ်တဲ့အထဲမှာကုလသမဂ္ဂအဖွဲ့အစည်း ၁၄ ဖွဲ့ပါဝင်ကြောင်း JusticeForMyanmarကထုတ်ပြန်


စစ်အုပ်စုကို နိုင်ငံရေးနဲ့  ငွေကြေး အထောက်အပံ့ပေးအပ်မှုတွေ ပြုလုပ်တဲ့အထဲမှာ ကုလသမဂ္ဂအဖွဲ့အစည်း ၁၄ ဖွဲ့ပါဝင်ကြောင်း JusticeForMyanmar ကထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၂၅ ရက်မှာ JusticeForMyanmarက အစီရင်ခံစာသစ် တစ်စောင်ကို ဖော်ပြအသိပေးခဲ့ပါတယ်။


"စစ်အုပ်စုကို နိုင်ငံရေးနဲ့ /ငွေကြေး အထောက်အပံ့ပေးအပ်မှုတွေမှာ ပါဝင်ပတ်သက်သူတွေက နိုင်ငံတကာအစိုးရ ၂၂ ခု၊ နိုင်ငံတကာ အစိုးရ အဖွဲ့အစည်း ၂၆ ဖွဲ့ (ကုလသမဂ္ဂအဖွဲ့အစည်း ၁၄ ဖွဲ့ အပါအဝင်) နိုင်ငံတကာငွေရေးကြေးရေး အဖွဲ့အစည်း ဖွဲ့နဲ့ အခြားနိုင်ငံတကာ အဖွဲ့အစည်း ဖွဲ့တို့ ပါဝင်ပါတယ်"လို့ဖော်ပြပါတယ်။


စစ်အုပ်စုအနေနဲ့ နိုင်ငံတကာ ဆုံးဖြတ်ချက်ချရေးဖိုရမ် တွေမှာ တက်ရောက်ခွင့်ရတာ၊ ဖွံ့ဖြိုးရေးအကူအညီတွေ၊ နည်းပညာပူးပေါင်းဆောင်ရွက်မှုတွေ၊ ချေးငွေတွေ၊ အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းတွေအပြင်၊ တခြားအရာတွေကတဆင့် နိုင်ငံရေးနဲ့ ဘဏ္ဍာရေးအရ အကျိုးအမြတ်တွေရရှိနေတယ်လို့ဆိုပါတယ်။ ဒါ့အပြင်စစ်တပ်နဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ဟိုတယ်ခန်းတွေ၊ ရုံးခန်းတွေနဲ့ လူနေအိမ်တွေ စတဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေငှားရမ်းမှုတို့လည်း ပါဝင်တယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ ကရင်နီပြည်ဖရူဆိုအနောက်ဘက်ခြမ်း စစ်ဘေးရှောင်စခန်းတွင် ၄လ ကြာမှသာလျှင် ပထမဆုံးအကြိမ် ဆန်ပြန် လည်ဝေ မျှပေးနိုင်ခဲ့ပြီးစားနပ်ရိက္ခာလိုအပ်ချက်များရှိနေတယ်လို့ဆို


ကရင်နီပြည် ဖရူဆို အနောက်ဘက်ခြမ်း စစ်ဘေးရှောင်စခန်းတွင် ၄လ ကြာမှသာလျှင် ပထမဆုံးအကြိမ် ဆန်ပြန် လည်ဝေ မျှပေးနိုင်ခဲ့ပြီးစားနပ်ရိက္ခာ လိုအပ်ချက်များရှိနေတယ်လို့ဆိုပါတယ်။ ဇန်နဝါရီ ၂၅ ရက်မှာ ကရင်နီ စစ်ဘေးရှောင်များနဲ့ပတ်သက်လို့ UKSY က ဖော်ပြအသိပေးပါတယ်။


"ယခုမြေပြင်အခြေအနေအရ ဇန်နဝါရီ ၂၁ ရက် ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင် စခန်းတစ်နေရာသည် ၄လ ကြာမှသာလျှင် ပထမဆုံးအကြိမ် ဆန်ပြန် လည်ဝေ မျှပေးနိုင်ခဲ့ပါတယ်။ တချို့မိသားစုတွေဆိုဆန်ကို ချေးစားနေရတယ်"လို့ ဖော်ပြပါတယ်။ အဆိုပါ စစ်ရှောင်စခန်းမှာ လူဦးရေ ၁၁၁၈ ဦးရှိကာ  အိမ်ခြေက ၂၂၈အိမ် ရှိကြောင်းသိရပါတယ်။


စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်လူထုများသည် လွှတ်မြောက်ရာဒေသများသို့ စစ်ဘေးတိမ်းရှောင်နေ ကြရပြီးကရင်နီပြည်တွင် ပျမ်းမျှစစ်ရှောင်သူဦးရေမှာ သိန်းကျော်ခန့်ရှိနေပြီး စားဝတ်နေရေး အတွက်လွန်စွာခက်ခဲလျက်ရှိပါတယ်။


========================


📌📌 ၆။ ပြည်သူများ၏ ဆဌမအကြိမ်မြောက် For Our People လှုပ်ရှားမှုတွင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)” အတွက်NUGP​နဲ့ အတူထောက်ပို့ ကူညီနိူင်


ပြည်သူများ၏ ဆဌမအကြိမ်မြောက် For Our People လှုပ်ရှားမှုတွင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)” အတွက်NUGP​နဲ့အတူထောက်ပို့ ကူညီနိူင်တယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၂၅ ရက်မှာ NUG Pay ကနေ အသိပေးဖော်ပြပါတယ်။


"ပြည်သူများ၏ ဆဌမအကြိမ်မြောက် For Our People လှုပ်ရှားမှုတွင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)” အတွက် ပြည်သူနဲ့ အတူ NUGPay က ပါဝင်ကူညီသွားပါမယ်"လို့ဆိုပါတယ်။ လှူဒါန်းမှုများကို ဇန်နဝါရီ ၂၅ ရက်မှစ၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့ထိ လက်ခံသွားမှာ ဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)” တပ်ရင်းသို့ အရောက် ပေးပို့သွားမှာ ဖြစ်ပါတယ်။


========================


📌📌 ၇။ Spring Bliss (နွေဦးစံရိပ်မွန်) အိမ်ရာများ ရောင်းချခြင်းကို ဖေဖော်ဝါရီလတွင် စတင်မယ်လို့အသိပေး


Spring Bliss (နွေဦးစံရိပ်မွန်) အိမ်ရာများ ရောင်းချခြင်းကို ဖေဖော်ဝါရီလတွင် စတင်မယ်လို့အသိပေးကြေညာလိုက်ပါတယ်။ ဇန်နဝါရီ ၂၅ ရက် မှာ EOD က အသိပေးဖော်ပြခဲ့ပါတယ်။


"Spring Bliss (နွေဦးစံရိပ်မွန်) အိမ်ရာများ ရောင်းချခြင်းကို ဖေဖော်ဝါရီလတွင် စတင်မည် ဖြစ်ပါတယ်။ မိမိတို့ သက်ဆိုင်ရာ နိုင်ငံများအလိုက် ပေးချေရမည့် ငွေစျေးနှုန်းများကို ကြိုတင် တွက်ချက်ထားနိုင်မှာ ဖြစ်ပါတယ်။

ငွေတိုက်စာချုပ်၊ ရှယ်ယာ၊ မြေကွက် နှင့် တိုက်ခန်း ဝယ်ယူသူများ အားလုံးအတွက် MOPFI မှ မြန်မာကျပ်ငွေစျေးနှုန်း သတ်မှတ်ထားခြင်း မရှိပါ။ မြန်မာကျပ်ငွေဖြင့် လက်ခံပေးသည့် EOD Agent များသည် ခရစ်တိုငွေကြေး ပြန်ပြောင်းရသည့်အတွက် ခရစ်တိုငွေကြေး ဝယ်ယူသည့် ဈေးနှုန်းအတိုင်း ဝယ်သူများမှ မြန်မာကျပ်ငွေပေးရမှာဖြစ်ပါတယ်။အရစ်ကျ ဝယ်ယူမည့် သူများအနေဖြင့် ငွေကြေးအမျိုးအစားအလိုက် အရစ်ကျပေးချေရမည့် ပမာဏ အတိအကျကို EOD Agent များထံ စုံစမ်းမေးမြန်းနိုင်ပါတယ်"လို့ဆိုပါတယ်။


Spring Bliss  (နွေဦးစံရိပ်မွန်) စီမံကိန်းများအားလုံးတွင် Studio, 1-Bedroom, 2-Bedroom, 3-Bedroom ဆိုပြီး အခန်းအမျိုးအစား မျိုးပါဝင်ပါမှာဖြစ်ပါတယ်။ နိုင်ငံခြားသားများလည်း ဝယ်ယူနိုင်ပြီး တော်လှန်ရေးအလွန် ကာလတွင် နွေဦးရန်ကုန် မြေကွက်/တိုက်ခန်းများအား နိုင်ငံခြားသား ပိုင်ဆိုင်မှု ခွင့်ပြုသည့် သီးသန့် အမိန့်ဒီဂရီ ဥပဒေများ ပြဌာန်းပေးမှာဖြစ်ပါတယ်။


========================


📌📌 ၈။ ပါဝင်လက်တွဲ တနင်္သာရီအောင်ပွဲဒုတိယအကြိမ် အခမ်းအနားကိုဇန်နဝါရီ ၂၈ ရက်နေ့ကျင်းပမယ်


ပါဝင်လက်တွဲ တနင်္သာရီအောင်ပွဲဒုတိယအကြိမ် အခမ်းအနားကိုဇန်နဝါရီ ၂၈ ရက်နေ့ကျင်းပမယ်လို့ သတင်းရရှိပါတယ်။ ဇန်နဝါရီ ၂၈ ရက် အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရမှ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးနဲ့ ဒုဝန်ကြီးများတက်ရောက်မှာဖြစ်ပါတယ်။


အထူးအနေနဲ့သရုပ်ဆောင်မင်း‌မော်ကွန်းလည်း လာရောက်ဆွေးနွေးမှာဖြစ်ပြီး တနင်္သာရီစစ်‌ဒေသ အရေး ဝိုင်းဝန်းတက်ရောက် ပါဝင်လက်တွဲ ပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။ ပါဝင်လက်တွဲ တနင်္သာရီအောင်ပွဲဟာ တနင်္သာရီစစ်ရေးအတွက် ရန်ပုံငွေရှာဖွေတဲ့ အခမ်းအနားလည်းဖြစ်ပါတယ်။


========================


📌📌 ၉။ စစ်ကိုင်းတိုင်း ဝက်လက်မြို့ပေါ်က စကစရဲ့ဌာနဆိုင်ရာ များကိုကာကွယ်ရေးတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ၁၂ ဦးထိသေဆုံး


စစ်ကိုင်းတိုင်း ဝက်လက်မြို့ပေါ်က စကစရဲ့ ဌာနဆိုင်ရာ များကိုကာကွယ်ရေးတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ၁၂ ဦးထိသေဆုံး ခဲ့ပါတယ်။ ဇန်နဝါရီ ၂၅ ရက်မှာ စစ်ရေးသတင်းကို People's Army to Fight Dictatorship( PAFD) ကအသိပေးဆိုပါတယ်။


"ဇန်နဝါရီ ၂၀ ရက်နေ့မှစ၍ ယနေ့အချိန်အထိ PAFDတပ်ခွဲမှူး ဗိုလ်လှိုင်ဘွား ဦးဆောင်သော မဟာမိတ်တပ်ပေါင်းစုများဟာ ဝက်လက်မြို့ဌာနဆိုင်ရာများနှင့် စကစတပ်၊ရဲများ၊ ပျူများအားတိုတ်ထုတ်လျှက်ရှိရာ စကစတပ်ဘက်မှ ၁၂ ကောင်ထက်မနည်း သေဆုံးပြီးတော်လှန်ရေးရဲဘော်များလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။


တိုက်ခိုက်မှုကို PAFD နှင့်  PAFD တပ်ခွဲမှူးဗိုလ်လှိုင်ဘွား၊ တပ်စိပ်()ပျံလွှားအဖွဲ့၊ တပ်စိပ် () ခွပ်ဒေါင်းအဖွဲ့တပ်စိပ် () ဇာမဏီအဖွဲ့၊ တပ်စိပ် () ငရဲမီးအဖွဲ့နှင့်PAFDတပ်ခွဲ DKPDF-MMU စသည့်မဟာမိတ်ပူးပေါင်းအဖွဲ့များ ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။


========================


📌📌 ၁၀။ ကချင်ပြည်နယ် မြစ်ကြီးနားရှိ မြဝတီဘဏ်‌ ကင်းဘန်ကာကို တိုက်ခိုက်ရာ စကစတပ်သား တစ်ဦးသေဆုံး


ကချင်ပြည်နယ် မြစ်ကြီးနားရှိ မြဝတီဘဏ်‌ ကင်းဘန်ကာကို တိုက်ခိုက်ရာ စကစတပ်သား တစ်ဦးသေဆုံးခဲ့ပါတယ်။ ဇန်နဝါရီ ၂၅ ရက်မှာ Myitkyina PDF မှအသိပေးဖော်ပြပါတယ်။


"ဇန်နဝါရီ ၂၄ ရက် ညနေ နာရီပိုင်းက မြစ်ကြီးနားရှိ မြဝတီဘဏ်‌ ကင်းဘန်ကာကို သွားရောက်တိုက်ခိုက်ခဲ့ရာ တစ်ဦးသေ၍ နှစ်ဦးခန့် ဒဏ်ရာရရှိပါတယ်"လို့ဆိုပါတယ်။ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် စစ်ကောင်စီ၏ ထောက်တိုင်မှန်သမျှ Myitkyina PDF မှ အစွမ်းကုန် တိုက်ခိုက်သွားမယ်လို့ဆိုပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment