၂၀၂၃ ဇန်နဝါရီလ ၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ကျေးရွာကို လိုက်လံဖျက်ဆီးတဲ့ အကြမ်းဖက်စစ်တပ်ရဲ့လုပ်ရပ်ဟာ သတ္တိကြောင်ပြီးသူရဲဘောဆန်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
📌 ၂။ မြန်မာပြည်သူများ၏ ဒီမိုကရေစီအရေးရုန်းကန်လှုပ်ရှားနေမှုများနှင့် နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်၏ ပြောဆိုဆွေးနွေးချက်များကို MSNBC ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသခဲ့
📌 ၃။ တိုင်းရင်းသားမဟာမိတ်ဆက်ဆံရေး အားကောင်းရန်နှင့် ဆက်ဆံရေးကိုအထူးအလေးထားရန် ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် ပြောကြား
📌 ၄။ ပုသိမ်ထောင်အတွင်း အကြမ်းဖက်ညှဉ်းပန်းနှိပ်စက်မှုနှင့် ပတ်သက်၍ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်
📌 ၅။ အတုအယောင် ရွေးကောက်ပွဲမှာ စစ်အုပ်စုအတွက် နိုင်ငံရေးထွက်ပေါက် ဖြစ်လာမည်မဟုတ်ဘဲ နိုင်ငံအတွင်း ပဋိပက္ခများသာ ဖြစ်ပွားလာစေမယ်လို့ဆို
📌 ၆။ Non CDM ဝန်ထမ်းများအနေနဲ့ CDMကျန်းမာရေးဝန်ထမ်းများအပေါ် ဖိနှိပ်တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် ကျန်းမာရေးအင်အားစု၈ဖွဲ့က သတိပေးထုတ်ပြန်
📌 ၇။ တောင်ကိုရီးယား မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်သံရုံးရှေ့ ဆန္ဒပြ
📌 ၈။ မုံရွာမြို့ Super One KTV ဆိုင်အား စကစတပ်များဝင်ရောက်နေစဥ် လက်ပစ်ဗုံးနဲ့ ထု
📌 ၉။ ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ရွာ၊ကိုင်ရွာတို့ကိုစကစတပ်များ မီးရှို့ဖျက်ဆီးတဲ့ စကစတပ်များ ပုလဲနယ်ကို ရဟတ်ယာဥ်သယ်ကာ အင်အားတိုးချ
📌 ၁၀။ ကောလင်းမြို့နယ်မှာလက်လုပ်မိုင်းသယ်လာတဲ့ တော်လှန်ရေးရဲဘော်အမျိုးသမီးနှစ်ဦး အကြမ်းဖက်စစ်တပ် စစ်ကြောင်းနဲ့တိုးလို့ စစ်ဆေးနေချိန် အသေခံ မိုင်းဖောက်ခွဲခဲ့
📌 ၁၁။ ကရင်ပြည်နယ်ကော့ကရိတ်၊ အာရှလမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ဗိုလ်မှူး (၂) ဦး အပါအဝင် (၄၈) ဦး သေဆုံးကာ (၆၁) ဦး ဒဏ်ရာရ
📌 ၁၂။ စစ်ကိုင်း မြင်းမူ လမ်းပိုင်းပေါ်တွင် စစ်ကိုင်းဘက်မှ ထွက်လာသော စစ်ကား ၃ စီးအားကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကျေးရွာကို လိုက်လံဖျက်ဆီးတဲ့ အကြမ်းဖက်စစ်တပ်ရဲ့လုပ်ရပ်ဟာ သတ္တိကြောင်ပြီးသူရဲဘောဆန်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
ကျေးရွာကို လိုက်လံဖျက်ဆီးတဲ့ အကြမ်းဖက်စစ်တပ်ရဲ့လုပ်ရပ်ဟာ သတ္တိကြောင်ပြီးသူရဲဘောဆန်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကဆိုပါတယ်။ ဇန်နဝါရီလအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြည်ထောင်စုဝန်ကြီးချုပ်ကထည့်သွင်းပြောပါတယ်။
"သူတို့က PDF တွေ၊တိုင်းရင်းသားအဖွဲ့အစည်းတွေကိုမနိုင်ဘူး။အဲဒီတော့ ကျေးရွာတွေကို လေယာဥ်နဲ့ လိုက်ဗုံးကြဲတယ်။အမြှောက်တွေနဲ့ပစ်တယ်။ပြည်သူနဲ့ငါတို့ကိုသွေးခွဲတယ်။သူတို့ပြောတာ ဒါ PDF တွေ တိုင်းရင်းသားအဖွဲ့အစည်းတွေရှိလို့ ဒီလိုလုပ်တာ။မရှိရင်ရွာကိုမဖျက်ဘူးပေါ့။သိပ် သတ္တိကြောင်တာ၊သူရဲဘောကြောင်တဲ့လုပ်ရပ်ပါပဲ"လို့ဆိုပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ တစ်နိုင်ငံလုံးမှာ အိုးအိမ်ပေါင်း လေးသောင်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အများဆုံး ထိခိုက်ပျက်စီးမှုမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့ပါဝင်ပါတယ်။
========================
📌📌 ၂။ မြန်မာပြည်သူများ၏ ဒီမိုကရေစီအရေးရုန်းကန်လှုပ်ရှားနေမှုများနှင့် နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်၏ ပြောဆိုဆွေးနွေးချက်များကို MSNBC ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသခဲ့
မြန်မာပြည်သူများ၏ ဒီမိုကရေစီအရေးရုန်းကန်လှုပ်ရှားနေမှုများနှင့် နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်၏ ပြောဆိုဆွေးနွေးချက်များကို MSNBC ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဇန်နဝါရီ ၈ ရက်နေ့မှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကအသိပေးဖော်ပြထားပါတယ်။
"မြန်မာပြည်သူများ၏ ဒီမိုကရေစီအရေးရုန်းကန်လှုပ်ရှားနေမှုများနှင့် နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်၏ ပြောဆိုဆွေးနွေးချက်များကို အမေရိကန်ပြည်ထောင်စု အခြေစိုက် MSNBC ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသခဲ့သည့် ရုပ်သံမှတ်တမ်း"လို့ ရုပ်သံနဲ့အတူ ဖော်ပြထားပါတယ်။ အကြမ်းဖက် စစ်ကောင်စီရဲ့ မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများအား အမျိုးသားညီညွတ်ရေးအစိုးရဟာ အချိန်နဲ့တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိပါတယ်။
========================
📌📌 ၃။ တိုင်းရင်းသားမဟာမိတ်ဆက်ဆံရေး အားကောင်းရန်နှင့် ဆက်ဆံရေးကိုအထူးအလေးထားရန် ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် ပြောကြား
တိုင်းရင်းသားမဟာမိတ်ဆက်ဆံရေး အားကောင်းရန်နှင့် ဆက်ဆံရေးကိုအထူးအလေးထားရန် ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ ၈ ရက် ကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကဆိုပါတယ်။
"တော်လှန်ရေး နှစ်နှစ်တာ ကာလအတွင်း ဇွဲလုံ့လဖြင့်ဆောင်ရွက်ခဲ့ကြသည့် အခက်အခဲများ ရှိသော်လည်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ယနေ့အထိကို ဖြတ်သန်းလာ သည့်အတွက်အားလုံးနှင့်ထပ်တူ ဂုဏ်ယူပါတယ်ဟု ပြောကြားလိုကြောင်း၊ အုပ်ချုပ်မှုကို ဖော်ဆောင်ရာတွင် တစ်နှစ်မဟာဗျူဟာနှင့် ချိတ်ဆက်ပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်မှုသည် အင်မတန်သိမ်မွေ့နက်နဲသည်ကို နိုင်ငံရေး ဖြတ်သန်းမှုအရ အားလုံးသိကြ မည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးကို ဆောင်ရွက်ရာတွင် စိန်ခေါ်မှုကြီးမားကြောင်း၊ တိုင်းရင်းသားမဟာမိတ်ဆက်ဆံရေးကို အားကောင်းရန်နှင့် အထူးအလေးထား ကြရန်လိုအပ်ကြောင်း၊ ဌာနမှ မူဝါဒ၊ လမ်းညွှန်ချက်များကို ချမှတ်ဆောင်ရွက်ပြီး မြေပြင်မှ လက်တွေ့ပေါင်းစပ်ဆောင်ရွက်မှုနှင့် လုပ်ငန်းများကို ဆုံးဖြတ်ချက်ချ၍ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း"ဝန်ကြီးကဆိုပါတယ်။
ဆက်လက်ပြီး ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနမှ ဗဟိုတိုင်ကြားစာကော်မတီဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များနှင့် ယစ်မျိုးခွန်၊ဓာတ်သတ္တုခွန်ကောက်ခံမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက် ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် မူဝါဒ၊ လမ်းညွှန်ချက်များနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲသို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဒု-ဥက္ကဋ္ဌ(၁)၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် ဦးဆောင်ကာ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ ပုသိမ်ထောင်အတွင်း အကြမ်းဖက်ညှဉ်းပန်းနှိပ်စက်မှုနှင့် ပတ်သက်၍ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်
ပုသိမ်ထောင်အတွင်း အကြမ်းဖက်ညှဉ်းပန်းနှိပ်စက်မှုနှင့် ပတ်သက်၍ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်လိုက်ပါတယ်။ ဇန်နဝါရီ ၈ ရက်အတွင်း လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်အသိပေးပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့နှင့် (၆) ရက်နေ့တွင်စတင်ပြီး ပုသိမ်ထောင် အတွင်းတွင် အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ထောင်ဝန်ထမ်းများ၏ အကြမ်းဖက်မှု ကြောင့် မတရား ဖမ်းဆီး အကျဉ်းချခံနေရသည့် ပြည်သူတစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး၊ (၇၀) ဦးခန့် ဒဏ်ရာရရှိခဲ့ကာ၊ တစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဌာနက ကောက်ယူထားသည့် အချက်အလက်များအရ သိရှိရပါတယ်လို့ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အနေဖြင့် ယခုဖြစ်စဉ် အပါအဝင် အကျဉ်းထောင်အတွင်း အကြမ်းဖက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ နှင့် မတရား သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး မှတ်တမ်းတင်ထိန်းသိမ်းလျက် သက်ဆိုင်ရာ ကုလသမဂ္ဂ အပါ အဝင် နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့ခြင်းအပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် တရားမျှတမှု ဖော်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ အတုအယောင် ရွေးကောက်ပွဲမှာ စစ်အုပ်စုအတွက် နိုင်ငံရေးထွက်ပေါက် ဖြစ်လာမည်မဟုတ်ဘဲ နိုင်ငံအတွင်း ပဋိပက္ခများသာ ဖြစ်ပွားလာစေမယ်လို့ဆို
အတုအယောင် ရွေးကောက်ပွဲမှာ စစ်အုပ်စုအတွက် နိုင်ငံရေးထွက်ပေါက် ဖြစ်လာမည်မဟုတ်ဘဲ နိုင်ငံအတွင်း ပဋိပက္ခများသာ ဖြစ်ပွားလာစေမယ်လို့ဆိုပါတယ်။ ဇန်နဝါရီ ၈ ရက် Zomi Federal Union (ZFU) က ဦးစီးကျင်းပသည့် Information Session မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အဖွဲ့ဝင် ဒေါ်မြတ်သီတာထွန်း ကပြောပါတယ်။
"ကျင်းပရန် ကြိုးပမ်းနေသည့် အတုအယောင် ရွေးကောက်ပွဲဆိုသည်မှာလည်း စစ်အုပ်စုအတွက် နိုင်ငံရေးထွက်ပေါက် ဖြစ်လာမည်မဟုတ်ဘဲ နိုင်ငံအတွင်း ပဋိပက္ခများသာ ဖြစ်ပွားစေပြီး ပိုမိုဆိုးရွားသည့် အခြေအနေဖြစ်စေပါကြောင်း၊ စစ်ကောင်စီနှင့်ပူးပေါင်းရန် ကြံရွယ်နေကြသည့် နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူကို မျက်နှာမူရန်နှင့် စစ်အာဏာရှင်၏ ယန္တရားတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်နေကြသည့် Non-CDM များအနေဖြင့်လည်း ပြည်သူအားလုံး၏ အနာဂတ်များကို အမှောင်ထုထဲသို့ ဆွဲသွင်းနေသည့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖယ်ရှားနိုင်ရန်အတွက် ပြည်သူလူထုနှင့်အတူ အမြန်ဆုံးလာရောက် ပူးပေါင်းကြရန် တိုက်တွန်း လိုကြောင်း"ပြောကြားခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲသို့ Zomi Federal Union (ZFU) မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်များ ဖြစ်ကြသော ဒေါ်မြတ်သီတာထွန်း၊ ဦးရောဘတ်ညေးရယ်၊ ဦးဝင်းနိုင်၊ ဦးဇေလတ်၊ ဦးနေမျိုး၊ ဦးဇော်မင်းသိန်း၊ ဦးစည်သူမောင်နှင့် အခြားဖိတ်ကြားထားသော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၆။ Non CDM ဝန်ထမ်းများအနေနဲ့ CDMကျန်းမာရေးဝန်ထမ်းများအပေါ် ဖိနှိပ်တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် ကျန်းမာရေးအင်အားစု၈ဖွဲ့က သတိပေးထုတ်ပြန်
Non CDM ဝန်ထမ်းများအနေနဲ့ CDM ကျန်းမာရေးဝန်ထမ်းများအပေါ် ဖိနှိပ်တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် ကျန်းမာရေးအင်အားစု၈ဖွဲ့က သတိပေးထုတ်ပြန်လိုက်ပါတယ်။ ဇန်နဝါရီ ၈ ရက် မှာ Non CDM ဝန်ထမ်းများနဲ့ပတ်သက်၍ ထုတ်ပြန်ချက်တစ်ရပ်ကို ကျန်းမာရေးအင်အားစု ၈ ဖွဲ့ကပူးတွဲ သတိပေးထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်အရ အကြမ်းဖက် စစ်အုပ်၏ အကြမ်းဖက် လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခဲ့မှုအဆင့်အလိုက် Non CDMဝန်ထမ်းများကို ပြည်သူ့တရားစီရင်ရေး ဥပဒေများနှင့်အညီ ပြစ်မှု၊ ပြစ်ဒဏ်များချမှတ်သွားမည်ဖြစ်သည့်အတွက် Non CDMများအနေဖြင့် CDMကျန်းမာရေးဝန်ထမ်းများအပေါ် အကြမ်းဖက် စစ်အုပ်စုအလိုကျ သတင်းပေးတိုင်ကြားမှုများနဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ် တိိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ကြရန် ပြင်းထန်စွာသတိပေးလိုပါတယ်"လို့ဖော်ပြပါရှိပါတယ်။
ဒါ့အပြင် CDM ဝန်ထမ်းများအတွက် အလုပ်အကိုင်အခွင့်အလမ်းအပါအဝင် စိတ်ပိုင်းရုပ်ပိုင်း ဆိုင်ရာ ထိရောက်သော ကူညီထောက်ပံ့မှုများပေးကြရန် ပြည်သူလူထုကိုလည်း အထူးတိုက်တွန်းလိုတယ်လို့ဆိုထားပါတယ်။
========================
📌📌 ၇။ တောင်ကိုရီးယား မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်သံရုံးရှေ့ ဆန္ဒပြ
တောင်ကိုရီးယား မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်သံရုံးရှေ့ ဆန္ဒပြသပိတ်မှောက်ခဲ့ကြပါတယ်။ ဇန်နဝါရီ ၈ ရက်နေ့မှာ မြန်မာစစ်သံရုံးရှေ့ကိုရီးယားရောက် မြန်မာများက စုပေါင်း ဆန္ဒပြခဲ့ကြတာလို့သတင်းရရှိပါတယ်။ အဆိုပါသပိတ်ကို ဆိုးလ်မြို့- ကိုရီးယားမြန်မာပူးတွဲလုပ်ဆောင်ရေးအဖွဲ့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်(ကိုရီးယား)၊မြန်မာ့အရေးကူညီရေး ကိုရီးယားပြည်သူ့အဖွဲ့တို့မှ ဦးဆောင်ခဲ့ပါတယ်။
ထို့နောက်တရားမ၀င်အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီနှင့် လက်ပါးစေများက အပြစ်မဲ့ တိုင်းရင်းသားပြည်သူများအား မတရားသတ်ဖြတ်နေမှု့အပေါ် ဆန့်ကျင်ကန့်ကွက်ဟောပြောခြင်းများပြုလုပ်ခဲ့ကြပါတယ်။
========================
📌📌 ၈။ မုံရွာမြို့ Super One KTV ဆိုင်အား စကစတပ်များဝင်ရောက်နေစဥ် လက်ပစ်ဗုံးနဲ့ ထု
မုံရွာမြို့ Super One KTV ဆိုင်အား စကစတပ်များဝင်ရောက်နေစဥ် လက်ပစ်ဗုံးနဲ့ ထုတိုက်ခိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ဇန်နဝါရီ ၇ ရက်နေ့မှာ မုံရွာသံမဏိပျောက်ကြားတပ်ဖွဲ့အမေ့သား ဦးဆောင်ပြီး Black Rangers Force မှလက်ပစ်ဗုံးနဲ့ထု တိုက်ခိုက်ခဲ့တာလို့အတည်ပြုဆိုပါတယ်။
ဇန်နဝါရီ ၇ ရက်တွင် မုံရွာသံမဏိပျောက်ကြားတပ်ဖွဲ့အမေ့သား ဦးဆောင်ပြီး Black Rangers Force မှ စကစတပ်များအား ထောက်ပံ့လက်ခံထားသော မုံရွာမြို့ Super One KTV ဆိုင်အား စကစတပ်များ ဝင်ရောက်စဉ် လက်ပစ်အစစ် (နာနတ်သီး)များဖြင့် ဝင်ရောက်ပစ်ခတ်သတိပေးခဲ့ပါတယ်"လို့ဆိုပါတယ်။ ယခင်ကလည်း အကြိမ်ကြိမ် သတိပေးတဲ့အနေဖြင့် အသေးစားပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီးနောက်နောင်စကစတပ်များကို ထောက်ပံ့လက်ခံခြင်းအား ရပ်တန့်၍ ဆိုင်အား အချိန်အကန့်အသတ်တစ်ခုထိ ပိတ်ပေးရန်သတိပေးဆိုထားပါတယ်။
========================
📌📌 ၉။ ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ရွာ၊ကိုင်ရွာတို့ကိုစကစတပ်များ မီးရှို့ဖျက်ဆီးတဲ့ စကစတပ်များ ပုလဲနယ်ကို ရဟတ်ယာဥ်သယ်ကာ အင်အားတိုးချ
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ရွာ၊ကိုင်ရွာတို့ကိုစကစတပ်များ မီးရှို့ဖျက်ဆီးခဲ့ စကစတပ်များ ပုလဲနယ်ကို ရဟတ်ယာဥ်သယ်ကာ အင်အားတိုးချခဲ့ပါတယ်။ ဇန်နဝါရီ ၈ ရက် ညနေပိုင်းအချိန်မှာ စကစတပ်များကို ရဟတ်ယာဥ်နဲ့ပြောင်းရွှေ့အင်အားတိုးချဲ့ချခဲ့တာလို့ ယင်းမာပင်ခရိုင် အမှတ်၇တပ်ရင်း ပုလဲတပ်ရင်း၁ကအသိပေးဆိုပါတယ်။
"ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ရွာ၊ကိုင်ရွာတို့ကို မီးရှို့ဖျက်စီးသော အကြမ်းဖက် စကစအင်အား ၁၀၀ နီးပါခန့်ကို ရဟတ်ယာဥ် ၂ စီးဖြင့် သယ်ယူကာ ပုလဲမြို့နယ် ကန့်ဒေါင့်နယ်မြေရဲစခန်းသို့ အင်အားတိုးချသွားပါတယ်။ပုလဲမြို့နယ်ရှိ တော်လှန်ရေးအင်အားစု
များနှင့် အနီးပတ်ဝန်းကျင်မှာရှိတဲ့မိဘပြည်သူများ ဂရုစိုက်ကြပါရန်အသိပေးအကြောင်းကြားအပ်ပါတယ်"လို့ဆိုပါတယ်။ ပုလဲနယ်ကို စစ်ကြောင်းထိုးနိုင်ခြေများ၍ ပြင်ဆင်စရာရှိတာ ကြိုတင်ပြင်ဆင်ကြရန် အသိပေး အကြောင်းကြားထားပါတယ်။
========================
📌📌 ၁၀။ ကောလင်းမြို့နယ်မှာလက်လုပ်မိုင်းသယ်လာတဲ့ တော်လှန်ရေးရဲဘော်အမျိုးသမီးနှစ်ဦး အကြမ်းဖက်စစ်တပ် စစ်ကြောင်းနဲ့တိုးလို့ စစ်ဆေးနေချိန် အသေခံ မိုင်းဖောက်ခွဲခဲ့
စစ်ကိုင်းတိုင်းကောလင်းမြို့နယ်မှာလက်လုပ်မိုင်းသယ်လာတဲ့ တော်လှန်ရေးရဲဘော်အမျိုးသမီးနှစ်ဦး အကြမ်းဖက်စစ်တပ် စစ်ကြောင်းနဲ့တိုးလို့ စစ်ဆေးနေချိန် အသေခံ မိုင်းဖောက်ခွဲခဲ့ပါတယ်။ ဇန်နဝါရီ ၈ ရက်မှာ ကောလင်း KR Team ကအတည်ပြုဆိုပါတယ်။
ဇန်နဝါရီ ၇ ရက်နေ့ မနက်ပိုင်းကောလင်းမြို့ပတ်လည်ကို ထိုးနေတဲ့စကစ စစ်ကြောင်းဟာ ကျို့ခုံ၊ဝါးရုံခုံ ရွာကနေမင်းချမ်း၊တဲကြီးကုန်း ယခု မင်းတဲကြီးကို စစ်ကြောင်းက ထိုးလာခဲ့ချိန်အမျိုးသမီးရဲဘော်နှစ်ဦးဟာ လက်လုပ်မိုင်းကို သယ်လာရင်းဆိုင်ကယ်တစ်စီးနဲ့ စစ်ကြောင်းရှေ့ကိုကြိုပီးရောက်နှင့်အောင် မောင်းခဲ့ကြပါတယ်။မထင်မှတ်ပဲစစ်ကြောင်းရှေ့ပွိုင့် နဲ့တိုးရာမှာဆိုင်ကယ်ရပ်ခိုင်းပြီး စစ်ဆေးဖို့လုပ်ချိန်ပါလာတဲ့မိုင်းနဲ့ ရီမုကို နှိပ်ခွဲကာ စကစတပ်ကိုအပါခေါ်ဖို့နောက်ဆုံးလုပ်ဆောင်သွားခဲ့ကြတယ်"လို့ဆိုပါတယ်။ ကျဆုံးခဲ့သောအမျိုးသမီးနှစ်ဦးမှာ တစ်ဦးမှာဒေါ်စုစုရည် အသက်၄၅နှစ်နဲ့ မနှင်းဆီလှိုင်အသက်၂၀နှစ်တို့ဖြစ်ကြတယ်လို့ KR Teamကဖော်ပြပါတယ်။
========================
📌📌 ၁၁။ ကရင်ပြည်နယ်ကော့ကရိတ်၊ အာရှလမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ဗိုလ်မှူး (၂) ဦး အပါအဝင် (၄၈) ဦး သေဆုံးကာ (၆၁) ဦး ဒဏ်ရာရ
ကရင်ပြည်နယ်ကော့ကရိတ်၊ အာရှလမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ဗိုလ်မှူး(၂) ဦး အပါအဝင် (၄၈) ဦး သေဆုံးကာ (၆၁) ဦး ဒဏ်ရာရခဲ့တယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၈ ရက်မှာ စစ်ရေးသတင်းကို ကော်ပရာစစ်ကြောင်းက ထုတ်ပြန်အသိပေးဆိုပါတယ်။
"၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်မှ ၃၁ ရက်နေ့ထိ ကော့ကရိတ်၊ အာရှလမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ဗိုလ်မှူး (၂) ဦး အပါအဝင် (၄၈) ဦး သေဆုံး၊ (၆၁) ဦး ဒဏ်ရာရပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့တယ်"လို့ဖော်ပြပါတယ်။
အကြမ်းဖက်စစ်ကောင်စီဘက်မှ နယ်မြေခံတပ် ခလရ ၂၃၁၊ ခလရ ၂၃၀၊ ခလရ ၉၇၊ အမြှောက်တပ် ၅၄၇၊ တပ်မ(၄၄) လက်အောက်ခံ ခမရ ၉၊ ခလရ ၁၀၄၊ တပ်မ(၁၁) ထုတ်နုတ်အင်အား တို့သည် ကော့ကရိတ်တောင်ပိုင်း အာရှလမ်းနှင့် ကော့နွဲကျေးရွာဘက်ကို အင်အားအလုံးအရင်းဖြင့် ကျူးကျော်ဝင်ရောက်လာသည့်အတွက် လုံခြုံရေးယူထားသော ပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်။
ပူးပေါင်းတပ်ဖွဲ့ဘက်မှ KNLA တပ်ရင်း(၁၈)၊ တပ်ရင်း(၂၇)၊ Cobra စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ Federal Wings ဒရုန်းတပ်ဖွဲ့၊ Golden Eagles ဒရုန်းတပ်ဖွဲ့ တို့နှင့် ရက်ရှည်ကြာ တိုက်ပွဲဖြစ်ပွားရာ Cobra စစ်ကြောင်းမှ (၁၀)ဦး ဒဏ်ရာရ၊ (၁)ဦးကျဆုံးခဲ့ပြီး ဒေါနစစ်ကြောင်းမှ (၄)ဦးဒဏ်ရာရ၊ နဂါးဖြူစစ်ကြောင်းမှ (၃)ဦး ဒဏ်ရာရခဲ့ပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီထံမှ သိမ်းဆည်းရမိသော လက်နက်များမှာ MA3 (၂)လက်၊ MA2 (စက်ကလေး) (၁)လက်၊ ကျည်ဘောက် (၁၂)ဘောက်၊ ၄၀မမ ကျည် (၂၉)လုံး၊ ခြေနင်းမိုင်း (၂)လုံး၊ လက်ပစ်ဗုံး (၆)လုံး၊ RPGကျည် (၂)လုံး၊ ပို့ယမ်း (၃)တောင့်၊ ၆၀မမကျည် (၁)လုံး၊ အီနာဂါ (၁)လုံး၊ ၇.၆၂ကျည် (၆၅၀)တောင့်၊ ၅.၅၆ကျည် (၅၆၅)တောင့်၊ ကျည်ကာခမောက် (၆)လုံး တို့ကို Cobra စစ်ကြောင်းမှ သိမ်းဆည်းရမိကာ KNLA တပ်ရင်း(၁၈) မှ MA3 (၁)လက် သိမ်းဆည်းရမိ၊ ရန်သူ့သံချပ်ကာကား (၂)စီး အား ဖျက်ဆီးနိုင်ခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီမှ ကျေးရွာအတွင်း လက်နက်ကြီး၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များဖြင့် ပစ်ခတ်ခဲ့ပါတယ်။
========================
📌📌 ၁၂။ စစ်ကိုင်း မြင်းမူ လမ်းပိုင်းပေါ်တွင် စစ်ကိုင်းဘက်မှ ထွက်လာသော စစ်ကား ၃ စီးအားကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်
စစ်ကိုင်းတိုင်း စစ်ကိုင်း မြင်းမူ လမ်းပိုင်းပေါ်တွင် စစ်ကိုင်းဘက်မှ ထွက်လာသော စစ်ကား ၃ စီးအားကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီ ၈ ရက်နေ့မှာ Moe Nyo Revolution Force M.N.R.F ကစစ်ရေးသတင်းကို အသိပေးဖော်ပြပါတယ်။
"ဇန်နဝါရီ ၇ ရက် ည ၇ နာရီ အချိန် စစ်ကိုင်း မြင်းမူ လမ်းပိုင်းပေါ်တွင် စစ်ကိုင်းဘက်မှ ထွက်လာသော စစ်ကား ၃ စီးအား Moe Nyo Revolution Force M.N.R.F နှင့် ပူပေါင်းမဟာမိတ်ညီနောင်များမှ ပဒေသာမိုင်းများဖြင့်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ အဆိုပါ ကား ၃ စီး၏ နောက်ဆုံး တွဲကားတစ်စီးကို မြင်းမူမြို့နယ် နပဲကြူးဇရပ် အနီးတွင်မိုင်း ၅ လုံးဖြင့် တိုက်ခိုက်ခဲ့ပါတယ်လို့ဆိုပါတယ်။ ကားမှာ နေရာတွင် ထိုးရပ်သွားသော်လည်းညဘက်အခြေအနေ ဖြစ်နေသောကြောင့် ထိခိုက်မူ့အခြေနေများ စုံစမ်းနေဆဲဖြစ်တယ်လို့ဖော်ပြပါတယ်။ စစ်ဆင်ရေးကို Moe Nyo Revolution Force M.N.R.F နှင့် PENTAGRAM ငါးထောင့်ကြယ် ညီနောင် ၂ ဖွဲ့မှ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။
အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment