2nd JAN 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇန်နဝါရီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းအားလုံးနဲ့ချိတ်ဆက်နိုင်ခဲ့သလို အရေးကြီးတဲ့ အဖွဲ့အစည်းတွေနဲ့လည်း စစ်ရေး၊နိုင်ငံရေး ပူးပေါင်းနေပြီလို့ ယာယီသမ္မတဒူဝါလရှီးလအသိပေးဆို

📌 ၂။ ပြည်သူ့တွန်းလှန်စစ် ဒုတိယနှစ်မှာ တော်လှန်ရေးရဲ့ အဆုံးအဖြတ်ကို ရယူနိုင်ဖို့ လိုအပ်တဲ့ အခြေခံကောင်းတွေ ရှိပြီလို့ကာကွယ်ရေးဝန်ကြီး အသိပေးဆို

📌 ၃။ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီဟာ မလိုက်နာလို့မရတဲ့ အခြေအနေလို့ ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းပြောကြား

📌 ၄။ နှစ်သစ်မှာတော်လှန်ပညာရေးအားကောင်းပြီး တော်လှန်ရေးကိုအကောင်းဆုံးပံ့ပိုးပေးနိုင်ဖို့ပညာရေးဒုဝန်ကြီး တိုက်တွန်းဆို

📌 ၅။ မြန်မာနိုင်ငံ၏ အခြေအနေမှာ စေ့စပ်ညှိနှိုင်း၍ မရနိုင်တော့သည့်အခြေအနေသို့ ဆက်လက်ကူးပြောင်းလာခဲ့ပြီလို့ MNDAA စစ်ဦးစီးချုပ်ဆို

📌 ၆။ OFP fundraiser အဖွဲ့များစွာဖြင့်စုစည်းထားတဲ့ "ဒို့ ကမ်ပိန်းအဖွဲ့သားများမှ စီစဉ်တဲ့နှစ်သစ်စျေးဗန်းစတင်

📌 ၇။၂၀၂၂ ခုနှစ် () နှစ်တာအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်များကအရပ်သားနေအိမ်ပေါင်း ၄၁၀၀၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့

📌 ၈။ မွန်ပြည်နယ် မှာတာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီရဲ့ တပ်သားများ လက်နက်ချ၍ အမြန်နှုတ်ထွက်ရန် ရေးဘီလူးအဖွဲ့ကသတိပေးထုတ်ပြန်

📌 ၉။ ယင်းမာပင်နယ် ပျူများရှိရာ ဘန့်ဘွေးရွာကို စကစတပ်များ လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်

📌 ၁၀။ အရာတော်မြို့နယ်က စကစတပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်

📌 ၁၁။ ကောလင်းမြို့နယ်မှာ တစ်ရက်တည်းနှစ်ကြိမ်တိုက်ခိုက်မှုဖြစ်ပွား၍ စကစတပ်ကတစ်ဦးသေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းအားလုံးနဲ့ချိတ်ဆက်နိုင်ခဲ့သလို အရေးကြီးတဲ့ အဖွဲ့အစည်းတွေနဲ့လည်း စစ်ရေး၊နိုင်ငံရေး ပူးပေါင်းနေပြီလို့ ယာယီသမ္မတဒူဝါလရှီးလအသိပေးဆို


တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းအားလုံးနဲ့ချိတ်ဆက်နိုင်ခဲ့သလို အရေးကြီးတဲ့ အဖွဲ့အစည်းတွေနဲ့လည်း စစ်ရေး၊နိုင်ငံရေး ပူးပေါင်းနေပြီလို့ယာယီသမ္မတဒူဝါလရှီးလကဆိုပါတယ်။ ဇန်နဝါရီလ ()ရက်နေ့အမျိုးသားညီညွတ်‌‌ရေးအစိုးရ၊ ယာယီသမ္မတဒူဝါလရှီးလအနေဖြင့် ပြည်သူလူထုထံ ပြောကြားတဲ့ နိုင်ငံတော်‌အခြေပြမိန့်ခွန်းမှာထည့်သွင်းပြောပါတယ်။


"လွန်ခဲ့တဲ့ ၂၀၂၂ တစ်နှစ်တာအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနဲ့ ယုံကြည်မှုကို ပိုမိုတည်ဆောက်နိုင်ခဲ့သလို လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်ပါတယ်။လက်ရှိအချိန်အထိ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းအားလုံးနဲ့ချိတ်ဆက်နိုင်ခဲ့သလို အရေးကြီးတဲ့ အဖွဲ့အစည်းတွေနဲ့လည်း စစ်ရေး၊နိုင်ငံရေး ပူးပေါင်းမှုများကို ခိုင်မာကောင်းမွန်စွာ ဆောင်ရွက်လာနိုင်ပြီ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရဟာ လက်ရှိမှာ KNU KIA စတဲ့ တိုင်းရင်းသား တော်လှန်ရေး အင်းအားစုများနဲ့ စစ်ရေး၊နိုင်ငံရေးများလည်းပူးပေါင်းလုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၂။ ပြည်သူ့တွန်းလှန်စစ် ဒုတိယနှစ်မှာ တော်လှန်ရေးရဲ့ အဆုံးအဖြတ်ကို ရယူနိုင်ဖို့ လိုအပ်တဲ့ အခြေခံကောင်းတွေ ရှိပြီလို့ကာကွယ်ရေးဝန်ကြီး အသိပေးဆို


ပြည်သူ့တွန်းလှန်စစ် ဒုတိယနှစ်မှာ တော်လှန်ရေးရဲ့ အဆုံးအဖြတ်ကို ရယူနိုင်ဖို့ လိုအပ်တဲ့ အခြေခံကောင်းတွေ ရှိပြီလို့ကာကွယ်ရေးဝန်ကြီးဦးရည်မွန် အသိပေးဆိုပါတယ်။ ဇန်နဝါရီ ရက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFရဲဘော်များသို့ပြောကြားရာမှာ ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ PDF တပ်ရင်းတိုင်းကို လက်နက်တပ်ဆင်ပေးနိုင်ဖို့ ပကဖတွေကိုလည်း ထိုက်သင့်တဲ့လက်နက် တိုးချဲ့တပ်ဆင်ပေးဖို့ အစဥ်တစိုက် စီစဥ်ဆောင်ရွက်နေတယ်ဆိုတာလည်း ရဲဘော်တို့ကို အသိပေးလိုတယ်။ 

ခြုံပြောရင် ပြည်သူ့တွန်းလှန်စစ် ဒုတိယနှစ်မှာ တော်လှန်ရေးရဲ့ အဆုံးအဖြတ်ကို ရယူနိုင်ဖို့ လိုအပ်တဲ့ အခြေခံကောင်းတွေ ရှိပြီးဖြစ်တယ်လို့ ပြောချင်တယ်။ အရေးကြီးတာက တော်လှန်ရေးအင်အားစုတွေရဲ့ စုပေါင်းအားနဲ့ ဒီတစ်နှစ်အတွင်း တစ်သံတည်းညီပြီး တစ်ချီတည်းရုန်းကြဖို့ပဲ ဖြစ်လိမ့်မယ်"လို့ဆိုပါတယ်။  ၂၀၂၃ ဟာ မြန်မာ ပြည်အတွက် မင်္ဂလာရှိတဲ့ နှစ်သစ်ဖြစ်မယ်လို့လည်း ယုံကြည်တယ်လို့ကာကွယ်ရေးဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၃။ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီဟာ မလိုက်နာလို့မရတဲ့ အခြေအနေလို့ ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းပြောကြား


လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီဟာ မလိုက်နာလို့မရတဲ့ အခြေအနေလို့ ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ ရက်နေ့မှာ ပညာရေးဒုဝန်ကြီးက နှစ်သစ်ကူး သုံးသပ်ချက်မှာထည့်သွင်းဆိုပါတယ်။


"နှစ်ဟောင်းရဲ့ကောင်းမွန်တဲ့ကိစ္စတွေကိုပြောပါဆိုရင်တော့ နှစ်သစ်နဲ့ အနီးစပ်ဆုံးကိစ္စဖြစ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးနဲ့ပတ်သပ်တဲ့ ဆုံးဖြတ်ချက်အမှတ် UN Resolution 2669 (2022) ကို စပြောရမှာ ဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်မှာ စစ်ကောင်စီက မလိုက်နာရင်ဘာလုပ်မယ်ဆိုတဲ့ အရေးယူတဲ့ အမိန့်အာဏာ မပါသေးပေမယ့် ဒီဆုံးဖြတ်ချက်က လိုက်ကိုလိုက်နာရမယ့် ဆုံးဖြတ်ချက်ဖြစ် ပါ တယ်။ကုလသမဂ္ဂအထွေအထွေညီလာခံရဲ့ ဆုံးဖြတ်ချက်က မလိုက်နာလည်း အာဏာရှင်တွေ အတွက် ဘာမှမဖြစ်ဘူးဆိုတဲ့သဘောရှိတယ်။ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကတော့ မလိုက်နာ လို့မရပါဘူး။ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်က စည်းနောက်နှောင် မှုရှိပါတယ်။ မလိုက်နာရင် အရေးယူဆောင်ရွက်မယ့်အပိုင်းတွေဆက်လာမှာ ဖြစ်တယ်"လို့ဆိုပါတယ်။


ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးနဲ့ပတ်သပ်တဲ့ ဆုံးဖြတ်ချက်အမှတ် UN Resolution 2669 (2022)မှာ နိုင်ငံနဲ့အဝန်းမှာရှိတဲ့ အကြမ်းဖျက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ တင်းမာမှုတွေကို လျော့ချဖို့အပါအဝင်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့်နဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေကို ချက်ချင်း လွတ်ပေးဖို့စတဲ့အချက်များပါဝင်ပါတယ်။


========================


📌📌 ၄။ နှစ်သစ်မှာတော်လှန်ပညာရေးအားကောင်းပြီး တော်လှန်ရေးကိုအကောင်းဆုံးပံ့ပိုးပေးနိုင်ဖို့ပညာရေးဒုဝန်ကြီး တိုက်တွန်းဆို


နှစ်သစ်မှာတော်လှန်ပညာရေးအားကောင်းပြီး တော်လှန်ရေးကိုအကောင်းဆုံးပံ့ပိုးပေးနိုင်ဖို့ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်ကတိုက်တွန်းဆိုလိုက်ပါတယ်။ ဇန်နဝါရီ ရက် နှစ်သစ်ဆုတောင်းစကားမှာ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်ကဆိုပါတယ်။


"ဒီနှစ်သစ်မှာ တော်လှန်ပညာရေးအားကောင်းပြီး တော်လှန်ရေးကိုအကောင်းဆုံးပံ့ပိုးပေးနိုင်ဖို့ ကျမတို့တစ်ယောက်ချင်းစီ မိမိတို့ကျရာအခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ပေးကြဖို့နဲ့ တော်လှန်ရေးထဲမှာပါဝင်ဆောင်ရွက်နေသူတွေအနေနဲ့လည်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိစွာနဲ့ အဆုံးသတ်အောင်မြင်တဲ့အထိ တော်လှန်ရေးကိုအထောက်အကူပြုသူတွေ ဖြစ်ကြဖို့ ဆန္ဒပြုရင်း တော်လှန်နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် အကြမ်းဖက် အဖျက်သမား စကစတွေရဲ့ ဒဏ်ကို ကြံ့ကြံ့ခံကာ ရပ်ရွာထဲရှိ ကလေးများ၊ စစ်ရှောင်လာတဲ့ကလေးတွေရဲ့ပညာရေးကို အကောင်အထည်ဖော်ပေးကြတဲ့ ဆရာ၊မ များ၊ ရပ်မိရပ်ဖများ အားလုံးကို ကျေးဇူးအထူးတင်ရှိတယ်လို့ ဒုဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၅။ မြန်မာနိုင်ငံ၏ အခြေအနေမှာ စေ့စပ်ညှိနှိုင်း၍ မရနိုင်တော့သည့်အခြေအနေသို့ ဆက်လက်ကူးပြောင်းလာခဲ့ပြီလို့ MNDAA စစ်ဦးစီးချုပ်ဆို


မြန်မာနိုင်ငံ၏ အခြေအနေမှာ စေ့စပ်ညှိနှိုင်း၍ မရနိုင်တော့သည့်အခြေအနေသို့ ဆက်လက်ကူးပြောင်းလာခဲ့ပြီလို့မြန်မာ့အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်စစ်ဦးစီးချုပ်ဦးဖုန်တဲရင်ကဆိုပါတယ်။ ဇန်နဝါရီ ရက်နေ့ နှစ်သစ်ကူးသဝဏ်လွှာပေးပို့ရာမှာမြန်မာ့အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်စစ်ဦးစီးချုပ်ဦးဖုန်တဲရင်ကပြောပါတယ်။


"၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ရက်နေ့ စစ်ကောင်စီမှ နိုင်ငံတော်အာဏာကို အတင်း အဓမ သိမ်းယူခဲ့ပြီးချိန်မှ စ၍ ယနေ့အထိ လပေါင်း ၂၃ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။အသောပိုင်းကာလ ပြည်သူလူထုတစ်ရပ်လုံးမှ ငြိမ်းချမ်းစွာ ဆန္ဒပြရာမှတစ်ဆင့် တော်လှန်ရေးအဖွဲ့အစည်းများ ဖွဲ့စည်းလာခဲ့ပြီး ယခုဆိုလျှင်မြန်မာနိုင်ငံ၏ အခြေအနေမှာ စေ့စပ်ညှိနှိုင်း၍ မရနိုင်တော့သည့်အခြေအနေသို့ ဆက်လက်ကူးပြောင်းလာခဲ့ပါပြီ"လို့ဆိုပါတယ်။


ဒါ့အပြင် ၂၀၂၃ ခုနှစ်တွင် တော်လှန်ရေး ရေစီးကြောင်းပိုမိုပြင်းထန်လာမယ်လို့ ရှုမြင်သုံးသပ်ပြီး MNDAAအနေနဲ့ မဟာမိတ်အဖွဲ့အစည်းများနဲ့အတူ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော် ကြီးနဲ့အထူးဒေသအသစ်တည်ဆောက်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ ဆိုထားပါတယ်။


========================


📌📌 ၆။ OFP fundraiser အဖွဲ့များစွာဖြင့်စုစည်းထားတဲ့ "ဒို့ ကမ်ပိန်းအဖွဲ့သားများမှ စီစဉ်တဲ့နှစ်သစ်စျေးဗန်းစတင်


OFP fundraiser အဖွဲ့များစွာဖြင့်စုစည်းထားတဲ့ "ဒို့ ကမ်ပိန်းအဖွဲ့သားများမှ စီစဉ်တဲ့နှစ်သစ်စျေးဗန်းစတင်လိုက်ပြီဖြစ်ပါတယ်။


" OFP fundraiser အဖွဲ့များစွာဖြင့်စုစည်းထားတဲ့ "ဒို့ ကမ်ပိန်းအဖွဲ့သားများမှ စီစဉ်တာဖြစ်ပြီး အလှူရှင်များစွာရဲ့ ပစ္စည်းများကို မဲဖောက်ပေးသွားမှာဖြစ်ပါတယ်။ ပြည်တွင်းမှ လိုအပ်နေတဲ့အဖွဲ့များကို ၁၀၀% လှူဒါန်းသွားမှာလည်းဖြစ်တယ်"လို့ဖော်ပြပါတယ်။


ဆုမဲစာရင်းကတော့သိန်း ၆၀ ဝန်းကျင် ရွှေဆွဲကြိုး Cartier တံဆိပ် လက်စွပ်၊သိန်း ၃၀ ဝန်းကျင် ပတ္တမြားဆွဲကြိုး၊အက္ခရာများဖြင့် ဆွဲထားသော အမေစုပုံတူ ပန်းချီကားစတဲ့ အရာများပါဝင်မှာဖြစ်ပါတယ်။ ဇန်နဝါရီ ၁၅ ရက်အထိသာဝယ်ယူနိုင်မှာဖြစ်ပြီးဆက်သွယ်နိုင်မယ့် နိုင်ငံတကာ fundraiser များနှင့် လက်မှတ်စျေးနှုံးများကို  ဒို့ ကမ်ပိန်း page မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။


========================


📌📌 ၇။၂၀၂၂ ခုနှစ် () နှစ်တာအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်များကအရပ်သားနေအိမ်ပေါင်း ၄၁၀၀၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့


၂၀၂၂ ခုနှစ် () နှစ်တာအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်များကအရပ်သားနေအိမ်ပေါင်း ၄၁၀၀၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဇန်နဝါရီ ရက်နေ့မှာ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမီးသတ်ဦးစီးဌာနကသတင်းထုတ်ပြန်ဖော်ပြပါတယ်။


"၂၀၂၂ခု နှစ်တစ်နှစ်တာအတွင်း အကြမ်းဖက်စစ်‌ကောင်စီ စစ်တပ်မှ နိုင်ငံအနှံ့ အမှုပေါင်း (၁၀၅၈)မှု ကိုကျူးလွန်ခဲ့ပြီး ၊အရပ်သားပြည်သူလူနေအိမ်ပေါင်း (၄၁၃၅၅) လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်"လို့ဖော်ပြပါတယ်။


အဆိုပါမီးရှို့ဖျက်ဆီးခံရမှုတွင် အများဆုံးပျက်စီးဆုံးရှုံးခဲ့သောစစ်ကိုင်းတိုင်းမှာ မီးရှို့ခံရအမှု  ၆၉၀ မှုခန့်ရှိကာ မီးလောင်ပျက်စီးတဲ့နေအိမ် ၃၁၄၀၀ လုံးကျော်ရှိခဲ့ပါတယ်။ အလားတူ မကွေးတိုင်းမှာ မီးရှို့ခံရအမှု  ၂၁၀ မှုခန့်ရှိကာမီးလောင်ပျက်စီးနေအိမ်၈၅၀၀လုံးကျော်ရှိခဲ့ပါတယ်။


========================


📌📌 ၈။ မွန်ပြည်နယ် မှာတာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီရဲ့ တပ်သားများ လက်နက်ချ၍ အမြန်နှုတ်ထွက်ရန် ရေးဘီလူးအဖွဲ့ကသတိပေးထုတ်ပြန်


မွန်ပြည်နယ် မှာတာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီရဲ့ တပ်သားများ လက်နက်ချ၍ အမြန်နှုတ်ထွက်ရန် ရေးဘီလူးအဖွဲ့ကသတိပေးထုတ်ပြန်လိုက်ပါတယ်။ ဇန်နဝါရီ ရက်နေ့မှာ ရေးဘီလူးအဖွဲ့ကသတိပေးဆိုထားပါတယ်။


"မွန်ပြည်နယ်ဒေသမှာစကစ စစ်မှုထမ်းဆောင်နေသောတပ်သားများလက်နက်ချနူတ်ထွက်လျှင်အချိန်မှီသေးတယ်။နောက်ဆုံးသတိပေးခြင်းဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဒီဇင်ဘာလ ၂၇ ရက်နေ့ကမွန်ပြည်နယ်၊ရေးမြို့၊ကျောင်းရွာ ၅၉၁ တပ်ရင်းမှ စစ်ကားကို ရေးဘီလူးအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစတပ်သားနှစ်ဦးသေဆုံးခဲ့ပါတယ်။ အလားတူ ဒီဇင်ဘာ ၂၂ ရက်ကလည်း ရေးမြို့နယ်ရှိ ခမရ ၅၈၆ တပ်၏ စစ်ဆေးရေးဘန်ကာကို RPG ဖြင့်ရေးဘီလူးအဖွဲ့ဟာပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။


========================


📌📌 ၉။ ယင်းမာပင်နယ် ပျူများရှိရာ ဘန့်ဘွေးရွာကို စကစတပ်များ လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်


စစ်ကိုင်းတိုင်းယင်းမာပင်နယ် ပျူများရှိရာ ဘန့်ဘွေးရွာကို စကစတပ်များ လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီ ရက်နေ့မှာ စစ်ရေးသတင်းကို စစ်ကျွန်မခံမြွေဆိုးတသိုက်PDFကဖော်ပြပါတယ်။


"နှစ်သစ်ရဲ့အစမှာ ဒေသတွင်းမှာ အချေချတပ်စွဲ ဒေသခံပြည်သူများကို နေ့စဉ်နှင့်အမျှ အနိုင်ကျင့်ဗိုလ်ကျ ညှင်းပန်းနှိပ်စက်နေသော ဘန့်ဘွေး(ပျူရွာ)ရှိ စကစတပ်နဲ့ပျူများကို လက်နက်ကြီးများဖြင့် ကျွန်တော်တို့ စစ်ကျွန်မခံတသိုက် (PDF) Salingyi Border Task Force(စစ်ကျွန်မခံမြွေဆိုးတသိုက်တပ်ခွဲ-) နှင့် ဒေသတွင်း ပူးပေါင်းမဟာမိတ်တပ်များမှ တိုက်ခိုက်ခဲ့ကြပါတယ်"လို့ဖော်ပြပါတယ်။ လတ်တလောမှာ ထိခိုက်ပျက်စီးမှုများကို အတည်ပြုစုံစမ်းလျက်ရှိပါတယ်။


========================


📌📌 ၁၀။ အရာတော်မြို့နယ်က စကစတပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်


စစ်ကိုင်းတိုင်း အရာတော်မြို့အနောက်ထွက် စကစတပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။


ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေ နာရီအချိန်ခန့်တွင် အရာတော်မြို့အနောက်ထွက် စက်မှုလယ်ယာစကစဂိတ်ရှေ့ ပိုက်ဆံတောင်းနေသော စကစတပ်များကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ သပြေညို ပြောက်ကျားတပ်ဖွဲ့ကအတည်ပြုပါတယ်။


"ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေ နာရီအချိန်ခန့်တွင် အရာတော်မြို့အနောက်ထွက် စက်မှုလယ်ယာဂိတ်ရှေ့တွင် ခရီးသွားကားများအား လက်နက်ပြ ပိုက်ဆံတောင်းနေသော   စကစတပ်များအား drone ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့်စကစတပ်များအထိအခိုက် အကျဆုံးရှိတယ်လို့ သတင်းရရှိထားကာစစ်ဆင်ရေးကို သပြေညိုပြောက်ကျားတပ်ဖွဲ့၊ N D R F M R T FRanger Force တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။


========================


📌📌 ၁၁။ ကောလင်းမြို့နယ်မှာ တစ်ရက်တည်းနှစ်ကြိမ်တိုက်ခိုက်မှုဖြစ်ပွား၍ စကစတပ်ကတစ်ဦးသေ


စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ထွေအုပ်ရုံးအတွင်းသို့ လက်လုပ် ၄၀ မမ များဖြင့်ပစ်ခတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ အချိန်မှာ ကောလင်းမြို့နယ် ထွေအုပ်ရုံးကို .က. တိုက်ခိုက်ရေးတပ်စိတ်မှပစ်ခတ်ခဲ့တာလို့ ကောလင်းတော်လှန်ရေးအင်အားစုကအတည်ပြုပါတယ်။


"ဇန်နဝါရီ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ အချိန်မှာ ကောလင်းမြို့နယ် ထွေအုပ်ရုံးကိုပ.က. တိုက်ခိုက်ရေးတပ်စိတ်မှမြို့နယ်ထွေအုပ်ရုံးအတွင်းသို့ လက်လုပ် ၄၀ မမ များဖြင့်ပစ်ခတ်ခဲ့ပါတယ်။ထွေအုပ်ရုံးအတွင်း စကစများထောင်ထားသော ၆၀ မမ အနီးသို့ကျရောက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


အလားတူညနေပိုင်းတွင် ကောလင်းမြို့လမ်းမကြီး ..က အနီးရှိ တံတား ၌စကစတပ်ကခြေလျင်(ကင်းလှည့်)ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မျက်မြင်တစ်ဦးသေဆုံးခဲ့တယ်လို့အထိအခိုက်ရှိတယ်လို့KR Teamကဖော်ပြပါတယ်။


အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment